学文協同組合 Gakubun Cooperative

電話する アクセス ウェブサイト 事業に問い合わせる

学文協同組合 Gakubun Cooperative 技能実習生や特定技能の外国人のためです。
တိုခုတေးဂိနိုးနှင့်ဂိနိုးဂျိရှူးဆဲများအတွက်အလုပ်အကိုင်များမေးမြန်းနိုင်သည်

🇳🇵🇯🇵 နီပေါနိုင်ငံမှ 特定技能 ဝန်ထမ်းအသစ်တစ်ဦးကို ကြိုဆိုခြင်း ✈️2026အောက်တိုဘာ14ရက်နေ့တွင် နီပေါနိုင်ငံမှ 特定技能1号(外食業)နဲ့ ဝန်...
14/10/2026

🇳🇵🇯🇵 နီပေါနိုင်ငံမှ 特定技能 ဝန်ထမ်းအသစ်တစ်ဦးကို ကြိုဆိုခြင်း ✈️

2026အောက်တိုဘာ14ရက်နေ့တွင် နီပေါနိုင်ငံမှ 特定技能1号(外食業)နဲ့ ဝန်ထမ်းအသစ်တစ်ဦး ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ 🇯🇵✨

ကျွန်တော်တို့ 学文協同組合 က Narita လေဆိပ်အထိ သွားရောက်ကြိုဆိုပေးခဲ့ပြီး နေရပ်လိပ်စာမှတ်ပုံတင်ခြင်း(住民登録)နဲ့ နေထိုင်မှုအတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ 🤝

ဂျပန်မှာ အလုပ်သစ်၊ ပတ်ဝန်းကျင်အသစ်နဲ့ အဆင်ပြေပြေ အသားကျနိုင်ဖို့ ရှေ့ဆက်ပြီးလည်း လိုအပ်တာတွေကို ကူညီပေးသွားမှာပါ။ 😊

ဂျပန်နိုင်ငံကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ 🇳🇵❤️🇯🇵

🇳🇵🇯🇵 【ネパールから新しい仲間が来日しました!✈️】

本日、ネパールから特定技能1号(外食業)の方が無事に日本へ入国されました!😊✨

学文協同組合のスタッフが成田空港までお迎えに行き、住民登録や日本での生活に必要な各種手続きをサポートしました。🤝

これから始まる日本での新しい生活やお仕事に少しでも早く慣れ、安心して過ごせるよう、引き続きサポートしていきます!

日本へようこそ!🇯🇵🌸
これから一緒に頑張っていきましょう!💪✨


#特定技能
#外食

🇯🇵 မနက်ဖြန် အောက်တိုဘာ ၁၂ ရက်နေ့ ဂျပန်မှာ ဘာလို့ ရုံးပိတ်ရက်ဖြစ်တာလဲ? 🏃‍♂️📅 October 12, 2026 (Monday)ဟာ ဂျပန်နိုင်ငံရဲ့ ...
11/10/2026

🇯🇵 မနက်ဖြန် အောက်တိုဘာ ၁၂ ရက်နေ့ ဂျပန်မှာ ဘာလို့ ရုံးပိတ်ရက်ဖြစ်တာလဲ? 🏃‍♂️

📅 October 12, 2026 (Monday)ဟာ ဂျပန်နိုင်ငံရဲ့ スポーツの日(Sports Day) ဖြစ်ပါတယ်။

🏃‍♀️ スポーツの日 ဆိုတာ ဘာလဲ?

အားကစားလုပ်ခြင်းကို အားပေးပြီး ကျန်းမာသန်စွမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်သတ်မှတ်ထားတဲ့ နိုင်ငံတော်ရုံးပိတ်ရက်တစ်ရက် ဖြစ်ပါတယ်။

📌 သိထားသင့်တဲ့ အချက် ၃ ချက်

✅ အရင်က 体育の日(たいいくのひ)လို့ ခေါ်ခဲ့ပါတယ်။

✅ ၂၀၂၀ ခုနှစ်ကစပြီး スポーツの日 လို့ အမည်ပြောင်းခဲ့ပါတယ်။

✅ ပုံမှန်အားဖြင့် နှစ်စဉ် အောက်တိုဘာလရဲ့ ဒုတိယမြောက် တနင်္လာနေ့မှာ ကျရောက်ပါတယ်။

🏢 ရုံးတွေရော ပိတ်လား?

