JP Job House外国人仕事

JP Job House外国人仕事 特定技能(SSW)・高度人材、日本でのお仕事を紹介しています。
◆仕事紹介◆履歴書作成◆面接のサポート◆その他の相談
ご興味ある方こちらのページにてご連絡ください。

03/07/2026

Tokutei Car Mechanic (自動車整備士) လက်မှတ်ကိုင်ဆောင်ထား သူတွေအတွက် လစာကောင်းပြီး အခွင့်အရေးကောင်းတဲ့ အလုပ်ခေါ်စာ🔈🔈

📍 အလုပ်နေရာ - 福岡県 ( Fukuoka )
💰 လစာ - အချိန်ပိုအပါ 28သောင်းကျော်
🏠 အဆောင် - ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ Wi-Fi၊ Aircon၊ TV အစုံအလင်ပါတဲ့(တစ်ယောက်ခန်း) ကို ကုမ္ပဏီဘက်မှ စီစဉ်ပေးမှာဖြစ်ပြီး
➡️ ကိုယ့်ဘက်က အိမ်လခအတွက် တစ်လ 1သောင်းတည်းသာပေးရမှာဖြစ်ပါတယ်
🎁 လစာတိုးရှိ၊ Bonus ရှိ

အလုပ်လုပ်ရင်း ကားစက်ပြင် အဆင့် (၁)၊ (၂) လက်မှတ်တွေ ရအောင် ကုမ္ပဏီဘက်ကနေကုန်ကျစရိတ်အကုန် စိုက်ထုတ်ပြီး ပံ့ပိုးပေးမှာဖြစ်လို့ ရေရှည်လုပ်ချင်တဲ့ သူတွေ အတွက်အလွန်အဆင်ပြေပါတယ်ရှင် 😍

ယောကျာ်းလေး သီးသန့် (၂)ဦးတည်းသာ ခေါ်ယူဖြစ်လို့ စိတ်ဝင်စားသူများအနေနဲ့ အမြန်ဆုံးလျှောက်ထားပေးကြပါရှင့် 💁🏻‍♀️❤️

📩 အသေးစိတ်သိရှိလို့ပါက Chat Box ကနေ တဆင့် စုံစမ်းနိုင်ပါတယ်ရှင့်
#ကားစက်ပြင် #ဂျပန်အလုပ်အကိုင် #ဂျပန်ရောက်မြန်မာများ

01/07/2026

🌸 𝐊𝐚𝐧𝐚𝐠𝐚𝐰𝐚 အလုပ်ခေါ်စာတွေ စောင့်နေကြတဲ့ ညီမလေးတွေအတွက် ✨

📍အလုပ်နေရာ — 神奈川県 ( 𝐊𝐚𝐧𝐚𝐠𝐚𝐰𝐚 )
🏥 ဂေဟာအမျိုးအစား — ユニット型・従来型)
💰 လစာ — ညဆိုင်းအပါ 𝟐𝟒သောင်းကျော်
🎁 𝐁𝐨𝐧𝐮𝐬 — တစ်နှစ်ကို သောင်း𝟔𝟎ကျော်
🏠 အိမ်လခ — အလုပ်ရှင်ဘက်မှ 𝟏သောင်း𝟖ထောင်အထိ ထောက်ပံ့ပေးမှာဖြစ်ပါတယ်
📅 ပိတ်ရက် ကလည်း တစ်နှစ်ကို 𝟏𝟐𝟎 ရက်အထိ ရရှိမှာဖြစ်ပါတယ်ရှင်…..

ခေါ်ယူမယ့်လူဦးရေ က (၂ )ဦးတည်းသာဖြစ်လို့ သတ်မှတ်လူဦးရေမပြည့်ခင် အမြန်ဆုံး လျှောက်ထားပေးကြရှင့် 💁🏻‍♀️

📩 အသေးစိတ်သိရှိလို့ပါက Chat Box ကနေ တဆင့် စုံစမ်းနိုင်ပါတယ်ရှင့်
#ဂျပန်အလုပ်အကိုင် #ဂျပန်ရောက်မြန်မာများ

25/06/2026

📌📌အိမ်လခ ၊ ရေဖိုး ၊ မီးဖိုးအပါ ကိုယ့်ဘက်ကနေ တစ်လ ၁ သောင်းပဲ ပေးရမယ့် 𝐃𝐚𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 အလုပ်ခေါ်စာ

