Win Htet Aung -私の生き甲斐

Win Htet Aung -私の生き甲斐 Recruiting jobs in Japan
Knowledge sharing

ဂျပန်ယာဉ်မောင်းလိုင်စင်ဟာ ဂျပန်နိုင်ငံတွင်းနေထိုင်သူမည်သူမဆိုလက်ဝယ်ကိုင်ဆောင်ထားသင့်ပါတယ် သတိထားဖို့ကတော့ကောင်းကျိုးရှိသ...
25/07/2024

ဂျပန်ယာဉ်မောင်းလိုင်စင်ဟာ ဂျပန်နိုင်ငံတွင်းနေထိုင်သူမည်သူမဆိုလက်ဝယ်ကိုင်ဆောင်ထားသင့်ပါတယ် သတိထားဖို့ကတော့ကောင်းကျိုးရှိသလိုဆိုးကျိုးလည်းရှိတာမမေ့သင့်ပါ။

ကောင်းကျိုးကတော့

ခေတ်လူငယ်အများစုဟာ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်လစာဝင်ငွေနဲ့ ကိုယ်ပိုင်ကားတစ်စီးပိုင်ဆိုင်ဖို့အတွက်မလွယ်ကူပေမဲ့ ဂျပန်မှာတော့ ရရှိကြတဲ့လစာဝင်ငွေနဲ့ တစ်ပတ်ရစ်ကားဟောင်းများကိုချိုသာတဲ့ဈေးနှုန်းနဲ့ဝယ်ယူနိုင်မှာပါ။ (သို့သော် ၁၀ နှစ်အထက်ကားဟောင်းများပေးဆောင်ရမဲ့အခွန်ငွေမြှင့်တင်လိုက်သည်ကိုသတိမူပါ)

မိမိတို့ရဲ့ သူငယ်ချင်း မိသားစုဝင်များ နှင့်အတူလည်ပတ်သွားလာသည့်အခါဖြစ်စေ၊ ဇနီး ခင်ပွန်းနှင့်အတူ ဈေးဝယ်ထွက်သည့်အခါဖြစ်စေ၊ ဘူတာအကြိုအပို့ အလို့ငှာအဆင်ပြေမှုရရှိစေမှာပါ။

ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားသူများဟာ လုပ်ငန်းသစ်ရယူဖို့ အတွက်မှာလည်း ပိုမိုလွယ်ကူမှုရရှိစေမှာဖြစ်ပါတယ်။

ဘိုးဘွားရိပ်သာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများသာမက ရုံးလုပ်ငန်းဆိုင်ရာ ကုမ္ပဏီများဟာ ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားသူများအတွက် လစဉ် အထူးခံစားခွင့် ငွေကြေး ပေးဆောင်ပါလိမ့်မယ် (ကုမ္ပဏီတိုင်းမဟုတ်ပေမဲ့ အများစုကတော့ ပေးဆောင်ကြပါတယ် မော်တော်ယာဉ်မောင်းစရာမလိုအပ်ပါ)

ကိုယ်ပိုင်ကားရှိခြင်းဖြင့် အရေးပေါ်အခြေအနေမှာအထူးအသုံးဝင်ပါလိမ့်မယ် ဥပမာပေးရရင် ဆောင်းတွင်းကာလ ကိုဘေမြို့တော်ငလျင်ကြီးလှုပ်ခတ်ခဲ့စဉ်အခါမှာ ရက်ရှည်လများ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်မှုလည်း နောက်နှေးခဲ့ပါတယ် ၎င်းအချိန်ပိုင်းကာလ မိမိတို့ရဲ့ကားတွေပေါ်မှာ ထောင်သောင်းမကသော မိသားစုဝင်များ အသက်ဆက်ခဲ့ရတဲ့ သာဓကရှိခဲ့ဘူးပါတယ်။

သက်ရွယ်ကြီးလာတဲ့အခါမှာ သက်သောင့်သက်သာလုပ်ငန်းများလုပ်ကိုင်မှုဖြင့် ဝင်ငွေရရှိစေမှာဖြစ်ပါတယ် (ယာဉ်မောင်းကျွမ်းကျင်မှုတော့လိုအပ်ပါလိမ့်မယ်) မမေ့ဖို့ကတော့ အများစုလက်ဝယ်ကိုင်ဆောင်ထားကျတဲ့ အသေးစားယာဉ်မောင်းလိုင်စင်မှနေတစ်ဆင့် ကားလတ်၊ ကားကြီးများအထိမောင်းနှင်လို့ရမဲ့ ယာဉ်မောင်းလိုင်စင်ကို သက်ရွယ်ငယ်စဉ် တစ်ဆင့်ပြီး တစ်ဆင့် ဖြေဆိုရယူထားကြပါ။ (သက် ၅၀ ကျော်မှရယူဖို့ကြိုးစားဖြေဆိုပါက ခက်ခဲမှုများစွာရင်ဆိုင်ကြရမှာပါ)

သတိပြုရန်

ကားစဝယ်တာနဲ့ ယာဉ်ရပ်နားဖို့နေရာမဖြစ်မနေရှိနေရပါ့မယ်။

ဝယ်ယူကြမဲ့ မော်တော်ယာဉ်အပေါ်မူတည်ပြီး ၁ နှစ် (သို့) ၂ နှစ် ယာဉ်မောင်းခွင့်လိုင်စင် ရယူရပါလိမ့်မယ်။ မော်တော်ယာဉ်လိုင်စင်ရုံးသို့မိမိတို့ဘာသာလုပ်ဆောင်ပါက သက်သာမှုရရှိစေမှာပါ ( မခက်ခဲပါ) အချိန်မပေးနိုင်ပါလျှင် လုပ်ဆောင်ပေးကြတဲ့ပွဲစား များလည်းရှိပါတယ် (လုပ်ဆောင်ခ ၅ ထောင် ၁ သောင်းခန့်လောက်သာပေးဆောင်ရမှာပါ)

