Hnin Ei Ko

Hnin Ei Ko Ye Ko Oo

26/01/2023

1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ်စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဉ်(သစ်မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဉ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဉ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ်စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ်စတစ်ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက်
136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ
143.Slow setting cement -အအိပ်နှေးဘိလပ်မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်မြေ
145. Reinforcement rod -အားကူသံချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - အောက်ခံကျောက်များ
151. base line -အခြေခံမျဉ်း
152. base plate -တိုင်အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်ခြေ
155. bedding plate- ခံဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်ကျောက်
158.cement motar -ဘိလပ်မြေသရွတ်
159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -ရေစစ်ကန်
172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -ရောစာနု
174. flag stone -ကျောက်ပြား
175. fl**ge -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -လှေကားပြေး
178. Gypsum -ဂျစ်ပဆန်ကျောက်
179. Precast -ကြိုတင်သွန်းလောင်းခြင်း
180. rain water pipe -မိုးရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -ရေဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -ရေစုကန်
185. spill way -ရေပိုလွှဲ
186. surplus works -ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်ရေလွှဲပိုက်
188. waste weir -ရေလွှဲဆည်
189. water seal -​ေရခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -လေထွက်ပိုက်
192. filter bed -ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ကျောက်ပြား
195. sun shade -နေကာမိုး
196. super -structure အထက်ပိုင်းအဆောက်အအုံ
197. support beam -ထောက်ရက်မ
198. surveying -မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်

# Credit #
Hnin Ei Ko Construction.
📞📞📞09 942 361 090
☎☎☎09 251 250 255

21/01/2023

(21.1.2023)ယနေ့ နံနက်တွင် (110)JLM ဆိုင်ကယ်တစ်စီး မောင်မင်းကြီးသား အချောင်သမားများအား အလှူပေးလိုက်ပါသည်။ နတ်လူ သာဓုခေါ်စေသော်😅😅😅😅

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်တော့မယ်ဆိုရင် အခြေခံအားဖြင့် ဒီအချက်တွေကို  သိထားဖို့ လိုအပ်ပါတယ်။မြေကျင်းတူးပု...
17/01/2023

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်တော့မယ်ဆိုရင် အခြေခံအားဖြင့် ဒီအချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။

မြေကျင်းတူးပုံ
~~~~~~~~~~
မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ(သို့မဟုတ်) ၃ပေအကွာတွင် မြေကြီးကို ပုံထားရပါမည်၊ မြေကြီး ပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မခန့် အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်း၍ ဒင်ဖြင့်ဆောင့်ကာ လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင်ရွက်ပေးရပါမည်။

ပတ်တန်းရိုက်ပုံ
~~~~~~~~~~~
အဆောက်အဦး အတွက် ပတ်တန်းရိုက်သည့်အခါ မြေအဝင် ၃ပေ (သို့မဟုတ်) ၄ပေခန့် ဝင်အောင်ရိုက်ထားသင့်ပါသည်၊ သို့မှသာလျှင် တောင့်တင်းခိုင်မာသော ပတ်တန်းတိုင်ကို ရရှိမည်ဖြစ်ပါသည်။

ကျင်တွယ်ဖမ်းပုံ
~~~~~~~~~~~
အဆောက်အဦးတွင် ကျင်တွယ် ဖမ်းသည့်အခါ အဆောက်အဦး တစ်ခု၏ သုံးချိုးတစ်ချိုးတွင် ဖမ်းရပါမည်၊ ကျင်တွယ် ဖမ်းနည်း သုံးမျိုးရှိပါသည်၊ သာဓက (၃၊၄၊၅), (၆၊၈၊၁၀), (၁၅ ၊၂၀၊၂၅) တို့ဖြစ်ပါသည်။

အုတ်မစီခင်
~~~~~~~~
အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်၊ (သို့မဟုတ်) အုတ်ကို ရေဝအောင် လောင်းပေးရပါမည်။