အစိုးရရုံးတွေနဲ့ ဘဏ်ရုံးခွဲအများစု ပိတ်ပါတယ်။ ဒါပေမဲ့ စားသောက်ဆိုင်၊ စတိုးဆိုင်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတချို့ကတော့ ပုံမှန်ဖွင့်လှစ်နိုင်ပါတယ်။

💬 ဂျပန်မှာနေတဲ့ မိတ်ဆွေတို့ရော မနက်ဖြန် အလုပ်ပိတ်ကြလား၊ အလုပ်ဆင်းရသေးလား?



#スポーツの日

30/09/2026

🌟စကားပြန်အလုပ်ခေါ်စာလေးရှိပါတယ် စိတ်ဝင်စားရင် လျှောက်ထားလို့ရပါတယ်နော်🙇‍♀️ #စကားပြန် #学文協同組合

🇮🇩💛 အင်ဒိုနီးရှားကလာတဲ့ 技能実習生 လေးတွေကို SIM Card နဲ့ ရထားကတ် လုပ်ဖို့ ကူညီပေးခဲ့ပါတယ် 📱✨အတူတူသွားလာရင်း အားလုံးနဲ့လည်း ပ...
28/09/2026

🇮🇩💛 အင်ဒိုနီးရှားကလာတဲ့ 技能実習生 လေးတွေကို SIM Card နဲ့ ရထားကတ် လုပ်ဖို့ ကူညီပေးခဲ့ပါတယ် 📱✨
အတူတူသွားလာရင်း အားလုံးနဲ့လည်း ပိုရင်းနှီးခင်မင်ခဲ့ရလို့ ပျော်စရာနေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ် 🥰
ဂျပန်မှာ အလုပ်ရော နေထိုင်မှုပါ အဆင်ပြေကြပါစေ 🌸🇯🇵

🇮🇩💛 インドネシアから来日した技能実習生の皆さんのSIMカードとSUICA の手続きをサポートしました📱✨
一緒に過ごす中で、皆さんともすっかり仲良くなれて、とても楽しい時間になりました🥰
これからの日本での生活も仕事も頑張ってください🌸🇯🇵

#学文協同組合

#技能実習生
#ကုန်ထုတ်

🇮🇩 အင်ဒိုနီးရှား နည်းပညာအလုပ်သင်များအတွက် 🇯🇵စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်မည့် အင်ဒိုနီးရှား နည်းပညာအလုပ်သင်မ...
25/09/2026

🇮🇩 အင်ဒိုနီးရှား နည်းပညာအလုပ်သင်များအတွက် 🇯🇵

စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်မည့် အင်ဒိုနီးရှား နည်းပညာအလုပ်သင်များအတွက် လုပ်ငန်းခွင်မဝင်မီ SIM Card နှင့် ရထားစီး IC Card ပြုလုပ်ခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ 📱🚃

လုပ်ငန်းခွင်အသစ်သို့ ဝင်ရောက်ရန် တက်ကြွပျော်ရွှင်နေကြသည့် သူတို့ရဲ့အပြုံးတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ 😊

အားလုံးက လိမ္မာပြီး ဂျပန်စကားလည်း ကျွမ်းကျင်ကြတဲ့အတွက် လုပ်ငန်းခွင်အသစ်မှာ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ပြီး ပျော်ရွှင်စရာ အလုပ်သင်ကာလကို ဖြတ်သန်းနိုင်ကြပါစေလို့ 学文協同組合 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 😊✨

🇮🇩 インドネシア技能実習生のサポート 🇯🇵

食品製造分野のインドネシア技能実習生の皆さんが実習を始める前に、SIMカードの契約や交通系ICカードの作成をサポートしました。📱🚃

これから始まる新しい職場での実習に向けて、皆さんが笑顔で楽しみにしている様子がとても印象的でした。😊

皆さんとても素直で、日本語も上手です😊
これから新しい職場でも順調に実習を進め、充実した日々を過ごせるよう、学文協同組合一同、心より応援しています!✨



#学文協同組合

👷‍♂️✨ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ 技能実習生 များ…..ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ 技能実習生 များအဖြစ် နေ့စဉ် ကြိုးစားလုပ်ကိုင်နေကြတဲ...
25/09/2026

👷‍♂️✨ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ 技能実習生 များ…..

