Myanmar Express Link Co.,Ltd

Myanmar Express Link Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Express Link Co.,Ltd, Employment agency, No. 415, Alaungphaya Street, Coner of Nyaung Yan Street, 22 Qtr, Shwe Pauk Kan , North Okkalapa Tsp, Yangon.

*** Since 2008 ***

Myanmar Express Link Co., Ltd (MEL) is a trusted overseas employment agency, connecting Myanmar's workforce with global opportunities through ethical, transparent, and professional recruitment services.

📢 အလုပ်အခွင့်အလမ်း – Chinese ⇄ Myanmar Translator #တရုတ်_မြန်မာ ဘာသာပြန် ကျွမ်းကျင်သူ တစ်ဦးကို လှိုက်လှဲစွာ ဖိတ်ခေါ်ပါသည...
19/09/2025

📢 အလုပ်အခွင့်အလမ်း – Chinese ⇄ Myanmar Translator

#တရုတ်_မြန်မာ ဘာသာပြန် ကျွမ်းကျင်သူ တစ်ဦးကို လှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။

#လစာ_အလုပ်ရှင်နှင့်ညှိနှိုင်းနိုင်သည်

📌 တာဝန်များ
• စာတမ်း၊ အစီရင်ခံစာများကို တိကျမှန်ကန်အောင် ဘာသာပြန်ခြင်း (Chinese ⇄ Myanmar)
• အစည်းအဝေးများ၊ သင်တန်းများတွင် အပြန်အလှန် ဘာသာပြန်ခြင်း (လိုအပ်ပါက)
• ဘာသာပြန်စာသားများ၏ အရည်အသွေးကို စစ်ဆေးခြင်း

📌 လိုအပ်ချက်များ
• တရုတ်နှင့် မြန်မာ ဘာသာစကား နှစ်မျိုးလုံး ကျွမ်းကျင်သူ
• စာရေး၊ စာဖတ်၊ နားထောင်၊ စကားပြော ကျွမ်းကျင်သူ
• Computer အခြေခံအသုံးပြုနိုင်သူ (MS Word, Excel, Google Docs)
• Translation အတွေ့အကြုံရှိသူ ဦးစားပေး

📩 လျှောက်ထားရန် – CV ကို [Email / Messenger] သို့ ပေးပို့ပါ။

(𝟏𝟑.𝟖.𝟐𝟎𝟐𝟓)ရက်နေ့𝐔𝐧𝐢𝐭𝐞𝐜𝐡𝐏𝐂𝐁(𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝)𝐂𝐨..𝐋𝐭𝐝အလုပ်ရှင်မှရွေးချယ်သောအမည်စာရင်းအားပေးပို့လာပါသည်။အောက်တွင်ဖော်ပြထားသောအမည်စ...
22/08/2025

(𝟏𝟑.𝟖.𝟐𝟎𝟐𝟓)ရက်နေ့𝐔𝐧𝐢𝐭𝐞𝐜𝐡𝐏𝐂𝐁(𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝)𝐂𝐨..𝐋𝐭𝐝
အလုပ်ရှင်မှရွေးချယ်သောအမည်စာရင်းအားပေးပို့
လာပါသည်။
အောက်တွင်ဖော်ပြထားသောအမည်စာရင်းအားကြည့်ပြီး ရွေးချယ်သောစာရင်းတွင် ပါဝင်သောသူများသည်။
ဆက်သွယ်ရန် -
(1.𝐍𝐚𝐦𝐞/𝟐.𝐈𝐃 𝐂𝐚𝐫𝐝 𝐍𝐨/𝟑.𝐏𝐡𝐨𝐧𝐞 𝐍𝐨/4.𝐘𝐞𝐬)ဟူ၍ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 တွင်ပေးပို့ရပါမည်။

(𝟏𝟑.𝟖.𝟐𝟎𝟐𝟓)ရက်နေ့တွင် ယုံကြည်စွာဖြင့်
𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 လာရောက်ဖြေဆိုပေးသောညီကိုမောင်နှမများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါသည်။