📍လုပ်ရမည့်နေရာ: 茨城県 (𝐈𝐛𝐚𝐫𝐚𝐤𝐢)
🏠 အလုပ်အမျိုးအစား: 𝐃𝐚𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 (住宅型)
💰 လစာ: အချိန်ပိုအပါ ၂၅ သောင်းကျော် + ညဆိုင်း တစ်ကြိမ် ၆ထောင် + 𝐁𝐨𝐧𝐮𝐬 𝟏နှစ် 𝟐ကြိမ်

‼️လူဦးရေ ၁ ဦးသာ ခေါ်ယူတာမို့လို့ လက်မနှေးဘဲ အမြန်ဆုံးစာရင်းပေး လျှောက်ထားလိုက်တော့နော်…..

📩 အသေးစိတ်သိရှိလိုပါက 𝐂𝐡𝐚𝐭 ကနေတစ်ဆင့် မေးမြန်းနိုင်ပါတယ်ရှင်🌸🌸
#ဂျပမြန်မာများ #ဂျပန်အလုပ်အကိုင်

📌  ဂျပန်မှာ အခုလို 梅雨ကနေ 夏 ဘက် ကူးလာတဲ့ ကာလဟာ 湿度 (စိုထိုင်းဆ) ကလည်း အရမ်းများ၊ ပူလည်းပူတော့ ဗက်တီးရီးယားတွေ ပေါက်ဖွားဖို...
24/06/2026

📌 ဂျပန်မှာ အခုလို 梅雨ကနေ 夏 ဘက် ကူးလာတဲ့ ကာလဟာ 湿度 (စိုထိုင်းဆ) ကလည်း အရမ်းများ၊ ပူလည်းပူတော့ ဗက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်…..

ဒါကြောင့်မို့ ဒီရက်ပိုင်း ဂျပန်မှာ 食中毒 (အစာအဆိပ်သင့်ခြင်း) ဖြစ်တဲ့သူတွေ ခပ်စိပ်စိပ် ပြန်တွေ့လာရပါတယ်။ အလုပ်လုပ်ရင်းနဲ့ ကျန်းမာရေး မထိခိုက်စေဖို့ မှတိသားထားသင့်တဲ့အချက်လေးတွေကို Job JBကနေတဆင့် မျှဝေပေးလိုက်ပါတယ်ရှင်💁🏻‍♀️❤️

——————

🛡️ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ 食中毒 ကာကွယ်ရန် အချက် (၃) ချက်

1️⃣ ဗက်တီးရီးယား မကပ်ငြိစေရန် (つけない)

အပြင်က ပြန်လာရင်၊ ဟင်းမချက်ခင်နဲ့ အစားအသောက် မကိုင်တွယ်ခင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးဖို့က အရေးကြီးဆုံးပါပဲ။

အသားစိမ်း/ငါးစိမ်း လှီးတဲ့ ဓားနဲ့ စဥ့်နှီတုံးတွေကို သီးသန့်ခွဲသုံးပြီး၊ သုံးပြီးတိုင်း သေချာ ဆေးကြောပိုးသတ်ပါ။

————-

2️⃣ ဗက်တီးရီးယား မပွားများစေရန် (増やさない)

スーパー က ဝယ်လာတဲ့ အသား၊ ငါးတွေကို အပြင်မှာ ပစ်မထားဘဲ 冷蔵庫 ထဲ ချက်ချင်း ထည့်ပါ။

お弁当 ထည့်တဲ့သူတွေကလည်း ဟင်းတွေကို သေချာ အေးသွားမှ ဘူးပိတ်ပါ။ မနက်ခင်း သွားရလာရတာ ကြာရင် အစားအသောက် မသိုးသွားအောင် ထမင်းဘူးအိတ်ထဲ Ice Pack ( 保冷剤 ) လေးတွေ ထည့်သွားပါ။

———

3️⃣ ဗက်တီးရီးယားများကို သေစေရန် (やっつける)

အသားစိမ်း (အထူးသဖြင့် ကြက်သား၊ ဝက်သား) တွေကို အလယ်ဗဟိုအထိ ကျက်သွားအောင် သေချာ 加熱 အပူပေးချက်ပြုတ်ပေးပါ။

မနေ့က ဟင်းကျန်တွေကို ပြန်နွှေရင်လည်း ဒီတိုင်း နွေးရုံတင်မကဘဲ တပွက်ပွက်ဆူအောင် ပြန်နွှေးဖို့ လိုအပ်ပါတယ်ရှင်။