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ 技能実習生 များအဖြစ် နေ့စဉ် ကြိုးစားလုပ်ကိုင်နေကြတဲ့ သူတို့နှစ်ယောက်ပါ။ 🇯🇵

လုပ်ငန်းခွင်မှာ သူဌေးကိုယ်တိုင်လည်း အလုပ်ပိုင်းဆိုင်ရာတွေကို စိတ်ရှည်ရှည်နဲ့ သင်ကြားပေးပြီး၊ အခက်အခဲရှိတဲ့အခါတိုင်း အနီးကပ်ဂရုစိုက်ကူညီပေးလျက်ရှိပါတယ်။ 🤝

ဒီလို နွေးထွေးတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်နဲ့ ပံ့ပိုးမှုတွေကြောင့် 実習生 နှစ်ယောက်လည်း အလုပ်မှာ တဖြည်းဖြည်း အဆင်ပြေလာပြီး နေ့စဉ် အတွေ့အကြုံအသစ်တွေကို သင်ယူရင်း ကြိုးစားနေကြပါတယ်။ 💪✨

ကျွန်ုပ်တို့ 学文協同組合 ဘက်မှလည်း အလုပ်ပိုင်းသာမက ဂျပန်နိုင်ငံမှာ နေထိုင်ရေးအပိုင်းမှာပါ အခက်အခဲမရှိစေရန် ပုံမှန်သွားရောက်မေးမြန်းပြီး လိုအပ်တာတွေကို ဆက်လက်ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ 😊

社長さんနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများရဲ့ နွေးထွေးတဲ့ပံ့ပိုးမှုအတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။

実習生 နှစ်ယောက်လည်း ရှေ့ဆက်ပြီး အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ ပိုမိုတိုးတက်လာအောင် ကြိုးစားနိုင်ကြပါစေ။ 🌱✨

#学文協同組合

#ဆောက်လုပ်ရေး
#技能実習生

🇯🇵🍁 2026 ခုနှစ် Silver Weekအကြောင်း🌟ဂျပန်နိုင်ငံမှာ စက်တင်ဘာလအတွင်း ရုံးပိတ်ရက်များ ဆက်တိုက်ကျရောက်တဲ့ကာလကို Silver Week...
21/09/2026

🇯🇵🍁 2026 ခုနှစ် Silver Weekအကြောင်း🌟

ဂျပန်နိုင်ငံမှာ စက်တင်ဘာလအတွင်း ရုံးပိတ်ရက်များ ဆက်တိုက်ကျရောက်တဲ့ကာလကို Silver Week(シルバーウィーク) လို့ ခေါ်ပါတယ်။

📅 9/21 – 敬老の日
သက်ကြီးရွယ်အိုများကို လေးစားဂုဏ်ပြုသည့်နေ့🙏🏻

📅 9/22 – 国民の休日
ရုံးပိတ်ရက်နှစ်ရက်ကြား ကျရောက်သော အများပြည်သူရုံးပိတ်ရက်🫧

📅 9/23 – 秋分の日
ဘိုးဘွားများကို အောက်မေ့ဂုဏ်ပြုသည့်နေ့🙇‍♀️

✨ စနေ၊ တနင်္ဂနွေပါပေါင်းလျှင် 9/19 မှ 9/23 အထိ ၅ ရက်ဆက်တိုက် အားလပ်ရက် ဖြစ်ပါတယ်။💗

#シルバーウィーク

🇲🇲 မကြာသေးမီက အဆောက်အဦအတွင်းပိုင်း ဘုတ်တပ်ဆင်ခြင်းလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများထံ သွားရောက်ပြီး ပုံမှ...
15/09/2026

🇲🇲 မကြာသေးမီက အဆောက်အဦအတွင်းပိုင်း ဘုတ်တပ်ဆင်ခြင်းလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများထံ သွားရောက်ပြီး ပုံမှန်တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။