ဆိုးကျိုး

လက်ဝယ်ပိုင်ဆောင်ထားကြတဲ့ မော်တော်ယာဉ်အပေါ်မူတည်ပြီး ၁ နှစ်တစ်ခါ (သို့) ၂ နှစ်တစ်ခါ ကားလိုင်စင်ဝင်ပါက နိုင်ငံတော်အစိုးရမှသတ်မှတ်ထားတဲ့အာမခံကို မဖြစ်မနေထားရှိရမှာပါ (မတော်တဆယာဉ်တိုက်မှု ဖြစ်ပွားပါက ၂ ဦး၂ ဘက် ထိခိုက်နစ်နာကြေးနှင့် မော်တော်ယာဉ်ပြင်ဆင်စရိတ် မပါရှိပါ) ထို့အတွက်ကြောင့် အခြေခံအနေနဲ့ တစ်ဖက်သားယာဉ်အားပြင်ဆင်ဖို့ပေးဆောင်ရမဲ့ စရိတ်စကအတွက် ထပ်မံပြီးအာမခံထားရှိသင့်ပါတယ်။ (မထားမနေမရမဟုတ်ပေမဲ့ ထားရှိပါက တစ်ဖက်သားအားကြီးမားတဲ့ထိခိုက်ဒဏ်ရာဖြစ်ပေါ်လာသည့်အခါ အဆိုပါ အာမခံမှ တာဝန်ယူပေးဆောင်ဖြေရှင်းပေးပါလိမ့်မယ် သို့မဟုတ်ပါက ကုန်ကျမည့်စရိတ်စကအလုံးစုံမိမိဖာသာဖြေရှင်းရမှာပါ) ၂ ဦး ၂ ဘက်ထိခိုက်နစ်နာမှုအတွက်တာဝန်ယူဖြေရှင်းလိုသည့် အာမခံလည်းထားရှိလို့ရပါတယ် ကျသင့်ငွေ ခန့်မှန်းခြေ ပုံမှန်အာမခံကြေးထက် ၂ ဆ ခန့်ပေးဆောင်ရပါလိမ့် မယ်။ မော်တော်ယာဉ်ဈေးကြီးပေးဝယ်ထားယူသူများအနေနဲ့ မဖြစ်မနေထားရှိသင့်ပါတယ်။

မော်တော်ယာဉ်အခွန်ကတော့ မိမိတို့ပိုင်ဆိုင် ထားကျတဲ့ မော်တော်ယာဉ်အပေါ်မူတည်ပြီး နှစ်စဉ် မေလ ၃၁ ရက် နောက်ဆုံးနေ့ သတ်မှတ်လို့ ပေးဆောင်ကျရမှာပါ။ ၎င်းရက်ကျော်လွန်ပါက နောက်ကျကြေးပေးဆောင်ရမှာသတိပြုပါ။ (မပေးဆောင်ပါက ဂျပန်နိုင်ငံသားအပါအဝင် မည်သည့်နိုင်ငံသားမဆို တရားရုံးမှဆင့်ခေါ်တဲ့ စာရောက်လာပါလိမ့်မယ်။ နိုင်ငံခြားသားများအနေနဲ့ မိမိတို့ ရရှိထားကျတဲ့ နေထိုင်ခွင့်ပိတ်သိမ်းခံရမည်သာမက ဒဏ်ကြေး၊ ထောင်ဒဏ်အထိ သတ်မှတ်ကျခံရမှာပါ)

အထူးမမေ့ဖို့ကတော့ မော်တော်ယာဉ်သည် လူသတ်လက်နက်တစ်ခုပါ ယာဉ်မောင်းလိုင်စင်လက်ဝယ်ကိုင်ဆောင်ထားကြပေမဲ့ ယာဉ်မောင်းကျွမ်းကျင်မှုမရှိသူအများအပြားပါ (Paper Driver ကားလိုင်စင်စာရွက်သာကိုင်ဆောင်ထားသူယာဉ်မောင်းသမား) အရဲစွန့်ပြီးမမောင်းကြပါနဲ့ ကားလိုင်စင်လက်ဝယ်ရရှိပေမဲ့ ကျွမ်းကျင်မှုရရှိစေဖို့ တတ်ကျွမ်းသူများနှင့်အတူ လေ့ကျင့်သင်ကြားစေလိုပါတယ်။

တတ်ကျွမ်းသူများလည်း မော်တော်ယာဉ်သည် လူသတ်လက်နက်တစ်ခုဖြစ်သည်ကို အမြဲတစေအမှတ်ရပါ။

ကြောက်စရာအကောင်းဆုံး

နောက်ဆုံးအချက်ကတော့ မူးရင်မမောင်းနဲ့မောင်းရင် ဒဏ်ငွေ သောင်း ၃၀ မှ သောင်း ၂၅၀ အပြင် ထောင်ဒဏ် ၃ နှစ်ကျခံရမည်ဖြစ်ပါတယ်။ အရက်သေစာသောက်စားပြီး အသက်သေဆုံးမှု ဖြစ်ပွားပါက ထောင်ဒဏ် ၇ နှစ် နှင့် သေဆုံးသူရဲ့ အသက်အရွယ်၊ ပညာ၊ ရာထူး၊ ဝင်ငွေအပေါ်မူတည်လို့ ဒဏ်ငွေပေးဆောင်ရမှာပါ။ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပေါ်ပါက မိမိတို့ထားရှိသည့် မည်သည့်အာမခံမဆို တာဝန်ယူဖြေရှင်းမည်မဟုတ်ပါ
စာရေးသူကိုယ်တိုင်လည်း နေ့စဉ်ကီလို ၁၀၀ ခန့်မောင်းနှင်သူမို့လို့ ပိုမိုသတိမူရမှာပါ။

#免許 #車免許 #日本
#運転 #旅行 #バイク #車好き
#私の生き甲斐

Tokutei Kaigo ခေါ်ယူခြင်းမြန်မာပြည်ကလျှောက်ထားနိုင်သည်။ကျား/မအလုပ်နေရာ -Shizuokaအရည်အချင်း-N3 passed /kaigo လက်မှတ်ရှိခေ...
22/06/2024

Tokutei Kaigo ခေါ်ယူခြင်း

မြန်မာပြည်ကလျှောက်ထားနိုင်သည်။

ကျား/မ

အလုပ်နေရာ -Shizuoka

အရည်အချင်း-N3 passed /kaigo လက်မှတ်ရှိ

ခေါ်ယူမည့်ဦးရေ -5ယောက်

လစာ-223000/- မှ 233000/-

ညဆိုင်း4ကြိမ်ဆင်း-247000/-

လစာတိုးရှိ/ညဆိုင်းရှိ/အခြားထောက်ပံကြေးများလဲရှိ

အရည်အချင်းပြည့်မီသော ထောက်ပံ့ကြေး
資格手当(初任者研修修了5,000円/月、実務者研修修了7,000 円/月、介護福祉士10,000円/月)

