Shwe Mandalar May Co.,Ltd

Shwe Mandalar May Co.,Ltd License No. 111/ 2006 Up to 270 / 2025

မိမိအစီအစဥ်ဖြင်ပြည်ပသို့ထွက်ခွာမည့်သူများအတွက် ​နေပြည်​တော် အလည သို့တင်ရန်အတွက် သုံးရန် ပုံစံအသစ်ပါ။ တစ်ရက်​နေ့ ဧပြီလ ၂၀...
01/04/2026

မိမိအစီအစဥ်ဖြင်ပြည်ပသို့ထွက်ခွာမည့်သူများအတွက် ​နေပြည်​တော် အလည သို့တင်ရန်အတွက် သုံးရန် ပုံစံအသစ်ပါ။ တစ်ရက်​နေ့ ဧပြီလ ၂၀၂၆ မှစတင်ပါမည်။

Credit to original uploaderမလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ (အလုပ်သမားများနဲ့ ဒုက္ခသည်များ) အတွက် အလွန်အရေးကြီးတဲ့ ...
18/03/2026

Credit to original uploader

မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ (အလုပ်သမားများနဲ့ ဒုက္ခသည်များ) အတွက် အလွန်အရေးကြီးတဲ့ အစိုးရဆေးရုံ တက်ရောက်ကုသမှုဆိုင်ရာ စည်းမျဉ်းများ ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးရုံတက်ခ (Deposit) နဲ့ ပတ်သက်ပြီး ဝန်ကြီးရဲ့ တရားဝင်ပြောကြားချက်ကို နားလည်ထားဖို့ လိုအပ်ပါတယ်။

🏥 မလေးရှားအစိုးရဆေးရုံတက်ရောက်ရာတွင် သိထားရမည့် အချက်အလက်များ
၁။ ဆေးရုံတက်ခ (Deposit) ပေးဆောင်ရမည့်နှုန်းထားများ:
နိုင်ငံခြားသားများ ဆေးရုံတက်ရန် (Admission) အတွက် အောက်ပါအတိုင်း ကြိုတင်ငွေ အပြည့်အဝပေးသွင်းရပါမည် -

သာမန်ဖျားနာမှု (Wad Kelas 3): RM 1,400 ပေးသွင်းရမည်။

ခွဲစိတ်ကုသမှုများ (ဥပမာ - ဗိုက်ခွဲမွေးခြင်း): RM 2,800 ပေးသွင်းရမည်။

မှတ်ချက်: ဤငွေကို မပေးသွင်းနိုင်ပါက ဆေးရုံတက်ခွင့် (Register) လုပ်၍မရကြောင်း ဝန်ကြီးက အလေးအနက် ပြောကြားထားသည်။

၂။ UNHCR ကတ်ကိုင်ဆောင်ထားသူများအတွက် အထူးခံစားခွင့်:

UNHCR ကတ်ရှိသူများသည် အထက်ဖော်ပြပါ Deposit ကြေးများ၏ ၅၀ ရာခိုင်နှုန်း (တစ်ဝက်) သာ ပေးဆောင်ရန် လိုအပ်သည်။

သာမန်ဆေးရုံတက်ခ = RM 700

ခွဲစိတ်ကုသမှု = RM 1,400

၃။ ပါမစ်ရှိ အလုပ်သမားများ (SPIKPA အာမခံ):

အလုပ်သမားအာမခံ (SPIKPA) ရှိသူများသည် Deposit ပေးဆောင်ရန် မလိုပါ။ သို့သော် အာမခံက ပေးချေနိုင်သည့် အကန့်အသတ် (Limit) ကျော်လွန်သွားပါက ကျန်ရှိသောငွေကို မိမိဘာသာ ထပ်မံပေးဆောင်ရပါမည်။

၄။ Lampiran A (အသက်အန္တရာယ်စိုးရိမ်ရသည့် အရေးပေါ်အခြေအနေ):

အသက်ဘေးအန္တရာယ် ကြုံတွေ့နေရသည့် အရေးပေါ်လူနာများအတွက် Lampiran A ဖောင်ကို အသုံးပြု၍ ပိုက်ဆံမသွင်းရသေးမီ အရင်ကုသပေးမည်ဖြစ်သည်။

သတိပြုရန်: ဤဖောင်သည် "အခမဲ့ကုသပေးခြင်း မဟုတ်ပါ"။ လူနာအသက်ကယ်ရန်အတွက် ငွေပေးချေမှုကို "ခေတ္တဆိုင်းငံ့ပေးခြင်း" သာ ဖြစ်ပြီး၊ လူနာအခြေအနေ ကောင်းမွန်တည်ငြိမ်သွားပါက ဆေးကုသခအားလုံးကို ပြန်လည်ပေးဆောင်ရမည် ဖြစ်သည်။