အလုပ်အကိုင်နှင့် နေထိုင်မှုအခြေအနေများကို မေးမြန်းခဲ့ရာ အားလုံး ကျန်းမာပျော်ရွှင်စွာဖြင့် အလုပ်ကို အဆင်ပြေပြေ လုပ်ကိုင်နေကြသည်ကို တွေ့မြင်ရသဖြင့် 学文協同組合 အနေဖြင့်လည်း အထူးဝမ်းသာမိပါသည်။ 😊

ရှေ့ဆက်ပြီးလည်း အားလုံး စိတ်ချလက်ချ အလုပ်လုပ်ကိုင်နိုင်ပြီး တိုးတက်မှုများ ရရှိနိုင်စေရန် ဆက်လက်၍ အကောင်းဆုံး ပံ့ပိုးကူညီသွားပါမည်။ ✨ 🇯🇵

先日、内装ボード仕上げの現場で活躍している皆さんのもとへ伺い、定期面談を行いました。

仕事や生活の状況についてお話を聞き、皆さんが元気に、安心して仕事に取り組んでいる様子を見ることができました😊

一生懸命頑張っている皆さんの姿を見ることができ、学文協同組合としても大変嬉しく思います。

これからも皆さんが安心して働き、成長していけるよう、しっかりとサポートしてまいります!✨

#学文協同組合

#実習生

🇲🇲 🇯🇵 လုပ်ငန်းခွင်အသစ်တွင် စတင်တာဝန်ထမ်းဆောင်မည့်သူများအတွက် လိုအပ်သော SIM Card ပြုလုပ်ခြင်းကို 学文協同組合 မှ လိုက်လံကူညီပေး...
11/09/2026

🇲🇲 🇯🇵 လုပ်ငန်းခွင်အသစ်တွင် စတင်တာဝန်ထမ်းဆောင်မည့်သူများအတွက် လိုအပ်သော SIM Card ပြုလုပ်ခြင်းကို 学文協同組合 မှ လိုက်လံကူညီပေးခဲ့ပါသည်။ 📱✨

ဂျပန်နိုင်ငံတွင် အလုပ်နှင့် နေထိုင်မှုဘဝ အဆင်ပြေချောမွေ့စွာ စတင်နိုင်ရန် ဆက်လက်ကူညီပံ့ပိုးပေးသွားပါမည်။ 🤝

#学文協同組合

#技能実習生
#ဂျပန်အလုပ်အကိုင်

🇲🇲🇯🇵 မြန်မာနိုင်ငံမှ တိုခုတေးဂီနိုးဖြင့် အလုပ်သမားတစ်ဦး ဂျပန်နိုင်ငံသို့ ရောက်ရှိ ✈️စက်တင်ဘာလ ၂ ရက်နေ့တွင် အဆောက်အအုံသန့...
09/09/2026

🇲🇲🇯🇵 မြန်မာနိုင်ငံမှ တိုခုတေးဂီနိုးဖြင့် အလုပ်သမားတစ်ဦး ဂျပန်နိုင်ငံသို့ ရောက်ရှိ ✈️

စက်တင်ဘာလ ၂ ရက်နေ့တွင် အဆောက်အအုံသန့်ရှင်းရေးလုပ်ငန်း (ビルクリーニング) ဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားတစ်ဦး ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် အလုပ်ရှင်ကုမ္ပဏီမှ တာဝန်ရှိသူကိုယ်တိုင် လေဆိပ်အထိ လာရောက်ကာ နွေးထွေးစွာ ကြိုဆိုပေးခဲ့ပါသည်။ 🤝✨

ပတ်ဝန်းကျင်အသစ်၊ လုပ်ငန်းခွင်အသစ်မှာ အဆင်ပြေစွာ အခြေချနိုင်ပြီး ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🌸

ようこそ日本へ🇯🇵
これからのご活躍を心より応援しています!

#学文協同組合
#特定技能
#ビルクリーニング
#ဂျပန်အလုပ်အကိုင်

住所

Meguro-ku, Tokyo
1530063

電話番号

+81334950250

ウェブサイト

アラート

学文協同組合 Gakubun Cooperativeが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

事業に問い合わせる

学文協同組合 Gakubun Cooperativeにメッセージを送信:

ショートカット

共有する