AdNova

AdNova Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AdNova, No. 39(A), 3rd Floor, Taung Wine Road, Near Mawlamyine University, Mawlamyine.

🚨ဝန်ဆောင်ခအခမဲ့ဖြင့် လျှောက်ထားနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများ 🚨အမြန်အလိုရှိနေသော ဝန်ထမ်းများBeauty Salon 💇🏼‍♀️ ဆံပင...
23/02/2024

🚨ဝန်ဆောင်ခအခမဲ့ဖြင့် လျှောက်ထားနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများ 🚨

အမြန်အလိုရှိနေသော ဝန်ထမ်းများ

Beauty Salon 💇🏼‍♀️
ဆံပင် လျှော်၊ ညှပ် ကျွမ်းကျင် (မ - ၂ ဦး)
အခြေခံလစာ + ကော်မရှင် (ညှိနှိုင်း)

Marketing Agency 👩🏻‍💻
Junior Accountant (Female - 2)
Basic Salary + Bonus (Nego)
Computer Basic, LCCI Level 1, 2

----------------------------------------------------------

☎️ 09 740 977 951
🏢 No. 39(A), 3rd Floor, Taung Wine Road, Near Mawlamyine University, Mawlamyine, Myanmar

အလုပ်တစ်ခုမှာ အတွေ့ကြုံများစွာယူပြီးလို့ ရာထူးပိုကောင်းတဲ့ အခွင့်အ‌လမ်းတစ်ခုကို ရှာတော့မယ်ဆိုရင် first impression က အရေး...
18/12/2023

အလုပ်တစ်ခုမှာ အတွေ့ကြုံများစွာယူပြီးလို့ ရာထူးပိုကောင်းတဲ့ အခွင့်အ‌လမ်းတစ်ခုကို ရှာတော့မယ်ဆိုရင် first impression က အရေးကြီးလာပြီဆိုတာ နားလည်ထားစေချင်ပါတယ်...။

Level တူ အခြား Candidate တွေနဲ့ ယှဥ်ပြီးလျှောက်ရတဲ့ အလုပ်ခေါ်စာတစ်ခုအတွက် ကိုယ်ရဲ့ Resume ဟာ အင်တာဗျူးစစ်မဲ့ သူတွေဖို့တော့ first impression ပါပဲ...။

လူချင်း မတွေ့ရသေးခင်မှာ ရေးထားတဲ့ Resume ကို မြင်ရုံနဲ့တင် Interviewer တွေဆီက Impression ကောင်းကောင်း ရထားချင်တယ်ဆိုရင်...

🔹 Job history & experience section

အရင်က ကိုယ်လုပ်ခဲ့ဖူးတဲ့ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ မှန်သမျှကို ဖတ်မဲ့သူ နားလည်ရမခက်အောင် အစဥ်လိုက်စီပြီး တိုတိုနဲ့ လိုရင်းပဲ အချက်လေးတွေခွဲလို့ ရှင်းရှင်းလေးရေးပါ...။

🔹Highlight relevant skills

လျှောက်ထားတဲ့ Job Position ရဲ့ လုပ်ငန်းခွင် operation အပိုင်းမှာ လက်တွေ့အသုံးချပေးနိုင်မဲ့
ကိုယ်တတ်မြောက်ထားပြီးတဲ့ Hard Skills တွေရယ်၊

ကြုံတွေ့ရတတ်တဲ့ ပြဿနာတွေကို အခြေအနေအလိုက် ကိုင်တွယ်ပြီး ပြေလည်အောင် ဆောင်ရွက်တတ်တဲ့ Problems Solving Skill လိုမျိုး ကိုယ့်ဆီမှာရှိတဲ့ လုပ်ငန်းခွင်ကို သွယ်ဝိုက်ပြီးအကျိုးပြုပေးနိုင်တဲ့
Soft Skills တွေရယ် အားလုံးကို ရေးထည့်ဖော်ပြပေးပါ...။

🔹Career snapshot

လျှောက်ထားတဲ့အလုပ်ကို ဘာဖြစ်လို့ရွေးချယ်ဖြစ်ခဲ့တယ်...။ ဒီအလုပ်ရဲ့ သဘောသဘာဝနဲ့ တာဝန်ဝတ္တရားတွေအပေါ် အလေးနက်ထား‌ ဆောင်ရွက်သွားဖို့ အသင့်ရှိနေပြီဆိုတဲ့ အဓိပ္ပါယ်မျိုး ပေါ်လွင်နေစေမဲ့ အလုပ်လျှောက်ရခြင်းရည်ရွယ်ချက် ‘Objective paragraph’ ကိုလည်း Resume ထဲမှာ ထည့်ရေးဖြစ်အောင်
ရေးပေးရပါမယ်...။

ကိုယ့်ထက် လုပ်သက်အတွေ့အကြုံရှိပြီးတဲ့ သူတွေရဲ့ Resume ရေးသားပုံကို ရှာဖွေနမူနာယူပြီးတော့ အခု
မျှဝေပေးသွားတဲ့ အချက်လေးတွေပါ ထပ်ဖြည့်စွက်ရေးသားလိုက်ရင် Impression ကောင်းကောင်းရမဲ့ Resume တစ်စောင်ဖြစ်လာမှာ အသေအချာပါပဲ...။