Slab လောင်းသည့်အခါ
~~~~~~~~~~~~~~~~
(၇)ပေ အမြင့် (သို့) (၇)ပေထက် ကျော်သော Slabဆိုလျှင် အနည်းဆုံး (၁၀) ရက်ထားပြီးမှ ဖြုတ်ရပါမည်။

Slab လောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အပေါ် မည်သည့် ဝန်မျှ မတင်ရပါ။

Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့် အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိပါသည်။

ရေအသုံးပြုပုံ
~~~~~~~~~~
သောက်ရေကို ကွန်ကရစ် လုပ်ငန်း၌ အသုံးပြုရန် သင့်တော်ပါသည်၊ ငန်ပျပျ အရသာရှိသော ရေသည် ကွန်ကရစ် လုပ်ငန်း၌ သုံးရန် မသင့်သော ရေဖြစ်ပါသည်၊ သံကူကွန်ကရစ်များ အတွက် ပင်လယ်ရေကို မသုံးသင့်ပါ၊ အက်ဆစ် အနည်းငယ် ပါဝင်သော သဘာဝရေသည် ကွန်ကရစ် လုပ်ငန်းများတွင် သုံးနိုင်သော ရေဖြစ်ပါသည်၊ ရေ၌ ဆာလဖိတ်ဓာတ် (၀.၅) ရာခိုင်နှုန်း ပါဝင်လျှင် ကွန်ကရစ်၏ ဝန်ခံနိုင်အား (၄) ရာခိုင်နှုန်း ကျဆင်းနိုင်ပါသည်၊ ထို့အတူ ရေ၌ ရိုးရိုးဆား (၅) ရာခိုင်နှုန်းခန့် ပါဝင်လျှင် ကွန်ကရစ်၏ ဝန်ခံနိုင်အား (၃၀) ရာခိုင်နှုန်းခန့် ကျဆင်းမည် ဖြစ်ပါသည်။

အုတ်စီလုပ်ငန်း ပြီးဆုံးသွားလျှင်
~~~~~~~~~~~~~~~~~~~~~~
အုတ်စီလုပ်ငန်း ပြီးစီးသွားသည့်အခါ တစ်နေ့လျှင် (၃) ကြိမ်နှုန်းဖြင့် (၇) ရက်တိတိ ရေဖြန်းပေးရမည် ဖြစ်ပါသည်။

အုတ်စီနံရံ အမြင့်အား တစ်နေ့လျှင် (၃) ပေ အထိသာ စီရန်သင့်တော်ပြီး D.P.C (Damp Proof Course) ကျောက်လောင်းထားလျှင် ပိုကောင်းပါသည်။

ဝါးငြမ်းဆင်သည့်အခါ
~~~~~~~~~~~~~~~~
ဝါးငြမ်းများ ဆင်သည့်အခါတွင် အဆောက်အဦး အပြင်နံရံမှ (၃) ပေအကွာတွင် တိုင်ထောင်သင့်ပါသည်၊ ဝါးလုံးတစ်လုံးနှင့် တစ်လုံးကြား (၂) ပေခွဲခန့် ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ပိုမို ရရှိစေနိုင်ပါသည်။

တံခါးရွက်ဆင်သည့်အခါ
~~~~~~~~~~~~~~~~~
အဆောက်အဦး တစ်ခုလုံးတွင် အခြားသော လုပ်ငန်းများ ပြီးစီးသည့် အခါကြမှသာလျှင် တံခါးရွက်များကို တပ်ဆင်ရပါမည်။

ဆေးကတ္တရာသုတ်ပုံ
~~~~~~~~~~~~~~
အုတ်ရိုးနှင့် ထိတွေ့မည့် သစ်သား မျက်နှာပြင်များ အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားပေးရပါမည်။

တံခါးအချိုးအစားတွက်နည်း
~~~~~~~~~~~~~~~~~~~~
တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ (၁/၄+၄ပေ၆လက်မ) ခန့်ရှိရမည် ဖြစ်ပါသည်၊ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄) ပေခန့် လျော့နည်းရပါမည်။

လှေကားပြုလုပ်ပုံ
~~~~~~~~~~~~
လှေကား ပြုလုပ်ရာတွင် ရှေးအယူအဆအရ လှေကားထစ် အရေအတွက်များကို "ရာဇ'' ၊ "မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူကြရာ ''မရဏ''ကျသည့် လှေကားထစ်များကို ရှောင်ကျဉ်ရမည် ဖြစ်ပါသည်။