စက်ဘီးအတွက်-20000ထောက်ပံ့

Wifi -50GBငှါးပေးပါတယ်

အဆောင်တစ်ယောက်ခန်း ပစ္စည်းအကုန်ပါပြီးသားပါ

☎️09962150055 Viber
ဆက်သွယ်မေးမြန်းနိုင်ပါတယ်🍀

ဖောင်လကုန်ပိတ်ပါမည်။
သတ်မှတ်လူပြည့်တာနဲ့အင်တာဗျူးရက်သတ်မှတ်ပါမည်😊🍀

ဂျပန်ပြည်မှသတိပေးဆိုင်းဘုတ်များ😀ひったくりに注意  hittakuri ni chuui အလစ်သုတ်သမားသတိထားပါ။ひったくり hittakuri အလစ်သုတ်သမား၊အလစ်သုတ်ခ...
15/06/2024

ဂျပန်ပြည်မှသတိပေးဆိုင်းဘုတ်များ😀

ひったくりに注意 hittakuri ni chuui
အလစ်သုတ်သမားသတိထားပါ။
ひったくり hittakuri အလစ်သုတ်သမား၊အလစ်သုတ်ခြင်း
注意 chuui သတိပြုပါ

ちかんに注意 chikan ni chuui နှာဘူးသတိထားပါ။
ちかん chikan နှာဘူးကောင်

立入禁止 tachiiri kinshi မဝင်ရ
立ち tachi မတ်တပ်ရပ်ခြင်း
入り iri ဝင်ခြင်း
禁止 kinshi တားမြစ်ခြင်း

足元注意 ashimoto chuui သတိချော်လဲတတ်သည်။ ခြေထောက်အောက်ကိုသတိထားလျှောက်ပါ။
足 ashi ခြေထောက်
足元 ashimoto ခြေရင်း။ ခြေချနေရာ။ ခြေလှမ်းပုံစံ။ အနီးပတ်ဝန်းကျင်။

ポイ捨て禁止 poisutekinshi ဆေးလိပ်တိုစ
အမှိုက်အတိုအစ(ဆေးလိပ်တို၊အအေးဘူးခွံစသည်)မပစ်ရ

ゴミ捨て禁止 gomi sute kinshi အမှိုက်မပစ်ရ
ゴミ gomi အမှိုက်
捨て sute လွှင့်ပစ်ခြင်း

歩きたばこ禁止 arukitabako kinshi လမ်းလျှောက်ရင်းဆေးလိပ်မသောက်ရ
歩き aruki လမ်းလျှောက်ခြင်း
たばこ tabako ဆေးလိပ်
禁止 kinshi တားမြစ်ခြင်း

頭上注意 zujoo chuui ခေါင်းသတိပြုရန်
頭上 zuu joo ခေါင်းအပေါ်

段差注意 dansa chuui ခလုတ်တိုက်တတ်သည်ခြေထောက်သတိပြု( လှေကားထစ်၊အထစ်ရှိသောကြောင့်)

事故多し!jiko maneshi
မတော်တဆယာဉ်တိုက်မှုဖြစ်ပွားမှုများနေ
歩行者に注意 hokoosa လမ်းသွားလမ်းလာလမ်းလျှောက်နေသူများအားသတိပြုမောင်းနှင်ပါ
危険 kiken အန္တရာယ်
事故 jiko မတော်တဆအမှု(accident)
多し maneshi အကြိမ်အရည်အတွက်များခြင်း
歩行者 hokoosha လမ်းသွားလမ်းလာ(လမ်းလျှောက်သူ)

🚷横断禁止 Oudankinshi လမ်းဖြတ်မကူးရ
横断 oudan လမ်းဖြတ်ကူးခြင်း

#ဂျပန်စာ #日本語
#私の生き甲斐 #注意

#日本 # #

ဂျပန်ပြည်တွင်း ငွေလွှဲနည်းအမျိုးမျိုး ✅❤️Seven bank မှ yuucho bank သို့https://www.facebook.com/100011403708063/posts/13...
18/05/2024

ဂျပန်ပြည်တွင်း ငွေလွှဲနည်းအမျိုးမျိုး ✅❤️

Seven bank မှ yuucho bank သို့
https://www.facebook.com/100011403708063/posts/1360705397652904/?d=n

SBI card လျှောက်ပုံအဆင့်ဆင့်
https://www.facebook.com/109555284045771/posts/176051594062806/?d=n

စာတိုက်ဘဏ်မှာ ဘဏ်အကောင့်ဖွင့်ခြင်း
https://www.facebook.com/groups/1894633164186849/permalink/2729832967333527/

Yucho bank to SMBC ငွေလွှဲနည်း။
https://fb.watch/cvcOx48Soj/

Yucho bank to Other Bank ငွေလွှဲနည်း
https://fb.watch/cvcMsngqaz/

SBI to Myanmar ငွေလွှဲနည်း
https://fb.watch/cvcSPUwII_/

Yuucho to yuucho ငွေလွှဲနည်း
https://fb.watch/cvcY50OWnR/

ဂျပန်ပြည်တွင်း ငွေလွှဲနည်း
https://fb.watch/cvc_OX3raW/

စာတိုက်ဘဏ်ကဒ် အွန်လိုင်းမှလျှောက်ခြင်း
https://fb.watch/cvd1khbddC/

စာတိုက်ဘဏ်မှ တခြားဘဏ်သို့
https://fb.watch/cvd5yep9y-/

#銀行 #私の生き甲斐 #日本



Original uploader များ credit ပေးပါသည်။

Myanmar Passport ကိုင်ဆောင်သူတွေ Visaမလိုပဲသွားလို့ရတဲ့နိုင်ငံတွေနဲ့ Visa on arrival လျှောက်လို့ရတဲ့နိုင်ငံများ✅Visa Fre...
13/05/2024

