Seidana Resourcing

  • Home
  • Seidana Resourcing

Seidana Resourcing The first priority is to produce and sell high quality consumer products that will benefit everyone and have no side effects.

 #ဘဝတု  #သဗ္ဗမင်္ဂလံ ရက္ခန္တု သဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓါနုဘာဝေန သဒ္ဓါသုခီ ဘဝန္တုတေ #မင်္ဂလာအပေါင်းနှင့်ခညောင်းပြည့်စုံပါစေ…မင်္...
24/08/2024

#ဘဝတု #သဗ္ဗမင်္ဂလံ
ရက္ခန္တု သဗ္ဗဒေဝတာ
သဗ္ဗဗုဒ္ဓါနုဘာဝေန သဒ္ဓါသုခီ ဘဝန္တုတေ

#မင်္ဂလာအပေါင်းနှင့်ခညောင်းပြည့်စုံပါစေ…
မင်္ဂလာတွေ ကျွန်ုပ်သဏ္ဍန်မှာဖြစ်ပါစေ…
အများသတ္တဝါတွေမှာလည်း ဖြစ်ပါစေ…
သတ္တဝါတွေချမ်းသာကြပါစေ…
နတ်တွေကစောင့်ရှောက်ပါစေ…
ကူညီပါစေ…

06/04/2024

အိုဆာကာမြို့က ဂျပန်ရဲ့ဒုတိယအကြီးဆုံးမြို့တော်ကြီးဖြစ်ပါတယ်။

နာဂိုယာအကြွား / အိုဆာကာ စကားရယ်လို့ သတ်မှတ်ကြတယ်။

အိုဆာကာမှာက ကျေးဇူးတင်ပါတယ်ဆိုတာကို
အာရိဂတ်တိုး လို့မပြောပဲ အို..ကီနိ လို့ပြောကြပါတယ်။ စကားပြောဟန်က ဒေသစကားကို
သုံးကြပါတယ်။

Azuchi Momoyama ခေတ် (၁၆ရာစုခေတ်)
(မြန်မာခေတ်ပြိုင် အင်းဝအပီးတောင်ငူခေတ်)
မှာ
ဆာမူရိုင်းခေါင်းဆောင် Toyotomi Hideyoshi က တည်ဆောက်ခဲ့တဲ့ အိုဆာကာရဲတိုက်က

သူ့ရဲ့ကျောက်တုံးတွေနဲ့ကာရံထားတဲ့ကျုံးရယ် ၊

ရဲတိုက်ရယ်ကြောင့် ဂျပန်နိုင်ငံရဲ့ အထိမ်းအမှတ်

အထင်ကရအဆောက်အဦးတွေထဲမှ တစ်ခုအပါအဝင်ဖြစ်ကျော်ကြားပါတယ်။

အဲ့ဒီ့ခေတ်ကာလတွေက ဂျပန်နိုင်ငံမှာ
ဆာမူရိုင်းတွေ ဒေသအနှံ့ ပြည်တွင်းစစ်
တိုက်ခိုက်ကြပီး အနိုင်ရသူ အင်အားထိပ်ဆုံးရောက်တဲ့ ခေတ်လို့ဆိုကြပါတယ်။
Senkoku period (Civil war period)
ရဲတိုက်ကို
၁၅၈၃-၁၈၄၅ အထိ အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။အမြင့်က ၅၈ မီတာ မြင့်ပါတယ်။
အဆောက်အဦး အထဲကနေ ပတ်ပီးအဆင့်ဆင့်တတ်လို့ရပါတယ်။

ကျောက်တုံးအရေအတွက် ၅သိန်းကျော် ဖြင့်တည်ဆောက်ခဲ့တယ်လို့သမိုင်းမှတ်တမ်းရှိပြီး

အိုဆာကာရဲတိုက်ဘေးမှာ ချယ်ရီပန်းခြံကြီးရှိပါတယ်။

ဂျပန်ဆာမူရိုင်းတွေ သာအချင်းချင်း
နယ်မြေလုကြပြီး
တိုက်ခိုက်ကြပေမယ့်

နေကနေ ဆင်းသက်လာတယ်လို့ဆိုတဲ့
သူတို့ရဲ့ ဂျပန်ဧကရဇ်ကိုတော့
ဘယ်သောအခါမှ အသက်ကိုရန်မမူခဲ့ကြလို့