ဥပမာ - ရာဇ ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ ၃၊ ၆ ၊ ၉ ၊ ၁၂

အထက်ပါနည်းအရ ''မရဏ'' ကျသည့် လှေကားထစ်များ ဖြစ်သော ၂ ၊ ၅ ၊ ၈၊ ၁၁ တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များ ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်၊ လှေခါး Landing သည် ခြေနင်း အလျားထက် ပိုကျယ်ရမည်ဖြစ်ပါသည်။

အချောမကိုင်မှီ
~~~~~~~~~~~
နံရံမချောမီ အုတ်နံရံကို ရေလောင်းပေးပါ၊ အုတ်နံရံတွင် ကျောက်ထုပ်များ ရှိပါက Spot ရိုက်ပေးပါ (ဗြုတ်ထအောင် ဘိလပ်မြေ အရည်ဖျော်၍
တစ်ရက်ကြိုပြီး ရိုက်ထားပေးပါက လေခိုခြင်းကင်းဝေးပါမည် ဖြစ်ပါသည်) နံရံချောပြီးသည့် နေ့မှစ၍ ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

ဆေးသုပ်သည့်အခါ
~~~~~~~~~~~~~~
ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေး ကောင်းစွာခြောက်မှသာလျှင် နောက်တစ်ထပ်ကို သုတ်ရမည် ဖြစ်ပါသည်၊ သုတ်ဆေးကို အသုံးမပြုသေးပါက “လေ” လုံအောင် ပိတ်ပေးထားရပါမည်၊ ရောစပ်ပြီး မွှေထားသော သုတ်ဆေးများ တစ်ဝက်တစ်ပျက်
ပုံးထဲတွင် ကျန်ရှိနေလျှင် သုတ်ဆေးအပေါ်မှ
ရေထပ်ဖြည့်ထားပေးရပါမည်။

Concrete မလောင်းခင်
~~~~~~~~~~~~~~~~
မြေကြီးကျင်းထဲသို့ Concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရပါမည်၊ Concrete လောင်းရာတွင် သုံးပေထက်မြင့်သောအမြင့်မှ တိုက်ရိုက်လောင်းချခြင်း မပြုလုပ်ရပါ၊ Concrete လောင်းချိန် Vi****or အသုံးပြုရာတွင် Rod တံကို တည့်မတ်စွာ ထိုးရပါမည်။

Rod တံကို ပြန်ထုတ်သည့်အခါ Rod တံထိုးသည့်နေရာကို ကွန်ကရစ် အစားဝင်နိုင်ရန် သတိပြုရပါမည်၊ Rod တံ ထိုးထည့်ထားရမည့် အချိန်မှာ တစ်နေရာလျှင် အနည်းဆုံး (၁၅) စက္ကန့်မှ အများဆုံး (၂၅) စက္ကန့် ဖြစ်ပါသည်၊ (၂၅) စက္ကန့် ထက် မကျော်ရပါ။

Rod တံကို တစ်နေရာထဲတွင် အချိန်ကြာကြာ ထိုးစိုက်ထားလျှင် ကွန်ကရစ်များ မာကြောခြင်း ဖြစ်တတ်ပါသည်၊ Rod တံကို ကိုင်တွယ် အသုံးပြုသူသည် အတွေ့အကြုံရှိပြီး ကျွမ်းကျင်၊ နားလည်သူ ဖြစ်ရမည်။

ကွန်ကရစ် လောင်းပြီးသည့် အခါတွင် ရေကို အနည်းဆုံး တစ်နေ့လျှင် သုံးကြိမ်ခန့် လောင်းပေးသင့်ပါသည်။

RC Column တိုင်လောင်းပုံ
~~~~~~~~~~~~~~~~~~
Concrete RC Column တိုင် လောင်းရာတွင် တစ်နေ့လျှင် (12') ပေအမြင့် အထိသာ လောင်းသင့်ပါသည်။

