16/12/2025
履歴書(CV)မှာ 希望動機・自己PR
ရေးပေးပါဆိုရင်
🤔အမအဲ့တာဘယ်လိုရေးရတာလည်း?လိုမေးတဲ့သူများပါတယ်
အဓိက pointလေးတွေပြောပြပေးသွားမယ်နော်
စာလေးတော့နည်းနည်းရှည်ပါမယ်
1/希望動機のポイント
① なぜこの会社・この仕事 を選んだか?
ဒီကုမ္ပဏီနဲ့ ဒီအလုပ်ကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။
② 自分の経験・強みと仕事のつながり
သင့်ရဲ့ အတွေ့အကြုံနဲ့ အားသာချက်တွေက အလုပ်နဲ့ ဘယ်လို ဆက်စပ်နေလဲ။
③ 入社後にどう貢献したいか
ကုမ္ပဏီကို ဝင်ပြီးနောက် ဘယ်လို ပံ့ပိုးကူညီဖို့ မျှော်လင့်ထားလဲ။
2/自己PRのポイント
① 強み(性格・スキル)
အားသာချက်များ (ကိုယ်ရည်ကိုယ်သွေးနှင့် ကျွမ်းကျင်မှုများ)
② 根拠となる経験
အထောက်အထားများကို အခြေပြုပြီးရရှိလာသောအတွေ့အကြုံများ
③ 仕事でどう役立つか
အလုပ်တွင် မည်သို့အသုံးဝင်မည်နည်း။အသုံးဝင်ခဲ့သည့်အကြောင်းအရာ
希望動機မှာမရေးသင့်တဲ့အကြောင်းအရာ
❌ 避けたい例
❌ ရှောင်ရှားရမည့် ဥပမာများ
• 給料・休みだけが理由
တစ်ခုတည်းသော အကြောင်းပြချက်မှာ လစာနှင့် အားလပ်ရက်ဖြစ်တာ
• 「勉強したい」「成長したい」だけ
• "ကျွန်တော်/ကျွန်မ သင်ယူချင်တယ်" နှင့် "ကျွန်တော်/ကျွန်မ တိုးတက်ချင်တယ်။"ဆိုသည့်အရာမျိုး
• どの会社にも使える内容
မည်သည့်ကုမ္ပဏီနှင့်မဆို သက်ဆိုင်သည့် အကြောင်းအရာတူပြီး သုံးတာမျိုးဖြစ်ပါတယ်
အဓိကချုံပြောပြရရင်လိုအပ်အသောအဓိကအချက်များဟာ အောက်မှာရေးပြထားသည့်အတိုင်း ဖြစ်ပါတယ်ရှင့်
🌟 よく使える強み例
🌟 အသုံးများသော အားသာချက်များ၏ ဥပမာများ
• 責任感がある(• တာဝန်ယူတတ်သူ)
• 継続力・努力家( ဇွဲရှိပြီး ကြိုးစားအားထုတ်တတ်သူ)
• 協調性がある(ပူးပေါင်းဆောင်ရွက်တတ်သူ)
• 丁寧・正確(ယဉ်ကျေးပြီး တိကျသူ)
• 語学力(日本語・英語など)(ဘာသာစကားကျွမ်းကျင်မှု (ဂျပန်၊ အင်္ဂလိပ် စသည်)
• 臨機応変に対応できる(• လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်သူ)
ကဲအားလုံး အတွက်အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်
ありがとうございます。
#followersreelsfypシ゚viralシfypシ゚viralシalシ