Ahtaratha Careers

Ahtaratha Careers Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ahtaratha Careers, Kabaraye Pagoda Road, Yangon.

Ahtaratha is a talent marketplace of "Great"Managers that you can seek, and you can get sustainable and development solutions for organizational growth and transformation, skills development and employee advancement.

29/08/2025

ခေတ်ကာလ Pressure တွေကြောင့်
အဝေးရောက် ကွာရှင်းမှုတွေ များပြားလာတာကို တွေ့ရပါတယ်။

အဝေးရောက် ကွာရှင်းခြင်းက တရားဝင်လား?

အဝေးရောက် ကွာရှင်း စာချုပ်တွေဆိုတာ အရပ် စာချုပ်တွေပါ။

ရိုးရိုးပဲ တွေးကြည့်ပါ။
(၁)
လက်ထပ်တုန်းက တရားရုံးမှာ လက်ထပ်ပြီး
ကွာရှင်းမှာ တော့ အရပ်စာချုပ် နဲ့ ချုပ်ဆို တယ်ဆိုတော့ တကယ် ကွာရှင်း ချင်တာလား မကွာရှင်းတာလား? စော်ကားတာလား? ကစား တာလား?
(၂)
စည်ပင် မှာ ခင်ဗျား ရောင်းချင်တဲ့ မြေကွက် ကို တရားရုံး Register လက်ထပ် စာချုပ် နဲ့ ကန့်ကွက်တဲ့ အခါ ခင်ဗျား ဘက်က အရပ် ကတိ ကွာရှင်းစာချုပ် နဲ့ ချေပ တာကို စည်ပင်က လက်ခံမယ် ထင်လား?
(၃)
တရားရုံး ကရော ခင်ဗျားတင်တဲ့ အရပ်ကွာရှင်း စာချုပ် နဲ့
register လုပ်ထားတဲ့ လက်ထပ် စာချုပ် အပေါ်မှာ ဘယ်လို သုံးသပ် မလဲ?
တရားမ မှု ဆိုရင် (၁)နှစ် အနည်းဆုံး ကြာပါတယ်။
အချိန်တွေ အကုန် မခံ ပါနဲ့
မြန်မာပြည် ပြန်လာပါ တရားရုံး မှာ တရားဝင် ကွာရှင်းပါ။

&B_Solution

20/06/2025
လွယ် "တွက်" အလွယ် "မှတ်"Performance Measurement.. ... ...မိမိက ဦး‌ဆောင်သူ ဖြစ်ပြီဆိုရင် မိမိ  Team နဲ့ ပက်သက်ပြီး အခက်အခ...
09/08/2024

လွယ် "တွက်" အလွယ် "မှတ်"
Performance Measurement
.. ... ...

မိမိက ဦး‌ဆောင်သူ ဖြစ်ပြီဆိုရင် မိမိ Team နဲ့ ပက်သက်ပြီး အခက်အခဲတွေ ရှိတတ်ပါတယ်။ ဒီထဲမှာ Performance Measurement ဘယ်လို လုပ်မလဲ ဆိုတာ ပိုပြီး ခက်ခက်ခဲခဲ စဉ်းစား ရနိုင်ပါတယ်။ ဒီနေ့တော့ လွယ်လွယ်ကူကူ Performance ကို Measurement လုပ်လို့ရတဲ့ ပုံစံကို အကြမ်းဖျင်း မျှဝေ ပေးချင်ပါတယ်။
.. ... ...
OKRs
❶ Objectives
❷ Key Results.. ... ...

❶ Objectives

Objectives ဆိုတာ ရည်မှန်းချက်ဖြစ်ပါတယ်။ ရည်မှန်းချက်ကို ရည်ရွယ်ချက် နဲ့ မရောဖို့ လိုအပ်ပါတယ်။
➨ ရည်မှန်းချက်ဆိုတာ "မှန်း" ပါတယ်။ ငါ ဒီ‌ပွဲမှာ ပထမ ရချင်တယ်။ ပြိုင်ပွဲ မစခင် "ဆန္ဒ" ကို ထုတ်ဖော်တာ။
➨ ရည်ရွယ်ချက်ဆိုတာ "ရွယ်" ပါတယ်။ ငါ ဒီပွဲမှာ ပထမ ရမှ ဖြစ်မယ်။ ပြိုင်ပွဲ အတွင်း "သိက္ခာ"ကို ထုတ်ဖော်တာ။

Objectives တွေက
➨ သတ်မှတ်နိုင်သည့် သက်တမ်း ၁ နှစ် or ၃ နှစ်
( Policy မတည်ငြိမ်တဲ့ နေရာဒေသ or မိမိ စီးပွားရေးက Quick-Entry and Quick-Exit Business Model ဆိုရင် Objective သက်တမ်းကို (၁)နှစ် ထားလို့ရပါတယ်။ )
➨ ရှင်းလင်းရမယ်
➨ တိကျရမယ်
➨ ဖြစ်နိုင်ခြေ ရှိရမယ်။ (Moonshot မဖြစ်ရဘူး။ လျှပ်စစ်မီးတောင် မမှန်တဲ့ တိုင်းပြည်မှာ လကမ္ဘာကို မနက်ဖြန် ခရီး ထွက်မယ် ဆိုတဲ့ ကိစ္စမျိုး)
.. ... ...

❷ Key Results
➨ KRs ဆိုတာက လိုချင်တဲ့ အဓိက ရလဒ်ဖြစ်ပါတယ်။ Objective တစ်ခု ရရှိဖို့ အတွက် Progress ဖြစ်ပါတယ်။.. ... ...

