Wj-inter Myanmar

電話する アクセス ウェブサイト 事業に問い合わせる

Wj-inter Myanmar 「特定技能ビザ」で人材紹介を行っております。
တိုခုတေးဗီဇာဖြင့်အလုပ်မိတ်ဆက်ပေးပါသည်။

ဂျပန်နိုင်ငံ၌ လုပ်ငန်းခွင်၊ နေထိုင်ရာအခန်း/ ဝန်ထမ်း အဆောင်၊ စျေးအရောင်းဆိုင်များ ၊ ရထား၊ ဘတ်စ်ကားများနဲ့ အများပြည်သူများ...
08/10/2026

ဂျပန်နိုင်ငံ၌ လုပ်ငန်းခွင်၊ နေထိုင်ရာအခန်း/ ဝန်ထမ်း အဆောင်၊ စျေးအရောင်းဆိုင်များ ၊ ရထား၊ ဘတ်စ်ကားများနဲ့ အများပြည်သူများ သွားလာ အသုံးအပြု သော နေရာများ၌ မိမိတို့၏ငွေကြေးပစ္စည်းများ မပျောက်စေရန် အထူးဂရုစိုက်ရပါမည်။ ထိုအပြင် သူ့တစ်ပါး၏ ငွေကြေး ပစ္စည်းများကိုလည်း ခွင့်ပြုချက်မရှိပဲ ကိုင်တွယ်အသုံးခြင်း ခိုးယူ အလစ်သုတ် ခြင်းများကို မပြုလုပ်မိစေရန် အထူးဂရုစိုက်ဖို့ လိုပါသည်။

🏭 အလုပ်ခွင်များ၌ ကုမ္ပဏီပစ္စည်း၊ အခြားသူများရဲ့ပစ္စည်း၊ ငွေ၊ ဖုန်း၊ အစားအသောက် စသည့် အရာများကို ခွင့်မရှိဘဲ **ကိုင်တွယ်ခြင်း၊ အသုံးပြုခြင်း၊ ယူဆောင်သွားခြင်းအား လုံးဝ မပြုလုပ်ရပါ။**
“ခဏယူသုံးတာပါ” “နောက်မှပြန်ပေးမယ်” ဆိုတာမျိုးလည်း မလုပ်သင့်ပါ။

အလုပ်ခွင်နှင့် ကိုယ်သတိမထားမိသော နေရာများမှာ 防犯カメラ (လုံခြုံရေးကင်မရာ) ရှိနိုင်တဲ့အတွက် ပြဿနာဖြစ်လာခဲ့လျှင် CCTV မှတ်တမ်းတွေကို စစ်ဆေးနိုင်ပါသည်။

🔐 မိမိတို့ ပစ္စည်းများ မပျောက်စေရန် အလုပ်မဝင်ခင်၌ ငွေ၊ ဖုန်းနှင့် တန်ဖိုးရှိတဲ့ပစ္စည်းတွေကို Locker ထဲထည့်ပြီး သော့ကို သေချာခတ်ထားကြပါ။

🏠 နေထိုင်ရာအခန်း/ ဝန်ထမ်း အဆောင်များ၌ သူများအခန်းထဲ ခွင့်မရှိဘဲ မဝင်ပါနှင့်။
* သူများပစ္စည်းကို ခွင့်မတောင်းဘဲ မယူမသုံးပါနဲ့။
* ကိုယ့်အခန်းတံခါးနှင့် Locker ကို သော့ သေချာခတ်ထားပါ။
* တန်ဖိုးရှိတဲ့ပစ္စည်းတွေကို လုံခြုံတဲ့နေရာမှာ သိမ်းထားပါ။

🛒 စျေးဝယ်တဲ့အခါ များ၌ ကုန်ပစ္စည်းကို ငွေမရှင်းဘဲ ဆိုင်အပြင်ကို မည်သည့် အကြောင်းပြချက်ဖြင့် လုံးဝ ယူဆောင်၍ မထွက်ပါနှင့်။
မတော်တဆယူမိခဲ့ပါလည်း ဆိုင်ဝန်ထမ်းကို ချက်ချင်းပြောပြီး သေချာဖြေရှင်းပါ။