ကမ္ဘာမှာ နန်းသက်အရှည်ဆုံး (နှစ်ပေါင်း ၁၅၀၀ ကျော်) ဂျပန်ဧကရာဇ်သွေးက ယခုအထိ ဆက်လက်တည်ရှိနေတယ်လို့ ဂုဏ်ယူကြပါတယ်။

comment မှာ ပုံလေးတွေကြည့်ကြည့်ပါ။

ဂျပန်ခရီးစဉ်တိုင်းအတွက် နယူးဓန

Travel beyond leisure , Your NewDana

Photo Credit OSAKA Castle

 #နေထွက်တာကို နေ့တိုင်းကြည့်ချင်ရင် နေထွက်ချိန်ကို နေ့တိုင်းစောင့်ကြည့်ရမယ် #ထိုနည်းတူစွာ သင့်လုပ်ငန်းအောင်မြင်ချင်ရင် သ...
24/01/2024

#နေထွက်တာကို နေ့တိုင်းကြည့်ချင်ရင်
နေထွက်ချိန်ကို နေ့တိုင်းစောင့်ကြည့်ရမယ်

#ထိုနည်းတူစွာ သင့်လုပ်ငန်းအောင်မြင်ချင်ရင်
သင့်အလုပ်ကို နေ့တိုင်းကြိုးစားရမည်
resourcing

22/12/2022
06/02/2022

ခေါင်းဆောင်ဆရာ အရေးကြီးပုံ

*လူမိုက်ခေါင်းဆောင်ဆရာက “ကိုယ်”ကိုယ်တိုင်ချက်ချင်းဒုက္ခရောက် ဆင်းရဲရမယ့်အလုပ်ကို
ဘယ်တော့မှ ကိုယ်တိုင်မဆောင်ရွက်ဘူး

*နောက်လိုက်တွေကိုပဲ လုပ်ခိုင်းပြီး မတရားရလာတဲ့အရာတွေကိုကျ ခေါင်းဆောင်ကအများဆုံး အကောင်းဆုံးယူတယ်

**ဆင်းရဲဒုက္ခနဲ့ ဘဝရင်းပေးဆပ်ရတော့
လူမိုက်နောက်လိုက်
**မတရားရယူခံစားကြတော့ လူမိုက်ခေါင်းဆောင်

*********

***ပညာရှိခေါင်းဆောင်ဆရာက ကောင်းတဲ့အများပြည်သူချမ်းသာစေမယ့် အရာတွေကိုလုပ်ဖို့ လမ်းညွှန်ပြီး ကိုယ်တိုင်ကောင်းအောင် နေထိုင်ကျင့်သုံးတယ်

***ခေါင်းဆောင်ရောနောက်လိုက်ပါ ကြီးပွါးချမ်းသာစေမယ့် နည်းလမ်းကို ကျင့်သုံးတယ်

ပျော်ရွှင်ချင်ရင် ဘဝမှာ သတိနဲ့နေထိုင်ပါ။နေ့စဉ်ဘဝမှာ သတိတရားနဲ့နေထိုင်ခြင်းသည် အကောင်းဆုံးရှင်သန်ခြင်းဖြစ်တယ်။If you want...
22/01/2022

ပျော်ရွှင်ချင်ရင် ဘဝမှာ သတိနဲ့နေထိုင်ပါ။

နေ့စဉ်ဘဝမှာ သတိတရားနဲ့နေထိုင်ခြင်းသည် အကောင်းဆုံးရှင်သန်ခြင်းဖြစ်တယ်။

If you want to be happy, be stay with wareness in life.

Mindfulness in daily life is the best way to live.

Photo credit ဓနသစ်

01/01/2022

2022အတွက်“မလုပ်သင့်တာကိုလုပ်ရင် ဒုက္ခရောက်မယ်။ လုပ်သင့်တာကို မလုပ်ရင် စိတ်ချမ်းသာမှာ မဟုတ်ဘူး Dr.Nandamalabhivamsa ၁/၁/၂၀၂၂

03/12/2021

ဆုတောင်းပြည့်ချင်တယ်ဆိုရင် ဟောဒီ အရည်အချင်းငါးရပ် ကိုယ့်ရင်ထဲ နှလုံးထဲမှာ ရှိအောင် ကြိုးစား။

အရည်အချင်းငါးရပ်ဆိုတာ သဒ္ဓါ၊သီလ ၊သုတ၊စာဂ၊ပညာ တို့ပဲ ဖြစ်တယ်ပေါ့။

သဒ္ဓါဆိုတဲ့ ကံ ကံ ၏အကျိုးကို ယုံကြည်မှု ၊မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို ယုံကြည်မှု၊ရတနာသုံးပါးရဲ့ ဂုဏ်ကို ယုံကြည်မှု၊ကောင်းတဲ့အလုပ်တွေ မှာ စိတ်ဝင်စားမှုဆိုတဲ့ သဒ္ဓါတရား၊ကိုယ့်သန္တာန်မှာ ရှိရဲ့လား။