အမိုးသွပ်မိုးသည့်အခါ
~~~~~~~~~~~~~~~~
အမိုးသွပ်မိုးသည့်အခါ တစ်ချပ်နှင့် တစ်ချပ် ထပ်သည့် သွပ်ကို နှစ်တွန့်တိတိ ထပ်ပြီး မိုးပေးရပါမည်၊ သွပ်ထိပ်ခြင်း ဆက်သည့်အခါ အနည်းဆုံး ခြောက်လက်မခန့် ထပ်မိုးသင့်ပါသည်။

==================

အိမ်ဆောက်ဖို့ စဉ်းစားနေပါသလား မိတ်ဆွေ⁉️

သင့်ရဲ့ အိမ်ကလေးကို 𝗣𝗲𝗿𝗳𝗲𝗰𝘁𝗹𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 ဖြစ်နေစေဖို့ အတွက် ကျနော်တို့ မှ တာဝန်ယူပြီးဆောက်လုပ်ပေးပါရစေ🙋‍♀️🙋‍♂️

ခေါတ်မီလှပတဲ့ အနာဂတ် အိမ်ကလေး အတွက်
📞📞📞09 942361090
📞📞📞09251250255

03/01/2023

Sir U Tun Tun Oo ရေးသားသည်

လှေကားနှင့်ပါတ်သက်သောအခေါ်အဝေါ်များ
( Parts Of a Staircase )

(၁) ( TREAD )
ခြေနင်း၍တက်ရန်တတ်ဆင်ထားသော
လှေကားထစ်ကိုခေါ်သည်၊လှေကားထစ်တစ်
ခု၏အထူမှာ ၁" မှ ၁/၂" ထိရှိသည်၊

(၂) ( RISE )
လှေကားထစ်နှစ်ခုအကြားရှိအမြင့်ကို
( RISE ) ဟုခေါ်သည်၊

(၃) ( RISER )
အပေါ်လှေကားထစ်၏အရှေ့ထိပ်နှင့်အောက်လှေကားထစ်၏နောက်ဘက်ထိပ်ကြား
တွင်ဖြစ်ပေါ်နေသောကွက်လပ်ကိုပိတ်ရန်တတ်ဆင်ထားသောပျဥ်ပြားကို ( RISER )ဟုခေါ်
သည်၊

(၄) ( NOSE )
လှေကားထစ်များ၏ထိပ်ကို (NOSE)ဟု
ခေါ်သည်၊ ထိုထိပ်များကိုဖြောင့်တန်းစွာဆက်သွယ်ထားသောမျဥ်းကို Nosing Line ဟု
ခေါ်သည်၊

(၅) ( CHAMBER )
လှေကားများထားရှိရန်သီးသန့်ပြုလုပ်ထားသောအခန်းကိုခေါ်ပါသည်၊

(၆) ( GOING )
လှေကားထစ်၏နောက်ပိတ်နှစ်ခုအတွင်းရှိ
အကွာအဝေးကိုခေါ်သည်၊

(၇) ( STEPS OR FLIER )
ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိသောလှေကား
ထစ်များကိုခေါ်သည်၊

(၈) ( WINDER )
ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိသောလှေကား
ထစ်များဖြင့်တပ်ဆင်မရသောနေရာများ၌
တဘက်ရှူးလှေကားများကိုအသုံးပြုရလေသည်၊၄င်းကို Winder ဟုခေါ်သည်၊
နှစ်ဘက်ရှူးလှေကားများကို Kite Winder
ဟုခေါ်သည်၊
၄င်းအပြင်မလွဲမရှောင်သာ၍အချို့သောလှေကားထစ်များကိုအလိုက်သင့်ပြုလုပ်ပေးရလေသည်၊ ဤကဲ့သို့အချိုးကျမဟုတ်သောလှေကားထစ်များကို Balance Step ဟုခေါ်သည်၊

(၉) ( FLIGHT )
ကြမ်းပြင်မှ ၈ ပေထက်မမြင့်ရဘဲလှေကား
ထစ်ပေါင်း (၁၅ ) ထစ်ထက်ပိုမို၍မပါသောအပြေးတက်လှေကားကိုခေါ်သည်၊

(၁၀) ( LANDING )