🚃 ရထား / ဘတ်စ်ကားစီးနင်းစဥ် ၌ လည်း သူများရဲ့ အိတ်၊ ဖုန်း၊ ပိုက်ဆံအိတ် စတာတွေကို လုံးဝ မယူ/ မထိပါနှင့်။ အခြားသူရဲ့ ပစ္စည်းမေ့ကျန်နေတာတွေ့ခဲ့ပါက ဘူတာဝန်ထမ်း၊ ဘတ်စ်ကားဝန်ထမ်း သို့မဟုတ် 交番(ရဲကင်း)သို့ အမြန်ဆုံး အပ်ပေးပါ။

⚠️ သူများပစ္စည်းကို ခွင့်မရှိဘဲ ယူဆောင်ခြင်း/ အသုံးပြုခြင်းဟာ ဂျပန်ဥပဒေအရ ခိုးမှု(窃盗罪)အဖြစ်သတ်မှတ် ခံရပြီး အလွန် ​ပြစ်မှု ကြီးပါသည်။

မိမိတို့ရဲ့ အလုပ်၊ နေထိုင်ခွင့်နဲ့ အနာဂတ်၊ မိမိတို့ မိသားစု/အမျိုး ဂုဏ်သိက္ခာများကို မထိခိုက်စေဖို့ အတွက် ဂျပန်နိုင်ငံမှာ အစအစအရာရာ အမြဲသတိထားပြီး စည်းကမ်းတကျ နေထိုင်သွားကြပါစို့။ 🇯🇵🇲🇲

သူများပစ္စည်းကို မခိုးယူပါနှင့်။
ကိုယ့်ပစ္စည်းကို ကိုယ်တိုင်စောင့်ရှောက်ပါ။
ဥပဒေနဲ့ စည်းကမ်းကို လေးစားလိုက်နာပါ။

ညီမလေး1 ယောက် COE ရလာပါပြီおめでとうございます🎊ဂျပန်သို့ မလာရခင်အချိန်အတွင်းမှာ ဂျပန်ဘာသာ/ လုပ်ငန်းခွင်မှာ လိုက်နာရမည့်စည်းကမ်း/ ဂ...
04/09/2026

ညီမလေး1 ယောက် COE ရလာပါပြီ
おめでとうございます🎊

ဂျပန်သို့ မလာရခင်အချိန်အတွင်းမှာ ဂျပန်ဘာသာ/ လုပ်ငန်းခွင်မှာ လိုက်နာရမည့်စည်းကမ်း/ ဂျပန် နိုင်ငံရဲ့ နေထိုင်စားသောက်မှုနဲ့ပါတ်သတ်ပြီး သေချာလေ့လာပြီး
🔖ဂျပန်ရောက်တဲ့အခါမှာလည်း အင်တာဗျူးမှာ မိမိတို့ ပြောခဲ့တဲ့အတိုင်း သေချာကြိုးစားပေးကြပါ💪

ဂျပန် မလာမှီ ဒီVideo file တွေကို အကုန် ကြည့်ရှုလေ့လာ ပေးထားကြပါ။
👇👇👇
Comment မှာ Link ရှိပါသည်။

နောက်ထပ် COE စောင့်နေသူများလည်း ရတာနဲ့ အကြောင်းကြားပေးပါ့မယ်။

住所

博多区空港前2-6/18
Fukuoka-shi, Fukuoka
8120002

営業時間

月曜日 09:00 - 18:00
火曜日 09:00 - 18:00
水曜日 09:00 - 18:00
木曜日 09:00 - 18:00
金曜日 09:00 - 18:00

電話番号

+81924092234

ウェブサイト

アラート

Wj-inter Myanmarが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

事業に問い合わせる

Wj-inter Myanmarにメッセージを送信:

ショートカット

共有する

カテゴリー