မရှိသေးရင်ရှိအောင်လုပ်ရမယ်။

သဒ္ဓါတရား ရှိပြီးတဲ့ နောက်မှာ ကိုယ်ကျင့်တရားလို့ခေါ်တဲ့ သီလ ရောရှိရဲ့လား။

မရှိသေးရင် ရှိအောင်လုပ်ရမယ် ။

သုတ

တရားဓမ္မနဲ့ ပက်သက်ပြီးတော့ ဗဟုသုတ ၊လောကမှာ စီးပွါးရေးလုပ်ရင်တောင်မှ သုတ ဆိုတာ ရှိကြတယ်။

ဒါမှ မဟုတ် ကောလိပ်တွေ ၊Universities တွေတက်ပြီးတော့ ပညာသင်ကြရတယ်။

ကိုယ့်နိုင်ငံ တင်မလုံလောက်လို့ နိုင်ငံရပ်ခြား တိုင်းတစ်ပါး ထွက်ပြီးတော့ပညာသင်ကြ၊ဘွဲ့ယူကြဆိုတာ သုတ အတွက်သာဖြစ်တယ်ပေါ့။

အဲ့ဒီသုတ ဆိုတဲ့ အထွေထွေ ဗဟုသုတ သင်ယူကြရမှာဖြစ်တယ်။

ထို့အတူပဲ ဘဝလမ်းကြောင်း ဓမ္မ လမ်းကြောင်း နဲ့ ပက်သက်ပြီးတော့လည်းပဲ ဘယ်ဟာက အမှန်၊ဘယ်ဟာက အမှား၊ဘယ်အရာက လုပ်သင့်တယ်၊ဘယ်အရာက မလုပ်သင့်ဘူး။

ရှောင်ရန် နဲ့ဆောင်ရန် ဆိုတာ တွေကို သိရှိနားလည်ဖို့ လိုအပ်သေးတယ်ပေါ့။

အေး ဒါကြောင့်မို့ လူ့ဘဝ ရရှိတဲ့အခါမှာ ဓမ္မ သုတဆိုတာ ရှိအောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။

သုတရှိပြီးတဲ့နောက်မှာ လူဆိုတာ အများနဲ့နေတာ ဖြစ်သောကြောင့် ကိုယ်တစ်ယောက်တည်းသာ သုံးမယ်ဆိုတဲ့ ကျဥ်းမြောင်းတဲ့ စိတ်ဓာတ်မထားပဲ နဲ့ ဘာပဲ ဖြစ်ဖြစ် အများအတွက် ရက်ရက်ရောရော ကိုယ့်ရှိတာ ခွဲဝေပြီးတော့ သုံးစွဲနိုင်တဲ့စိတ် နေသဘောထားရှိဖို့လိုအပ်တယ်။

ဒါကို စာဂလို့ခေါ်တယ်။

အဲ့ဒီ စာဂလည်း ရှိရမယ်။

နောက်ဆုံးအရည်အချင်းတစ်ခုကတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာခွဲ ခြားသိတဲ့ အသိပညာပဲ ဖြစ်တယ်ပေါ့။

အဲ့ဒီလို သဒ္ဓါ သီလ သုတ စာဂ ပညာဆိုတဲ့ ဒီအရည်အချင်းငါးရပ်ပြည့်စုံနေပြီဆိုလို့ရှိရင်တော့ ကိုယ်လိုချင်တဲ့ ဆန္ဒတွေ ပြည့်တယ်လို့ ဒီလိုဟောတာ။

အဲဒါတွေ ရင်ထဲမှာ အပြည့်အဝရှိပြီဆိုရင်တော့ ကိုယ့်ဆန္ဒ ပြည့်ဝတယ် လို့ ဒီလိုပြောတာနော်။

လူ့ဆန္ဒပြည့်ဝစေကြောင်း နည်းလမ်းကောင်း တရားတော်မှ ထုတ်နှုတ်တင်ပြပါသည်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု
crd

Food for Thought (20)———————————-(၁)လူ့လောကမှာ ဖြစ်ပေါ်လာတတ်တဲ့ဘေးဆိုးကပ်ဆိုးမှန်သမျှ ကိုယ့်ကံကြောင့်ပဲဖြစ်ဖြစ်၊ သူ့ကံကြ...
31/07/2021

