Joys Phu - Myanmar

ウェブサイト 事業に問い合わせる

Joys Phu - Myanmar ဂျပန်နိုင်ငံတွင်း ယာဥ်မောင်းအလုပ်အကိုင်များ မိတ်ဆက်ပေးခြင်း

အားလုံးပဲ မင်္ဂလာပါ 🙏ဒီနေ့တော့ ယာဉ်မောင်း 特定技能 (ဂီနိုး) ဗီဇာလျှောက်တဲ့အခါ ဘယ်လောက်ကြာနိုင်လဲ၊ ကြားထဲမှာ ဘာတွေဖြတ်သန်းရလဲ...
18/09/2026

အားလုံးပဲ မင်္ဂလာပါ 🙏

ဒီနေ့တော့ ယာဉ်မောင်း 特定技能 (ဂီနိုး) ဗီဇာလျှောက်တဲ့အခါ ဘယ်လောက်ကြာနိုင်လဲ၊ ကြားထဲမှာ ဘာတွေဖြတ်သန်းရလဲ ဆိုတာကို အကြမ်းဖျင်းရှင်းပြပေးချင်ပါတယ်။

အခုနောက်ပိုင်း ဗီဇာလျှောက်ရင် စောင့်ရတယ်ဆိုတာ သိကြပေမယ့် ကြားထဲမှာ ဘာလုပ်ရလဲ၊ ဘယ်လောက်ကြာနိုင်လဲ မသိထားရင် ဗီဇာစောင့်နေတဲ့ကာလအတွင်း အလုပ်လုပ်ခွင့်မရှိတာကြောင့် ငွေကြေးပိုင်းမှာ အခက်အခဲဖြစ်နိုင်ပါတာမို့ပါ။

အထူးသဖြင့် ယာဉ်မောင်းတိုခုတေးဂီနိုးက

🚚 Truck
🚕 Taxi
🚌 Bus
ဆိုပြီး ၃ မျိုးရှိပြီး လုပ်ငန်းစဉ်အနည်းငယ်ကွာပါတယ်။

※ အောက်မှာရေးထားတာတွေက အမတို့ရဲ့ လုပ်ငန်းအတွေ့အကြုံအပေါ် အခြေခံထားတာဖြစ်လို့ 登録支援 အဖွဲ့အစည်း၊ ကုမ္ပဏီနဲ့ တစ်ဦးချင်းအခြေအနေအပေါ်မူတည်ပြီး အနည်းငယ်ကွာနိုင်ပါတယ်။

🚚 Truck တိုခုတေးဂီနိုး

အဓိကလိုအပ်တာတွေက

・JLPT N4 သို့ JFT A2
・အနည်းဆုံး ဂျပန်ဖူဆူးယာဥ်မောင်းလိုင်စင်
・တိုခုတေးဂီနိုးထရပ်အောင်လက်မှတ်

လိုအပ်တဲ့စာရွက်စာတမ်းတွေပြည့်စုံရင် 登録支援၊ 行政書士 ရှေ့နေရုံး၊ အလုပ်ဝင်မယ့်သူနဲ့ ကုမ္ပဏီတို့ ပူးပေါင်းပြီး အချက်အလက်ပြင်ဆင်ပြီးနောက် 入管 (လဝက)ကို ဗီဇာတင်ရပါတယ်။

စာရွက်စာတမ်းပြင်ဆင်တဲ့အချိန်ကတော့ တစ်ဦးချင်းနဲ့ ကုမ္ပဏီအခြေအနေအပေါ်မူတည်ပြီး အနည်းဆုံး ၁ လနဲ့အထက် ကြာနိုင်ပါတယ်။
လဝကတင်ပြီးနောက်လည်း ဗီဇာကျဖို့စောင့်ရမှာဖြစ်ပြီး အမတို့ရဲ့ အတွေ့အကြုံအရ အနည်းဆုံး ၁ လခွဲနဲ့အထက် ကြာတတ်ပါတယ်။
စာရွက်စာတမ်းထပ်တောင်းတာ၊ အချက်အလက်ဖြည့်စွက်ရတာရှိရင် ပိုကြာနိုင်ပါတယ်။