ကြမ်းပြင်နှစ်ခု၏အကြားရှိလှေကားထိပ်
များစိုက်ရောက်ရန်ပြုလုပ်ထားသောလှေကား
ခုံကိုခေါ်သည်၊၄င်းကိုခွေးအိပ်(သို့) ဘိနပ်ချွတ်
ဟုလည်းခေါ်သည်၊

(၁၁) ( 1/4 SPACE LANDING &
1/4 TURN STAIR )
အပေါ်သို့တက်၍သွားစဥ်လက်ယာဘက်
(သို့)လက်ဝဲဘက်သို့တစ်ကြိမ်လှည့်၍တက်ရသောတစ်ဆစ်ချိုးတက်ရသောလှေကားနှင့်
လှေကားခုံကိုခေါ်သည်၊

(၁၂) ( 1/2 TURN STAIR )
အပေါ်သို့တက်သွားစဥ်လက်ယာဘက်သို့
၄င်း၊လက်ဝဲဘက်သို့၄င်း၊နှစ်ကြိမ်လှည့်၍တက်
ရသောလှေကားကိုခေါ်သည်၊

(၁၃) ( 3/4 TURN STAIR )
အပေါ်သို့တက်၍သွားစဥ်လက်ယာဘက်
သို့၄င်း၊လက်ဝဲဘက်သို့၄င်း၊ ၃ ကြိမ်လှည့်၍
တက်ရသောလှေကားကိုခေါ်သည်၊

(၁၄) ( GEOMETRICAL STAIR )
စက်ဝိုင်းပြတ် (သို့) Ellipse - ပုံပြုလုပ်
ထားသောလှေကားမျိုးဖြစ်သည်၊

(၁၅) ( OPEN NEWEL STAIR)
လက်ရမ်းများဖြင့်ပတ်ပတ်လည်ကာရံထားပြီးအလယ်တွင်ကွက်လပ်ဖြစ်ပေါ်နေသော
လှေကားမျိုးဖြစ်သည်၊

(၁၆) (SOLID NEWEL STAIR )
ဗဟိုတွင်ရှိသည့်တိုင်မှလှေကားထစ်များ
ဖြာထွက်လာသောလှေကားမျိုးဖြစ်သည်၊
ဥပမာ- ကြောင်လိမ်လှေကား

(၁၇) ( CURTAIL OR SCROU STEPS)
အောက်ဆုံးလှေကားထစ်များ၏ထိပ်ကို
စက်ဝိုင်းခြမ်းပုံပြုလုပ်ထားခြင်းဖြစ်သည်၊
အကယ်၍ထိပ်တစ်ခြမ်းကိုပိုင်းထားလျှင်
BULL LOSS STEP ဟုခေါ်သည်၊

(၁၈) ( NEWEL POST )
လက်ရမ်း၏အစွန်းနှစ်ဘက်တပ်ဆင်ထား
နိုင်ရန်ပြုလုပ်ထားသော ၄"×၄" အရွယ်ရှိလက်ရမ်းတိုင်များကိုခေါ်ပါသည်၊
ဤတိုင်များ၏ထိပ်ကိုပုံစံအမျိုးမျိုးဖေါ်၍
ပြုလုပ်ထားလေ့ရှိသည်၊

(၁၉) ( SOFFIT )
လှေကား၏စောင်းလျှက်ရှိသောအောက်ဘက်မျက်နှာပြင်ကိုခေါ်သည်၊

(၂၀) ( BOX )
လှေကား၏မျက်နှာပြင်အစောင်းနှင့်ကြမ်းခင်း၏အကြားတွင်ဖြစ်ပေါ်လျှက်ရှိသော
ကွက်လပ်နှင့်လှေကားခုံကိုပါအခန်းငယ်တစ်ခု
ဖြစ်အောင်ပြုလုပ်ထားခြင်းကို BOX ဟုခေါ်
သည်၊

(၂၁) ( HAND RAIL )
လှေကားဆင်း/တက်ရာတွင်ကိုင်တွယ်ရန်တပ်ဆင်ထားသောလက်တန်းကိုခေါ်သည်၊
တည့်မတ်စွာစိုက်ထူထားသောလက်ရမ်းတိုင်ကလေးများကို Bluster ဟူ၍ခေါ်ပါသည်၊

(၂၂) ( STRINGER )
လှေကားထစ်များ၏အစွန်းနှစ်ဘက်ကို
တင်ထားနိုင်ရန်ပြုလုပ်ထားသောဘောင်တန်း
များကိုခေါ်ပါသည်၊
အချို့လှေကားဘောင်တို့သည်လှေကားထစ်များတင်ထားနိုင်ရန်လွှသွားကဲသို့လှီးဖြတ်ပေး
ရပါသည်၊ဤကဲ့သို့သောလှေကားဘောင်များ
