20/07/2024
မျက်နှာမှာချွေးသီးချွေးပေါက်ကျတက်သူတွေရှိလား?
ဒါဆိုရင် 스웨트롤액ကိုဆေးဆိုင်တွေမှာ ဝယ်သုံးကြည့်နော်
အသုံးပြုနည်း
မျက်နှာသစ်ဆေးနဲ့အရင်ပြောင်အောင်မျက်နှာသစ်မယ် ပြီးရင် ရေတစ်စက်မှမကျန်အောင် ခြောက်သွေ့အောင် သုတ်ပေးမယ်။
အဲ့နောက်မှာ ဒီဟာလေးကို ၄ ၅ခေါက်လောက်မျက်နှာကို လိမ်းပေးမယ်။ တစ်ခါသုံး တစ်ခုပဲသုံးရမယ်နော်။
လိမ်းပြီး ချွေးထွက်အောင် အားကစားတို့ မလုပ်ရပါဘူး။ (၁နာရီမှ၂နာရီအတွင်း)လိမ်းပြီး ၄ နာရီကြာမှပဲ အာနိဒင်ရှိပါတယ်။ ကိုယ်က ခရင်တို့ မိတ်ကပ်တို့ လိမ်းမယ်ဆိုရင် ဒီဟာလိမ်းပြီး နာရီဝက်ကြာမှ လိမ်းပေးပါ။
နောက်မနက်အရေးကြီးကိစ္စရှိတယ်ဆိုရင် ညဘက်မှာလိမ်းပေးပြီး အိပ်လို့ရပါတယ်။
တစ်ခေါက်လိမ်းပြီးရင် ၂၄နာရီခံတဲ့အတွက် မင်္ဂလာဆောင်မယ့်သတို့သမီးတွေ ,ချွေးထွက်များတဲ့သူတွေ အသုံးတည့်သလို သုံးပေးလို့ရပါတယ်နော်