👉 ဒါကြောင့် Interview အောင်ပြီးကနေ အလုပ်စဝင်နိုင်တဲ့အထိ စုစုပေါင်း ၃ လနဲ့အထက်လောက်ကို မျှော်မှန်းပြီး ငွေကြေးပြင်ဆင်ထားတာကောင်းပါတယ်။

🚕🚌 Taxi / Bus တိုခုတေးဂီနိုး

Taxi နဲ့ Bus ကတော့ Truck ထက် လုပ်ငန်းစဉ်ပိုရှည်ပါတယ်။

အဓိကလိုအပ်တာတွေက

・JLPT N3
・ဂျပန်တက္ကစီယာဥ်မောင်းလိုင်စင်/ ဘတ်စ်ယာဥ်မောင်းလိုင်စင်
・တိုခုတေးဂီနိုးတက္ကစီ/ ဘတ်စ်အောင်လက်မှတ်

ဒါပေမယ့် Taxi / Bus လျှောက်ထားသူအများစုက ဂျပန် 二種免許 မရှိသေးတဲ့အတွက် တိုခုတေးဂီနိုးကို တန်းလျှောက်လို့မရဘဲ ကြားထဲမှာ 準備特定活動 ဗီဇာကို အရင်ပြောင်းရပါတယ်။

အကြမ်းဖျင်းအားဖြင့်👇

Interview အောင်
⬇️
準備特定活動
⬇️
အလုပ်စဝင် + သက်ဆိုင်ရာ သင်တန်းတက် / ယာဥ်မောင်းလိုင်စင်ရယူ
⬇️
特定技能 ဗီဇာပြောင်း
⬇️
特定技能 ယာဉ်မောင်းအဖြစ် တရားဝင်ခရီးသည်တင်မောင်း

ဂျပန် 二種免許 ရှိပြီးသားသူဆိုရင်တော့ ဒီအဆင့်တချို့မလိုဘဲ 特定技能 ကို တန်းပြောင်းနိုင်တဲ့အခြေအနေပါ။

⚠️ အရေးကြီးတာတစ်ခု

準備特定活動 ဗီဇာကျပြီး အလုပ်စဝင်နေပြီဆိုတာနဲ့ ခရီးသည်တင်မောင်းလို့ရပြီလို့ မဆိုလိုပါဘူး။
ယာဥ်‌မောင်းလိုင်စင်ရပြီးနောက် တိုခုတေးဂီနိုးဗီဇာကို ပြောင်းပြီး အဲ့ဒီဗီဇာကျလာမှသာ တရားဝင် တက္ကစီ/ဘတ်စ် ယာဉ်မောင်းအဖြစ် ခရီးသည်တင်မောင်းနိုင်မှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဒီကာလအတွင်း လစာကလည်း သင်တန်း/研修 ကာလအလိုက် ဖြစ်နိုင်တာကြောင့် ဝင်ငွေနည်းနိုင်ပါတယ်။
အမတို့ရဲ့ အတွေ့အကြုံအရ Interview အောင်တဲ့အချိန်ကနေ တရားဝင် တက္ကစီ / ဘတ်စ်ယာဉ်မောင်းအဖြစ် ခရီးသည်တင်မောင်းနိုင်တဲ့အထိ အနည်းဆုံး ၆ လလောက် ကြာတတ်ပါတယ်။

တချို့သူတွေက အခြေအနေအမျိုးမျိုးကြောင့် 準備特定活動 နဲ့ ၁ နှစ်လောက် နေရတာမျိုးလည်း ရှိပါတယ်။

⚠️ 準備特定活動 နဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်

“ခစုဒိုးဗီဇာ” လို့ အလွယ်ပြောကြပေမယ့် ခစုဒိုးဗီဇာမှာ အမျိုးအစားခွဲတွေအများကြီးရှိတာမို့ သတိပြုစေချင်ပါတယ်။
ယာဉ်မောင်းတွေအတွက် အသုံးပြုတဲ့ 準備特定活動(55号) ကတော့ 特定技能 ရဲ့ သက်တမ်းထဲကို ပေါင်းထည့်တွက်တဲ့အမျိုးအစား မဟုတ်ပါဘူး။
ဒါကြောင့် “準備特定活動 နဲ့နေရတဲ့အချိန်ကို 特定技能 သက်တမ်းထဲ ပေါင်းမယ်” ဆိုတာမျိုး မရောထွေးစေချင်ပါဘူး။

