18/05/2023
Passport အကြောင်း
မြန်မာနိုင်ငံမှာ passport ဘယ်နှစ်မျိုးရှိပါသလဲ
Ans- passport က(၉)မျိုးရှိပါတယ်
Q- passport (၉)မျိုး နာမည် တွေ ပြောပြပါလား
Ans- Passport (၉)မျိုးကတော့
PB,PT,PJ,PR,PS,PE,PV,PD နဲ့ PO ဆိုပြီး ထုတ်ပေးပါတယ်။
၁. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေးသော စာအုပ်အမျိုးအစား
၂. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေးသောစာအုပ်အမျိုးအစား
၃. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေးသော စာအုပ် အမျိုးအစား
၄. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
၅. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသောစာအုပ်အမျိုးအစား
၆. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးစား
၇. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
၈. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်အမျိုအစား
၉. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
Q-ဩဇီမှာ အလုပ်သွားလုပ်ရင် ဘယ်passportလုပ်ရမလဲ
Ans- Job Passport (PJ) လုပ်ရပါမယ်
Q-တစ်ချို့လူတွေက ပြောနေလို့ Visit Passport (PV)နဲ့လည်း လုပ်လို့ရတယ်ပြောလို့ ဟုတ်ပါသလား
Ans- အဲ့ဒါက အခုတော့ မသေချာသေးဘူး၊New Agriculture Visa ထွက်လာမှ သေချာသိပါမယ်။
အများစု ကတော့ Job Passport လုပ်ထားကြပါတယ်။
Q-Job Passport (PJ)လုပ်ရင် ဘာတွေ လိုအပ်ပါသလဲ
Ans-Job Passport အတွက်
ပြည်ပလေဘာကဒ် မူရင်း နဲ့မိတ္ထူ (၂)စုံ
အိမ်ထောင်စု စာရင်း မူရင်းနဲ့မိတ္ထူ (၂)စုံ
နိုင်ငံသားမှတ်ပုံတင် မူရင်း နဲ့ မိတ္တူ(၂)စုံ အပေါ်အောက်
ကုန်ကျစရိတ် (၃၅၀၀၀) လိုအပ်ပါတယ်
Q- ပြည်ပလေဘာကဒ် က ဘယ်မှာ လုပ်ရမလဲ
Ans- ကိုယ်နေထိုင်ရာ မြို့နယ် လေဘာရုံးမှာ လုပ်လို့ရပါတယ်။ရန်ကုန်မှာ Passport လုပ်မယ်ဆိုရင်တော့ ရန်ကင်းလေဘာရုံးမှာလည်း လုပ်လို့ရပါတယ်။