မှတ်ချက်။ ။(လုပ်ငန်းရှင်မှရွေးချယ်ခံရသောစာရင်းတွင်မပါဝင်နိုင်သောသူများအနေဖြင့်လည်း (𝙕𝙚𝙧𝙤 𝘾𝙤𝙨𝙩)အလုပ်
ခေါ်စာရရှိပါက 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ဖြေဆိုရန်အတွက် ပထမဦးစားပေးအနေဖြင့် ခေါ်ယူသွားမည်ဖြစ်ပါသည်။

နောက်နောင်များတွင်လည်း လုပ်ငန်းကောင်းပြီးယခုလိုကုန်ကျစရိတ်အခမဲ့(𝙕𝙚𝙧𝙤 𝘾𝙤𝙨𝙩)လုပ်ငန်းများကို
လည်း 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐄𝐱𝐩𝐫𝐞𝐬𝐬 𝐋𝐢𝐧𝐤 𝐂𝐨.,𝐋𝐭𝐝 ၏ 𝙋𝙖𝙜𝙚
တွင်လည်းဆက်လက်ပြီးဖော်ပြပေးသွားပါအုန်းမည်။

လိပ်စာ - အမှတ် ၄၁၅ ၊အလောင်းဘုရားလမ်း ၊ ညောင်ရမ်းလမ်းတောင့် ၊ ၂၂ ရပ်ကွက် ၊ ရွှေပေါက္ကံ ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်။ ( ၂၉ ကားဂိတ်အနီး )

ထိုင်းနိုင်ငံ Chaiyaphum မြို့ရှိ Intech PCB (Thailand) Co., Ltd တွင် အလုပ်သမားခေါ်ယူမှုအတွက် Myanmar Express Link Co., ...
11/08/2025

ထိုင်းနိုင်ငံ Chaiyaphum မြို့ရှိ Intech PCB (Thailand) Co., Ltd တွင် အလုပ်သမားခေါ်ယူမှုအတွက် Myanmar Express Link Co., Ltd မှ ဖွင့်လှစ်ထားသော အလုပ်ခေါ်စာ ပိတ်သွားပါပြီ။

နောက်ထပ်အလုပ်ခေါ်စာများနှင့် Interview ဖွင့်လှစ်မှုအသစ်များအတွက် Myanmar Express Link Co., Ltd ရဲ့ page နှင့် Viber မှတစ်ဆင့် ဆက်လက်ကြည့်ရှုပါ။

ဆက်သွယ်ရန် — 09 782 023 619

ရုံးလိပ်စာ — အမှတ် ၄၁၅ ၊ ရွှေပေါက်ကံ ၂၂ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 ထိုင်းနိုင်ငံရှိ အရည်အသွေးမြင့် electronic စက်ရုံကြီးတွင် ကုန်ကျစရိတ်အခမဲ့ဖြင့် အလုပ်သမားခေါ်ယူလျှက်ရှိပါသည်။လုပ်ငန်းရှ...
31/07/2025


ထိုင်းနိုင်ငံရှိ အရည်အသွေးမြင့် electronic စက်ရုံကြီးတွင် ကုန်ကျစရိတ်အခမဲ့ဖြင့် အလုပ်သမားခေါ်ယူလျှက်ရှိပါသည်။

လုပ်ငန်းရှင်မှ Myanmar Express Link Co., Ltd သို့

✅ Passport + လမ်းခရီးစာရိတ်
✅ Visa + Medical Checkup
✅ Training & တခြားကုန်ကျစရိတ်အားလုံး
➡️ လုပ်ငန်းရှင်မှ (အခမဲ့) စိုက်ထုတ်ပေးမည်ဖြစ်သည်။

အလုပ်တည်ရှိသည့်နေရာ
🏭 Intech PCB (Thailand) Co., Ltd
📍 Chaiyaphum မြို့၊ ထိုင်းနိုင်ငံ
ဝန်ဆောင်မှုနှင့်ရပိုင်ခွင့်များ
🛏️ နေရာထိုင်ခင်း – အခမဲ့
👕 ယူနီဖောင်း – အခမဲ့
📜 RBA Member စက်ရုံဖြစ်၍ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိမည်။

📌 စိတ်ပါဝင်စားသူများအနေဖြင့် Interview မတိုင်မီ ရုံးဖုန်းသို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါသည်။
📝 မှတ်ချက်။ ။ လက်ရှိစာချုပ်ချုပ်ဆိုထားသော လုပ်သားများအား အလှည့်ကျစနစ်ဖြင့် စေလွှတ်လုပ်ငန်း များကို ဆောင်ရွက်နေပြီးဖြစ်ပါသောကြောင့်၊ သင့်အခွင့်အလမ်းများနောက်မကျစေရန် ပြင်ဆင်ထားကြပါစို့။