နောက်တစ်ခု မေးကြတာက

“တိုခုတေးဂီနိုးဗီဇာကို ကိုယ်တိုင်တင်လို့ရလား?” ဆိုတာပါ။

တိုခုတေးဂီနိုးတွေဆိုတာက လက်ခံမယ့်ကုမ္ပဏီဘက်က 登録支援 機関 နဲ့အတူ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်။
ကုမ္ပဏီမှာ ကိုယ်ပိုင် 登録支援 မရှိရင်လည်း ပြင်ပ 登録支援 အဖွဲ့အစည်းကို အပ်နှံပြီး ဆောင်ရွက်နိုင်ပါတယ်။
အလုပ်ဝင်မယ့်သူဘက်ကတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးရတာမျိုးရှိပါတယ်။

📌 နောက်ဆုံးအနေနဲ့

အမက ဗီဇာကျွမ်းကျင်သူမဟုတ်ပါဘူးနော်။ အခု အလုပ်လုပ်ရင်း သိလာရတဲ့ လက်တွေ့အတွေ့အကြုံတွေကို မျှဝေပေးတာသာ ဖြစ်ပါတယ်။
အချက်အလက်တစ်ခုခု ကွဲလွဲနေတာရှိရင်လည်း ထောက်ပြဆွေးနွေးပေးနိုင်ပါတယ် 🙏😊

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း

03/09/2026

#ဂျပန်နိုင်ငံရှိ မြန်မာလူမျိုးဘတ်စ်ယာဥ်မောင်းအတွေ့အကြုံမျှဝေခြင်း

အပိုင်း - ၄

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း

28/08/2026

#ဂျပန်နိုင်ငံရှိ မြန်မာလူမျိုးဘတ်စ်ယာဥ်မောင်းအတွေ့အကြုံမျှဝေခြင်း
အပိုင်း - ၃

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း

26/08/2026

#ဂျပန်နိုင်ငံရှိ မြန်မာလူမျိုးဘတ်စ်ယာဥ်မောင်းအတွေ့အကြုံမျှဝေခြင်း
အပိုင်း - ၂

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း

25/08/2026

ဘတ်စ်ယာဥ်မောင်းအတွေ့အကြုံမျှဝေခြင်း
အပိုင်း - ၁

အရမ်းရှည်လို့ အပိုင်းတိုလေးတွေ ဖြတ်ပီး တင်ပေးပါ့မယ်နော် 🥰
#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်


#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း

မဂ်လာပါ!! Tiktok Live လေးတွေ မလုပ်တော့ဘူးလား လာလာမေးနေတဲ့ မိနစံတို့ရေဒီတစ်ပတ် တနဂ်နွေနေ့မှာတော့ ဘတ်စ်ကုမ္ပဏီအကြီးကြီးတွေ...
17/08/2026

မဂ်လာပါ!! Tiktok Live လေးတွေ မလုပ်တော့ဘူးလား လာလာမေးနေတဲ့ မိနစံတို့ရေ

ဒီတစ်ပတ် တနဂ်နွေနေ့မှာတော့ ဘတ်စ်ကုမ္ပဏီအကြီးကြီးတွေမှာ အလုပ်ဝင်နေတဲ့ မောင်လေး ၂ ယောက်နဲ့ TikTok LIVE လေး ရှိပါမယ်နော်🤩

သိချင်တာတွေကို အားမနာတမ်း လာရောက်မေးမြန်းနိုင်ပါတယ်လို့☺️

https://www.tiktok.com/

၂၃-၈-၂၀၂၆ (တနဂ်နွေနေ့)

