Padauk Navi-パダウナビ-

Padauk Navi-パダウナビ- 特定技能に特化したお仕事の紹介サービスです。求職中の方はお気軽にメッセージください!

📢【2026年10月1日から在留手続きの手数料が変わります】        ၂၀၂၆ခုနှစ် ၁၀လပိုင်း ၁ရက်နေ့မှစ၍ နေထိုင်ခွင့်လုပ်ငန်းစဥ်များအတွက် ကျသင့်သည့် အခကြေ...
28/08/2026

📢【2026年10月1日から在留手続きの手数料が変わります】
၂၀၂၆ခုနှစ် ၁၀လပိုင်း ၁ရက်နေ့မှစ၍ နေထိုင်ခွင့်လုပ်ငန်းစဥ်များအတွက် ကျသင့်သည့် အခကြေး‌ငွေများ ပြောင်းလဲပါမည်။

10月1日から、在留資格の変更や在留期間の更新などの手数料が改定されます。

詳しい金額は、シェアしている出入国在留管理庁の投稿を確認してください👀

今回の変更で知っておきたいポイントはこちら👇

💡 長い在留期間をもらった人ほど、1年あたりの負担額は少なくなります。

例えば、1年の在留期間をもらった人と、5年の在留期間をもらった人では支払う手数料は違います。

ただし、長い在留期間が決定された人は、毎年更新する必要がありません。

入管のQ&Aでは、長期間の在留期間が決定される人は、一般的に在留状況が良好で、在留期間が長くなることで本人や入管の更新手続きの負担が減ることなどを考慮し、1年あたりの負担額が低くなるように手数料が設定されています。

つまり、

👉 在留期間が長いほど、1年単位で考えると負担が少なくなる仕組みです。
၁၀လပိုင်း ၁ ရက်နေ့မှစတင်ပြီး နေထိုင်ခွင့်အမျိုးအစား ပြောင်းလဲခြင်း၊ နေထိုင်ခွင့်သက်တမ်းတိုးခြင်း စတဲ့ လုပ်ငန်းစဉ်တွေအတွက် ပေးရတဲ့ အခကြေးငွေများကို ပြင်ဆင်သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

အသေးစိတ် အခကြေးငွေပမာဏကိုတော့ မျှဝေထားတဲ့ လဝကပို့စ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👀

ဒီတစ်ကြိမ် အခကြေးငွေပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကတော့👇

💡 နေထိုင်ခွင့်ကာလ သက်တမ်းရှည်ရတဲ့သူတွေက တစ်နှစ်စာတွက်မယ်ဆိုရင် ပေးရတဲ့အခကြေးငွေက ပိုနည်းပါတယ်။

ဥပမာအားဖြင့် နေထိုင်ခွင့်ကာလ ၁ နှစ်ရတဲ့သူနဲ့ ၅ နှစ်ရတဲ့သူဆိုရင် ပေးရမယ့် အခကြေးငွေပမာဏက မတူပါဘူး။

ဒါပေမယ့် နေထိုင်ခွင့်ကာလရှည် ခွင့်ပြုချက်ရထားသူတွေက နှစ်တိုင်း သက်တမ်းတိုးဖို့ မလိုအပ်ပါဘူး။

လူဝင်မှုကြီးကြပ်ရေးဌာန (入管) ရဲ့ Q&A မှာ ရှင်းပြထားတာကတော့—

နေထိုင်ခွင့်ကာလရှည်ကြာတဲ့ ခွင့်ပြုချက်ရရှိထားသူတွေဟာ ယေဘုယျအားဖြင့် နေထိုင်မှုအခြေအနေကောင်းမွန်သူတွေ ဖြစ်ကြပြီး၊ နေထိုင်ခွင့်ကာလ ပိုရှည်လာခြင်းအားဖြင့် ကာယကံရှင်ကိုယ်တိုင်နဲ့ 入管 ဘက်ကလည်း သက်တမ်းတိုးလုပ်ငန်းစဉ်တွေအတွက် အလုပ်ပိုနည်းသွားတာတွေကို ထည့်သွင်းစဉ်းစားပြီး၊ တစ်နှစ်စာအနေနဲ့ တွက်ချက်မယ်ဆိုရင် ပေးရတဲ့ အခကြေးငွေဝန်ထုပ်ဝန်ပိုး နည်းသွားအောင် အခကြေးငွေကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

**************************

💻 オンライン申請の支払い方法も変わります!