☛ Objectives နဲ့ Key Results ဘယ်လိုချိတ်မလဲ?

ဥပမာ

➨ Objective ➨ ကုမ္ပဏီကို အရောင်း ရဆုံး ကုမ္ပဏီ (၁၀)ခုထဲ ဝင်ချင်တယ်။

Key Results
KR 1 ➨ Target Market မှာ brand awareness တက် ရမယ်။
KR 2 ➨ New Product Line မှာ Sales Performance တက်ရမယ်။
KR 3 ➨ Customer ကို Response လုပ်ပေးတဲ့ အချိန် လျော့ချရမယ်။
.. ... ...

CEO ကနေ ချပေးလိုက်တဲ့ KRs သည် Department က Manager တွေ အတွက် Objective ဖြစ်ပါတယ်။ ထို့ကြောင့်

➨ Marketing Department
Objective ➨ Target Market မှာ brand awareness တက် ရမယ်။
KR 1 ➨ Social Media Followers ကို (၃၀%) တိုးမယ်။

➨ Sales Department
KR 1 ➨ New Product မှာ ဒေါ်လာ (၁)သိန်း ရအောင် ရောင်းမယ်။

➨ After Sales Department
KR 1 ➨ Response Time ကို (၁)နာရီ လျော့မယ်။
.. ... ...
CEO သည် Objective ကို (၁) ခု မှ (၃) ခု အထိ ပေးနိုင်ပြီး
Key Result သည် (၃) ခု မှ (၅)ခု အထိ ပေးနိုင်ပါသည်။.. ... ...



Be A Leader
(30)days Challenge
▶️ Day (11) ◀️

ဦးဆောင်သူတွေ တစ်ဦး အနေဖြင့် Effective Communication ရအောင် ဘယ်လိုလုပ်မလဲ?… … …Organization တွေမှာ Communication Gap ဆိုတ...
08/08/2024

ဦးဆောင်သူတွေ တစ်ဦး အနေဖြင့်
Effective Communication ရအောင် ဘယ်လိုလုပ်မလဲ?

… … …

Organization တွေမှာ Communication Gap ဆိုတာ အမြဲရှိပါတယ်။ Communication Gap ဆိုတာ ပြောချင်တဲ့ Message ကို လိုအပ်တဲ့ နေရာကို မရောက်တာ (or) တစ်စိပ်တစ်ပိုင်း ရောက်တာ (or) နားလည်မှုလွဲတာ (or) မရှင်းလင်းတာ (or) ပိုပြီး ရှုပ်ထွေးစေတာ ဖြစ်ပါတယ်။
.. ... ...
▶️ ဥပမာ ▶️ Software ကုမ္ပဏီ တစ်ခုက Project Manager တစ်ယောက်က Team ကို “"Software ကို Major Operating System နဲ့ ကိုက်ညီအောင်လုပ်ပါ” ဆိုပြီး Email ပို့လိုက်မယ်။

Email ကို လက်ခံရရှိတဲ့ Team က သူတို့နည်း သူတို့ဟန် နဲ့ ဘာသာပြန်ပြီး Major Operating System ဖြစ်တဲ့ Mac OS and Window မှာပဲ Test လုပ်လိုက်မယ်။ ဒီတော့ Linux မှာ အခက်အခဲဖြစ်‌တော့တာပါပဲ။ Project Manager ဆိုလိုတာက All Major OS ဖြစ်ပြီး ရောက်လာတဲ့ Email က Major OS မှာ “All” မလာတဲ့အတွက် ဖြစ်သွားခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက မရှင်းတာ ရှိရင် မေးနိုင်ပါတယ်ဆိုတဲ့ Message လည်း မပါလာခဲ့ပါဘူး။

ကိုယ်က ဦးဆောင်သူ ဖြစ်ပြီဆိုရင် ကိုယ့်ရဲ့ Email အရေးအသားက အစ တိကျဖို့ လိုအပ်ပါတယ်။ Team တွေက ဥာဏ်အလင်း ရနေတဲ့သူတွေ မဟုတ်ပါဘူး။
Assignment ပေးရင် Question ပြန်မထုတ်တဲ့ Team လည်းရှိပါတယ်။
.. ... ...

ဒီလို Communication Gap ကို ဘယ်လို ချုံ့မလဲ?

➊ Clear and Precise Communication - ကိုယ် ပေးတဲ့ Message က တိကျ ရှင်းလင်းရမယ်။ “All Major OS, MAC, Window, Linux နဲ့ ကိုက်ညီအောင် လုပ်ပါ”

➋ Active Listening and Feedback – “နားမလည်တာ ရှိရင် ချက်ချင်း အကြောင်းပြန်ပါ။ အခြား ဘယ် OS တွေနဲ့ Run လို့ရနိုင်သေးလဲ Suggest ပေးပါ။ Confirm လုပ်ပါ။”

➌ Documentation – “မင်းတို့ Test လုပ်တဲ့အခါ လိုအပ်တဲ့ Requirements တွေရှိရင် Documents နဲ့ List လုပ်ပြီး ပေးပို့ပါ။”

➍ Regular Check – “မင်းတို့ Test တစ်ခါ လုပ်ပြီးတိုင်း Test Report တွေကို ပေးပို့ပါ”
.. ... ...