Myanmar Passport ကိုင်ဆောင်သူတွေ Visaမလိုပဲသွားလို့ရတဲ့နိုင်ငံတွေနဲ့ Visa on arrival လျှောက်လို့ရတဲ့နိုင်ငံများ
✅Visa Free
Brunei. (14 days)
Cambodia (14 days)
Cook Islands. (31 days)
Dominica. (21 days)
Haiti. (3 months)
Indonesia. (30 days)
Laos. (14 days)
Micronesia. (30 days)
Montserrat. (6 months)
Philippines. (30 days)
Singapore. (30 days)
Saint Vincent and the Grenadines(3 months)
Taiwan. (14 days ROC travel)
Thailand. (14 days)
Vietnam. (30 days)
✅လေဆိပ်မှာတင် E-Visa လျှောက်လို့ရတဲ့နိုင်ငံတွေကတော့
Albania
Antigua and Barbuda
Armenia
Bahamas
Benin
Bhutan
Botswana
Burkina Faso
Cameroon
Democratic Republic of the Congo
Ivory Coast
Djibouti
Equatorial Guinea
Ethiopia
Gabon
Guinea
Hong Kong
India
Iran
Kazakhstan
Kenya
Kyrgyzstan
Lesotho
Malaysia
Moldova
Mongolia
Nigeria
Qatar
Russia
São Tomé and Príncipe
Sierra Leone
South Sudan
Togo
Uganda
Zimbabwe

✅Visa on Arrival လျှောက်လို့ရတဲ့နိုင်ငံတွေ

Bolivia
Burundi
Cabo Verde
Comoros
Guinea-Bissau
Macau
Madagascar
Malawi
Maldives
Marshall Islands
Mauritania
Mauritius
Mozambique
Nepal
Nicaragua
Rwanda
Seychelles
Somalia
Sri Lanka
Saint Helena
Tanzania
Timor-Leste
Tuvalu
Zambia
"မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါတယ်"


#私の生き甲斐 #パスポート

🧳COEအောင်ပြီး သွားခါနီးကလေးများ ပစ္စည်းဝယ်တာ၊ ထည့်တာတွေမှာ ဒါလေးတွေ သတိထားကြပါနော် 🧳အိတ်(Luggage) ဝယ်ရင် ပေါ့ပါးပြီး ပစ်...
17/03/2024

🧳COEအောင်ပြီး သွားခါနီးကလေးများ ပစ္စည်းဝယ်တာ၊ ထည့်တာတွေမှာ ဒါလေးတွေ သတိထားကြပါနော်

🧳အိတ်(Luggage) ဝယ်ရင် ပေါ့ပါးပြီး ပစ်ချလည်း မကွဲလောက်မယ့် အိတ်ကိုဝယ်ပါ

🧳Hand Carry Bag သုံးမယ့်အိတ်ကို မဖြစ်မနေ ဘီးပါတာဝယ်ပါ။ Hand Carry Bag က ကိုယ်တိုင်သယ်ရတာဖြစ်လို့ ဘီးမပါလို့ မ နေရရင် Transit ဝေးရင်ဝေးသလောက် ပင်ပန်းပါတယ်

🧳Hand Carry Bag ထဲထည့်သယ်မယ့် ပစ္စည်းများထဲမှာ သံထည်ပစ္စည်းနဲ့ အရည်ပါတဲ့အရာနဲ့ ဆေးဝါးပစ္စည်းတွေ မထည့်တာက Save အဖြစ်ဆုံးဖြစ်ပါတယ်။

( အကုန် အသေးစိတ် အစစ်ခံရမှာမို့ အခန့်မသင့်ရင် စစ်တဲ့နေရာမှာ ထားခဲ့ရနိုင်ပါတယ်)

🧳ဖိနပ်ကို သက်သောင့်သက်သာ အဖြစ်ဆုံးဖိနပ် ဝယ်ပါ။ ဖိနပ်ပေါက်ရင် ခြေထောက်အရမ်းနာပြီး ပင်ပန်းစေပါတယ်

🧳 Power bank ပါလျှင် Hand Carry ထဲပဲ ထည့်သည်ရတယ်လို့ သိရပါတယ်

mobile Battery charging , ဓါတ်ခဲပါတဲ့လျှပ်စစ်ပစ္စည်းအမျိုးအစားက Check in baggage အိတ်အကြီးထဲထည့်သယ်လို့မရပါ❌

100Wh ~ 160 Wh ( 43243 mAh) ထိဆို လူတစ်ယောက်ကို (2) ခုထိဘဲ သယ်ခွင့်ရှိပါတယ်

🧳Laptop က ကျောပိုးအိတ် (သို့) handcarry အနေနဲ့လက်ကဆွဲသွားလို့ရပါတယ်။

▪️ရွှေထည်ပစ္စည်းက လူတစ်ကိုယ်စာ ဝတ်ဆင်သွားရင်ရပါတယ်။

🧳ကျောပိုးအိတ် လွယ်လို့ရပါတယ်။ ပုံမှန်ဆို ထည့်မချိန်ပါ။ အရမ်း size ကြီးနေတာမျိုး၊ လေးတဲ့ပုံစံသိသာရင်တော့ Hand Carry နဲ့ပေါင်းချိန်တာမျိုး၊ ပစ္စည်းလျှော့ခိုင်းတာမျိုးတွေ လုပ်တတ်ပါတယ်။
(ဆိုဒ်သေးတဲ့ ကျောပိုးအိတ်ရွေးချယ်ပြီး မဖောင်းစေတဲ့ အရာတွေထည့်သင့်ပါတယ်)

🧳Snack မုန့်ထုပ်နဲ့ Ready အစားအစာ(အရည်မပါ) တာမျိုးတွေက Hand Carry နဲ့ကျောပိုးအိတ်ထဲထည့်သယ်လို့ရပါတယ်။

🧳အသီး၊ အသားငါး၊ အခြောက်အခြမ်း၊ အကြော်အလှော်တွေက ဆီလုံအောင်သေချာပိတ်ပြီး check in baggage အိတ်အကြီးထဲထည့်တာကောင်းပါတယ်။

⚠️အထူးသတိပေးချင်တာက တိပ်(ပ်)အဝါတွေနဲ့ မပတ်ဖို့ပါ။ တိပ်(ပ်) အဝါနဲ့ ပတ်ထားတော့ အစစ်ခံရတဲ့အခါ သံသယပိုဖြစ်ပြီး အကုန်ဖောက်စစ်တတ်ပါတယ်။

🧳အနံ့ထွက်မှာစိုးရင် ပုံမှန် ကြွပ်ကြွပ်အိတ်နဲ့ အရင်ထည့်၊ လေထုတ်၊ စုပြီး သားရေကွင်း(သို့) ကြိုးနဲ့ ကြပ်ကြပ်လေးချည်၊ ပြီးရင် Zip Lock အိတ်အကြည်နဲ့ထည့်လိုက်ရင် အနံ့က တော်တော်လုံသွားပါတယ်။