သိသင့်တာ​လေးတခု
10/02/2026

သိသင့်တာ​လေးတခု

03/02/2026

ဂျပန်နိုင်ငံအတွက်
Civil engineer
​ယောက်ကျား​လေး
SITE အ​တွေ့အကြုံ ၃နှစ်
N4 ​အောင်
ဂျပန်စကား ​ပြောတတ်သူ
WORK PERMIT ဖြင့်​​ ​ေခါ်မည်
လစာ ယန်း၂၃​သောင်း မှ၂၄​သောင်း အင်တာဗျူး​ပေါ်မူတည်ပီး​ပေးမည်။
ဆက်သွယ်ရန်ဖုန်း 018298243. 018203587.

13/01/2026

Telegram safe migration channel မှထပ်မံရရှိ​သောသတင်းကိုမျှ​ဝေအပ်ပါတယ်ခင်ဗျား။
၁၂-၁-၂၀၂၆ ရက်နေ့မှ ၁၃-၁-၂၀၂၆ ရက်နေ့အထိ Email ဖြင့် ပြည်ပထွက်ခွာခွင့်တင်ပြထားမှုများတွင် အထောက်အထား ပြည့်စုံမှန်ကန်သည့် ၁၈ ရက်နေ့မတိုင်မီထွက်ခွာမည့်သူများ(လေယာဉ်လက်မှတ်တွင် ပါရှိသည့် ထွက်ခွာရက်)အား ဝန်ကြီးဌာနသို့ ထွက်ခွာခွင့်ပြုရန်တင်ပြထားပါတယ်။ ခွင့်ပြုချက်ရပါကကြေညာပေးပါမယ်။
၁၉-၁-၂၀၂၆ ရက်နောက်ပိုင်းထွက်ခွာမည့်သူများကတော့ အချက်အလက်စုံလင်စွာဖြင့် စာလမ်းကြောင်းမှပေးပို့တင်ပြပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။ ဖိုင်တွဲကို ဝင်စာတင်ပြီး မှတ်ပုံတင်စနစ်နဲ့ ဆောင်ရွက်တာဖြစ်လို့ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။

မြန်မာပြည်ကို ခွင့် ၁လ နဲ့အလည်ပြန်ချင်သူ​တွေ အတွက်​ရှေ့​လျှောက် မလွယ်နိုင်ပါ။ တလအတွင်းပြန်မထွက်နိုင်လို့ ဇွတ်လုပ်ကြတာမို...
13/01/2026

မြန်မာပြည်ကို ခွင့် ၁လ နဲ့အလည်ပြန်ချင်သူ​တွေ အတွက်​ရှေ့​လျှောက် မလွယ်နိုင်ပါ။ တလအတွင်းပြန်မထွက်နိုင်လို့ ဇွတ်လုပ်ကြတာမို့ ဒီအမိန့်ထွက်လာတာ ဖြစ်နိုင်ပါသည်။ ဒီအမိန့်ဟာ ခွင့်ပြန်သူ​တွေနဲ့ မိမိအစီအစဥ်ဖြင့်အလုပ်သွားလုပ်မဲ့လူ​တွေအတွက်ဘဲဖြစ်ပြီး ပြည်ပအလုပ်အကိုင်​အေဂျင်စီများက​တော့ အရင်ချမှတ်ထားတဲ့ လုပ်ထုံး လုပ်နည်းများကို ဆက်လက်
ကျင့်သုံးမည်လို့လဲသိရပါ​ကြောင်း။

မ​လေးရှားမှအလုပ်​​ခေါ်စာ လာပါပီ။ မလေးရှားနိုင်ငံ JOHOR BAHRU ရှိ အအေးခန်း တွင်ဟင်းသီးဟင်းရွက် ဖြတ်​တောက်ထုတ်ပိုးခြင်း လု...
29/09/2025

မ​လေးရှားမှအလုပ်​​ခေါ်စာ လာပါပီ။

မလေးရှားနိုင်ငံ JOHOR BAHRU ရှိ အအေးခန်း တွင်ဟင်းသီးဟင်းရွက် ဖြတ်​တောက်ထုတ်ပိုးခြင်း လုပ်ငန်းလုပ်ကိုင်ရန်အတွက်
မ(10)ဦး (အသက် ၂၀ မှ ၄၀ အတွင်း)
ကျား(5)ဦး (အသက် ၃၅ မှ ၄၀ အတွင်း)
အခြေခံလစာ RM 1700
အအေးခန်းခံစားခွင့် တစ်လ RM 150
အချိန်ပိုရှိမည်
အချိန်ပိုအတွက် သီးခြားခံစားခွင့် တစ်လ RM 200
တစ်ပတ်တစ်ရက်နား
မှတ်ချက်။ ။ အအေးခန်းတွင်လုပ်ကိုင်ရမည်ဖြစ်သောကြောင့် အအေးဒဏ်ခံနိုင်ရမည်။ အချိန်ကြာကြာ မတ်တပ်ရပ်၊ လမ်းလျှောက်နိုင်ရမည်။
စိတ်ပါဝင်စားပါက
ရုံးဖုန်း
01-8203587
01-8298243