ဒီလိုလုပ်တာက Team တွေကို Risk နည်းစေပါတယ်။
အချို့တွေကတော့ သူတို့ကို ကျစ်ချင်လို့ ရစ်ချင်လို့ဆိုပြီးတော့ ထင်နိုင်ပါတယ်။ ဒါပေမယ့် Customers လက်ထဲရောက်မှ Problems ဖြစ်သွားတာထက် စာရင် Risk နည်းပါတယ်။
.. ... ...


Be A Leader
(30) Days Challenge

Passion နဲ့ CV တစ်ထပ်တည်းဖြစ်ရင် သင့်ကို အလုပ်က လာရှာပါလိမ့်မယ်။___ ___Document ခေါင်းစဥ်မှာ CV ပဲ တက်တက် Resume ပဲ တပ်တ...
06/08/2024

Passion နဲ့ CV တစ်ထပ်တည်းဖြစ်ရင်
သင့်ကို အလုပ်က လာရှာပါလိမ့်မယ်။
___ ___

Document ခေါင်းစဥ်မှာ CV ပဲ တက်တက် Resume ပဲ တပ်တပ် အဲ့ဒါက အရေးကြီးတဲ့ အချက် တစ်ချက် မဟုတ်‌တော့ပါဘူး။
အရေးကြီးတဲ့ အချက်က မိမိ ဘာ ကျွမ်းကျင်တယ်။
မိမိသည် Career ကို မပြောင်းလဲ ပဲ ဘယ်လောက်ထိ Stable ဖြစ်တယ် ဆိုတာပါပဲ။
__ __ __
CV က ဘာကြောင့် အရေးကြီးလဲ?

✦ CV သည် လူ တစ်ယောက်သည် ၎င်းရဲ့ Professional Career အတွက် ဘယ်လောက်ထိ အချိန်ပေးပြီး ကြိုးစားအားစိုက်ထုတ်ခဲ့လည်း ဆိုတာကို ဖော်ပြပါတယ်။
✦ CV က ခန့်အပ်မယ့် ကုမ္ပဏီကို Expectation ပေးနိုင်သလောက် အလုပ်ရဖို့ Chance လည်း ပေးပါတယ်။
__ __ __
➡️ ပူးတွဲ ဓါတ်ပုံပါ CV ကို ကြည့်ပါ။

❶ Personal Statement/ Summary

ဒီနေရာက အားစိုက်ထုတ်ခဲ့မှု အကောင်းဆုံးနေရာကို Highlight ပြထားပါတယ်။ B2B market, CRM, Sales Presentation, Market Pe*******on တွေမှာ အားကောင်းကြောင်း ဖော်ပြထားပါတယ်။
__ __ __

❷ Experience

Regional Sales Volume ကို 25% Increase ဖြစ်တယ်။ CRM strategy implement လုပ်တယ်။ သူပေးတဲ့ Sales training ကြောင့် 15% improvement ဖြစ်တယ်။ Old Customers တွေဆီကနေ 25% uptick ဖြစ်တယ်။ 30% Revenue Growth ဖြစ်တယ် စတဲ့ အချက်တွေ ပါပါတယ်။
__ __ __

❸ Education

Bachelor degree in business administration Sales နဲ့ ဆက်နွှယ်တဲ့ ဘွဲ့ ဖြစ်ပါတယ်။
သူ့အတွက် MBA လိုလားလို့ မေးရင် 50%~50% လို့ပဲ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်...
✦ ဘွဲ့က business administration ပါ။ MBA subject အများစု ရဲ့ အခြေခံ ပါပဲ။
__ __ __

❹ Achievement

မြန်မာ ကုမ္ပဏီတွေရဲ့ အားနည်းချက်ပါပဲ။ ဒီမှာက Recognition Award တွေ ပေးတဲ့ အပိုင်းမှာ အားနည်းတဲ့ အတွက် CV ရဲ့ Award နေရာတွေ မပါတာများပါတယ်။ ထို့အပြင် Award တွေ ဖော်ပြထားတဲ့ အတွက် ခန့်အပ်မယ့် ကုမ္ပဏီဘက်ကလည်း Expectation မြင့်သွားပါတယ်။
__ __ __

❺ Skills

Communication Skills / Negotiation Skills Time Management Skills တို့ စတဲ့ မမြင်ရတဲ့ Soft Skills တွေ ထည့်စရာ မလိုပါဘူး။ Soft Skills မကောင်းပဲ
Experience မှာပါတဲ့ 25% 15% စတဲ့ Result တွေရအောင် ရောင်းနိုင်မှာ မဟုတ်ပါ။

ဒါကြောင့် Sales မှာ အဓိကကျတဲ့ CRM , Sales Strategy, Market Analysis, etc., တွေ ထည့်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခန့်အပ်မယ့် ကုမ္ပဏီ ဘက်က လုပ်ရမယ့် Training / Orientation/Discussion အပိုင်းမှာ အခက်အခဲ နည်းသွားပါတယ်။
__ __ __

❻ Course

တက်ခဲ့တဲ့ Hard Skills သင်တန်းတွေ ဖြစ်ပါတယ်။
CRM နဲ့ Strategy တွေမှာ Focus ထားကြောင်း ဖော်ပြထားပါတယ်။ Summary မှာ CRM ပါတယ်။ Experience မှာ CRM ကျွမ်းကြောင်း နှင့် ရောင်းနိုင် ကြောင်းပါတယ်။ Skills မှာ CRM နဲ့ Sales Strategy ကောင်းကြောင်းပါတယ်။
သူ Course မှာ CRM & Strategy Management တက်ခဲ့ကြောင်း ပါတဲ့ အတွက် သူ သွားနေတဲ့ Professional Careers လမ်းကြောင်းသည် ဆက်စပ်မှု ရှိနေပါတယ်။
__ __ __