————————

📌📌Daily Life မှာ ဒါတွေ သတိထားပါ‼️

🛒 買い物

အသား၊ ငါးတွေ ဝယ်ပြီးရင် လမ်းမှာ အကြာကြီး မလည်ဘဲ အိမ်ကို တန်းပြန်တာ အကောင်းဆုံးပါ။ လမ်းခရီးဝေးရင် 保冷バッグ (ခဲပတ်အိတ်) ဆောင်ထားပါ။

🍳 まかない

စားသောက်ဆိုင်တွေမှာ အလုပ်လုပ်တဲ့သူတွေအနေနဲ့ ဆိုင်ကကျွေးတဲ့ Makanai ဒါမှမဟုတ် ကိုယ်တိုင်ချက်တဲ့ အစားအစာတွေကို အပြင်မှာ ပစ်မထားဘဲ ချက်ပြီးပြီးချင်းလတ်လတ်ဆတ်ဆတ် သုံးဆောင်ပါ။

🥚 生卵

ဂျပန်မှာ 卵かけご飯 (ကြက်ဥစိမ်းထမင်းနယ်) စားလေ့ရှိပေမယ့်၊ ဒီလိုရာသီမှာ 体調 မကောင်းဘဲ ကိုယ်ခံအားနည်းနေရင် Salmonella ပိုးကြောင့် ဗိုက်နာတတ်တာမို့ ခေတ္တ ရှောင်တာ ဖြစ်ဖြစ်၊ အပူပေးစားတာ ဖြစ်ဖြစ် လုပ်တာ ပိုစိတ်ချရပါတယ်။

————————-

🚑 အရေးပေါ်အခြေအနေ ဖြစ်လာရင်❓❓❓

အစားအသောက် စားပြီးနောက် ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ အော့အန်တာနဲ့ ဖျားတာမျိုး ဖြစ်လာရင် ဆေးမြီးတိုတွေနဲ့ အချိန်မဆွဲဘဲ အနီးနားက 内科 ကို အမြန်ဆုံး ပြသပါ။

တကယ်လို့ အရမ်းပြင်းထန်တဲ့ အရေးပေါ်အခြေအနေ ဆိုရင်တော့ 119 ကို ခေါ်ဆိုပြီးလူနာတင်ယာဉ် 救急車 တောင်းဆိုနိုင်ပါတယ်..

ညဆိုင်းတွေနဲ့ အလုပ်ရှုပ်နေကြတဲ့ ကြားထဲက မိမိကိုယ်ကိုယ် ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်တဲ့ နွေရာသီလေးကို ဖြတ်သန်းနိုင်ကြပါစေရှင်🌸

🚨 [𝟐𝟎𝟐𝟔 𝐔𝐩𝐝𝐚𝐭𝐞] ဂျပန်ကို လာမည့်သူများ သိထားရမည့် အရေးကြီးအချက်၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ကစပြီး ဂျပန်အစိုးရဟာ ယခင်သုံးနေ...
18/06/2026

🚨 [𝟐𝟎𝟐𝟔 𝐔𝐩𝐝𝐚𝐭𝐞] ဂျပန်ကို လာမည့်သူများ သိထားရမည့် အရေးကြီးအချက်

၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ကစပြီး ဂျပန်အစိုးရဟာ ယခင်သုံးနေကျ နေထိုင်ခွင့်ကတ်စနစ်ကို 「特定在留カード」 စနစ်သစ်ကို တရားဝင် စတင်ကျင့်သုံးနေပြီဖြစ်ပါတယ်❗️❗️

💡 特定在留カーဆိုတာ ဘာလဲ?

အလွယ်ပြောရရင်တော့ အရင်က သီးခြားစီရှိနေတဲ့ 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 𝐂𝐚𝐫𝐝 (在留カード) နဲ့ 𝐌𝐲 𝐍𝐮𝐦𝐛𝐞𝐫 𝐂𝐚𝐫𝐝 (マイナンバーカード) နှစ်ခုကို တစ်ကတ်တည်းဖြစ်အောင် ပေါင်းစည်းလိုက်တာပါ။

နိုင်ငံခြားသားတွေအနေနဲ့ ဗီဇာကိစ္စတွေ၊ အစိုးရဌာနဆိုင်ရာ ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ပိုမိုမြန်ဆန်ချောမွေ့စွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

——————-

⚠️ အဓိက အပြောင်းအလဲ (အထူးသတိပြုရန်!)