これまでは、オンライン申請で許可を受ける場合も収入印紙で手数料を支払っていましたが、

📅 2026年10月1日以降

オンライン申請の場合は、

🏦 銀行振込または🏪 コンビニ決済

で支払う方法に変わります。

⚠️ オンライン申請では、収入印紙で支払うことができなくなります。

なお、入管の窓口で申請した場合は、これまでどおり収入印紙で支払います。

在留カードの更新や変更を予定している人は、新しいルールを確認しておきましょう😊
💻 Online ကနေ လျှောက်ထားတဲ့အခါ အခကြေးငွေပေးချေတဲ့နည်းလမ်းလည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ယခင်ကတော့ Online ကနေ လျှောက်ထားပြီး ခွင့်ပြုချက်ရသည့်အခါအခကြေးငွေကို 収入印紙 (အစိုးရအခွန်တံဆိပ်) နဲ့ ပေးချေရပါတယ်။

📅 2026 ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့နောက်ပိုင်းမှာတော့

Online ကနေ လျှောက်ထားသည့်သူများသည်

🏦 ဘဏ်မှငွေလွှဲခြင်း သို့မဟုတ် 🏪 ကွန်ဗီနီစတိုးကနေ ငွေပေးချေခြင်း

စသည့် နည်းလမ်းများနှင့် အခကြေးငွေ ပေးချေရသည့်စနစ်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

⚠️ Online မှလျှောက်ထားသည့်အခါ 収入印紙 (အစိုးရအခွန်တံဆိပ်) နဲ့ အခကြေးငွေပေးချေလို့ မရတော့ပါဘူး။

ဒါပေမယ့် Immigrationမှာ ကိုယ်တိုင်သွားပြီး လျှောက်ထားသူများကတော့ အရင်အတိုင်း 収入印紙 နဲ့ အခကြေးငွေပေးချေရမှာ ဖြစ်ပါတယ်။

在留カード သက်တမ်းတိုးခြင်း ဒါမှမဟုတ် ပြောင်းလဲခြင်း ပြုလုပ်ဖို့ စီစဉ်ထားသူတွေအနေနဲ့ စည်းမျဉ်းအသစ်တွေကို ကြိုတင်စစ်ဆေးထားသင့်ပါတယ် 😊

🎉【特定技能2号 おめでとうございます!】またひとり、私たちが支援している方の特定技能2号への変更が許可され、新しい在留カードが発行されました!👏✨現在、副店長として働きながら、お店の運営やスタッフの指導など、さまざまな仕事を任されています...
20/08/2026

🎉【特定技能2号 おめでとうございます!】

またひとり、私たちが支援している方の特定技能2号への変更が許可され、新しい在留カードが発行されました!👏✨

現在、副店長として働きながら、お店の運営やスタッフの指導など、さまざまな仕事を任されています。

次の目標は「店長になること」!

特定技能2号になることがゴールではありません。

日本で経験を積み、できる仕事を増やし、会社から必要とされる存在になっていく。
その先には、店長や管理者など、さらに次のキャリアがあります。

これから2号を目指す皆さんにも、ぜひ自分の「次の目標」を持って頑張ってほしいと思います😊

🎉特定技能 ၂号 ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်!】

ကျွန်ုပ်တို့ အကူအညီပေးနေသူများထဲမှ နောက်ထပ်တစ်ဦးသည် 特定技能 ၂号 သို့ ပြောင်းလဲခွင့်ရရှိပြီး 在留カード အသစ်ကို ရရှိသွားပါပြီ! 👏✨

လက်ရှိတွင် ဒုတိယဆိုင်မန်နေဂျာအဖြစ် အလုပ်လုပ်နေပြီး ဆိုင်လည်ပတ်မှု၊ ဝန်ထမ်းများကို လမ်းညွှန်ပေးခြင်း စသည့် တာဝန်အမျိုးမျိုးကို ထမ်းဆောင်နေပါတယ်။