❼ Passion

B2B Market Innovation & Sales Technology လို့ ဖြည့်ထားခြင်းသည် Business Owner တွေ နဲ့ အလုပ်လုပ်ရတာကို နှစ်သက်တယ်လို့ ယူဆရပါတယ်။ ပြီးတော့ Sales ပက်သက်ရင် အမြဲ နည်းပညာ အသစ်တွေကို လေ့လာတယ်။ Up to date ဖြစ်နေပါတယ်ဆိုပြီး ရေးထားပါတယ်။
__ __ __

လူကြီးမင်း တို့ရော
✦ ဒီလို Career Stable ဖြစ်တဲ့ CV တစ်စောင် ရှိပြီလား?
✦ အပိုတွေ မရေးထားပဲ Result အဓိကပါတဲ့ Experience‌‌ ရှိနေပြီလား?
✦ Passion သည် အလုပ်၊ အလုပ်သည် Passion ဖြစ်တဲ့ အထိ အလုပ်ကို ဝါသနာ ပါပြီလား?
__ __ __
မိမိ၏ ယူဆချက်များသာ ဖြစ်ပါတယ်။

▶️ ဦးဆောင်သူတွေ လိုအပ်တဲ့ ပါဝါ ◀️____ ပါဝါဆိုတာ ဘာလဲ? ပါဝါဆိုတာ “လုပ်အား” “လုပ်နိုင်စွမ်းအား”ကို ဆိုလိုပါတယ်။ Power က Te...
05/08/2024

▶️ ဦးဆောင်သူတွေ လိုအပ်တဲ့ ပါဝါ ◀️
____

ပါဝါဆိုတာ ဘာလဲ? ပါဝါဆိုတာ “လုပ်အား” “လုပ်နိုင်စွမ်းအား”ကို ဆိုလိုပါတယ်။ Power က Team ကို Force ပေးလို့ရတယ်။ Influence လွှမ်းမိုး ချယ်လှယ်လို့ ရတယ်။ Authority လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့အတွက် Team တွေကို စေခိုင်းလို့ရပါတယ်။

Ⓐ တစ်ကယ့် Power အစစ်က ဘယ်က လာတာလဲ?
Ⓑ Power အစစ်က ဘာလဲ?
Ⓒ လက်ရှိ ဘာလိုအပ်ချက်တွေ ရှိလဲ?
___

Ⓐ တစ်ကယ့် Power အစစ်က ဘယ်က လာတာလဲ?
Power မှာ (၂) မျိုး ရှိပါတယ်။
➊ Position Power (ရာထူးအရ ပါဝါ)
➋ Personal Power (လူပုဂ္ဂိုလ်အရ ပါဝါ)
➊ Position Power မှာ Reward, Coercion, Legitimacy ဆိုပြီး (၃) မျိုးရှိပါတယ်။
✔️ Reward Power သည် မိမိ စေခိုင်းတာကို လုပ်ပေးရင် Reward ပေးမယ့် သဘောဆောင်ပါတယ်။
✔️ Coercion/Punishment Power သည် မိမိ စေခိုင်းတာကို မလုပ်ရင် Punishment ပေးမယ့် သဘောဆောင်ပါတယ်။
✔️ Legitimacy Power ကတော့ မိမိ သည် ခေါင်းဆောင်၊ မိမိသည် သူဌေးပဲ... မိမိ စေခိုင်းတာ မှန်သမျှ Team က လုပ်ကို လုပ်ရမယ်ဆိုတဲ့ သဘောဆောင်ပါတယ်။
➋ Personal Power မှာ Expert နှင့် Referent ဆိုပြီး (၂)မျိုး ရှိပါတယ်။
✔️ Expert Power က တော့ မိမိ ကျွမ်းကျင်တဲ့ Career ၊ နယ်ပယ်ကနေ အထူကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခု နှင့် သက်ဆိုင်တဲ့ Power ဖြစ်ပါတယ်။ ဥပမာ... မိမိသည် ဆောက်လုပ်ရေး မှာ အထပ်မြင့် ကို ကျွမ်းကျင်တယ်။ အထပ်မြင့် ထဲကမှ Mega/ Luxury Projects တွေကို ပိုကျွမ်းကျင်တယ်။
✔️ Referent Power ကတော့ မိမိ ရဲ့ အကျင့် သီလ သမာဓိ ကျင့်ဝတ် စေတနာ စတဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်တွေ နဲ့ သက်ဆိုင်တဲ့ Power ဖြစ်ပါတယ်။
___

Ⓑ Power အစစ်က ဘာလဲ?

Power အစစ်က (Position Power < Personal Power) Personal Power က ပိုကြီးရမှာ ဖြစ်ပါတယ်။
ဆိုလိုချင်တာက ကိုယ်က ရာထူးတွေ လုပ်ပိုင်ခွင့်တွေ ⬆︎⬆︎ တိုးတိုင်း တိုးတိုင်းမှာ ကိုယ့်ရဲ့ လုပ်ငန်း ကျွမ်းကျင်မှု ဗဟုသုတ နှင့် သမာဓိ သီလ တွေ ⬆︎⬆︎ ပိုတိုး ⬆︎⬆︎ ဖို့ လိုအပ်ပါတယ်။