လေဆိပ်မှာ ကတ်ချက်ချင်း ထုတ်ပေးတော့မည်မဟုတ်ပါ❌❌❌

စနစ်သစ်ရဲ့ လုပ်ငန်းစဉ် အပြောင်းအလဲကြောင့် ဂျပန်နိုင်ငံကို အသစ်ဝင်ရောက်လာသူ အချို့အနေနဲ့ လေဆိပ်ရောက်ရောက်ချင်း ကတ် (在留カード) ကို တိုက်ရိုက်ရရှိတော့မှာ မဟုတ်ပါဘူး။

後日交付 (နောက်ပိုင်းမှ ပေးပို့ခြင်းစနစ်)အရ မိမိတို့နေထိုင်မည့် အိမ်လိပ်စာ သို့မဟုတ် စာတိုက်ကနေတစ်ဆင့်သာ နောက်မှ ပြန်လည်ပေးပို့သွားမှာ ဖြစ်ပါတယ်။

——————

📌 ဂျပန်ရောက်ရောက်ချင်း မဖြစ်မနေ လုပ်ဆောင်ရမည့် (၃) ဆင့်

1️⃣၁၄ ရက်အတွင်း လိပ်စာစာရင်းသွင်းရန် (住民登録)

ဂျပန်ရောက်လို့ တည်းခိုမယ့်နေရာ အတည်တကျရပြီဆိုတာနဲ့ (၁၄) ရက်အတွင်း မိမိတို့ရဲ့ မြို့နယ်/ရပ်ကွက်ရုံး (市区町村役場) သို့ သွားရောက်ပြီး လိပ်စာမှတ်ပုံတင်ရပါမယ်။

2️⃣စာတိုက်မှတစ်ဆင့် ကတ်လက်ခံရယူရန်

ရုံးမှာ လိပ်စာစာရင်းသွင်းပြီးတာနဲ့ အဆိုပါလိပ်စာအတိုင်း သင့်ရဲ့ 特定在留カーကို စာတိုက်ကနေ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

3️⃣𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 ကို အမြဲဆောင်ထားရန်

ကတ်အစစ် လက်ထဲမရောက်ခင်ကြားကာလမှာ မိမိကိုယ်ကို သက်သေပြနိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ် (𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭)ကို အပြင်သွားတိုင်း မဖြစ်မနေ အမြဲယူဆောင်သွားရပါမယ်။

---------------

🎯 ဘာကြောင့် ဒီစနစ်သစ်ကို ပြောင်းလဲရတာလဲ?

🔸နေထိုင်သူတွေရဲ့ လိပ်စာအချက်အလက်ကို ပိုမိုတိကျ မှန်ကန်စေရန်

🔸𝐃𝐢𝐠𝐢𝐭𝐚𝐥 စနစ်သုံးပြီး ကိုယ်ရေးအချက်အလက် လုံခြုံရေးကို ပိုမိုမြှင့်တင်ရန်

🔸လူဝင်မှုကြီးကြပ်ရေး (𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧) နဲ့ အစိုးရရုံး ဝန်ဆောင်မှုပိုင်းကို ပိုမိုလျင်မြန် အဆင်ပြေစေရန်ဖြစ်ပါတယ်

🇯🇵 ဂျပန်နိုင်ငံသို့ အသစ်ဝင်ရောက်လာမည့် မိတ်ဆွေများအားလုံး သတ်မှတ်ရက်အတွင်း လိပ်စာမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ကြပါစေကြောင်း သတင်းကောင်းပါး အသိပေးနှိုးဆော်အပ်ပါတယ်ရှင်။ 🌸

#ဂျပန်ရောက်မြန်မာများ #ဂျပန်အလုပ်အကိုင်

📌 ဒီနေ့လေးမှာတော့ 𝟐𝟎𝟐𝟕年𝟎𝟏月မှာ 𝟑𝟗ကြိမ်မြောက်ကျင်းပမယ့် 介護福祉士စာမေးပွဲနဲ့ပတ်သတ်တာလေးတွေ မျှဝေပေးလိုက်ပါတယ်ရှင် 💁🏻‍♀️👉🏻 (𝟑𝟗)...
10/06/2026