နောက်ထပ် ရည်မှန်းချက်ကတော့
「ဆိုင်မန်နေဂျာ ဖြစ်ဖို့!」 ပါ။

特定技能 ၂号 ရရှိတာက ပန်းတိုင်မဟုတ်ပါဘူး။

ဂျပန်မှာ အတွေ့အကြုံတွေ စုဆောင်းပြီး၊ လုပ်နိုင်တဲ့အလုပ်တွေ ပိုများလာအောင် ကြိုးစားရင်း ကုမ္ပဏီအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်လာဖို့ အရေးကြီးပါတယ်။

အဲဒီနောက်မှာတော့ ဆိုင်မန်နေဂျာ၊ စီမံခန့်ခွဲသူ စတဲ့ နောက်ထပ်အလုပ်အကိုင်တိုးတက်မှု အခွင့်အလမ်းတွေ ရှိပါတယ်။

အခု 特定技能 ၂号 ကို ရည်မှန်းနေကြတဲ့သူတွေလည်း ကိုယ့်ရဲ့ 「နောက်ထပ်ရည်မှန်းချက်」 ကို သေချာထားပြီး ဆက်လက်ကြိုးစားကြပါနော် 😊

#特定技能2号
#特定技能
#キャリアアップ
#店長を目指して
#外国人材
#日本で働く

🎉【特定技能2号 おめでとうございます!】私たちが仕事紹介・支援をしている方の中から、2人目の「特定技能2号」が誕生しました👏✨特定技能2号になるためには、試験に合格するだけではなく、必要な実務経験を積むことも大切です。そのため、「どんな会...
18/08/2026

🎉【特定技能2号 おめでとうございます!】

私たちが仕事紹介・支援をしている方の中から、
2人目の「特定技能2号」が誕生しました👏✨

特定技能2号になるためには、試験に合格するだけではなく、必要な実務経験を積むことも大切です。

そのため、「どんな会社で働くか、どんな仕事を経験していくか」も、将来のキャリアに大きく関わってきます。

現在も、私たちが支援している方の中で、
さらに3名が特定技能1号から2号への変更申請中です!

私たちは「仕事を紹介して終わり」ではなく、
日本で長く働きたい方が、将来2号を目指せるように、仕事選びからその後のキャリアアップまで応援しています。

「将来、特定技能2号になりたい」
「日本で長く働きたい」
「管理者や店長を目指したい」

そんな方は、ぜひ私たちに相談してください😊

一緒に次のステップを目指しましょう!

――――――――――

🎉【特定技能 ၂号 ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်!】

ကျွန်ုပ်တို့ထံမှ အလုပ်အကိုင်မိတ်ဆက်ပေးခြင်းနှင့် အကူအညီပေးခြင်းကို ရရှိနေသူများထဲမှ
**ဒုတိယမြောက် 特定技能 ၂号 ရရှိသူ** ပေါ်ထွက်လာပါပြီ 👏✨

特定技能 ၂号 ရရှိဖို့အတွက် စာမေးပွဲအောင်ရုံနဲ့ မလုံလောက်ပါဘူး။
လိုအပ်တဲ့ လုပ်ငန်းအတွေ့အကြုံကိုလည်း စနစ်တကျ စုဆောင်းထားဖို့ အရေးကြီးပါတယ်။

ဒါကြောင့် **ဘယ်လိုကုမ္ပဏီမှာ အလုပ်လုပ်မလဲ၊ ဘယ်လိုအလုပ်အတွေ့အကြုံတွေ ရယူမလဲ** ဆိုတာကလည်း မိမိရဲ့ အနာဂတ်အလုပ်အကိုင်လမ်းကြောင်းအတွက် အရေးကြီးပါတယ်။

လက်ရှိမှာလည်း ကျွန်ုပ်တို့ အကူအညီပေးနေသူများထဲမှ
**နောက်ထပ် ၂ ဦးက 特定技能 ၁号 မှ ၂号 သို့ ပြောင်းလဲရန် လျှောက်ထားဆဲ ဖြစ်ပါတယ်!**

ကျွန်ုပ်တို့က အလုပ်မိတ်ဆက်ပေးပြီးတာနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။

