14/07/2026
🍜 ထမင်းချိုင့်ဆွဲစရာမလို၊ ဖယ်ရီလည်းပါတဲ့ ခေါက်ဆွဲထုတ်လုပ်ဖြန့်ဖြူး ရေး ကုမ္ပဏီမှာ အလုပ်တူတူလုပ်ရအောင်။🚨
လုပ်ငန်း အရှိန်အဟုန်မြှင့် တိုးချဲ့ရန်အတွက် အောက်ပါ ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ရန် အရည်အချင်းပြည့်မီသော ဝန်ထမ်းကောင်းများကို ဖိတ်ခေါ်အပ်ပါသည်။
👇 ခေါ်ယူမည့် ရာထူးနေရာများ 👇
🚛 Sales & Operations (အရောင်း)
👉👨💼၁။ Sales Man (၁၀ ဦး)
- အသက် ၁၈ နှစ်မှ ၃၅ နှစ်။
- အထက်တန်းအဆင့်နှင့်အထက် ရှိရမည်။
- စားသောက်ကုန်အရောင်း၊ FMCG field တွင်လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ရမည်။
- အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။
- Sales target ထိလျှင် Sales Incentive ခံစားခွင့်ရှိမည်။
👉👷၂။ General Worker / စက်ရုံလုပ်သား (၁၀ ဦး)
- ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ကာယကြံ့ခိုင်သူဖြစ်ရမည်။
- ကုန်ပစ္စည်းစစ်ဆေး ထုပ်ပိုးခြင်းနှင့် အတင်/အချလုပ်ငန်းများ လုပ်ကိုင်ရမည် (အတွေ့အကြုံမရှိပါက သင်ပေးမည်)။
👉🍜၃။ Production Supervisor (၁ ရာထူး)
- အသက် ၂၅ မှ ၄၀ ။
- ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- စားသောက်ကုန်/ခေါက်ဆွဲ ထုတ်လုပ်မှုလိုင်း (Production Line) အတွေ့အကြုံ (၃) နှစ်နှင့်အထက် ရှိရမည်။
- လုပ်သားများကို စနစ်တကျ စီမံအုပ်ချုပ် ကြီးကြပ်နိုင်သူဖြစ်ရမည်။
👉🧮၄။ Inventory Accountant (၁ ရာထူး)
- B.Com (သို့) ဘွဲ့ရဖြစ်ပြီး LCCI Level 3 ရှိရမည်။
- စက်ရုံ/FMCG ကဏ္ဍတွင် Stock စာရင်းစစ်ဆေးခြင်း လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။
👉🏬၅။ Warehouse Data Entry (၁ ရာထူး)
- ဘွဲ့ရ (သို့) ဆယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
- ကွန်ပျူတာ (MS Excel, Word) အခြေခံကျွမ်းကျင်ပြီး Data သွင်း တိကျသူဖြစ်ရမည်။
👉💁၆။ HR Assistant (၁ ဦး)
- ဘွဲ့ရဖြစ်ပြီး HR Certificate ရှိရမည်။
- သက်ဆိုင်ရာရာထူးဖြင့် လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးမည်။
👉👩💻၇။ Office Staff (၂ ဦး)
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
- Excel အသုံးပြုနိုင်သူဖြစ်ရမည်။
👉👩 ၈။ Cash Collector (၁ဦး)
- အထက်တန်းအောင်၊ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ ၁ နှစ်ရှိရမည်။
- အကျင့်စာရိတ္တကောင်းမွန်ပြီး၊ ရန်ကုန်မြို့တွင်း သွားလာနိုဂ်သူဖြစ်ရမည်။
💼 လုပ်ငန်းခွင်သတ်မှတ်ချက်များနှင့် အလုပ်ချိန်
⏰ အလုပ်ချိန်: နံနက် ၀၈:၀၀ နာရီ မှ ညနေ ၀၄:၃၀ နာရီအထိ
🗓️ အလုပ်ရက်: တနင်္လာနေ့ မှ စနေနေ့အထိ။
💤 အလုပ်ပိတ်ရက်: တနင်္ဂနွေနေ့တိုင်းနှင့် သတ်မှတ် အစိုးရရုံးပိတ်ရက် (Public Holidays) များအားလုံး တရားဝင် ပိတ်ရက်အဖြစ် သတ်မှတ်ပေးပါသည်။
👉 ခံစားခွင့်
💰 အခြေခံလစာ: ရာထူးအလိုက် (အတွေ့အကြုံပေါ် မူတည်၍ ညှိနှိုင်းမည်)
✨ ရက်မှန်ကြေး ၊ အချိန်ပိုကြေး (Overtime)၊ နေ့လည်စာ၊ ဖယ်ရီ (Ferry): အသွားအပြန် အဆင်ပြေစေရန် သတ်မှတ်လမ်းကြောင်းအလိုက် ဝန်ထမ်းဖယ်ရီကြိုပို့ယာဉ် စီစဉ်ပေးထားပါသည်။
📩 လျှောက်ထားရန် (Application Process)
စိတ်ပါဝင်စားသူများသည် မိမိတို့၏ ကိုယ်ရေးရာဇဝင် (CV Form)၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ နှင့် ပညာအရည်အချင်း အထောက်အထားများကို အောက်ပါအတိုင်း ပေးပို့လျှောက်ထားနိုင်ပါသည်။
💬 Viber: 09778810281
📧 Email: [email protected]
စက်ရုံလိပ်စာ: ၁၄၄ ရပ်ကွက်၊ ရွာသာကြီး အကြီးစက်မှုဇုန်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
( ဝန်ထမ်းဦးရေ ပြည့်ပါက လျှောက်လွှာပိတ်ပါမည်။)
#အလုပ်အကိုင်