📞 ဆက်သွယ်ရန် — 09 782 023 619 Viber — 09 782 023 619
ရုံးလိပ်စာ — အမှတ် ၄၁၅ ၊ ရွှေပေါက်ကံ ၂၂ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ( ရွှေပေါက်ကံတံတားအဆင်း, YBS 29 ဂိတ်အနီး)

 #ခွင့်ပြန်လုပ်သားများအတွက်ပြန်လည်မျှဝေပေးခြင်း ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ မြန်မာနိုင်ငံရှိ အလုပ်သမားဝန်...
23/05/2025

#ခွင့်ပြန်လုပ်သားများအတွက်ပြန်လည်မျှဝေပေးခြင်း

၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ စည်းကြပ် ဆောင်ရွက်နေသည့်ဥပဒေဖြစ်ပြီး အဆိုပါဥပဒေအရပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင် နေသည့် အလုပ်သမားစာရင်းများရရှိနိုင်ရေး၊ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျပေးဆောင်စေ၍ နိုင်ငံတော်အတွက် ဝင်ငွေများရရှိစေရေး၊ အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက်အလက်များ ကိုစစ်ဆေး၍ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှုစာရင်းများမှ တစ်ဆင့် လိုအပ်သည့် မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရေးတို့အတွက် Data Serverတွင် အချက်အလက်များသိမ်းဆည်း၍ ပြည်ပအလုပ် အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card - OWIC)ကို သက်တမ်း ( ၅ )နှစ်ဖြင့် ထုတ်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော OWIC ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့သွားရောက် နိုင်မည်ဖြစ်ပြီး OWIC သက်တမ်း ၅ နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည် ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်၍ ပြည်ဝင်/ ပြည်ထွက်များ အသုံးပြုနိုင် ပါသည်။
Overseas Worker Identification Card (OWIC) သည် ပြည်ပသို့ အလုပ်သွားမည့် မြန်မာနိုင်ငံသားများအတွက် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးသော သက်သေခံကတ်ဖြစ်သည်။ အဆိုပါကတ်သည် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ထားကြောင်း အတည်ပြုသည်။

#ခွင့်ပြန်ဆိုတာဘာလဲ

ခွင့်ပြန် ဆိုသည်မှာ ပြည်ပတွင် အလုပ်လုပ်နေသောအလုပ်သမားတစ်ဦးသည် ခေတ္တအနားယူရန် သို့မဟုတ် အရေးကြီးအကြောင်းအရာများကြောင့် မြန်မာနိုင်ငံသို့ ပြန်လာခြင်းကို ဆိုလိုသည်။ ထိုသို့ ပြန်လာပြီးနောက် ပြန်လည်ထွက်ခွာရန်အတွက် အလုပ်သမားသည် အချို့သော အထောက်အထားများကို ပြန်လည်တင်ပြရပါမည်။

#ခွင့်ပြန်အလုပ်သမားများအတွက်လိုအပ်သောအထောက်အထားများ

ခွင့်ပြန်အလုပ်သမားများသည် ပြန်လည်ထွက်ခွာရန်အတွက် အောက်ပါအထောက်အထားများကို တင်ပြရပါမည်။
• သက်တမ်းမကုန်သေးသော နိုင်ငံကူးလက်မှတ် (Passport)
• သက်တမ်းမကုန်သေးသော OWIC ကတ်
• အလုပ်လုပ်ခွင့်ပါမစ် (Work Permit)
• အလုပ်ရှင်၏ ခွင့်ပြုစာ ထို့အပြင် အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုလည်း ရယူရပါမည်။

်ထုတ်ပေးမှုပြန်လည်စတင်ခြင်း

2025 ခုနှစ် မတ်လ ၂၀ ရက်မှစ၍ အလုပ်သမားဝန်ကြီးဌာနသည် OWIC ကတ် ထုတ်ပေးမှုကို ပြန်လည်စတင်ခဲ့သည်။ သို့သော် အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများအတွက် စစ်မှုထမ်း အကျုံးဝင်မှုကြောင့် ပြည်ပထွက်ခွင့်တွင် ကန့်သတ်ချက်များရှိနိုင်သည်။