🧳ပစ္စည်းထည့်တဲ့အခါ အိတ်ရဲ့ အောက်ခြေမှာ အဝတ်အစား အနည်းငယ်စီထည့်၊ ပြီးရင် မမြင်စေချင်တာတွေစီထည့်၊ ပြီးရင် အဝတ်အစားများကိုပဲ အပေါ်ကစီထည့်ပါ။

🧳အိတ်နှစ်လုံး သယ်ခွင့်ရှိရင်တချို့က တစ်အိတ်က အဝတ်အစား၊ တစ်အိတ်က စားစရာဆိုပြီး ထည့်တတ်ကြပါတယ်။

အဲ့လိုမလုပ်ပဲ အပေါ်ကပြောတဲ့အတိုင်း နှစ်အိတ်လုံးမျှထည့်တာ ကောင်းပါတယ်။

🧳 Kg ဘယ်လောက်ရလဲဆိုတာကို လေယာဉ်လက်မှတ်ထဲမှာကြည့်ပြီး ပစ္စည်းထည့်တဲ့အခါ အလေးချိန်ကို တွက်ရင်း ထည့်တာကောင်းပါတယ်။

🧳 အရမ်းအများကြီး Kg တွေပိုလို့ လေဆိပ်မှာ ထုတ်ထားခဲ့ရရင် ပစ္စည်းမဆုံးရှုံးရင်တောင် အရေးကြီးတာတွေ ချန်ခဲ့ရနိုင်ပါတယ်

🛫🎌🛬🎌🧳🎌🗾🎌🏯
အားလုံးပဲ အခက်အခဲမရှိ နိုင်ငံခြားခရီးစဉ်လေးကို ဖြတ်သန်းနိုင်ပါစေ🍀


#日本旅行 #日本
#飛行機

𝙆𝙖𝙣𝙨𝙖𝙞 𝘼𝙞𝙧𝙥𝙤𝙧𝙩 𝙊𝙨𝙖𝙠𝙖, 𝙅𝙖𝙥𝙖𝙣 🇯🇵     #日本旅行  #私の生き甲斐  #空港      #日本
14/03/2024

𝙆𝙖𝙣𝙨𝙖𝙞 𝘼𝙞𝙧𝙥𝙤𝙧𝙩 𝙊𝙨𝙖𝙠𝙖, 𝙅𝙖𝙥𝙖𝙣 🇯🇵


#日本旅行 #私の生き甲斐
#空港 #日本

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ      နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက...
02/03/2024

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ

နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက်မယ့် လေယာဉ် Direct Flight မရှိပါက လေယာဉ်ကို နှစ်ဆင့် (သို့) သုံးဆင့် စီးပြီးသွားရပါတယ်။ အဲဒါကို Transit Flight (သို့) Connecting Flight လို့ ခေါ်ပါတယ်။

Transit Flight တွေစီးတဲ့အခါ ကြားလေဆိပ်မှာ ဒုက္ခမရောက်အောင် လေယာဉ်အဆင့်ဆင့်ကို အဆင်ပြေချောမွေ့စွာ စီးနိုင်အောင် သတိထားရမယ့် အချက်တွေကို ပြောပြလိုက်ပါတယ်။

✈️ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ

လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Transit Flight တွေဆိုရင် ဒါတွေကို သိထားမှ ရပါမယ်။ ကိုယ်လက်မှတ် ဝယ်မယ့် Travel Agent ဆီမှာ သေချာမေးထားရပါမယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း သေချာစုံစမ်းပြီးမှ ဝယ်ရပါမယ်။ ဒါတွေ မသိထားရင် ကြားလေဆိပ်မှာ ဒုက္ခရောက်နိုင်ပါတယ်။

✈️ Checked through လား၊ Self-Transfer လား သိထားရပါမယ်။

Checked through ဆိုတာ ကြားထဲကလေဆိပ်မှာ Immigration ဖြတ်စရာမလို၊ အိတ်ပြန်ရွေးမစရာမလိုဘဲ လေဆိပ်ထဲမှာတင် နောက်လေယာဉ်ဆီကိုကူးလို့ရတဲ့ အခြေအနေပါ။ Airline Protected Transfer လို့လည်း ခေါ်ပါတယ်။ ကိုယ်အပ်ထားတဲ့ Luggage တွေကို Airline က တာဝန်ယူပြီး နောက်လေယာဉ်ပေါ်တင်ပေးတာပါ။

Self-transfer ကတော့ ကိုယ့်အိတ်ကိုယ်တာဝန်ယူပြီး နောက်လေယာဉ်ပေါ် ပြန်အပ်ရတာပါ။ ကြားထဲကလေဆိပ်မှာ နိုင်ငံထဲဝင်ပြီးမှ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်မထွက်ဘူး။ နိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး။ အချိန်မရှိဘူးဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ လေဆိပ်ရဲ့ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေပြန်ထွက်ရမှာပါ။ Check-in ကောင်တာမှာအိတ်ပြန်အပ်ပြီး Immigration တခါပြန်ဝင်ရပါမယ်။ တချို့နိုင်ငံတွေမှာ Self Transfer လုပ်တဲ့အခါ Immigration ဝင်ဖို့ Visa ကလည်း လိုပြန်ပါတယ်။ အရမ်းကိုအလုပ်ရှုပ်ပါတယ်။

ဒါကြောင့် လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်သင့်ပါတယ်။ မဟုတ်ရင် အလုပ်တအားရှုပ်ပါတယ်။ ကြားနိုင်ငံထဲ တခါဝင်ပြီး တခါပြန်ထွက်ရတဲ့ အဆင့်တွေ အများကြီး ဖြတ်ကျော်ရမယ့်အပြင် အချိန်ကုန်ပါတယ်။

✈️ Transit Visa လို/မလို ကြည့်ပါ။

တချို့လေဆိပ်တွေ၊ နိုင်ငံတွေက Transit ဖြတ်ရုံပဲဆိုရင် Visa မလိုပေမဲ့ တချို့နိုင်ငံတွေကတော့ Visa လိုအပ်ပါတယ်။