📌 ဒီနေ့လေးမှာတော့ 𝟐𝟎𝟐𝟕年𝟎𝟏月မှာ 𝟑𝟗ကြိမ်မြောက်ကျင်းပမယ့် 介護福祉士စာမေးပွဲနဲ့ပတ်သတ်တာလေးတွေ မျှဝေပေးလိုက်ပါတယ်ရှင် 💁🏻‍♀️

👉🏻 (𝟑𝟗)ကြိမ်မြောက်介護福祉士စာမေးပွဲအတွက် ဖြေဆိုမယ့် လျှောက်လွှာတွေကို (𝟐𝟎𝟐𝟔.𝟎𝟕.𝟐𝟐 - 𝟐𝟎𝟐𝟔.𝟎𝟗.𝟐) ဖောင်လက်ခံမယ့်ကာလအတွင်း 試験センターホームページ ရဲ့ インターネット受験申し込みサイトမှာ လျှောက်ထားရမှာဖြစ်ပါတယ်ရှင်

👉🏻 𝟐𝟎𝟐𝟔.𝟏𝟐.𝟏𝟏 (သောကြာနေ့)မှာ စာမေးပွဲဖြေဆိုခွင့်ကပ်ပြားတွေက်ို ပေးပို့မှာဖြစ်ပြီး…..

👉🏻 𝟐𝟎𝟐𝟕.𝟎𝟏.𝟑𝟏 (တနင်္ဂနွေနေ့)မှာ စာမေးပွဲ ကျင်းပပြုလုပ်သွားမှာ ပဲဖြစ်ပါတယ်ရှင်

👉🏻 𝟐𝟎𝟐𝟕.𝟎𝟑.𝟐𝟑 ( အင်္ဂါနေ့)မှာ အောင်စာရင်းကြေညာပေးသွားမှာဖြစ်ပြီး

👉🏻 𝟐𝟎𝟐𝟕.𝟎𝟑.𝟐𝟔 (သောကြာနေ့)မှာ အောင်/ရှုံး အကြောင်းကြားစာကို ပေးပို့မှာဖြစ်ပါတယ်ရှင်

—————————

📝 လျှောက်လွှာတင်ရန် လိုအပ်ချက်များနှင့် စာရွက်စာတမ်းများ

1️⃣ ကိုယ်ပိုင် 𝐄𝐦𝐚𝐢𝐥 အကောင့် ( メールアドレ)

လျှောက်ထားရမည့် စာမေးပွဲ𝐜𝐞𝐧𝐭𝐞𝐫 ရဲ့ 𝐰𝐞𝐛𝐬𝐢𝐭𝐞 မှာ အကောင့်လုပ်ဖို့ လိုပါတယ်။

𝐄𝐦𝐚𝐢𝐥 တစ်ခုကို တစ်ဦးသာအသုံးပြုရမှာဖြစ်ပြီး၊ စာရင်းသွင်းပြီးရင်လည်း ပြန်ပြောင်းလို့မရလို့ သတိပြုပေးကြပါရှင်
———————

2️⃣ ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံ (個人情報 と 顔写真)

နာမည် နဲ့ လိပ်စာတွေ ရေးသွင်းရမှာဖြစ်ပြီး မျက်နှာဓာတ်ပုံ (ဖောင်ဖြည့်စဉ်ကာလအတွင်း ရိုက်ထားတာဖြစ်စေ၊ ကြိုတင်ရိုက်ထားတာဖြစ်စေ) တင်ရပါမယ်
—————-

3️⃣ အရည်အချင်းစစ် ထောက်ခံစာများနှင့် စာရွက်စာတမ်းများ ( 実務経験(見込)証明書)

လက်တွေ့ လုပ်သက် (၃)နှစ် ပြည့်ပြီးသူ (သို့) စာမေးပွဲရလဒ်မတိုင်ခင် ပြည့်မယ့်သူများကြိုတင်ထောက်ခံစာဖြင့် တင်နိုင်ပါတယ်

———————

4️⃣ 実務者研修修了証明書 か 実務者研修修了見込証明書

သင်တန်းပြီးဆုံးကြောင်းလက်မှတ် (သို့) သင်တန်းပြီးဆုံးကြောင်းကြိုတင်ထောက်ခံစာလိုအပ်ပါတယ်
——————
5️⃣ 在留カードတင်ပြရန် လိုအပ်ပါတယ်