#လိုအပ်သောအထောက်အထားများ

1. PJ နိုင်ငံကူးလက်မှတ်
အလုပ်သမားအဖြစ် ပြည်ပသို့ ထွက်ခွာရန် PJ (Job Passport) လိုအပ်ပါသည်။
2. သက်တမ်းမကုန်သေးသော OWIC (Overseas Worker Identification Card)
ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ထားကြောင်း အတည်ပြုသည့် ကတ်ဖြစ်သည်။
3. အလုပ်လုပ်ခွင့်ပါမစ် (Work Permit)
ပြည်ပအလုပ်ရှင်မှ ထုတ်ပေးသော သက်တမ်းမကုန်သေးသော အလုပ်လုပ်ခွင့်ပါမစ်။
4. အလုပ်ရှင်၏ ခွင့်ပြုစာ
အလုပ်သမားအား ခွင့်ပြန်ခွင့်ပြုထားကြောင်း အလုပ်ရှင်မှ ထုတ်ပေးသော စာရွက်စာတမ်း။
5. အခွန်ပေးဆောင်မှု သက်သေခံစာများ
ပြည်ပအလုပ်သမားအဖြစ် ဝင်ငွေအခွန် ၂% ပေးဆောင်ထားကြောင်း သက်သေပြသော စာရွက်စာတမ်းများ။
6. ငွေလွှဲသက်သေခံစာများ
လစဉ် ဝင်ငွေ၏ ၂၅% သို့မဟုတ် လစဉ် ၂၀၀,၀၀၀ ကျပ် (သက်သာသောငွေပမာဏ) ကို မြန်မာနိုင်ငံရှိ မိသားစုထံသို့ တရားဝင် ငွေလွှဲလိုင်းများ (ဥပမာ - မြန်မာ့ဘဏ်များ၊ Western Union၊ IME၊ RIA၊ MoneyGram) ဖြင့် လွှဲပြောင်းထားကြောင်း သက်သေပြသော စာရွက်စာတမ်းများ။

#ပြည်ပရောက်မြန်မာလုပ်သမားများအဆင်ပြေနိုင်စေရန်ပြည်လည်ဝေမျှပေးခြင်းဖြစ်ပါသည်။

08/04/2025

ချာချန်ဆောင် မြိူ့ ရှိ (Royal technology ) electronic စက်ရုံတွင် မိန်းကလေး ၂၀ ဦးခေါ်နေပါသည် ။

0989933785 ဖုန်းသို့ဆက်သွယ်မေးမြန်းနိူင်ပါသည် ။

👤MEL မိသားစုမှစတုဒီသာအလှူဖိတ်ကြားခြင်း🎉(3.4.2025)ရက်နေ့Myanmar Express Link Co.,Ltd၏နှစ်စဥ်နှစ်ဦးအလှူကိုလာရောက်သုံးဆောင...
02/04/2025

👤MEL မိသားစုမှ

စတုဒီသာအလှူဖိတ်ကြားခြင်း🎉

(3.4.2025)ရက်နေ့

Myanmar Express Link Co.,Ltd၏နှစ်စဥ်နှစ်ဦးအလှူကိုလာရောက်သုံးဆောင်နိုင်ရန်
MELမိသားစုမှခင်မင်ရင်းနှီးစွာဖိတ်ကြားအပ်ပါတယ်။

လူမျိုး/ဘာသာ/ဆင်းရဲချမ်းသာ/လူတန်းစားမရွေး/မည်သူမဆိုလာရောက်သုံးဆောင်နိုင်တဲ့အလှူပဲဖြစ်ပါတယ်။

#သာဓု သာဓု သာဓု🙏🙏🙏

လိပ်စာ ။ အမှတ် ၄၁၅ ၊ ညောင်ရမ်းလမ်း ၊ ၂၂ ရပ်ကွက် ၊ ရွှေပေါက္ကံ ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန် ။ ( ၂၉ ကားဂိတ်အနီး )

"Happy Chinese New Year from Myanmar Express LinkCo.,Ltd!🐍 May this year bring you abundance and success. We wish you a ...
29/01/2025

"Happy Chinese New Year from Myanmar Express LinkCo.,Ltd!🐍

May this year bring you abundance and success.