✈️ Layover/ Stopover Time

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ ကြားထဲရပ်နားမယ့် မြို့ရဲ့လေဆိပ်မှာ အချိန်ဘယ်လောက်ရလဲဆိုတာ ကြည့်ရပါမယ်။ International Flight တွေဆို အနည်းဆုံး ၂ နာရီလောက်ရှိမှ အဆင်ပြေမှာပါ။ Transit လေဆိပ်တွေက အကျယ်ကြီးလား၊ ပထမလေယာဉ်ရဲ့ လေယာဉ်ထွက်ချိန် နောက်ကျမလား၊ Transit လေဆိပ်မှာ အိတ်ပြန်ရွေးစရာလိုလား စတာတွေလည်း ထည့်တွက်ရပါမယ်။ လေယာဉ်တွေက Checked through မဟုတ်ဘဲ အိတ်ပြန်ရွေးရမယ်။ Immigration ဝင်ရမယ် Check-in ပြန်ဝင်ရမယ်ဆိုရင်တော့ Layover Time က ၃ နာရီ အနည်းဆုံး ရှိမှရပါမယ်။

ဒါက ခရီးသွားလေ့ရှိသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့အချိန်ပါ။ ကိုယ်က သွားလေ့မရှိသူ၊ စမ်းတဝါးဝါးနဲ့ သွားရမယ့်သူတွေဆိုရင်တော့ ဒီထက်အချိန်ပိုလိုပါမယ်။ ဖြစ်နိုင်ရင် Layover Time ကို ၄-၅ နာရီလောက် ခြားထားသင့်ပါတယ်။ Risk မယူသင့်ပါဘူး။

✈️ လေဆိပ်မှာ Check-in ဝင်တဲ့အခါ

ခုံနံပါတ်ကို ရှေ့နားတောင်းထိုင်ပါ။ ကိုယ်စတင်ထွက်ခွါမယ့် လေဆိပ်မှာ Check-in ဝင်တဲ့အခါ စောစောဝင်ပါ။ လေယာဉ်ထပ်စီးရမှာမလို့၊ Transit Flight မလို့ ရှေ့နားက ခုံကိုပေးဖို့ တောင်းဆိုပါ။ ဒါမှသာ ကြားထဲနားတဲ့လေဆိပ်မှာ အချိန်များများရပြီး Rush မဖြစ်တော့မှာပါ။

✈️ Luggage ကို ကြားလေဆိပ်မှာ ရွေးဖို့လိုမလိုမေးပါ။

ကိုယ့်လေယာဉ်လက်မှတ်တွေက Checked through ဟုတ်ခဲ့ရင်တောင် Check-In ကောင်တာမှာ အိတ်တွေအပ်တဲ့အခါ ကိုယ့်အိတ်တွေက ကိုယ်သွားမယ့်မြို့ဆီ တန်းပို့ပေးမှာလား။ ကြားထဲက Transit လေဆိပ်တွေမှာ ရွေးစရာလိုသေးလားကို သေချာ Confirm ရပါမယ်။ မေးရပါမယ်။ အိတ်တွေရွေးစရာမလိုဘူး။ တခါထဲ နောက်လေယာဉ်ပေါ် တန်းတင်ပေးမယ်ဆိုရင် အိတ်မှာကပ်ပေးလိုက်တဲ့ Luggage tag မှာ ကိုယ်သွားမယ့်မြို့အထိ ရောက်မယ်ဆိုတာ ပါရပါမယ်။

✈️ Boarding Pass ထပ်ထုတ်စရာလိုမလိုမေးပါ။

Boarding Pass ဆိုတာ လေယာဉ်ပေါ်တက်ရမယ့် လက်မှတ်ပါ။ လေယာဉ်လက်မှတ်ရှိရုံနဲ့ လေယာဉ်ပေါ်တက်လို့မရသေးပါဘူး။ Check-in ကောင်တာမှာ လေယာဉ်လက်မှတ်ပြပြီး Boarding Pass ထုတ်ပေးမှ တက်လို့ရမှာပါ။ Boarding Pass တစ်ခုက လေယာဉ်တခုကိုပဲ ကိုယ်စားပြုပါတယ်။ လေယာဉ်ကို နှစ်ဆင့်စီးရမယ်ဆိုရင် Boarding Pass နှစ်ခုလိုပါတယ်။ လေယာဉ် သုံးဆင့် စီးရမယ်ဆိုရင် Boarding Pass သုံးခုလိုပါတယ်။

✈️ အိတ်တွေကို သေချာထည့်ပါ။

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ အိတ်တွေ ကြားထဲမှာပျောက်နိုင်လို့ Check-in မှာ အပ်မယ့် Luggage ကို သေချာ သော့ခတ်ထားပါ။ အိတ်ပေါ်မှာ အိတ်ကျန်ခဲ့တဲ့အခါ ဆက်သွယ်ရမယ့် နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Email address တွေကို အင်္ဂလိပ်လို ရေးထားရပါမယ်။ ကိုယ့်အိတ်ကိုလည်း ဓာတ်ပုံရိုက်ထားပါ။

✈️ Transit လေဆိပ်ရောက်တဲ့အခါ

⌚ ကိုယ်ရောက်တဲ့နိုင်ငံရဲ့ အချိန်ပြောင်းရပါမယ်။

တနိုင်ငံနဲ့တနိုင်ငံ အချိန်မတူပါဘူး။ တချို့ဖုန်းတွေက Location ပြောင်းတာနဲ့ ရောက်တဲ့နေရာရဲ့ ဒေသစံတော်ချိန်ကို အလိုလိုပြောင်းပေးပါတယ်။ ကိုယ့်ဖုန်းက အဲဒီလို မပြောင်းပေးဘူးဆိုရင် ရောက်တဲ့ဒေသရဲ့ စံတော်ချိန်ကို ကိုယ်တိုင်ပြောင်းရပါမယ်။ ကိုယ့်နာရီတွေကိုလည်း အချိန်ပြောင်းရပါမယ်။ လေဆိပ်တွေမှာ နာရီတွေရှိပြီး ဒေသစံတော်ချိန်ကို ဖော်ပြနေပါတယ်။ မပြောင်းမိဘူးဆိုရင် အချိန်မှားကြည့်ပြီး လေယာဉ်ထွက်ချိန်မမှီတာတို့ ဖြစ်တတ်ပါတယ်။

✈Transfer ဆိုတဲ့ ဆိုင်းဘုတ်နောက်ကိုလိုက်ပါ။

ကြားလေဆိပ်ကို လေယာဉ်ဆိုက်ကပ်တာနဲ့ ဘယ်မှမသွားဘဲ Transfer လို့ရေးထားတဲ့ ဆိုင်းဘုတ်နောက်ကိုသာလိုက်ပါ။