ကို Cut String ဟုခေါ်သည်၊

(လေ့လာမိရာအဖြာဖြာ)
U T T O

#မူရင်းလင့်

https://www.facebook.com/100009722949810/posts/1697546270579455/

Hnin Ei Ko
General Service
09 251 250 255

03/01/2023

𝗥𝗖 ရဲ့ အရှည်ကောက်ဟာ 𝗥𝗲𝗶𝗻𝗳𝗼𝗿𝗰𝗲𝗱 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲 ဖြစ်ပြီး မြန်မာလို သံကူအားဖြည့်ကွန်ကရစ်လို့ သုံးနှုန်းတာ တွေ့ဖူးပါတယ်။ ကွန်ကရစ်ထဲမှာ သံမဏိချောင်းတွေ ထည့်သွင်းသွန်းလောင်းတဲ့ ကွန်ကရစ်အမျိုးအစားလို့ အဓိပ္ပာယ်ရပါတယ်။

ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာကတည်းက ရောမလူမျိုးတွေဟာ Vesuvius မီးတောင်ကရတဲ့မီးတောင်ပြာနဲ့ ဖောက်ထုံးနဲ့ရောပြီး Pozzolana လို့ခေါ်တဲ့ အင်္ဂတေတစ်မျိုးကို အဆောက်အဦးတွေဆောက်လုပ်ရာမှာ အသုံးပြုခဲ့တယ်လို့ အထောက်အထားတွေအရ တွေ့ရှိရပါတယ်။

အင်္ဂတေကို အဆောက်အဦးဆောက်လုပ်ရာမှာ သမိုင်းတစ်လျှောက် ပုံစံအမျိုးမျိုးနဲ့ အသုံးပြုခဲ့ကြပါတယ်။ နှစ်ကာလကြာလာတာနဲ့အမျှ အင်္ဂတေသွန်းလုပ်တဲ့နည်းစနစ်တွေ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့ပေမယ့် အားနည်းချက်တစ်ခုကတော့ရှိနေပါသေးတယ်။ အဲဒါကတော့ အင်္ဂတေဟာ ဖိနှိပ်ခံနိုင်အား (Compression Strength) အလွန်ကောင်းပေမယ့် ဆွဲဆန့်ခံနိုင်အား (Tensile Strength) အလွန်နည်းပါးခြင်းပါပဲ။ ဆိုလိုတာကတော့ အင်္ဂတေတုံးတစ်တုံးကို အားနဲ့ဖိနှိပ်ချမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ မကွဲမကြေနိုင်ပေမယ့် သားရေပင်လိုဆွဲဆန့်လိုက်ရင်တော့ အလွယ်တကူကြေမွပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အင်္ဂတေလောင်းတဲ့အချိန်မှာ စတီးချောင်းလို Tensile Strength ကောင်းတဲ့အရာတစ်ခုကို ထည့်သွင်းတည်ဆောက်လာကြပါတယ်။ ဘာအားသာချက်ရသလဲဆိုတော့ ကွန်ကရစ်ရဲ့ အားသာချက်ဖြစ်တဲ့ Compression Strength နဲ့ စတီးရဲ့အားသာချက်ဖြစ်တဲ့ Tensile Strength နှစ်ခုစလုံးကို ပေါင်းစည်းပေးလိုက်သလိုဖြစ်သွားပါတော့တယ်။