ဂျပန်မှာ ရေရှည်အလုပ်လုပ်ချင်သူတွေ 特定技能 ၂号 ကို ရည်မှန်းနိုင်အောင်
**အလုပ်ရွေးချယ်တဲ့အချိန်ကစပြီး နောက်ပိုင်း အလုပ်အကိုင်တိုးတက်ရေးအထိ ဆက်လက်အားပေးကူညီပေးနေပါတယ်။**

「အနာဂတ်မှာ 特定技能 ၂号 ဖြစ်ချင်တယ်」
「ဂျပန်မှာ ရေရှည်အလုပ်လုပ်ချင်တယ်」
「တာဝန်ခံ၊ ဆိုင်မန်နေဂျာ ဖြစ်ချင်တယ်」

ဒီလို ရည်မှန်းချက်ရှိသူတွေ ကျွန်ုပ်တို့ကို ဆက်သွယ်တိုင်ပင်နိုင်ပါတယ် 😊

**နောက်တစ်ဆင့်ကို အတူတူ ရည်မှန်းကြရအောင်!**

#特定技能2号
#特定技能
#အလုပ်အကိုင်မိတ်ဆက်
#ဂျပန်မှာအလုပ်လုပ်ခြင်း
#အလုပ်အကိုင်တိုးတက်ရေး

🚩特定技能国内求人(R8-2003)ဂျပန်ပြည်တွင်းအလုပ်ခေါ်စာ🍜募集職種飲食店スタッフစားသောက်ဆိုင်ဝန်ထမ်း🍜仕事の内容ラーメン屋接客、調理及び店舗の管理に係る作業すべてဧည့်သည်ဝန်ဆောင...
12/08/2026

🚩特定技能国内求人(R8-2003)
ဂျပန်ပြည်တွင်းအလုပ်ခေါ်စာ

🍜募集職種
飲食店スタッフ
စားသောက်ဆိုင်ဝန်ထမ်း

🍜仕事の内容
ラーメン屋
接客、調理及び店舗の管理に係る作業すべて
ဧည့်သည်ဝန်ဆောင်မှု၊အချက်အပြုတ်နှင့်ပတ်သက်သောလုပ်ဆောင်ချက်များ

🍜勤務地
福井県 福井市・大野市
Fukui Ken: Fukui shi, Ono shi

🍜勤務時間
9:00~24:00の間で8時間勤務
1か月単位の変形労働時間制
လစဥ် ပြောင်းလဲနိုင်သော အချိန်ဇယားဖြင့် မနက်၉နာရီမှ ည၁၂နာရီအတွင်း ၈နာရီ

🍜休日
年間休日105日(4週8休)
၁နှစ်ပိတ်ရက် ၁၀၅ရက်(၁လ ၈ရက်)

🍜給与
基本給(အခြေခံလစာ) 182,170円
別居手当(သီးသန့်နေမည်ဆိုလျှင်) 25,000円
=207,170円+残業代(အချိန်ပို)
※平均残業代 52,650円程度(40時間)
အချိန်ပိုနာရီ ၄၀စာ ယန်း ၅၂,၆၅၀

🍜その他
昇給 年1回✨
賞与 年2回✨
寮あり✨ 
自転車支給あり✨
教育体制のしっかりした会社!
လစာတိုး ၁နှစ်၁ကြိမ်၊ဆုကြေး ၁နှစ် ၂ကြိမ်
အဆောင်ရှိ၊စက်ဘီးပေးပါမည်။
သင်ကြားရေးစနစ်သေချာရှိသော ကုမ္ပဏီဖြစ်ပါသည်။
興味のある人はメッセージしてください🙂

11/08/2026

📹外食2号試験合格インタビューのご紹介

バングラディシュ出身・来日8年目。
外食業の2号試験に合格したリドワンさん。
なぜ2号になろうと思ったのか、どうやって勉強したのかなど、これから2号試験を受ける人はぜひ見てみてください😉