✈ Transfer Desk ကို သွားရမယ်။

ကိုယ်စထွက်တဲ့ လေဆိပ်ရဲ့ Check-in ကောင်တာမှာ ကိုယ်နောက်ထပ်ပြောင်းစီးရမယ့် လေယာဉ်အတွက် Boarding Pass တခါထဲ ထုတ်မပေးထားရင် ကြားလေဆိပ်မှာ Boarding Pass ထုတ်ဖို့ Transfer Desk ဆိုတာကို သွားရပါမယ်။ Transfer Desk (သို့) Transit Desk လို့ လမ်းညွှန်ထားတဲ့အတိုင်း သွားပြီး Boarding Pass ထပ်ထုတ်လိုက်ရုံပါပဲ။ ကိုယ်ထပ်စီးမယ့် လေကြောင်းလိုင်းရဲ့ Transfer Desk မှာ ထုတ်ရမှာပါ။ ရှာမတွေ့ရင် လေဆိပ်ဝန်ထမ်းတွေကို လေယာဉ်လက်မှတ်ပြပြီး မေးကြည့်ပါ။

✈ဘယ် Gate လဲဆိုတာ ကြည့်ရမယ်။

Boarding Pass ကို ရလာပြီဆိုရင် ကိုယ်သွားရမယ့် Boarding Gate နံပါတ်ဘယ်လောက်လဲ ကြည့်ရပါမယ်။ ဒါက အရေးကြီးပါတယ်။ တချို့ Boarding pass ထုတ်ပေးထားတဲ့ အချိန်စောတဲ့အခါ Boarding Gate မသိသေးတဲ့အတွက် Boarding Pass မှာ Gate နံပါတ်ကို မရေးထားဘဲ အလွတ်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ဂိတ်ကြေငြာတဲ့ LED ဘုတ်တွေမှာ ကိုယ့်လေယာဉ်နံပါတ်၊ ကိုယ်သွားမယ့်မြို့၊ Boarding Time နဲ့တိုက်ကြည့်ပြီး ကိုယ်သွားရမယ့် Boarding Gate က ဘယ်လောက်လဲဆိုတာ ရှာရပါမယ်။ Boarding Pass မှာရေးထားတဲ့ Boarding Time အချိန်အတိုင်း Boarding Gate ကို အမှီ သွားရပါမယ်။

✈️ Self-Transfer မှာ ဖြတ်ကျော်ရမယ့်အဆင့်များ

အပေါ်မှာ ဖော်ပြထားတာတွေက ကိုယ်စီးရမယ့် လေယာဉ်တွေက Checked through ဖြစ်တဲ့အခါ ဖြတ်ကျော်ရမယ့် အချက်တွေပါ။ များသောအားဖြင့် Travel agent တွေမှာ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်ပေးတတ်ကြပါတယ်။ လေယာဉ်လက်မှတ်တွေက ဈေးပိုသက်သာလို့ပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့်မြို့ကို ရောက်မယ့် လေယာဉ်တွေက Checked Through မရရင်ဘဲဖြစ်ဖြစ်၊ Checked through ရမယ့် လေကြောင်းလိုင်းရဲ့ Layover Time က တအားကြာတာပဲဖြစ်ဖြစ် Self Transfer နဲ့ သွားရမယ့် အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

Self-Transfer ကတော့ အလုပ်ရှုပ်ပါတယ်။ လေယာဉ်တခါစီးရင်လုပ်ရတဲ့ Process တွေအတိုင်း အစအဆုံး ပြန်လုပ်ရမှာပါ။ ကြားထဲကလေဆိပ်ရဲ့ နိုင်ငံထဲဝင်ပြီးမှ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်ထွက်ဖို့၊ အဲဒီနိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး ဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။

အဲဒီတော့ Self-Transfer ဆိုရင် Transit ဝင်ရမယ့် လေဆိပ်ထဲ လေယာဉ်ဆိုက်ကပ်တာနဲ့ အရင်ဆုံး Immigration ကောင်တာကိုရှာပြီး Immigration ဖြတ်ရပါမယ်။ Visa ပြစရာလိုရင် Visa ပြရပါမယ်။ ကိုယ်တည်းမယ့်ဟိုတယ်နာမည်မေးရင် လေယာဉ်လက်မှတ်ပြပြီး Transit ခဏဝင်တာဖြစ်ကြောင်း၊ ညအိပ်မှာ မဟုတ်ကြောင်း၊...



#私の生き甲斐 #日本旅行

🇯🇵ဂျပန်နိုင်ငံရှိဒေသများနှင့်မြို့အမည်များ💯°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°မြန်မာမှာ တိုင်းနှင့်ပြည်နယ် ၁၄ခုရှိသလို...
03/02/2024

🇯🇵ဂျပန်နိုင်ငံရှိဒေသများနှင့်မြို့အမည်များ💯
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မြန်မာမှာ တိုင်းနှင့်ပြည်နယ် ၁၄ခုရှိသလို
 ဂျပန်မှာလည်း 「1都 1道 2府 43県 」ဆိုပြီး
都道府県 とどうふけん မြိ ု့၊ ဒေသ၊ စီရင်စု၊ခရိုင်ဆိုပြီးမြို့ကြီး(၄၇) မြို့ရှိပါတယ်။
都 と မြို့၊အချက်အချာအကျဆုံးမြိ ု့၁မြို့
道 どう အရပ်ဒေသ ၁ခု
府 ふ စီရင်စု ၂ခု
県 けん ခရိုင် ၄၃ခု
ဆိုပြီးခွဲထားပါတယ်။စုစုပေါင်း၄၇ မြို့ရှိပါတယ်။

1都 1と ဆိုတာက 東京都 とうきょうと Tokyo အချက်အချာအကျဆုံးမြိ ု့၁ခုဘဲရှိတာကိုပြောတာပါ။
1道 1どう က 北海道 ほっかいどう Hokkaidou ဒေသကိုပြောတာပါ ၊
2府 2ふ က 大阪府おおさかふOosaka & 京都府きょうとふKyotoစီရင်စုကိုဆိုလိုခြင်းဖြစ်ပြီး
43県 43けん က တော့ ခရိုင်၄၃ခရိုင်ကိုပြောတာဖြစ်ပါတယ်။