𝗥𝗖 ကို ပထမဦးဆုံးစတင်တည်ဆောက်ခဲ့တာကတော့ Jean-Louis Lambot ပဲဖြစ်ပါတယ်။ Lambot ဟာ သူ့ရဲ့ ကွန်ကရစ်လှေငယ်လေးတွေတည်ဆောက်ရာမှာ ခံနိုင်ရည်အားပိုမိုကောင်းမွန်စေဖို့ သံချောင်းတွေ၊ သံဇကာတွေ ထည့်သွင်းတည်ဆောက်ခဲ့တယ်လို့ အထောက်အထားတွေအရတွေ့ရှိရပါတယ်။ သူကတော့ သမိုင်းမှာ 𝗥𝗖 ကို ပထမဆုံး တည်ဆောက်အသုံးပြုခဲ့သူလို့ အမည်တွင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နာမည်က သိပ်မတွင်ကျယ်ခဲ့ပါဘူး။ 𝗥𝗖 ကို အဆောက်အဦးတည်ဆောက်ရာမှာ ပထမဦးဆုံး စတင်အသုံးပြုခဲ့သူကတော့ ပြင်သစ်လူမျိုး François Coignet ပါပဲ။ အထောက်အထားတွေနဲ့ စွယ်စုံကျမ်းတွေမှာ Coignet ရဲ့နာမည်ကသာ ပိုပြီးအရာတွင်ခဲ့ပါတယ်။ ဒါပေမယ့် သူလည်း 𝗥𝗖 ရဲ့ အသုံးဝင်ပုံ၊ အားသာချက်တွေကိုသိလို့ဆိုတာထက် ပါရီမြို့ Charles Michles အရပ် ခြံအမှတ် ၇၂ မှာ သူဆောက်နေတဲ့ လေးထပ်တိုက်ကလေး ပုံမပျက်သွားအောင်ဆိုပြီးတော့ ကွန်ကရစ်ထဲ စတီးချောင်းတွေ ထည့်သွင်းတည်ဆောက်ရာက 𝗥𝗖 သမိုင်းအစပြုခဲ့တာပဲဖြစ်ပါတယ်။

၁၈၅၄ ခုနှစ်မှာ အင်္ဂလိပ်ဆောက်လုပ်ရေးသမား William B. Wilkinson က ကွန်ကရစ်ရဲ့ Compression Strength အားသာချက်နဲ့ Steel ရဲ့ Tensile Strength အားသာချက်နှစ်ခုကိုပေါင်းစည်းဖို့ရည်ရွယ်ချက်နဲ့ 𝗥𝗖 ကို ပထမဆုံးစတင်အသုံးပြုခဲ့ပါတယ်။ Coignet က ၁၈၅၃ မှာ ဆောက်လုပ်ခဲ့တာဖြစ်လို့ Wilkinson ထက် တစ်နှစ်စောပါတယ်။ အဲဒီကနေစပြီးတော့ Steel ထုတ်လုပ်တဲ့နည်းပညာတွေ အဆင့်မြင့်လာသလို 𝗥𝗖 တွေလည်း ပိုမိုအဆင့်မြင့်လာကြတာ ဒီနေ့အထိပါပဲ။


#ဗဟုသုတ

အလုပ်အကိုင် တစ်ခုအတွက်ရှာဖေွကြိုးပမ်း​သူ များအတွက် ွ ♥♥♥အလုပ်အမြန်ဆုံး ရရှိစေရန် အတွက် အထူးအခွင့်အလမ်း အဖြစ်♥♥♥စက်ချုပ် ...
21/11/2022

အလုပ်အကိုင် တစ်ခုအတွက်ရှာဖေွကြိုးပမ်း​သူ များအတွက် ွ
♥♥♥အလုပ်အမြန်ဆုံး ရရှိစေရန် အတွက် အထူးအခွင့်အလမ်း အဖြစ်♥♥♥

စက်ချုပ် ကျွမ်းကျင် မိန်းကလေး=(90)ဦး
စက်ချုပ်အသင် မိန်းကလေး=(50)ဦး
စက်ပြင် ကျား=(10)ဦး
စက်ချုပ်စူပါ=(7)ယောက်
စက်ချုပ် အောစူပါ=(3)ယောက်
CV Form Vr no 09942361090
ပေးပို့လျောက်ထားနိုင်ပါတယ်။

ဆက်သွယ်ရန်... ၀၉၉၄၂၃၆၁၀၉၀
မြောင်းတကာကျေးရွာ၊မှော်ဘီမြို့နယ်။
Hnin Ei Ko Agency

♥♥သင်တန်းသားများခေါ်ယူခြင်း♥♥♥♥♥သင်တန်း ပြီးပါက အလုပ်ရရှိသည်အထိ ဆောင်ရွက်ပေးမည်။♥♥♥ စက်ချုပ်သင်တန်းသား/သူ(20)ဦးသင်တန်းက...
18/11/2022

♥♥သင်တန်းသားများခေါ်ယူခြင်း♥♥
♥♥♥သင်တန်း ပြီးပါက အလုပ်ရရှိသည်အထိ ဆောင်ရွက်ပေးမည်။♥♥♥
စက်ချုပ်သင်တန်းသား/သူ(20)ဦး