🎥動画はYoutubeでも公開しています
🔗https://youtu.be/y45yDxTh5ag

【夏季休業のお知らせ🌻】誠に勝手ながら、下記の期間を夏季休業とさせていただきます。📅 夏季休業期間8月13日(木)~8月16日(日)8月17日(月)より通常営業いたします。休業期間中にいただいたお問い合わせにつきましては、8月17日(月)以...
10/08/2026

【夏季休業のお知らせ🌻】

誠に勝手ながら、下記の期間を夏季休業とさせていただきます。

📅 夏季休業期間
8月13日(木)~8月16日(日)

8月17日(月)より通常営業いたします。

休業期間中にいただいたお問い合わせにつきましては、8月17日(月)以降、順次対応いたします。

ご不便をおかけいたしますが、何卒よろしくお願いいたします。

📢 【特定技能2号を目指す方へ】大切なお知らせ2026年8月20日から、特定技能2号の申請方法が変わります。入管は、2号特定技能外国人の仕事内容を、これまでより詳しく確認することになりました。申請するときは、新しく「2号特定技能外国人の業務...
06/08/2026

📢 【特定技能2号を目指す方へ】大切なお知らせ

2026年8月20日から、特定技能2号の申請方法が変わります。

入管は、2号特定技能外国人の仕事内容を、これまでより詳しく確認することになりました。

申請するときは、新しく「2号特定技能外国人の業務内容に関する誓約書」を提出します。

🔶特定技能2号で大切なポイント🔶

✅ 1号と同じ仕事だけでは2号になれません。

✅ 「後輩を指導する」「仕事の工程を管理する」など、責任のある仕事をしていることが必要です。

✅ 申請書に書いた仕事内容と、実際の仕事内容が違うと、許可されない場合や、在留資格に影響する可能性があります。

🌟2号を目指している方へ🌟

特定技能2号は、日本で長く働くことができる大切な在留資格です。

日頃から、

✔ 後輩へ仕事を教える
✔ リーダーとして仕事をまとめる
✔ 責任を持って仕事をする

このような経験を積んでおくことが、とても大切です。

分からないことがあれば、勤務先や登録支援機関へ相談してください。

くわしいことは入管のホームページで確認できます。
�https://www.moj.go.jp/isa/content/001467866.pdf

🙏この投稿を保存して、2号を目指している友達にもシェアしてください!

📢 တိုခုတေးဂိနိုး (特定技能) အမှတ်စဉ် ၂ ရယူရန် ရည်မှန်းထားသူများအတွက် အရေးကြီးသော အသိပေးချက်

၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှစပြီး တိုခုတေးဂိနိုး အမှတ်စဉ် ၂ လျှောက်ထားသည့် လုပ်ငန်းစဉ်တွင် အပြောင်းအလဲများ ရှိလာမည်ဖြစ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးဌာနသည် တိုခုတေးဂိနိုး အမှတ်စဉ် ၂ လျှောက်ထားသူ၏ အလုပ်တာဝန်များကို ယခင်ထက် ပိုမိုအသေးစိတ် စစ်ဆေးသွားမည်ဖြစ်ပါသည်။

လျှောက်ထားချိန်တွင် တိုခုတေးဂိနိုး အမှတ်စဉ် ၂ နိုင်ငံခြားသား၏ အလုပ်တာဝန်နှင့် ပတ်သက်သော ကတိခံဝန်စာကို တင်ပြရမည်ဖြစ်ပါသည်။

🔶 အရေးကြီးသော အချက်များ🔶

✅ တိုခုတေးဂိနိုး အမှတ်စဉ် ၁ တွင် လုပ်ခဲ့သည့် အလုပ်အတိုင်းသာ လုပ်နေခြင်းဖြင့် အမှတ်စဉ် ၂ ကို ရရှိနိုင်မည် မဟုတ်ပါ။

✅ ဂျူနီယာဝန်ထမ်းများကို သင်ကြားပေးခြင်း၊ လုပ်ငန်းစဉ်များကို စီမံခန့်ခွဲခြင်းစသော တာဝန်ယူရသည့် အလုပ်များကို လုပ်ကိုင်နေရန် လိုအပ်ပါသည်။