ဂျပန်အချိန် - နေ့လည် ၁:၀၀ နာရီ
မြန်မာအချိန် - မနက် ၁၀:၃၀ နာရီ

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း See less

အားလုံးပဲ မင်္ဂလာပါ 👐ဒီနေ့တော့  #ဂျပန်နိုင်ငံ၊ နာဂိုယာမြို့က ဘတ်စ်ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတဲ့ အမတို့ရဲ့ မောင်လေးတစ်ယော...
30/07/2026

အားလုံးပဲ မင်္ဂလာပါ 👐

ဒီနေ့တော့ #ဂျပန်နိုင်ငံ၊ နာဂိုယာမြို့က ဘတ်စ်ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတဲ့ အမတို့ရဲ့ မောင်လေးတစ်ယောက်အကြောင်း ကြွားခွင့်ပြုပါနော်။ 😊

ဒီမောင်လေးကတော့ 'ဘတ်စ်မှ ဘတ်စ်' ဆိုတဲ့ သူပါ။ တကယ့်ကို 'ဘတ်စ်ကားရူး' တစ်ယောက်လို့ ပြောရလောက်အောင် ဒီအလုပ်အပေါ် ရူးသွပ်လွန်းလို့ အမတို့တွေ ထူးထူးခြားခြားကို မှတ်မိနေရတဲ့ကလေးပါ။ မြန်မာမှာတည်းက ကားကြီးမောင်း အတွေ့အကြုံရှိရုံတင်မဟုတ်ဘဲ 'ဘတ်စ်မှ မမောင်းရရင် ရူးသွားလိမ့်မယ်' လို့ ပြောတတ်တဲ့အထိ စိတ်အားထက်သန်မှုက အပြည့်ပါ။ အခုတော့ သူ တကယ်ရူးသွပ်တဲ့ အလုပ်ကိုလုပ်ဖို့ ကျောင်းသားဗီဇာကနေ တိုခုတေးဂီနိုး (SSW) ယာဉ်မောင်းအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့ပါပြီ။

ကျောင်းမပြီးခင် တစ်နှစ်ခွဲလောက်အလိုကတည်းက အမတို့ကို ဆက်သွယ်ပြီး ပြင်ဆင်စရာရှိတာတွေကို စနစ်တကျ ပြင်ဆင်ခဲ့တာပါ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သေချာသိပြီး လမ်းကြောင်းကိုပါ ကိုယ်တိုင်ဆွဲထားနိုင်တဲ့အထိ တော်လွန်းတော့ အမတို့တောင် ဘာမှ အထူးတလည် လုပ်ပေးစရာမလိုခဲ့ပါဘူး။
ဒါပေမဲ့ ကုမ္ပဏီမှာ သူက "ပထမဆုံးသော နိုင်ငံခြားသားဝန်ထမ်း" ဖြစ်နေတော့ ဗီဇာလျှောက်တဲ့အခါမှာ ဂယက်တွေ၊ အခက်အခဲတွေနဲ့ လုပ်ငန်းစဉ်တွေ တော်တော်လေး ကြာခဲ့ပါတယ်။ အခုတော့ အဲဒီစောင့်ဆိုင်းချိန်တွေ ပြီးဆုံးသွားပြီး ပန်းတိုင်ရဲ့ အစဦးကို ရောက်နေပါပီ။ 🏁

အခုဆိုရင် အဆင့်ဆင့်လေ့ကျင့်မှုတွေပြီးလို့ ကားစမောင်းရတော့မယ့် အဆင့်ကို ရောက်နေပါပြီ။ "အမရေ... ကျွန်တော် အဲ့ဒီကားကြီးတွေ မောင်းရတော့မှာ" ဆိုပြီး အမြဲတမ်းလာကြွားတဲ့ သူ့ကိုကြည့်ပြီး အမတို့လည်း ပျော်ရသလို၊ တစ်ခါတလေလည်း သူကုမ္ပဏီအကြောင်းတွေ တတွတ်တွတ်လာပြောတာကို နားထောင်ပေးရတာလည်း အမောပါပဲ။ 😂