We wish you a prosperous and fulfilling year ahead.

“缅甸快运有限公司祝您农历新年快乐!🐍

祝您今年财源广进、事业有成。

祝您来年事业有成、生活充实。

 ထိုင်းနိုင်ငံရှိ Chonburi မြို့ရှိ စက်ရုံတစ်ခုအတွက် တရုတ်စကားပြန် ( Chinese Translator ) များ ခေါ်ယူခြင်း။✳️ Chinese Tr...
14/01/2025



ထိုင်းနိုင်ငံရှိ Chonburi မြို့ရှိ စက်ရုံတစ်ခုအတွက် တရုတ်စကားပြန် ( Chinese Translator ) များ ခေါ်ယူခြင်း။

✳️ Chinese Translator

✳️ Any Gender

✳️ Baht 20000 ဝန်းကျင်ခန့်
( အရည်ချင်းအပေါ်မူတည်၍ ညှိနှိုင်းနိုင်)

မှတ်ချက်

🔷PJ အမျိုးအစား ပတ်စ်ပို့စာအုပ် မရှိသေးသူများလည်း
လျှောက်ထားနိုင်သည်။

အလုပ်လျှောက်ထားရန်

09 782 023 619 ( Viber ) သို့ CV Form ပေးပို့၍ ဖြစ်စေ

ရုံးလိပ်စာ - အမှတ် ၄၁၅ ၊ အလောင်းဘုရားလမ်း ၊ ညောင်ရမ်းလမ်းတောင့် ၊ ရွှေပေါက္ကံ ၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကုန် ။ (၂၉ ကားဂိတ်အနီး )
သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

"၂၀၂၅ ခုနှစ်မှာ အခွင့်အလမ်းအသစ်များ၊ အောင်မြင်မှုအသစ်များနဲ့ လျှောက်လှမ်းနိုင်ပါစေကြောင်း MEL Team မှ ဆုမွန်ကောင်း တောင်...
01/01/2025

"၂၀၂၅ ခုနှစ်မှာ အခွင့်အလမ်းအသစ်များ၊ အောင်မြင်မှုအသစ်များနဲ့ လျှောက်လှမ်းနိုင်ပါစေကြောင်း MEL Team မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ "

✨ Happy New Year 2025! ✨🎉

As we step into this new year, Myanmar Express Link Co., Ltd wishes all our valued clients, partners, and employees a year filled with good health, boundless happiness, and success in all your endeavors. 🌟

Thank you for trusting us as your overseas employment partner. Together, let's make 2025 a year of growth and opportunities!

💼🌍 Connecting Talent to Global Opportunities

   ထိုင်းနိုင်ငံ ၊  Nakhon Pathom မြို့ရှိ စက်ရုံတစ်ခုအတွက် မြန်မာလုပ်သားသစ်များ ခန့်အပ်ခေါ်ယူနေပါသည်။စက်ရုံအမည်        ...
07/11/2024



ထိုင်းနိုင်ငံ ၊ Nakhon Pathom မြို့ရှိ စက်ရုံတစ်ခုအတွက် မြန်မာလုပ်သားသစ်များ ခန့်အပ်ခေါ်ယူနေပါသည်။

စက်ရုံအမည် - Thantawan Industry Public Co.,Ltd

လုပ်ငန်းအမျိုးအစား - ပလတ်စတစ်လူသုံးကုန်းပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးခြင်း

စက်ရုံတည်နေရာ - Nakhon Pathom , Thailand

လုပ်ခလစာ - ၃၆၃ ဘတ် (၁ ရက်)

အလုပ်ချိန် - ၈နာရီ ( ၁ ရက် )

Overtime - ၁ နာရီ ၆၈ ဘတ်ခန့် (အချိန်ပိုရှိလျှင်ရမည်)

အလုပ်ပိတ်ရက် - ၁ ပတ် ၁ ရက်ပိတ်

ရက်မှန်ကြေး -ခံစားခွင့်ရှိသည်

အစားသောက် - မိမိအစီအစဥ်ဖြင့်သာ

နေရာထိုင်ခင်း - မိမိအစီအစဥ်ဖြင့်သာ

အခြားအကျိုးခံစားခွင့်များမှာ ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအတိုင်းခံစားခွင့်ရှိပါသည်။ ✅✅✅