___
Ⓒ လက်ရှိ ဘာလိုအပ်ချက်တွေ ရှိလဲ?

လက်ရှိမှာတော့ I’m the Boss ဆိုတဲ့ ပုံစံမျိုးတွေ နဲ့ စီမံခန့်ခွဲနေကြတာကို တွေ့ကြရမှာပါ။ ဒါကတော့ Position Power ဘက်ကို အလေးသာနေတာဖြစ်ပါတယ်။

✔️ Position Power သည် အုပ်ချုပ်ရေး (Administration) အဓိကထား လုပ်ရတဲ့ ဌာနတွေမှာတော့ ဖြစ်နိုင်ပါတယ်။ ၄င်း ဌာန ရဲ့ ဝန်ထမ်း အများစုက Personal Power အားနည်းကြသူတွေ ဖြစ်ကြပါတယ်။

✔️ Position Power သည် စီမံခန့်ခွဲရေး Management လုပ်သည့် ဌာနတွေ Personal Power အားကောင်း တဲ့ ဌာနတွေ မှာတော့ ရေရှည်မှာ အခက်တွေ့နိုင်ပါတယ်။
___
Be A Leader
(30) Days Challenge
Day (7) – The Power


လူ Vs မူ____ကုမ္ပဏီတွေမှာ ဦးဆောင်သူတွေ လူ နဲ့ မူ ကို ရွေးချယ်ကျတဲ့ အခါ ဟိုလူ ကို မထုတ်ချင်၊ ဒီလူကို ဌာန မပြောင်းခိုင်းချ...
04/08/2024

လူ Vs မူ
____

ကုမ္ပဏီတွေမှာ ဦးဆောင်သူတွေ လူ နဲ့ မူ ကို ရွေးချယ်ကျတဲ့ အခါ ဟိုလူ ကို မထုတ်ချင်၊ ဒီလူကို ဌာန မပြောင်းခိုင်းချင်၊ ရာထူး မတိုးပေးချင်၊ နယ်မပို့ချင်၊ မိမိ အနားမှာပဲ ခေါ်ထားချင် စသဖြင့် လူကို ကြည့်ပြီး ရွေးချယ်ကြပါတယ်။

လူ ကို ကြည့်လိုက်တဲ့ အတွက် ၎င်းတို့ရဲ့ မူဝါဒတွေကို Adjust လုပ်တာတွေ Change တာတွေ လုပ်တော့တာပါပဲ။ အဲ့ဒီလိုလုပ်တဲ့ အခါမှာ ၎င်း ပုဂ္ဂိုလ်‌‌ရေးအရ ရှိစေချင်တဲ့ လူတွေက Comfort Zone ထဲ ရောက်ကုန်ကြပြီး ကုမ္ပဏီ အတွက် လိုအပ်တဲ့ သူတွေက Challenging တွေ ပြန်ဖြစ်ကုန်ကြ Survival ပြန်လုပ်ရ နဲ့ Growth Stage ကို မရောက်ကြတော့ပါဘူး။

ဒါကြောင့်...
မူ ပြောင်းတာလဲ မကောင်းသလို
လူ ဟောင်းတာလဲ မကောင်းပါဘူး။
_____

ဒါဆို လူ နဲ့ မူ ကို ဘယ်လို Change မလဲ ? Adjust လုပ်မလဲ? McKinsey 7S Model ကို တစ်ချက်လေ့လာကြည့်မယ်ဆိုရင်
Ⓐ Hard Elements
❶ Strategy
❷ Structure
❸ System

Hard Elements ဆိုတာ ပြုလွယ် ပြောင်းလွယ် ပြင်လွယ် ရ ခက်ခဲ တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ တစ်ခုခုဆို မူ ကို ပြင် နေတာက မဟုတ်ပါဘူး။ မူဆိုတာ Policy ဟုတ်ပါတယ်။ Policy ဆိုတာ Hard Elements နဲ့ ဆက်နွှယ်ပါတယ်။

လုပ်ငန်း တစ်ခု လုပ်ပြီဆိုရင် ဘယ် ဗျူဟာ သုံးမယ်။ ဘယ် ပုံစံ သွားမယ်။ ဘယ် စနစ် နဲ့ အုပ်ချုပ်မယ်။ ဘယ် မူဝါဒ ကို လက်ကိုင်ထားမယ်။ စသဖြင့် စာရွက် အပေါ်မှာ အလုပ် လုပ်ရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

လက်ရှိ ဦးဆောင်သူတွေကတော့ ဝန်ထမ်းတွေ ခန့်အပ်လို့ မရဘူးဆိုရင် Structure ကို Change/Adjust လုပ်မယ်။ Productive မဖြစ်ဘူး၊ KPI မပြည့်ဘူးဆိုရင် System ကို Change/Adjust လုပ်မယ်။ စတာတွေကို အားသာ ကြပါတယ်။ တစ်ကယ်တော့…. Soft Elements တွေကို Change/Adjust လုပ်ရမှာ ဖြစ်ပါတယ်။
______
ဒါဆို ဘာကြောင့် Hard Elements တွေပဲ Focus ထားနေတာလဲ?
Ⓑ Soft Elements
❹ Shared Values
❺ Style
❻ Staffs
❼ Skills
ဒါကတော့... ကုမ္ပဏီ ရောက်တာ နဲ့ Structure ကို Review လုပ်လိုက်၊ System ကို ဟိုနားလေး ဖြည့်လိုက် ဒီနားလေး ပြင်ချင်လိုက် စတဲ့ စိတ်ဝင်နေတဲ့ HR တွေရဲ့ ပယောဂ လည်း သိပ်မကင်းပါဘူး။ Soft Elements တွေ အားလုံးကတော့ လူ နဲ့ ဆက်နွှယ် နေပါတယ်။
ဝန်ထမ်းတွေ ဘက်က Company ကို
အလုပ် မလုပ်ပဲ ငွေရလွယ်တဲ့ အလှူအိမ်လို မြင်နေလား?
Company ဘက်ကလည်း ငွေ ပေးရင် ဘယ် ဝန်ထမ်းမဆို ခန့်လို့ ရတယ်ဆိုတဲ့ အမြင်တွေ ရှိနေလား? စ တဲ့ ခံစားချက်/အမြင်တွေအပေါ် ဆက်နွှယ်နေတဲ့ Shared Values တွေ။