6️⃣ စာမေးပွဲကြေး ပေးချေခြင်း

စာမေးပွဲကြေးကို 𝐂𝐫𝐞𝐝𝐢𝐭 𝐂𝐚𝐫𝐝 (သို့) 𝐂𝐨𝐧𝐯𝐞𝐧𝐢𝐞𝐧𝐜𝐞 𝐒𝐭𝐨𝐫𝐞 မှာ ငွေသားနဲ့လည်း ပေးချေလို့ရပါတယ်

7️⃣ (𝟑𝟖)ကြိမ်မြောက်တုန်းက ဖြေဆိုခဲ့ဖူးတဲ့သူတွေက ဖြေဆိုခဲ့သော စာမေးပွဲ ကဒ် (သို့) စာမေးပွဲရလဒ် အကြောင်းကြားစာ ယူသွားပေးကြပါရှင်
——————

📌အထူးသတိပြုရန်အချက်များ

📍 စာမေးပွဲဖြေဆိုခွင့်ရရှိရန် အလုပ်လုပ်သက် (၃) နှစ် ရှိထားရမှာဖြစ်ပြီး၊ ထိုသက်တမ်းဟာစာမေးပွဲအောင်စာရင်းမထွက်ခင် (ရလဒ်မတိုင်ခင်) ပြည့်ထားဖို့ လိုအပ်ပါတယ်

အရင်က ၈ လပိုင်းလို့ သိထားကြပေမယ့် တရားဝင်ထုတ်ပြန်ချက်အရ ၇ လပိုင်း ၂၂ ရက်နေ့ ကတည်းက စတင်လက်ခံမှာဖြစ်လို့ရက်ချိန်းမလွတ်စေဖို့ အထူးဂရုစိုက်ပေးကြပါရှင့်🥰🥰

#介護福祉士 #ဂျပန်ရောက်မြန်မာများ #ဂျပန်အလုပ်အကိုင်

04/06/2026

📢𝐉𝐨𝐛 𝐉𝐁 မှာ ခေါ်ယူနေတဲ့ 𝐓𝐨𝐤𝐲𝐨 မြို့လယ်ခေါင်က 和食居酒屋 ဆိုင် အလုပ်ခေါ်စာလေးကို "အခုထိ လျှောက်လို့ရသေးလား" လို့ မေးနေကြတဲ့သူတွေအတွက် "လျှောက်လို့ရပါသေးတယ်" လို့ သတင်းကောင်းပါးပါရစေရှင်💁🏻‍♀️
—————

📌ဘယ်လိုလူတွေ လျှောက်လို့ရလဲ?👇🏻👇🏻

✔️ လက်ရှိ 𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐆𝐚𝐢𝐬𝐡𝐨𝐤𝐮 𝐕𝐢𝐬𝐚 နဲ့ အလုပ်လုပ်နေတဲ့တွေ လျှောက်ထားနိုင်ပါတယ်ရှင်။
—————

⏰ အလုပ်ချိန်က…..
ညနေ ၅ နာရီခွဲကနေ မနက် ၂ နာရီအထိဖြစ်ပြီး အချိန်ပို 残業လည်း ရှိပါတယ်ရှင်…..

တစ်လကို 𝟐𝟓 သောင်းခွဲရမှာဖြစ်ပြီး၊ ကုမ္ပဏီဘက်က အိမ်လထောက်ပံ့ကြေး အနေနဲ့ ယန်း ၁ သောင်း ထပ်ဆောင်းထောက်ပံ့ပေးဦးမှာပါရှင်🥰

————-
📍📍 ခေါ်ယူမယ့် လူဦးရေက (၁) ဦးတည်းသာ ဖြစ်လို့ လူဦးရေမပြည့်ခင် မြန်မြန်လေး လာလျှောက်မှ စိတ်ချရမယ်နော် 😍

အသေးစိတ်သိရှိလိုပါက 𝐏𝐚𝐠𝐞 ရဲ့ 𝐂𝐡𝐚𝐭 𝐁𝐨𝐱ကနေ လာရောက်စုံစမ်းနိုင်ပါတယ်ရှင်💬❤️

𝐉𝐚𝐩𝐚𝐧 နဲ့ပတ်သတ်တဲ့ ဗဟုသုတွေနဲ့ အလုပ်ခေါ်စာအသစ်တွေကို 𝐓𝐢𝐤𝐓𝐨𝐤 မှာလည်း တင်ပေးသွားမှာဖြစ်လို့ 𝐉𝐨𝐛 𝐉𝐁ရဲ့ 𝐓𝐢𝐤𝐓𝐨𝐤 𝐚𝐜𝐜𝐨𝐮𝐧𝐭 လေးကိုလည်း 𝐥𝐢𝐤𝐞 & 𝐟𝐨𝐥𝐥𝐨𝐰 လေးလုပ်ထားကြနော် 💁🏻‍♀️❤️