မှတ်ချက် 🛑ယခုလုပ်ငန်းအတွက် လုပ်ငန်းရှင်မှ တိုက်ရိုက်ရွေးချယ်မည် ဖြစ်ပါသည်။

အင်တာဗျူးအောင်မြင်၍ ရွေးချယ်ခံရသော လုပ်သားများအတွက် Passport စာအုပ်ကုန်ကျစရိတ် နှင့် လမ်းခရီး ကုန်ကျစရိတ်တို့အား လုပ်ငန်းရှင်မှ သတ်မှတ်ထားသော ငွေပမာဏအတိုင်း ကျခံပေးမည်ဖြစ်ပါသည်။

အလုပ်ခေါ်စာနှင့်ပတ်သက်၍
09 782 023 619 (Viber) သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လိပ်စာ - အမှတ် ၄၁၅ ၊အလောင်းဘုရားလမ်း ၊ ညောင်ရမ်းလမ်းတောင့် ၊ ၂၂ ရပ်ကွက် ၊ ရွှေပေါက္ကံ ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်။ ( ၂၉ ကားဂိတ်အနီး )

https://t.me/melemploymentagency

https://myanmarexpresslinkme.com/

     Hi-Tech Chaiyaphum Apparel (2020) Co.,Ltd အတွက် အင်တာဗျူးအောင်မြင်ထားသည့် ညီ၊ညီမငယ်များ လုပ်ငန်းခွင်ဝင်ရောက်ရန် ထွက...
31/10/2024



Hi-Tech Chaiyaphum Apparel (2020) Co.,Ltd အတွက် အင်တာဗျူးအောင်မြင်ထားသည့် ညီ၊ညီမငယ်များ လုပ်ငန်းခွင်ဝင်ရောက်ရန် ထွက်ခွာခြင်းနှင့် လုပ်ငန်းခွင်မဝင်မီ ထိုင်းအလုပ်ရှင်မှ Myanmar Express Link Co.,Ltd သို့ကိုယ်တိုင်လာရောက်၍ အလုပ်သမားများကုန်ကျခဲ့သည့် လမ်းခရီးစရိတ် နှင့် ပတ်စ်ပို့ပြုလုပ်ကုန်ကျငွေတို့အား ပြန်လည်ပေးအပ်ခြင်းပုံရိပ်များ။
Myanmar Express Link Co.,Ltd အနေဖြင့်လည်း RBA ( Responsible Business Alliance) နှင့် ‌အလုပ်သမားများခေါ်ယူပေးသည့် Hi-Tech Chaiyaphum Apparel (2020) Co.,Ltd အား အထူးပင်ကျေးဇူးတင်ရှိကြောင်း နှင့် လုပ်သား ညီ၊ညီမငယ်များ လုပ်ငန်းများအဆင်ပြေပါစေကြောင်းဆုတောင်းမေတ္တာပြုအပ်ပါသည်။

(English Version)

📢 We are pleased to share that the workers who successfully passed the interview for positions at Hi-Tech Chaiyaphum Apparel (2020) Co., Ltd. are on their way to begin their new roles. In support of these dedicated individuals, travel and passport expenses have been reimbursed by the Thai employer.

On behalf of Myanmar Express Link Co., Ltd., we extend our heartfelt thanks to the Responsible Business Alliance (RBA) and Hi-Tech Chaiyaphum Apparel (2020) Co., Ltd. for their commitment to ethical recruitment practices. Our prayers are with each worker as they start this important journey. May they experience well-being and success in their new roles. 🙏

Address
No.415, Alaungpaya Street, Corner of Nyaung Yan Street,22 Qtr,Shwe Pauk Kan ,North Okkalapa Tsp, Yangon

Ph - +959 782 023 619

www.myanmarexpresslinkme.com


Address

No. 415, Alaungphaya Street, Coner Of Nyaung Yan Street, 22 Qtr, Shwe Pauk Kan , North Okkalapa Tsp
Yangon
11031

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30

Telephone

+9595159042

Alerts

Be the first to know and let us send you an email when Myanmar Express Link Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Express Link Co.,Ltd:

Share