ဝန်ထမ်းတွေရဲ့ Management Style, Leadership Style တွေ။ ဝန်ထမ်းတွေရဲ့ ပုဂ္ဂိလ်ရေး ခံယူချက်၊ ခံစားချက်တွေ၊
အရည်အချင်း ကျွမ်းကျင်မှုတွေ စတဲ့ ကိစ္စရပ်တွေ ကို သေချာစွာ နားမလည်သေးခင်မှာ အရင် အတွေ့အကြုံအရ ဆိုတဲ့ စကားလုံးတွေ နဲ့ Hard Elements ကို အရင် ကိုင်တွယ်ဖို့ ကြိုးစားကြတာက လူ နဲ့ မူ ကြားမှာ အလွန်ကို အခက်အခဲ ကြုံနိုင်စေပါတယ်။
____

ဒါဆို လူ နဲ့ မူ ဘာ ကို ရွေးချယ်မလဲ? ဘယ်လို ရွေးချယ်မလဲ?
❶ လူ ကို ရွေးချယ်ပါ။ ကုမ္ပဏီ အတွက် လိုအပ်တဲ့ သူကို ရွေးချယ်ပါ။
❷ လူကောင်း နဲ့ လူဟောင်း မှာ လူကောင်း ကို ရွေးချယ်ပါ။ သံယောဇဉ်အတွက် အဖိုးအခ ကို ထိုက်တန်စွာ လျော်ကြေးပေးပါ။
❸ လူ ပြောင်းရင် မူ ပြောင်း ဆိုတဲ့ စကားကို မေ့ပါ။
လူ ကောင်း ရင် မူ ကောင်း တယ် ဆိုတဲ့ စကားကို ယုံကြည်ပါ။
____



Be A Leader
(30)days Challenge
▶️ Day (6)

လူ Vs မူ____ကုမ္ပဏီတွေမှာ ဦးဆောင်သူတွေ လူ နဲ့ မူ ကို ရွေးချယ်ကျတဲ့ အခါ ဟိုလူ ကို မထုတ်ချင်၊ ဒီလူကို ဌာန မပြောင်းခိုင်းချ...
04/08/2024

လူ Vs မူ
____

ကုမ္ပဏီတွေမှာ ဦးဆောင်သူတွေ လူ နဲ့ မူ ကို ရွေးချယ်ကျတဲ့ အခါ ဟိုလူ ကို မထုတ်ချင်၊ ဒီလူကို ဌာန မပြောင်းခိုင်းချင်၊ ရာထူး မတိုးပေးချင်၊ နယ်မပို့ချင်၊ မိမိ အနားမှာပဲ ခေါ်ထားချင် စသဖြင့် လူကို ကြည့်ပြီး ရွေးချယ်ကြပါတယ်။

လူ ကို ကြည့်လိုက်တဲ့ အတွက် ၎င်းတို့ရဲ့ မူဝါဒတွေကို Adjust လုပ်တာတွေ Change တာတွေ လုပ်တော့တာပါပဲ။ အဲ့ဒီလိုလုပ်တဲ့ အခါမှာ ၎င်း ပုဂ္ဂိုလ်‌‌ရေးအရ ရှိစေချင်တဲ့ လူတွေက Comfort Zone ထဲ ရောက်ကုန်ကြပြီး ကုမ္ပဏီ အတွက် လိုအပ်တဲ့ သူတွေက Challenging တွေ ပြန်ဖြစ်ကုန်ကြ Survival ပြန်လုပ်ရ နဲ့ Growth Stage ကို မရောက်ကြတော့ပါဘူး။

ဒါကြောင့်...
မူ ပြောင်းတာလဲ မကောင်းသလို
လူ ဟောင်းတာလဲ မကောင်းပါဘူး။
_____

ဒါဆို လူ နဲ့ မူ ကို ဘယ်လို Change မလဲ ? Adjust လုပ်မလဲ? McKinsey 7S Model ကို တစ်ချက်လေ့လာကြည့်မယ်ဆိုရင်
Ⓐ Hard Elements
❶ Strategy
❷ Structure
❸ System

Hard Elements ဆိုတာ ပြုလွယ် ပြောင်းလွယ် ပြင်လွယ် ရ ခက်ခဲ တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ တစ်ခုခုဆို မူ ကို ပြင် နေတာက မဟုတ်ပါဘူး။ မူဆိုတာ Policy ဟုတ်ပါတယ်။ Policy ဆိုတာ Hard Elements နဲ့ ဆက်နွှယ်ပါတယ်။

လုပ်ငန်း တစ်ခု လုပ်ပြီဆိုရင် ဘယ် ဗျူဟာ သုံးမယ်။ ဘယ် ပုံစံ သွားမယ်။ ဘယ် စနစ် နဲ့ အုပ်ချုပ်မယ်။ ဘယ် မူဝါဒ ကို လက်ကိုင်ထားမယ်။ စသဖြင့် စာရွက် အပေါ်မှာ အလုပ် လုပ်ရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