Upward Job House က ထပ်ပြီး Sharing လုပ်သွားပေးဦးမဲ့ Job Hunting Tips တွေ ဆက်ဖတ်နိုင်အောင် Page ကိုလည်း Like လုပ်ထားဖို့ မမေ့ပါနဲ့...။



Facebook ပေါ်က အလုပ်ခေါ်စာ Job Application Post တွေကို ကြည့်လိုက်ရင် အလုပ်လျှောက်မဲ့သူဘက်က ပို့ပေးဖို့လိုတဲ့ Application...
14/12/2023

Facebook ပေါ်က အလုပ်ခေါ်စာ Job Application Post တွေကို ကြည့်လိုက်ရင် အလုပ်လျှောက်မဲ့သူဘက်က
ပို့ပေးဖို့လိုတဲ့ Application Form ပုံစံနေရာမှာ CV နဲ့ Resume ဆိုပြီး ကွဲနေတာမျိုး တွေ့မိကြမှာပါ...။

ဒီနှစ်ခုကို ရေးရတဲ့ပုံစံချင်းက အတူတူပါပဲ အခေါ်အဝေါ်သာ ကွဲသွားတာနေမှာပါလို့ လူတော်တော်များက နားလည်ထား ကြပါတယ်...။

ကိုယ်ကိုယ်တိုင်လည်း အဲလိုပဲနားလည်ထားတယ်ဆိုရင်တော့ CV Form နဲ့ Resume ကို မတူညီပဲ ကွဲပြားသွားစေတဲ့အချက် ရှိတယ်ဆိုတာ သိထားဖို့ လိုအပ်နေပါပြီ...။

CV ရဲ့ အရှည်ကောက်ကို Curriculum Vitae လို့ ခေါ်ပြီး
လက်တင်ဘာသာစကားထဲက ဝေါဟာရတစ်ခု ဖြစ်ပါတယ်...။ သူ့ရဲ့ အဓိပ္ပါယ်က အင်္ဂလိပ်ဘာသာစကားနဲ့ဆို “course of someone’s life” ဖြစ်ပြီးတော့ မြန်မာလိုဆိုရင် “ကိုယ်ရေးအကျဥ်း” လို့ ဘာသာပြန်ရမှာပါ...။

အဲဒါကြောင့် CV တစ်စောင် ရေးပြီဆိုရင် ကိုယ့်ရဲ့ ပညာအရည်အချင်း၊ ပြီးမြောက်အောင်မြင်ထားတဲ့ သင်တန်းဆင်းလက်မှတ်၊ Volunteering လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ၊ ဝါသနာပါတဲ့ အကြောင်းအရာ အားလုံးကို
ပါအောင်ထည့်ပြီး A4 စာရွက်နဲ့ (၂) မျက်နှာ၊ (၃) မျက်နှာအထိ ပြည့်ပြည့်စုံစုံ ရေးသားပေးရပါမယ်...။ CV ပို့ပေးရတဲ့ အလုပ်ခေါ်စာတွေက အခုမှ လုပ်ငန်းခွင်ထဲကို ဝင်ကြမဲ့ Entry Level သမားတွေ လိုအပ်တာမျိုးဖြစ်တတ်ပါတယ်...။

Resume ဆိုတာက ပြင်သစ်ဘာသာစကားရဲ့ ဝေါဟာရပါ...။ သူ့ရဲ့ အဓိပ္ပါယ်ကို အင်္ဂလိပ်လို ‘Summary’ လို့ခေါ်ပြီး မြန်မာလိုဆိုရင် ‘အနှစ်ချုပ်’ ဖြစ်ပါတယ်...။ များ‌သောအားဖြင့် Resume ပို့ပေးရတဲ့ အလုပ်တွေက လုပ်သက်အတွေ့အကြုံရှိပြီးသား လူမျိုးကို လိုအပ်တာပါ...။

အဲဒါကြောင့် Resume တစ်စောင်ရေးတဲ့အခါ ကိုယ်လျှောက်မဲ့ရာထူးနဲ့ ပတ်သက်ပြီး အရင်ကလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ၊ တာဝန်ယူခဲ့ရတဲ့ အပိုင်းနဲ့ ‌အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ Achievement တွေကိုပို ဦးစားပေးပြီး A4 (၁) မျက်နှာ၊ (၂) မျက်နှာအတွင်းပဲ ရေးပေးရတာ ဖြစ်ပါတယ်...။

အခုလိုမျိုး သိလိုက်ရပြီဆိုတော့ CV နဲ့ Resume ကြားက
ကွာခြားချက်ကို နားလည်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။

နောက်လည်း Career Development ပိုင်းနဲ့ ပတ်သက်တဲ့
ဗဟုသုတရစရာလေးတွေ မျှဝေပေးသွားဦးမှာမို့ Upward Job House P‌age ကို Like & Follow
လုပ်ထားဖို့ မမေ့ပါနဲ့ ခင်ဗျာ...။



Address

No. 39(A), 3rd Floor, Taung Wine Road, Near Mawlamyine University
Mawlamyine
12011

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Website

Alerts

Be the first to know and let us send you an email when AdNova posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share