ရှေ့ဆက်ရင်လည်း စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိဦးမှာဆိုပေမဲ့ အကောင်းဆုံး သည်းခံကျော်ဖြတ်ပြီး ကိုယ်ဖြစ်ချင်တဲ့ နေရာအထိ အရောက်သွားပါ မောင်လေးရေ။ အမတို့ကတော့ နောက်ကနေ အမြဲပံ့ပိုးပေးနေမှာပါ။
(စကားမစပ်... ဆရာကြီးက အခုထိ ပိန်လွန်းနေလို့ ဝိတ်တော့ နည်းနည်းပြန်တင်ခိုင်းထားရတယ်) 😂🍗🍛

အားလုံးလည်း မိမိတို့ရဲ့ မျှော်လင့်ချက် ပန်းတိုင်တွေကို အရောက်လှမ်းနိုင်ကြပါစေနော်။ ✨


#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

အားလုံးပဲ မင်္ဂလာပါ🙏ဒီနေ့တော့ ဂျပန်နိုင်ငံကို ယာဉ်မောင်းအလုပ်နဲ့ လာချင်တဲ့ မြန်မာတွေအတွက် အလားအလာရှိတဲ့ သတင်းကောင်းတစ်ခု...
13/07/2026

အားလုံးပဲ မင်္ဂလာပါ🙏

ဒီနေ့တော့ ဂျပန်နိုင်ငံကို ယာဉ်မောင်းအလုပ်နဲ့ လာချင်တဲ့ မြန်မာတွေအတွက် အလားအလာရှိတဲ့ သတင်းကောင်းတစ်ခုနဲ့အတူ သတိပြုသင့်တဲ့ အချက်လေးတွေကို မျှဝေပေးပါရစေ။

ဂျပန်နိုင်ငံ၊ အိုးအိတမြို့ (Oita City) မှာရှိတဲ့ ကုမ္ပဏီတွေ စုပေါင်းပြီး မြန်မာနဲ့ အိန္ဒိယနိုင်ငံက နိုင်ငံခြားသားယာဉ်မောင်းတွေကို တိုက်ရိုက်ခေါ်ယူ လေ့ကျင့်ပေးမယ့် စီမံကိန်းအသစ်တစ်ခု စတင်နေပြီဆိုတဲ့ သတင်းကို အားလုံးလည်း တွေ့ပီးဖြစ်မှာပါ။ ဒီစီမံကိန်းရဲ့ အဓိကထူးခြားချက်ကတော့ ဂျပန်နိုင်ငံကို ရောက်ပြီး (၂) လအတွင်းမှာတင် ဂျပန်လိုင်စင်အမြန်ရရှိအောင် အသက်မွေးဝမ်းကျောင်းကျောင်းတွေမှာ စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခွင့်အရေးရှိသလို သတိထားရမယ့် "ငါးမျှားချိတ်" တွေကိုလည်း ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် အကြံပြုချင်ပါတယ်။

✅ ဗီဇာအမျိုးအစားကို သေချာနားလည်ထားပါ

လက်ရှိ ယာဉ်မောင်းအလုပ်ဟာ Tokutei Ginou (SSW) အမျိုးအစားအောက်မှာ ရှိပါတယ်။ မြန်မာပြည်ကနေ တိုက်ရိုက် SSW ဗီဇာနဲ့ လာလို့မရပါဘူး။ ဘာလို့လဲဆိုတော့ SSW ဗီဇာရဖို့ ဂျပန်ယာဉ်မောင်းလိုင်စင် ရှိနေရမှာဖြစ်လို့ပါ။ ဒါကြောင့် အရင်ဆုံး Tokutei Katsudo (၆ လ သို့မဟုတ် ၁ နှစ်) ဗီဇာနဲ့ လာရပါမယ်။ ဂျပန်မှာ လိုင်စင်ပြောင်းလဲအောင်မြင်ပြီးမှ SSW ဗီဇာကို ပြောင်းလဲရမှာဖြစ်ပါတယ်။ "Work Visa" လို့ အလွယ်ပြောပြီး ခေါ်တာမျိုးဆိုရင် သေချာစိစစ်ကြပါ။

✅ စာချုပ်ပါ အချက်အလက်တွေကို သေချာစစ်ဆေးပါ

လာချင်ဇောနဲ့ စာချုပ်ကို ပေါ့ပေါ့တန်တန် မချုပ်ပါနဲ့။

- လိုင်စင်ဖြေဆိုနေတဲ့ ကာလအတွင်းမှာ လစာ/ထောက်ပံ့ကြေး ဘယ်လိုပေးမလဲ?
- လိုင်စင်မရခင်မှာ ဂိုဒေါင်အလုပ်တွေမှာ အရင်လုပ်ရမှာလား?
- လိုင်စင်ရပြီးပြီးချင်း ကားတန်းမောင်းရမှာလား?