လက်ရှိ ဦးဆောင်သူတွေကတော့ ဝန်ထမ်းတွေ ခန့်အပ်လို့ မရဘူးဆိုရင် Structure ကို Change/Adjust လုပ်မယ်။ Productive မဖြစ်ဘူး၊ KPI မပြည့်ဘူးဆိုရင် System ကို Change/Adjust လုပ်မယ်။ စတာတွေကို အားသာ ကြပါတယ်။ တစ်ကယ်တော့…. Soft Elements တွေကို Change/Adjust လုပ်ရမှာ ဖြစ်ပါတယ်။
______
ဒါဆို ဘာကြောင့် Hard Elements တွေပဲ Focus ထားနေတာလဲ?
Ⓑ Soft Elements
❹ Shared Values
❺ Style
❻ Staffs
❼ Skills
ဒါကတော့... ကုမ္ပဏီ ရောက်တာ နဲ့ Structure ကို Review လုပ်လိုက်၊ System ကို ဟိုနားလေး ဖြည့်လိုက် ဒီနားလေး ပြင်ချင်လိုက် စတဲ့ စိတ်ဝင်နေတဲ့ HR တွေရဲ့ ပယောဂ လည်း သိပ်မကင်းပါဘူး။ Soft Elements တွေ အားလုံးကတော့ လူ နဲ့ ဆက်နွှယ် နေပါတယ်။
ဝန်ထမ်းတွေ ဘက်က Company ကို
အလုပ် မလုပ်ပဲ ငွေရလွယ်တဲ့ အလှူအိမ်လို မြင်နေလား?
Company ဘက်ကလည်း ငွေ ပေးရင် ဘယ် ဝန်ထမ်းမဆို ခန့်လို့ ရတယ်ဆိုတဲ့ အမြင်တွေ ရှိနေလား? စ တဲ့ ခံစားချက်/အမြင်တွေအပေါ် ဆက်နွှယ်နေတဲ့ Shared Values တွေ။

ဝန်ထမ်းတွေရဲ့ Management Style, Leadership Style တွေ။ ဝန်ထမ်းတွေရဲ့ ပုဂ္ဂိလ်ရေး ခံယူချက်၊ ခံစားချက်တွေ၊
အရည်အချင်း ကျွမ်းကျင်မှုတွေ စတဲ့ ကိစ္စရပ်တွေ ကို သေချာစွာ နားမလည်သေးခင်မှာ အရင် အတွေ့အကြုံအရ ဆိုတဲ့ စကားလုံးတွေ နဲ့ Hard Elements ကို အရင် ကိုင်တွယ်ဖို့ ကြိုးစားကြတာက လူ နဲ့ မူ ကြားမှာ အလွန်ကို အခက်အခဲ ကြုံနိုင်စေပါတယ်။
____

ဒါဆို လူ နဲ့ မူ ဘာ ကို ရွေးချယ်မလဲ? ဘယ်လို ရွေးချယ်မလဲ?
❶ လူ ကို ရွေးချယ်ပါ။ ကုမ္ပဏီ အတွက် လိုအပ်တဲ့ သူကို ရွေးချယ်ပါ။
❷ လူကောင်း နဲ့ လူဟောင်း မှာ လူကောင်း ကို ရွေးချယ်ပါ။ သံယောဇဉ်အတွက် အဖိုးအခ ကို ထိုက်တန်စွာ လျော်ကြေးပေးပါ။
❸ လူ ပြောင်းရင် မူ ပြောင်း ဆိုတဲ့ စကားကို မေ့ပါ။
လူ ကောင်း ရင် မူ ကောင်း တယ် ဆိုတဲ့ စကားကို ယုံကြည်ပါ။
____


Be A Leader
(30)days Challenge
▶️ Day (6) ◀️

Be A Leader(30) Days ChallengeDay (4)Building Relation____ _____ ____ဦးဆောင်သူ ဖြစ်ဖို့ဆိုရင် မမေ့ထားရမှာ တစ်ခုရှိပါတယ်။...
02/08/2024

Be A Leader
(30) Days Challenge
Day (4)
Building Relation
____ _____ ____

ဦးဆောင်သူ ဖြစ်ဖို့ဆိုရင် မမေ့ထားရမှာ တစ်ခုရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုရင် မိမိ နဲ့ Team ကြား မှာ Relation တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ Team တွေက Assignment ပေးတိုင်း ပြီးဆုံးသည် အထိ လုပ်ဆောင်ဖို့ ကိုယ့် စကားကို နားထောင်ဖို့ Common Ground ဖြစ်ဖို့ဆိုတာ Relation တစ်ခုရှိနေမှ ဖြစ်ပါတယ်။
____ ____ ____

ဒါဆို Relation ကို ဘယ်လို တည်ဆောက်မလဲ?
Relation တည်ဆောက်ရာမှာ အဆင့် (၃) ဆင့် ရှိပြီး တည်ဆောက်ရမယ့် ဧရိယာ (၄) မျိုး ရှိပါတယ်။

❶ အဆင့် (၃) ဆင့်
▶️သူစိမ်း အဆင့်
▶️အသိ အဆင့်
▶️ပါတနာ အဆင့်

❷ ဧရိယာ (၄) မျိုး
▶️တာဝန် ခွဲဝေမှု ပုံစံ
▶️သြဇာလွှမ်းမိုးမှု ပုံစံ
▶️လဲလှယ် မျှဝေခြင်း ပုံစံ
▶️စိတ်ဝင်စားမှု၊ အလေးထားမှု ပုံစံ
______ ______