"都道府県名Prefectures"မြို့ကြီး၊ဒေသ၊စီရင်စု၊ခရိုင်အမည်များနှင့်ထိုဒေသခရိုင်ရှိမြိ ု့တော်များအမည် ကိုယှဉ်တွဲဖော်ပြပေးထားပါတယ်။
ဥပမာ Hokkaidou ဒေသရဲ့မြို့တော်က Sapporoပါ။

1 北海道(ほっかいどう) Hokkaidou ဒေသ
札幌(さっぽろ) Sapporo မြို့

2 青森県(あおもり) Aomori ခရိုင်
青森(あおもり) Aomori မြို့

3 岩手県(いわて) Iwate ခရိုင်
盛岡(もりおか) Moriokaမြို့

4 宮城県(みやぎ) Miyagi ခရိုင်
仙台(せんだい) Sendai မြို့

5 秋田県(あきた) Akita ခရိုင်
秋田(あきた) Akita မြို့

6 山形県(やまがた) Yamagata ခရိုင်
山形(やまがた) Yamagata မြို့

7 福島県(ふくしま) Fukushima ခရိုင်
福島(ふくしま) Fukushima မြို့

8 茨城県(いばらき) Ibaraki ခရိုင်
水戸(みと) Mito မြို့

9 栃木県(とちぎ) Tochigi ခရိုင်
宇都宮(うつのみや) Utsunomiya မြို့

10 群馬県(ぐんま) Gunma ခရိုင်
前橋(まえばし) Maebashi မြို့

11 埼玉県(さいたま) Saitama ခရိုင်
さいたま Saitama မြို့

12 千葉県(ちば) Chiba ခရိုင်
千葉(ちば) Chiba မြို့

13 東京都(とうきょう) Toukyou မြို့တော်
東京(とうきょう) Toukyou မြို့

14 神奈川県(かながわ) Kanagawa ခရိုင်
横浜(よこはま) Yokohama မြို့

15 新潟県(にいがた) Niigata ခရိုင်
新潟(にいがた) Niigata မြို့

16 富山県(とやま) Toyama ခရိုင်
富山(とやま) Toyama မြို့

17 石川県(いしかわ) Ishikawa ခရိုင်
金沢(かなざわ) Kanazawa မြို့

18 福井県(ふくい) Fukui ခရိုင်
福井(ふくい) Fukui မြို့

19 山梨県(やまなし) Yamanashi ခရိုင်
甲府(こうふ) Koufuမြို့

20 長野県(ながの) Nagano ခရိုင်
長野(ながの) Nagano မြို့

21 岐阜県(ぎふ) Gifu ခရိုင်
岐阜(ぎふ) Gifu မြို့

22 静岡県(しずおか) Shizuoka ခရိုင်
静岡(しずおか) Shizuoka မြို့

23 愛知県(あいち) Aichi ခရိုင်
名古屋(なごや) Nagoya မြို့

24 三重県(みえ) Mie ခရိုင်
津(つ) Tsu မြို့

25 滋賀県(しが) Shiga ခရိုင်
大津(おおつ) Ootsu မြို့

26 京都府(きょうと) Kyouto စီရင်စု
京都 (きょうと) Kyouto မြို့

27 大阪府(おおさか) Oosaka စီရင်စု
大阪(おおさか) Oosaka မြို့

28 兵庫県(ひょうご) Hyougo ခရိုင်
神戸(こうべ) Koube မြို့

29 奈良県(なら) Nara ခရိုင်
奈良(なら) Nara မြို့

30 和歌山県(わかやま) Wakayama ခရိုင်
和歌山(わかやま) Wakayama မြို့

31 鳥取県(とっとり) Tottori ခရိုင်
鳥取(とっとり) Tottori မြို့

32 島根県(しまね) Shimane ခရိုင်
松江(まつえ) Matsue မြို့

33 岡山県(おかやま) Okayama ခရိုင်
岡山(おかやま) Okayama မြို့

34 広島県(ひろしま) Hiroshima ခရိုင်
広島(ひろしま) Shiroshima မြို့

35 山口県(やまぐち) Yamaguchi ခရိုင်
山口(やまぐち) Yamaguchi မြို့

36 徳島県(とくしま) Tokushima ခရိုင်
徳島(とくしま) Tokushima မြို့

37 香川県(かがわ) Kagawa ခရိုင်
高松(たかまつ) Takamatsu မြို့

38 愛媛県(えひめ) Ehime ခရိုင်
松山(まつやま) Matsuyama မြို့

39 高知県(こうち) Kouchi ခရိုင်
高知(こうち) Kouchi မြို့

40 福岡県(ふくおか) Fukuoka ခရိုင်
福岡(ふくおか) Fukuoka မြို့

41 佐賀県(さが) Saga ခရိုင်
佐賀(さが) Saga မြို့

42 長崎県(ながさき) Nagasaki ခရိုင်
長崎(ながさき) Nagasaki မြို့

43 熊本県(くまもと) Kumamoto ခရိုင်
熊本(くまもと) Kumamoto မြို့

44 大分県(おおいた) Ooita ခရိုင်
大分(おおいた) Ooita မြို့

45 宮崎県(みやざき) Miyazaki ခရိုင်
宮崎(みやざき) Miyazaki မြို့

46 鹿児島県(かごしま) Kagoshima ခရိုင်
鹿児島(かごしま) Kagoshima မြို့

47 沖縄県(おきなわ) Okinawa ခရိုင်
那覇(なは) Naha မြို့

#私の生き甲斐 #日本旅行

#地図

皆さん、今日の試験にご行を祈ります 🍀君なら出来るよ 🍀 運がいいね 🍀試験、うまくいくといいね 🍀       #日本語  #試験
02/12/2023

皆さん、今日の試験にご行を祈ります 🍀
君なら出来るよ 🍀
運がいいね 🍀
試験、うまくいくといいね 🍀


#日本語 #試験

おはようございます✨日清市、愛知県、日本🎌現代の住宅🏯Nissin City, Aichi Prefecture, Japan.       #私の生き甲斐  #愛知県  #日本
19/11/2023

おはようございます✨

日清市、愛知県、日本🎌
現代の住宅🏯

Nissin City, Aichi Prefecture, Japan.


#私の生き甲斐 #愛知県 #日本

住所

Minato-ku, Tokyo
277-0852

アラート

Win Htet Aung -私の生き甲斐がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Win Htet Aung -私の生き甲斐にメッセージを送信:

共有する