https://www.tiktok.com/.jb14?_r=1&_t=ZS-96fdph6fPuc

゚ #ဂျပန်ရောက်မြန်မာများ #ဂျပန်အလုပ်အကိုင် #イサガヤ

26/05/2026

📢 𝐊𝐚𝐧𝐚𝐠𝐚𝐰𝐚 ဘက်မှာ အလုပ်လုပ်ချင်တဲ့ ညီမလေးတွေ အတွက် 𝐊𝐚𝐢𝐠𝐨 အလုပ်ခေါ်စာ အသစ်ရောက်ထားပါတယ်နော်…✨

💰 လစာ 👇🏻👇🏻
ညဆိုင်း + ထောက်ပံ့ကြေးအပါ
တစ်လ ယန်း 𝟐𝟕သောင်း ကျော်ရမှာဖြစ်ပါတယ်✨
✔️ 𝐁𝐨𝐧𝐮𝐬 ရှိ
✔️ အဆောင် ရှိ

👉🏻 年収 ကလည်း 介護福祉士 လက်မှတ်ရထားသူတွေ နီးပါးရနိုင်တာမို့ တကယ်မိုက်တဲ့ အခွင့်အရေးတစ်ခုပါနော်…..🔥

𝐊𝐚𝐧𝐚𝐠𝐚𝐰𝐚 ခရိုင်မှာ လုပ်ရမှာဖြစ်လို့ အေးအေးချမ်းချမ်း နေချင်တဲ့သူတွေအတွက် 𝐞𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 ကလည်း တကယ်အဆင်ပြေပါတယ်ရှင်💁🏻‍♀️

📍📍ခေါ်ယူမယ့် လူဦးရေက (𝟑) ဦးတည်းသာမို့ လူဦးရေ မပြည့်ခင် အမြန်ဆုံး စာရင်းပေးထားဖို့တော့ လိုပါတယ်ရှင်📩✨

အသေးစိတ်သိရှိလို့ပါက 𝐏𝐚𝐠𝐞 ရဲ့ 𝐂𝐡𝐚𝐭 𝐁𝐨𝐱 ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်💬

𝐉𝐚𝐩𝐚𝐧 နဲ့ပတ်သတ်တဲ့ ဗဟုသုတွေနဲ့ အလုပ်ခေါ်စာအသစ်တွေကို 𝐓𝐢𝐤𝐓𝐨𝐤 မှာလည်း တင်ပေးသွားမှာဖြစ်လို့ 𝐉𝐨𝐛 𝐉𝐁ရဲ့ 𝐓𝐢𝐤𝐓𝐨𝐤 𝐚𝐜𝐜𝐨𝐮𝐧𝐭 လေးကိုလည်း 𝐥𝐢𝐤𝐞 & 𝐟𝐨𝐥𝐥𝐨𝐰 လေးလုပ်ထားကြနော် 💁🏻‍♀️❤️

https://www.tiktok.com/.jb14?_r=1&_t=ZS-96fdph6fPuc

#ဂျပန်ရောက်မြန်မာများ #ဂျပန်အလုပ်အကိုင်

20/05/2026

𝐆𝐚𝐢𝐬𝐡𝐨𝐤𝐮 အလုပ်လုပ်နေပြီး 𝐓𝐨𝐤𝐲𝐨 ဘက်ကို အလုပ်ပြောင်းဖို့ ပြင်ဆင်နေပါသလား? 🤔

ဒါဆိုရင်တော့ 𝐉𝐨𝐛 𝐉𝐁 ကနေ လက်လွတ်မခံသင့်တဲ့ အလုပ်အကိုင်အခွင့်အလမ်းအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်…..💁🏻‍♀️❤️

📍 အလုပ်နေရာ - 𝐓𝐨𝐤𝐲𝐨 မြို့လယ်ခေါင် (နေရာရှယ်မိုက်)
🍱 အလုပ်အမျိုးအစား - 和食イサガヤ𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭
💰 လစာ - ¥𝟐𝟓သောင်း + အိမ်လခထောက်ပံ့ကြေး ¥ 𝟏သောင်း