Food for Thought (20)
———————————-
(၁)လူ့လောကမှာ ဖြစ်ပေါ်လာတတ်တဲ့ဘေးဆိုးကပ်ဆိုးမှန်သမျှ ကိုယ့်ကံကြောင့်ပဲဖြစ်ဖြစ်၊ သူ့ကံကြောင့်ပဲဖြစ်ဖြစ်၊ အားလုံးရဲ့ကံကြောင့်ပဲဖြစ်ဖြစ် (ကံကြီးသူ၊ဉာဏ်ကြီးသူအချို့မှအပ) အားလုံးခံကြရတယ်။

(၂)ကိုယ့်ရဲ့ကုသိုလ်ကံက အင်အားမကောင်းဘူးဆိုရင်ဘေးဆိုး ကပ်ဆိုးကိုမတွန်းလှန်နိုင်ဘူး။ မီးအားကောင်းနေရင် ပက်တဲ့ရေသာ ခန်းသွားမယ်၊ မီးမငြိမ်းဘူး။

(၃)ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုသလိုများရာက အားသာမှာပါ။ကောင်းကံ ဆိုးကံဆ်ိုတာ ရေနဲ့မီး လိုပါပဲ။

(၄)ကံတရားရဲ့သဘာဝကို စဉ်းစားနိုင်ရန်လယ်တီဆရာတော်ရေး ပရမတ္ထဒီပနီမှအနှစ်ချုပ်ဖေါ်ပြလိုက်ပါတယ်။

Food for Thought အတွက်ပါ။

ပါမောက္ခချုပ်ဆရာတော်
(၃၁၊၇၊၂၀၂၁)

ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ကြီး ၏ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ အဆုံးအမဩဝါဒကို ဖေါ်ပြအပ်ပါသည်။

Food for Thought (16)———————————(၁) ကန့်သတ်ပိုင်းခြားသည့်အာရုံမှာဩဓိသမေတ္တာပွါးခြင်းဖြင့် ကံဉာဏ်ဝီရိယပြည့်စုံလျှင် စျာန်...
27/07/2021

Food for Thought (16)
———————————
(၁) ကန့်သတ်ပိုင်းခြားသည့်အာရုံမှာဩဓိသမေတ္တာပွါးခြင်းဖြင့် ကံဉာဏ်ဝီရိယပြည့်စုံလျှင် စျာန်သုံးဆင့်အထိရနိုင်သည်။

(၂)ကိုယ့်မေတ္တာစိတ်ကို သဘာဝအားဖြင့်ရှုမြင်၍ ဝိပဿနာကျင့်စဉ်သို့အလွယ်တကူ ကူးပြောင်းနိုင်သည်။

(၃)မေတ္တာ၏ သဘာဝမှာ အခြားသူတစ်ယောက်၏ အကျိုးစီးပွါးကိုလိုလားခြင်း ဖြစ်သည်။

(၄) အခြားသူတစ်ယောက်အပေါ် အပြစ်မရှာဘဲ အကောင်းကိုသာစဉ်းစားခြင်းဖြင့်မေတ္တာကို ဖြစ်ပေါ်စေနိုင်သည်။

(၅)မေတ္တာသည် သင်္ခါရတရားဖြစ်ခြင်းကြောင့် အကြောင်းပေါ်မှီတည်ကာဖြစ်လိုက် ပျက်လိုက်၊ ပေါ်လိုက် ပျောက်လိုက် ဖြစ်စဉ်အတိုင်းသာ သွားနေမည်။

(၅) အားလုံးဟာ ထာဝရမဟုတ်၊ တစ်ခဏချည့်သာ ဖြစ်ပါသည်။

(၆)တစ်ခဏပင် ဖြစ်စေကာမူ သဘာဝတရားမှာ စွမ်းရည်သတ္တိ အပြည့်ရှိသည်။

(၇) တစ်စက္ကန့် မေတ္တာသည် နှလုံးသားအလှကိုဖန်တီးနိုင်ပြီး တစ်စက္ကန့်ဒေါသက နှလုံးသားကို ပျက်စီးစေသည်။

ပါမောက္ခချုပ်ဆရာတော်
(၂၇၊၇၊၂၀၂၁)

ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ကြီး ၏ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ အဆုံးအမဩဝါဒကို ဖေါ်ပြအပ်ပါသည်။

Address

Patna, BR, India

800001

Website

Alerts

Be the first to know and let us send you an email when Seidana Resourcing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Recruitment Company?

Share