ဒီအချက်တွေကို သေချာမေးမြန်းပါ။ ကိုယ်က သိပြီးသားဖြစ်လို့ လက်ခံတာ ပြဿနာမရှိပေမယ့်၊ ဒီရောက်မှ လစာနည်းနည်းနဲ့ ပင်ပန်းတဲ့ ဂိုဒေါင်အလုပ်တွေပဲ လုပ်နေရမယ်ဆိုရင် စိတ်ဓာတ်ကျနိုင်လို့ပါ။

✅ လိုအပ်တဲ့ အရည်အချင်းများ

လက်ရှိ နယူးကန် (Immigration) ရဲ့ သတ်မှတ်ချက်တွေကတော့-

- ကုန်တင်ကား (Truck) : JLPT N4 သို့ JFT A2 + ယာဉ်မောင်းလိုင်စင် + Truck ဂီနိုးအောင်လက်မှတ်
- တက္ကစီ (Taxi) နှင့် ဘတ်စ် (Bus ): JLPT N3 + ယာဉ်မောင်းလိုင်စင် + သက်ဆိုင်ရာTaxi / Bus ဂီနိုးအောင်လက်မှတ်

(မှတ်ချက် - N4 နဲ့ ဘတ်စ်ကားသို့ တက္ကစီအလုပ်ဆိုပြီး ခေါ်စာတွေတွေ့ရင် နယူးကန်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိမရှိ သေချာပြန်စုံစမ်းပါ)

ကိုယ့်မြန်မာတွေအတွက် လမ်းကြောင်းအသစ်တွေ ပွင့်လာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ဖို့ဆိုရင် "ဂျပန်စာ" က အဓိက သော့ချက်ပါ။ ဂျပန်စကားကို သေချာလေ့လာထားကြပါ။

မသိတာရှိရင်လည်း အမြဲတမ်းလာမေးလို့ ရပါတယ်နော်။ အားလုံးပဲ အောင်မြင်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ကြပါစေ။ 🇲🇲🇯🇵

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း

ကဲ... ဒီနေ့ သောကြာနေ့ဆိုတော့  #ဂျပန်နိုင်ငံရဲ့ မြန်မာလူမျိုး ထရပ်ယာဥ်မောင်း မောင်လေး အကြောင်းလေး တင်ပေးပါရစေ။ အရင်ပို့စ်...
26/06/2026

ကဲ... ဒီနေ့ သောကြာနေ့ဆိုတော့
#ဂျပန်နိုင်ငံရဲ့ မြန်မာလူမျိုး ထရပ်ယာဥ်မောင်း မောင်လေး အကြောင်းလေး တင်ပေးပါရစေ။
အရင်ပို့စ်တွေမှာ တက္ကစီနဲ့ ဘတ်စ် မောင်လေးတွေအကြောင်း တင်ခဲ့ပြီးပြီဆိုတော့... ဒီတစ်ခေါက်မှာတော့ ဗလတောင့်တောင့် ဖြောင့်ဖြောင့်ကြီးနဲ့ "ထရပ်ဆရာကြီး" အလှည့်ပေါ့။ 😎

ဒီမောင်လေးကတော့ အမတို့ကုမ္ပဏီကနေ ပထမဦးဆုံး မိတ်ဆက်ပေးခဲ့ရတဲ့သူပါ။ ၂၀၂၄ ခုနှစ်လောက်က ဂျပန်အစိုးရက "တိုခုတေးဂီနိုး (Tokutei Gino)" ဗီဇာနဲ့ နိုင်ငံခြားသား ယာဉ်မောင်းတွေကို စတင်ခွင့်ပြုတဲ့အချိန်မှာ သူက ပထမဦးဆုံးအသုတ်အနေနဲ့ စတင်လျှောက်ခဲ့တာပါ။