✅ လျှောက်လွှာတွင် ရေးသားထားသော အလုပ်အကြောင်းအရာနှင့် လက်ရှိလုပ်ကိုင်နေသော အလုပ်အကြောင်းအရာ မတူညီပါက ခွင့်ပြုမိန့် မရနိုင်သလို နေထိုင်ခွင့်အပေါ်လည်း သက်ရောက်မှု ရှိနိုင်ပါသည်။

🌟အမှတ်စဉ် ၂ ကို ရည်မှန်းထားသူများအတွက်🌟

တိုခုတေးဂိနိုး အမှတ်စဉ် ၂ သည် ဂျပန်နိုင်ငံတွင် ရေရှည်အလုပ်လုပ်နိုင်သည့် အရေးကြီးသော နေထိုင်ခွင့်အမျိုးအစား ဖြစ်ပါသည်။

ထို့ကြောင့် နေ့စဉ်အလုပ်လုပ်နေစဉ်တွင်…

✔ ဂျူနီယာဝန်ထမ်းများကို သင်ကြားပေးခြင်း
✔ ခေါင်းဆောင်တစ်ဦးအနေဖြင့် အလုပ်ကို ဦးဆောင်စီမံခြင်း
✔ တာဝန်ယူစိတ်ဖြင့် အလုပ်လုပ်ခြင်း

ဤအတွေ့အကြုံများကို ကြိုတင်ရယူထားခြင်းသည် အလွန်အရေးကြီးပါသည်။

နားမလည်သော အချက်များရှိပါက မိမိအလုပ်လုပ်နေသော ကုမ္ပဏီ သို့မဟုတ် မှတ်ပုံတင်ထားသော အထောက်အပံ့ပေးရေးအဖွဲ့အစည်း (登録支援機関) ကို တိုင်ပင်နိုင်ပါသည်။

အသေးစိတ်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖတ်ရှုနိုင်ပါသည်။

🔗https://www.moj.go.jp/isa/content/001467866.pdf

🙏ဒီပို့စ်ကို သိမ်းထားပြီး အမှတ်စဥ် ၂ ရည်မှန်းထားသော သူငယ်ချင်းများကိုလည်း မျှဝေလိုက်ပါ။

🚩特定技能国内求人(R8-2002)🍕募集職種飲食店スタッフイタリアンレストランなど🍕仕事の内容調理、接客のほか、レジや発注など店舗業務すべて🍕勤務時間10:00~24:00以内の8時間+残業休憩時間60分(お店やシフトの状況により変動)🍕...
06/08/2026

🚩特定技能国内求人(R8-2002)

🍕募集職種
飲食店スタッフ
イタリアンレストランなど

🍕仕事の内容
調理、接客のほか、レジや発注など店舗業務すべて

🍕勤務時間
10:00~24:00以内の8時間+残業
休憩時間60分(お店やシフトの状況により変動)

🍕勤務地
愛知県

🍕給料
基本給198,360円+固定残業(35.2時間)54,915円
=253,275円

🍕その他
・年間休日105日
・社員寮あり(個人負担月額賃料の50%円。家具家電付き)✨

・ミャンマー人やベトナム人などいろいろな国の特定技能外国人多数在籍!副店長として2号試験を受験している先輩もいます!✨

興味のある方は、お気軽にメッセージください!

🚩特定技能国内求人(R8-2002)🟣募集職種飲食店スタッフ和食レストラン、かつやなど🟣仕事の内容調理、接客のほか、レジや発注など店舗業務すべてအချက်အပြုတ်၊ဧည့်သည်ဝန်ဆောင်မှု၊ငွေရှင်း၊ပစ္စည်းအ...
05/08/2026

🚩特定技能国内求人(R8-2002)
🟣募集職種
飲食店スタッフ
和食レストラン、かつやなど

🟣仕事の内容
調理、接客のほか、レジや発注など店舗業務すべて
အချက်အပြုတ်၊ဧည့်သည်ဝန်ဆောင်မှု၊ငွေရှင်း၊ပစ္စည်းအမှာစသဖြင့်

🟣勤務時間
10:00~24:00以内の8時間+残業
休憩時間60分(お店やシフトの状況により変動)
မနက် ၁၀နာရီမှ ည၁၀နာရီထိ အလုပ်ချိန် ၈နာရီ+အချိန်ပို
နားချိန် မိနစ် ၆၀ (ဆိုင်နှင့် အချိန်ဇယားပေါ် မူတည်၍ အပြောင်းအလဲရှိ)