⏰ အလုပ်ချိန် - ညနေ ၅ နာရီခွဲမှ မနက် ၂ နာရီခွဲအထိ (အချိန်ပိုထပ်ရှိ)

ဂျပန်စာ 𝐍𝟑 အောင်လက်မှတ်ရှိသူ မည်သူမဆို ကျား/မမရွေး မည်သူမဆို လျှောက်ထားနိုင်ပါတယ်ရှင့်😍😍

📌📌ခေါ်ယူမယ့်လူဦးရေက (၁)ဦးတည်းသာဖြစ်လို့ အမြန်ဆုံးစာရင်းသွင်း လျှောက်ထားမှ စိတ်ချရမယ်နော်….😍

𝐉𝐚𝐩𝐚𝐧 နဲ့ပတ်သတ်တဲ့ ဗဟုသုတွေနဲ့ အလုပ်ခေါ်စာအသစ်တွေကို 𝐓𝐢𝐤𝐓𝐨𝐤 မှာလည်း တင်ပေးသွားမှာဖြစ်လို့ 𝐉𝐨𝐛 𝐉𝐁ရဲ့ 𝐓𝐢𝐤𝐓𝐨𝐤 𝐚𝐜𝐜𝐨𝐮𝐧𝐭 လေးကိုလည်း 𝐥𝐢𝐤𝐞 & 𝐟𝐨𝐥𝐥𝐨𝐰 လေးလုပ်ထားကြနော်💁🏻‍♀️❤️

https://www.tiktok.com/.jb14?_r=1&_t=ZS-96VXW87znLb

အလုပ်ခေါ်စာနဲ့ ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် လာရောက် စုံစမ်းနိုင်ပါတယ်ရှင့်! 📩

#ဂျပန်ရောက်မြန်မာများ #イサガヤ #ဂျပန်အလုပ်အကိုင်

18/05/2026

📢 介護福祉士 လက်မှတ်ကိုင်ဆောင်ထားသူတွေအတွက်……
年収ရှယ်မိုက်တဲ့ 𝐓𝐨𝐤𝐲𝐨 အလုပ်ခေါ်စာလာပြီနော်✨

💰 年収 𝟒𝟑𝟎万円ကျော်
🎁 𝐁𝐨𝐧𝐮𝐬 လည်းရှိ
🏠 အဆောင်ပါ စီစဉ်ပေးမယ်
📍 𝐓𝐨𝐤𝐲𝐨 မြို့ကြီးမှာ အလုပ်လုပ်ရမယ်

ဒါ့အပြင်…
今回のお仕事は 「ユニット型」施設 ဖြစ်တာမို့ 介護職လုပ်နေသူတွေကြားမှာ လူကြိုက်များတဲ့ 𝐰𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞 𝐭𝐲𝐩𝐞 တစ်ခုပါနော်✨

လစာကောင်း၊ 𝐞𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭 ကောင်းပြီး 条件လည်းတော်တော်လေးမိုက်တာကြောင့် လူမပြည့်ခင် စာရင်းမြန်မြန်ပေးထားဖို့တော့လိုမယ်နော်📩

အသေးစိတ်သိရှိလို့ပါက
𝐏𝐚𝐠𝐞 ရဲ့ 𝐂𝐡𝐚𝐭 𝐁𝐨𝐱 ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်💬

𝐉𝐚𝐩𝐚𝐧 နဲ့ပတ်သတ်တဲ့ ဗဟုသုတွေနဲ့ အလုပ်ခေါ်စာအသစ်တွေကို 𝐓𝐢𝐤𝐓𝐨𝐤 မှာလည်း တင်ပေးသွားမှာဖြစ်လို့ 𝐉𝐨𝐛 𝐉𝐁ရဲ့ 𝐓𝐢𝐤𝐓𝐨𝐤 𝐚𝐜𝐜𝐨𝐮𝐧𝐭 လေးကိုလည်း 𝐥𝐢𝐤𝐞 & 𝐟𝐨𝐥𝐥𝐨𝐰 လေးလုပ်ထားကြနော် 💁🏻‍♀️❤️

https://www.tiktok.com/.jb14?_r=1&_t=ZS-96S1wHZPHZ2

#ဂျပန်ရောက်မြန်မာများ #介護福祉士

住所

東京都
Chuo-ku, Tokyo
103-0027

アラート

JP Job House外国人仕事がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー