นายไม้ - 10Mile - HR

นายไม้ - 10Mile - HR အလုပ်အကိုင်ရှာဖွေရေး
0836811234

အီလက်ထရောနစ်စက်ရုံမှ လုပ်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် အာယုထရာမြို့မှာရှိတဲ့ အီလက်ထရောနစ်စက်ရုံရှိပါမယ်အခုပဲဆက်သွယ်လာလိုက်ပါ...
17/09/2026

အီလက်ထရောနစ်စက်ရုံမှ လုပ်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်

အာယုထရာမြို့မှာရှိတဲ့ အီလက်ထရောနစ်စက်ရုံရှိပါမယ်
အခုပဲဆက်သွယ်လာလိုက်ပါဗျ

#အီလက်ထရောနစ် #အာယုထရာ

18/8/2026 အင်္ဂါနေ့စယမ်အော်ရီဂျင်နယ်ဖုထ်ပို့ဆောင်ပြီးစီး 👍🏻👍🏻👍🏻
18/08/2026

18/8/2026 အင်္ဂါနေ့
စယမ်အော်ရီဂျင်နယ်ဖုထ်
ပို့ဆောင်ပြီးစီး 👍🏻👍🏻👍🏻


စမ်းဖု ကြက်သားရုံ28/8/2026 ပို့ပါမယ်
18/08/2026

စမ်းဖု ကြက်သားရုံ
28/8/2026 ပို့ပါမယ်

18/08/2026

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတိုင်း သိထားသင့်တဲ့ အချက် 🇹🇭🇲🇲

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတယ်၊ နေထိုင်နေတယ်ဆိုရင် အလုပ်လုပ်ဖို့နဲ့ ဝင်ငွေရဖို့ပဲ အာရုံစိုက်နေတာမဟုတ်ဘဲ ကိုယ်နေထိုင်နေတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း လေးစားလိုက်နာဖို့ အရေးကြီးပါတယ်။

ထိုင်းလူမျိုးတွေအတွက် အလွန်အရေးကြီးတဲ့ ဘုရားကျောင်း၊ ဘုန်းကြီး၊ ဘုရင်မိသားစု၊ အမျိုးသားသင်္ကေတတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အထူးသတိထားပြီး လေးစားစွာ ပြုမူသင့်ပါတယ်။

🛕 ဘုရားကျောင်းဝင်တဲ့အခါ သင့်တော်တဲ့ဝတ်စားဆင်ယင်မှုရှိပါစေ။
🙏 ဘုန်းကြီးများကို လေးစားစွာ ဆက်ဆံပါ။
🇹🇭 ထိုင်းအမျိုးသားအလံ၊ နိုင်ငံတော်သီချင်းနဲ့ အမျိုးသားသင်္ကေတတွေကို မလေးမစားမပြုပါနဲ့။
👑 ဘုရင်မိသားစုနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောဆို၊ ရေးသားရာမှာ အထူးသတိထားပါ။
🤝 အများပြည်သူနေရာတွေမှာ ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေးစည်းမျဉ်းတွေကို လိုက်နာပါ။

“ကိုယ့်နိုင်ငံမှာ ကိုယ့်ယဉ်ကျေးမှုကို လေးစားစေချင်သလို၊ သူများနိုင်ငံမှာလည်း သူတို့ယဉ်ကျေးမှုကို လေးစားရမယ်” ဆိုတာကို မမေ့ကြပါနဲ့။

နိုင်ငံခြားမှာ နေထိုင်တဲ့အခါ လူတစ်ယောက်ရဲ့ အပြုအမူက ကိုယ်တစ်ယောက်တည်းကိုသာ ကိုယ်စားပြုတာမဟုတ်ဘဲ ကိုယ့်နိုင်ငံသားတွေအားလုံးအပေါ် အမြင်သက်ရောက်နိုင်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတိုင်း
ဥပဒေကိုလေးစား၊ ယဉ်ကျေးမှုကိုလေးစား၊ လူမျိုးအချင်းချင်း အပြန်အလှန်လေးစားကြပါစို့။ 🇲🇲🤝🇹🇭

ကိုယ်ကောင်းမှ ကိုယ့်နိုင်ငံနာမည်ကောင်းမယ်။ ❤️

#ထိုင်းပေ့တစ်ခုမှာ မြန်မာနိုင်ငံသားတွေ ထမင်းဆိုင်တစ်ခုမှာ ထမင်းစားချိန် တစ်ယောက်က ဒီလိုထိုင်နေတာကို ယဉ်ကျေးမှုမရှိဘူး ငါတို့နိုင်ငံမှာ နေချင်သလို လုပ်ချငိသလိုလုပ်လို့မရဘူး လေးစားမှုရှိရတယ်ဆိုပြီး တင်ထားတာလေးကိုတွေ့လို့ အခုလိုရေးရေးလိုက်ရခြင်းဖြစ်ပါတယ်။

ထိုင်းရောက်မြန်မာပြည်သားတွေ ဘယ်လိုသဘောရလဲ ဝေဖန်ပေးပါဦး

#ထိုင်းရောက်မြန်မာ #ထိုင်း #မြန်မာရွေ့ပြောင်းအလုပ်သမား #လေးစားမှု

Morning Talk ဆိုတာ စည်းကမ်းပြောဖို့တင် မဟုတ်ပါဘူးစက်ရုံမှာ တာဝန်အရ Morning Talk လာပြောရတဲ့အခါ ဝန်ထမ်းတွေကို အမိန့်ပေးသလိ...
18/08/2026

Morning Talk ဆိုတာ စည်းကမ်းပြောဖို့တင် မဟုတ်ပါဘူး

စက်ရုံမှာ တာဝန်အရ Morning Talk လာပြောရတဲ့အခါ ဝန်ထမ်းတွေကို အမိန့်ပေးသလို၊ စည်းကမ်းတွေချည်းပဲ ပြောနေမယ့်အစား ရင်းရင်းနှီးနှီးနဲ့ စကားလေးစမြည်ပြောပေးတာ ပိုကောင်းပါတယ်။

“မင်္ဂလာနံနက်ခင်းပါဗျာ… အားလုံးအဆင်ပြေကြလား။ မနက်စာစားပြီးပြီလား။ ဒီနေ့လည်း အားအပြည့်နဲ့ အလုပ်လုပ်ကြမယ်နော်” ဆိုတဲ့ စကားလေးတစ်ခွန်းကပဲ အလုပ်ခွင်အငွေ့အသက်ကို ပိုနွေးထွေးစေနိုင်ပါတယ်။

အလုပ်စည်းကမ်းနဲ့ Safety အကြောင်းပြောတဲ့အခါလည်း အထက်ကနေ အမိန့်ပေးသလိုမဟုတ်ဘဲ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို အကြံပေးသလို ပြောကြရအောင်။

ဘာပဲဖြစ်ဖြစ်… အလုပ်က အရေးကြီးသလို ကိုယ့်အသက်နဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။

Morning Talk ဆိုတာ စကားပြောပြီး ပြန်သွားဖို့မဟုတ်ဘဲ ဝန်ထမ်းတွေရဲ့ မနက်ခင်းကို အပြုံးလေးနဲ့ စတင်ပေးနိုင်တဲ့ အချိန်လေးတစ်ခု ဖြစ်သင့်ပါတယ်။ 😊

,Mine

talk

မနေ့က စလာ့ဘူရီကြက်သားရုံမှာ အလုပ်ဝင်ကြမယ့်ဝန်ထမ်းသစ်များဖြစ်ပါတယ် 🫰🏻အရေအတွက် ၅၉ ဦးပါ #အလုပ်အကိုင်တွေအဆင်ပြေကြပါစေ #အလုပ်...
23/07/2026

မနေ့က စလာ့ဘူရီကြက်သားရုံမှာ အလုပ်ဝင်ကြမယ့်
ဝန်ထမ်းသစ်များဖြစ်ပါတယ် 🫰🏻
အရေအတွက် ၅၉ ဦးပါ

#အလုပ်အကိုင်တွေအဆင်ပြေကြပါစေ
#အလုပ်သစ်

นายไม้ - 10Mile - HR

18/07/2026

လူဟောင်းသက်တမ်းတိုးသမားများ ဝေါ့ပါမစ်ကတ်ထုတ်လို့မရခင်ကာလ အလုပ်ပြောင်းခြင်းအတွက်
---

အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (Department of Employment)

ယာယီအလုပ်လုပ်ခွင့်လက်မှတ် (แบบ บต.62) ထုတ်ပေးခြင်း

E-Workpermit စနစ်တွင် ရက်ချိန်းရယူရာ၌ အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံခြားအလုပ်သမားများသည် အလုပ်ရှင်ပြောင်းခြင်း၊ အစိုးရဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ဘဏ်လုပ်ငန်းများ ပြုလုပ်ခြင်း စသည့် ကိစ္စများအတွက် အထောက်အထားမရှိဘဲ အခက်အခဲကြုံတွေ့နိုင်ပါသည်။

ထို့ကြောင့် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှ ယာယီအလုပ်လုပ်ခွင့်လက်မှတ် (แบบ บต.62) ကို ထုတ်ပေးရန် စီစဉ်ထားပြီး၊ အလုပ်လုပ်ခွင့်ကတ် (Smart Card) မရမီ ယာယီအစားထိုးအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

ယာယီအလုပ်လုပ်ခွင့်လက်မှတ်ကို E-Workpermit စနစ် မှတစ်ဆင့် အလုပ်ရှင်၏ လျှောက်လွှာကို အတည်ပြုပြီးသည်နှင့် ချက်ချင်းထုတ်ယူနိုင်ပြီး၊ အလုပ်ရှင် သို့မဟုတ် နိုင်ငံခြားအလုပ်သမားကိုယ်တိုင် စနစ်မှ ပုံနှိပ်ထုတ်ယူနိုင်ပါသည်။

သို့သော် ယာယီအလုပ်လုပ်ခွင့်လက်မှတ် ရရှိထားသော်လည်း နိုင်ငံခြားအလုပ်သမားသည် သတ်မှတ်ထားသော ရက်ချိန်းအတိုင်း ဝန်ဆောင်မှုစင်တာသို့ သွားရောက်၍ ကိုယ်ရေးအချက်အလက် (Biometric) မှတ်တမ်းတင်ခြင်းနှင့် အလုပ်လုပ်ခွင့်ကတ် (Smart Card) အစစ် ထုတ်ယူခြင်းကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။

သတ်မှတ်ရက်အတိုင်း မဆောင်ရွက်ပါက ယာယီအလုပ်လုပ်ခွင့်သည် ချက်ချင်း အကျိုးသက်ရောက်မှု ပျက်ပြယ်သွားမည်ဖြစ်ပြီး၊ နိုင်ငံခြားအလုပ်သမားသည် တရားမဝင် အလုပ်သမား အဖြစ် သတ်မှတ်ခံရနိုင်ပါသည်။

ထို့ကြောင့် ယာယီအလုပ်လုပ်ခွင့်လက်မှတ် ရရှိထားသော နိုင်ငံခြားအလုပ်သမားများကို အလုပ်ရှင်များအနေဖြင့် သတ်မှတ်ထားသော ရက်ချိန်းအတိုင်း သွားရောက်ဆောင်ရွက်နိုင်ရန် သေချာစွာ စီစဉ်ပေးရန် တိုက်တွန်းအပ်ပါသည်။

အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှ ဝန်ဆောင်မှုစင်တာများ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို မကြာမီ ထပ်မံကြေညာပေးသွားမည်ဖြစ်ပြီး၊ လက်ရှိတွင် စနစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေပါသည်။

#အလုပ်အကိုင် #ထိုင်းမြန်မာ #ထိုင်းရောက်မြန်မာ #ဘတ်သမား

19/05/2026

ရှေးလူကြီးတွေ ဘာအပင်တွေက မစိုက်ကောင်းလည်း ဆိုပြီး မှာခဲ့ကြတာက အလကားတော့ မဟုတ်တန်ရာဘူး

အိမ်သားတွေအတွက် ကျရောက်လာမယ့်ရာသီဥတုအန္တရာယ်

ကျန်းမာရေး ရူတောင့်က ကြည့်ရင်လည်းအသက်ရူလမ်းကြောင်း ထိခိုက်မယ့် အပင်တွေ

ကိုယ်အိမ်ရဲ့ အရှေ့နောက်တောင်မြောက် တွေမှာ

ဘယ်အပင်တွေမစိုက်ကောင်းလည်း ဆိုတာကို

တဆင့်စကားတဆင့်နားနဲ့ မှာခဲ့ကြပုံရပါတယ်

ဒါကို တချို့လူတွေက အိမ်ခိုက်တယ်တွေ

ဘာတွေ ဖြစ်ကုန်ကြရော ထင်ပါတယ်ဗျာ

Ps.မိတ်ဆွေများလည်း သူများခြံစည်းရိုးနားကားသွားရပ်တော့မယ်ဆိုရင်လည်း သစ်ပင်လေးများအကဲခတ်ကြပြီးမှ ရပ်ကြပါခင်ဗျာ ဒါကတော့ ကျွန်တော့်ဘော်ဒါကြီး ရဲ့ကားပါပဲ ကြည့်ကြပါဦး 😅😅😅

#ဟာသ #ဗဟုသုတ #ရယ်စရာ #ကား Bar Bar Nyar Nyar - ဘာဘာညာညာ

အချိန်မှီသက်တမ်းတိုးရန်လိုအပ် #သက်တမ်းတိုး  #ထိုင်းရောက်အလုပ်သမား  #မြန်မာ
25/02/2026

အချိန်မှီသက်တမ်းတိုးရန်လိုအပ်

#သက်တမ်းတိုး #ထိုင်းရောက်အလုပ်သမား #မြန်မာ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ นายไม้ - 10Mile - HR โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์