🟣勤務地
愛知県

🟣給料
基本給198,360円+固定残業(35.2時間)54,915円
=253,275円

🟣その他
・年間休日105日တနှစ်ပိတ်ရက် ၁၀၅ရက်
・社員寮あり(個人負担月額賃料の50%円。家具家電付き)✨
အဆောင်ရှိ(အခန်းတွင်းလျှပ်စစ်ပစ္စည်းများ ပရိဘောဂများပါဝင်ပီးသားအခန်း လစဥ်အိမ်လခကို ကုမ္ပဏီဘက်မှ တဝက်ကျခံပေးပါမည်။)
・ミャンマー人をはじめ特定技能外国人多数在籍!副店長として2号試験を受験している先輩もいます!✨
တိုခုတေးဂိနိုးဖြင့်အလုပ်လုပ်နေသော မြန်မာလူမျိုးများစွာရှိပြီး၊လက်ထောက်ဆိုင်မန်နေဂျာအဖြစ်လုပ်ကိုင်နေသော စီနီယာများလည်းရှိပါတယ်။
興味のある方は、お気軽にメッセージください!
စိတ်ဝင်စားတဲ့သူများရှိရင် cb မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

🚩特定技能国内求人(R8-2001)🍜募集職種人気ラーメン店の店舗スタッフလူကြိုက်များသော ရာမန်ခေါက်ဆွဲဆိုင်ဝန်ထမ်း🍜仕事の内容調理や接客などの店舗の業務全般အချက်အပြုတ်နှင့် ဧည့်...
05/08/2026

🚩特定技能国内求人(R8-2001)

🍜募集職種
人気ラーメン店の店舗スタッフ
လူကြိုက်များသော ရာမန်ခေါက်ဆွဲဆိုင်ဝန်ထမ်း

🍜仕事の内容
調理や接客などの店舗の業務全般
အချက်အပြုတ်နှင့် ဧည့်သည်ဝန်ဆောင်မှုပေးခြင်း

🍜勤務時間
9:00~23:30以内の8時間+残業
休憩時間60分(お店やシフトの状況により変動)
အလုပ်ချိန် ၁ရက် ၈နာရီ (မနက်၉နာရီမှ ည ၁၁ခွဲအတွင်း)+အချိန်ပို
နားချိန် မိနစ် ၆၀ (ဆိုင်နှင့် အလုပ်အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်)

🍜勤務地
愛知県内の店舗のいずれか
(安城市、岡崎市、刈谷市、みよし市、豊田市、豊橋市、額田郡)
အအိချိခရိုင်အတွင်းရှိဆိုင်ခွဲများ

🍜給料
基本給22.4万円+残業代
年2回ボーナスあり
အခြေခံလစာ ၂၂.၄သောင်း+အချိန်ပို
၁နှစ် ၂ကြိမ် ဘောနပ်စ်ရှိ

🍜その他
・社員寮あり(個人負担22,000円。家具家電付き✨)
・仕事とプライべートを両立しやすい環境🥳
・ミャンマー人の先輩、大活躍中🥳
ဝန်ထမ်းအတွက် အဆောင်ရှိ(ပရိဘောဂပါပြီး ၁လ ယန်း၂၂,၀၀၀)
ယခုလက်ရှိ အလွန်ကြိုးစားနေသော မြန်မာလူမျိုးစီနီယာများရှိပါတယ်။
興味のある方は、お気軽にメッセージください!
စိတ်ဝင်စားတဲ့သူများရှိရင် cb မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

住所

Meijihonmachi9/7
Anjo-shi, Aichi
446-0062

営業時間

月曜日 08:00 - 17:00
火曜日 08:00 - 17:00
水曜日 08:00 - 17:00
木曜日 08:00 - 17:00
金曜日 08:00 - 17:00

アラート

Padauk Navi-パダウナビ-がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Padauk Navi-パダウナビ-にメッセージを送信:

ショートカット

共有する

カテゴリー