❶ တာဝန် ခွဲဝေမှု ပုံစံ သည်

▶️သူစိမ်း အဆင့် မှာ ဆိုရင် ချမှတ်ရေးသားပြီး ပြတ်ပြတ်သားသား ရှိဖို့ လိုအပ်ပါတယ်။

▶️အသိ အဆင့်ကို ရောက်တဲ့ အခါ ၄င်း၏ တာဝန်များကို လုပ်နိုင် မလုပ်နိုင် စမ်းသပ်စစ်ဆေးရမည် ဖြစ်ပါတယ်။

▶️ပါတနာ အဆင့်ကို ရောက်တဲ့ အခါ ၄င်း မလုပ်နိုင်သည့် အရာများကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းရမည် ဖြစ်ပါတယ်။..........

❷ သြဇာလွှမ်းမိုးမှု ပုံစံ သည်

▶️ သူစိမ်း အဆင့်တွင် မိမိ ဘက်မှပဲ တစ်လမ်းသွား လမ်းညွှန်ခြင်း၊ စေခိုင်းခြင်းတို့ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

▶️အသိ အဆင့်တွင် ၄င်း၏ Feedback များကို ပြန်လည် နားထောင် လက်ခံပေးရမှာ ဖြစ်ပါတယ်။

▶️ ပါတနာ အဆင့်တွင် ၄င်း နှင့် အပြန်အလှန် ဆွေးနွေးတိုင်ပင် အဖြေရှာခြင်းများ၊ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။..

❸ လဲလှယ် မျှဝေခြင်း ပုံစံ

▶️သူစိမ်း အဆင့်တွင် မိမိဘက်မှ မိမိလုပ်ငန်း နှင့် သက်ဆိုင်တဲ့ အချက်အလက်တွေ ဗဟုသုတတွေကို မျှဝေ ပေးရမှာ ဖြစ်ပါတယ်။

▶️အသိ အဆင့်တွင် နှစ်ဦး နှစ်ဖက် လုပ်ငန်း ဗဟုသုတ နှင့် အရည်အသွေးတို့ကို မျှဝေ လှဲလှယ် ပေးရမှာဖြစ်ပါတယ်။ ကိုယ်လုပ်နိုင်တာ ကိုယ်မလုပ်နိုင်တာ သူလုပ်နိုင်တာ မလုပ်နိုင်တာတွေ

▶️ပါတနာ အဆင့်တွင် နှစ်ဦး နှစ်ဖက် လုပ်ငန်း ဗဟုသုတ ၊ အရည်အသွေး နှင့် ကျွမ်းကျင်မှု တို့ကို မျှဝေ လှဲလှယ် ပေးရမှာဖြစ်ပါတယ်။ ပါတနာအဆင့်မှာတော့ (ကျွမ်းကျင်မှု) နှင့် ပက်သက်ပြီး သင်ပေးစရာရှိတာ သင်ပေးပြီး၊ သင်ယူစရာ ရှိတာ သင်ယူ ရမယ့် ပုံစံမျိုးဖြစ်ပါတယ်။..
❹ စိတ်ဝင်စားမှု၊ အလေးထားမှု ပုံစံ

▶️ သူစိမ်း အဆင့်မှာ ဆိုရင် မိမိ အကြောင်း မိမိ စိတ်နေစိတ်ထား စတာတွေ ပြောပေးရပါမယ်။

▶️ အသိ အဆင့်မှာ ဆိုရင် ၄င်းရဲ့ အကြောင်း မိမိ အကြောင်း အပြန်အလှန် ပြောကြားပြီး၊ သေချာစွာ နားထောင်ရပါမယ်။ ၄င်း၏ ခံစားချက်ကိုလည်း ဖြေသိမ့်တာတွေ၊ အကြံပြုတာတွေကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ၄င်းဘက်က မိမိကိုယ် ဖြေသိမ့်ပေးရင်လည်း လက်ခံပေးရမှာ ဖြစ်ပါတယ်။

▶️ပါတနာ အဆင့်မှာ ဆိုရင် Team Members တွေ အားလုံးကို ဖိတ်ခေါ်ပြီး (အသိ)အဆင့် မှာ လုပ်တဲ့ အတိုင်း လုပ်ဆောင်နိုင်ရပါမယ်။
____ ____ ____

အချုပ်အားဖြင့် ပါတနာအဆင့်ကို ခေါင်းဆောင်တိုင်း ရောက်ချင်ကြမှာ အမှန်ပါပဲ။ ဒါဆို ပါတနာ အဆင့်မှာ ဘာလုပ်ရမလဲ? ကျနော် အပေါ်က တင်ပြထားတဲ့ ဧရိယာ (၄)မျိုး အဆင့် (၃)ဆင့် ထဲက နောက်ဆုံးအဆင့် ပါတနာ အဆင့်ကို အတန်းလိုက် ချရေးလိုက်ရင်.... အဖြေရမည်ဖြစ်ပါတယ်။

___ ___ ___

8.2.2024

Address

Kabaraye Pagoda Road
Yangon

Opening Hours

Monday 09:00 - 01:00
Tuesday 09:00 - 01:00
Wednesday 09:00 - 01:00
Thursday 09:00 - 01:00
Friday 09:00 - 01:00

Telephone

+959751115552

Website

Alerts

Be the first to know and let us send you an email when Ahtaratha Careers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ahtaratha Careers:

Share