VIBER
09-443169043

တွင်လည်း စာပို့စုံစမ်းနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက Shwe Mandalar May Agency ရုံးသို့ Monday to Friday (9 am – 4 pm ) အတွင်း လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

10/09/2025

For your information.

ခေါတ်မှီသွားပါပီ။ ကျားဖြန့်ကအထင်တကြီးလာလိမ်တယ်ဆို​တော့လေ။ဒီမှာက အလုပ်မရှိလို့ သီချင်းဆိုလိုက်ကဗျာလွတ် ကလိုက် လုပ်​နေရတာက...
23/08/2025

ခေါတ်မှီသွားပါပီ။ ကျားဖြန့်ကအထင်တကြီးလာလိမ်တယ်ဆို​တော့လေ။
ဒီမှာက အလုပ်မရှိလို့ သီချင်းဆိုလိုက်ကဗျာလွတ် ကလိုက် လုပ်​နေရတာကို ဟာဘဲဟာဘဲကို

21/08/2025

Saifuddin Nasution, quota, foreign workers, MIDA,

18/07/2025

ရွှေမန္တလာ​မေ​အေဂျင်စီအမည်သုံးပြီး online မှာ လိမ်​နေပါသည်။သတိထားကြပါ။
အခုဘဲနယ်ကလူငယ်တ​ယောက် မ​လေးရှားသွားဖို့စရံ​ငွေ၃၅သိန်းကို ရုံးမှာဘဲပေးမယ်လို့ online ကလူကို​ပြောလိုက်တာသူကဖုန်းပိတ်သွားတယ်။အဲဒါနဲ့ကျ​နော်တို့ရုံးဖုန်းကိုဆက်ပီး ရုံးကိုဘယ်လိုလာရမလဲ​မေးမှ သိလိုက်ရပါတယ်။
၁။ မ​လေးရှားဖက်မှ မြန်မာလုပ်သား​ခေါ်ခြင်းရပ်ဆိုင်းထားပါတယ်။ဘယ်​တော့ပြန်ဖွင့်မလဲမသိပါ။
၂။ ပြန်ဖွင့်ရင်လဲ ​ယောက်ကျား​လေးအသက် ၃၅အထက်ဘဲသွားလို့ရပါမယ်။
၃။ မိန်းခ​လေးက​တော့အသက်မကန့်သတ်​သေးပါ။
၄။ ပြန်ဖွင့်ပါက တလလျှင်မ​လေးရှားကိုအေဂျင်စီတခု က လူ၂၀သာပို့ခွင့်ပြုပါတယ်။
၅။ ကျ​နော်တို့​အေဂျင်စီမှ မ​လေးရှားအတွက် မည်သူတဦးတ​ယောက်ဆီကမှ အလုပ်လက်ခံခြင်း စရံယူထားခြင်း လုံးဝလုံးဝ မရှိ​ကြောင်းသိ​စေအပ်ပါသည်။
Online က​နေ လိမ်လည်တာမခံရဖို့ မျှ​ဝေအသိ​ပေးတာပါ။
Office phone : 018298243 & 018203587

FB ​ပေါ်က ငလျင်ပုံ​တွေ ဗွီဒီယိုကလစ်​တွေ ကြည့်ရင်း ​ပြောစရာစကားမရှိ။ တချိန်လုံးမျက်​ရေကျ​နေရတာ ငါတ​ယောက်ထဲ​​တော့မဟုတ်​လော...
28/03/2025

FB ​ပေါ်က ငလျင်ပုံ​တွေ ဗွီဒီယိုကလစ်​တွေ ကြည့်ရင်း ​ပြောစရာစကားမရှိ။ တချိန်လုံးမျက်​ရေကျ​နေရတာ ငါတ​ယောက်ထဲ​​တော့မဟုတ်​လောက်ဘူး။ အပြိုအပျက်​တွေကြားပိတ်မိ​နေသူများ မြန်မြန်ကယ်ဆယ် နိုင်ပီး အသက်ရှင်ကြပါ​စေ။

Address

Building 12, Room No. 8, Hnin Si Street, Mingalar Taung Nyunt Township
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595178685

Alerts

Be the first to know and let us send you an email when Shwe Mandalar May Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Mandalar May Co.,Ltd:

Share