သင်တန်းကြေး=(30000)/ကျပ်
သင်တန်းကာလ=(7)ရက်
သင်ကြားမည့်စက်များ=အိုဗာလော့၊ကင်း၊ဆင်းဂါး
ဘာသာရပ်များ=စက်ရုံချုပ်နည်းလမ်းများအတိုင်းပွိုင့်စုံ သင်ကြားမည်။ QCစိတ်ဝင်စားသူများကိုလည်း အခမဲ့ထပ်လောင်းသင်ကြားပေးမည်။
စက်အမျိုးအစားစုံလင်စွာဖြင့် ကျွမ်းကျင်​ေသာSuper All Super သင်တန်းမှူးများဖြင့်သင်ကြားပေးလျက်ရှိပါသည်။
မှတ်ချက်။ အလုပ်ရရှိအောင် ကူညီပေးမည်။
သင်တန်းတည်နေရာ=မှောဘီမြို့နယ် မြောငးတကာစံပြကျေးရွာ။မြောင်းတကာ စျေး။
♥♥♥ဆက်သွယ်ရန် ဖုန်းနံပါတ်=09942361090

ကဲ အလုပ်အတွက်စိတ်ညစ် စိတ်ပူနေသော အကိုအမ ညီ ညီမ များ ဘာများတွေဝေနေသေးလဲ ဒီလိုပြည့်စုံပြီး သင်တန်းကြေးသင့်တဲ့ တသက်တာအာမခံပညာ ရဖို့ အကိုတို့ သင်တန်းကို အမြန်သာလှမ်းခဲ့လိုက်တော့နော်။
​ေဩာ် ပြောဖို့မေ့နေတာ နယ်ကလူတွေအတွက်လည်း နေဖို့အတွက် အဆောင်လည်း အဆောင်သက်သက်သာနဲ့ကူညီ ငှားရမ်းပေးတယ်နော်

16/11/2022

သင်တန်းသားများခေါ်ယူခြင်း

စက်ချုပ်သင်တန်းသား/သူ(20)ဦး
သင်တန်းကြေး=(30000)/ကျပ်
သင်တန်းကာလ=(7)ရက်
သင်ကြားမည့်စက်များ=အိုဗာလော့၊ကင်း၊ဆင်းဂါး
ဘာသာရပ်များ=စက်ရုံချုပ်နည်းလမ်းများအတိုင်းပွိုင့်စုံ သင်ကြားမည်။ QCစိတ်ဝင်စားသူများကိုလည်း အခမဲ့ထပ်လောင်းသင်ကြားပေးမည်။
စက်အမျိုးအစားစုံလင်စွာဖြင့် ကျွမ်းကျင်​ေသာSuper All Super သင်တန်းမှူးများဖြင့်သင်ကြားပေးလျက်ရှိပါသည်။
မှတ်ချက်။ အလုပ်ရရှိအောင် ကူညီပေးမည်။
သင်တန်းတည်နေရာ=မှောဘီမြို့နယ် မြောငးတကာစံပြကျေးရွာ။မြောင်းတကာ စျေး။
ဆက်သွယ်ရန် ဖုန်းနံပါတ်=09942361090

ကဲ အလုပ်အတွက်စိတ်ညစ် စိတ်ပူနေသော အကိုအမ ညီ ညီမ များ ဘာများတွေဝေနေသေးလဲ ဒီလိုပြည့်စုံပြီး သင်တန်းကြေးသင့်တဲ့ တသက်တာအာမခံပညာ ရဖို့ အကိုတို့ သင်တန်းကို အမြန်သာလှမ်းခဲ့လိုက်တော့နော်။
​ေဩာ် ပြောဖို့မေ့နေတာ နယ်ကလူတွေအတွက်လည်း နေဖို့အတွက် အဆောင်လည်း အဆောင်သက်သက်သာနဲ့ကူညီ ငှားရမ်းပေးတယ်နော်

Address

Myaung Tagar Village, In Hmawbi Township
Mandalay
1993

Telephone

+959942361090

Website

Alerts

Be the first to know and let us send you an email when Hnin Ei Ko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hnin Ei Ko:

Share