17/09/2026
ဒေါ်လာဈေးနဲ့ ရွှေဈေးတွေ ထပ်ပြီး လှုပ်ခတ်အုံးမလား?
အမေရိကန် ဗဟိုဘဏ် (Federal Reserve) က အတိုးနှုန်းကို 25 BPS (0.25%) ထပ်တင်လိုက်ပြီဆိုတဲ့ သတင်းထွက်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လကတည်းက အတိုးနှုန်းကို မတင်ဘဲ ငြိမ်ထားရာကနေ အခုမှ ပထမဆုံးအကြိမ် ပြန်တင်လိုက်တာပါ
အရင်တစ်ခေါက်တွေတုန်းက Fed က အတိုးနှုန်းတွေ ဆက်တိုက်တင်ခဲ့တုန်းက ဘာဖြစ်ခဲ့လဲပြန်ကြည့်ရအောင်?
ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာဈေးတွေ သိသိသာသာ မာလာပြီး ကျွန်တော်တို့ဆီမှာဆိုရင် မြန်မာငွေတန်ဖိုး ကျဆင်းတာ၊ သွင်းကုန်ဈေးတွေ ခေါင်ခိုက်သွားတာနဲ့ ရွှေဈေးတွေ အဆမတန် ဂယက်ရိုက်တာတွေ အတော်လေး ကြုံခဲ့ရဖူးပါတယ်။ အတိုးတင်လိုက်တာနဲ့ စီးပွားရေး နှေးသွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်
အဓိကအကြောင်းကတော့အမေရိကန်က အတိုးနှုန်းတင်လိုက်တာနဲ့ ကမ္ဘာတစ်ဝှမ်းက ရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာကို ပိုဝယ်စုကြလို့ပါပဲ။ အခုလည်း စီးပွားရေးလုပ်နေတဲ့သူတွေ၊ ရွှေနဲ့ ဒေါ်လာ ကိုင်ထားတဲ့သူတွေ သတိထားပြီး ဈေးကွက်ကို စောင့်ကြည့်ရမယ့် အချိန်ပြန်ရောက်လာပါပြီ။
Wealth Compass မြင်မိတဲ့ ဖြစ်နိုင်တဲ့သက်ရောက်မှုလေးတွေကတော့
• ဒေါ်လာ ပိုမာလာပါမယ်
• ယွမ်၊ ယန်း၊ ဝမ်၊ ဘတ် စတဲ့ ငွေကြေးတွေ ဖိအားတက်လာနိုင်တယ်
• အမေရိကန်က ချေးထားတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေ အတိုးပိုဆောင်ရနိုင်တယ်
• ငွေကြေးဈေးကွက်၊ စတော့ဈေးကွက် လှုပ်ခတ်နိုင်တယ်
• မြန်မာပြည်သူအတွက်လည်း ဒေါ်လာဈေး၊ သွင်းကုန်ဈေး၊ ငွေစုတန်ဖိုး အပေါ် သက်ရောက်နိုင်တယ်။
ဒီတစ်ခါရော အရင်တုန်းကလိုပဲ ဒေါ်လာနဲ့ ရွှေဈေး ထပ်ပီးခေါင်းထောင်လာမယ်လို့ထင်ကြလား? ကိုယ့်အမြင်လေးတွေကို Comment မှာ ဝင်ဆွေးနွေးသွားကြပါဦး။ 👇