အဲ့ဒီတုန်းက အကုန်လုံးက အသစ်အဆန်းတွေဖြစ်နေသလို၊ ဟိုဘက်ကုမ္ပဏီတွေကလည်း နိုင်ငံခြားသားတွေကို ပထမဆုံး စတင်လက်ခံရမှာဖြစ်လို့ အစစအရာရာ မြေစမ်းခရမ်းပျိုး စမ်းသပ်လုပ်ဆောင်နေရတဲ့ အချိန်ပေါ့။ အမတို့အတွက်ရော သူ့အတွက်ပါ စိန်ခေါ်မှုတွေ အများကြီးရှိခဲ့တဲ့အချိန်ပါ။
အမတို့အနေနဲ့ ဒီမောင်လေးကို ကျေးဇူးတင်စရာတွေက အများကြီးရှိပါတယ်။ အစအဆုံး သေချာလေး လိုက်ပါလုပ်ဆောင်ပေးတဲ့အပြင် စိတ်နေစိတ်ထားကလည်း အရမ်းကို ကောင်းပါတယ်။ သူသာ အဆင်မပြေခဲ့ရင် နောက်ပိုင်း နိုင်ငံခြားသားတွေအတွက် အခွင့်အလမ်းတွေ ဒီလောက် ပေါ်လာမှာမဟုတ်ပါဘူး။ အခုတော့ သူ့ရဲ့ ကြိုးစားမှုကြောင့် အဲ့ဒီကုမ္ပဏီက "မြန်မာသီးသန့်ပဲ ထပ်ခေါ်ချင်တယ်" လို့ ပြောလာတဲ့အထိ ယုံကြည်မှုတွေ တည်ဆောက်ပေးနိုင်ခဲ့တာပါ။ 🇲🇲✨

အခုဆိုရင် သူက ကုမ္ပဏီမှာ နိုင်ငံခြားသားတွေထဲမှာ စီနီယာကြီးဖြစ်နေသလို၊ လစာလည်း တော်တော်လေး အဆင်ပြေနေပါပြီ။ ကုမ္ပဏီကလည်း သူ့ကို ဘယ်လောက်ချစ်လဲဆိုရင် နောက်ပိုင်း အင်တာဗျူးမယ့် ကလေးတွေကိုတောင် သူနဲ့အရင် ဆက်သွယ်ခိုင်းဖို့ ပြောတဲ့အထိပါပဲ။

သူ့ရဲ့ ဗလတောင့်တောင့်ကတော့ ထရပ်ကားမောင်း ပစ္စည်းအတင်အချကြောင့်တင်မဟုတ်ဘဲ နဂိုကတည်းက Gym ဆော့တာ ဝါသနာပါလို့ပါနော် 😁။ အမတို့နဲ့လည်း အခုထိကို မောင်နှမတွေလို စစနောက်နောက်ရှိနေတာကိုလည်း တကယ်ကို ဝမ်းသာရပါတယ်။

🔑🔑🔑
အလုပ်ဆိုတာ ကိုယ်နဲ့ကိုက်ညီတာရှိသလို၊ အဆင်မပြေတာမျိုးလည်း ကြုံရနိုင်ပါတယ်။ အဆင်မပြေရင် ပြောင်းဆိုပေမယ့်လည်း တစ်ခုပြီးတစ်ခု ခဏခဏပြောင်း၊ ဝင်လိုက်ထွက်လိုက် လုပ်နေတာမျိုးက ကိုယ့်ရဲ့အနာဂတ် (Career Path) အတွက် ကောင်းကျိုးထက် အဆင်မပြေတာတွေကိုပဲ ပိုများစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုကို မရွေးချယ်ခင်မှာ အစကတည်းက သေချာစဉ်းစားပြီးမှ ရွေးချယ်ကြပါနော်။

"သူများတွေဝင်လို့၊ သူများတွေလစာကောင်းလို့" ဆိုတဲ့ ဂဏန်းတစ်ခုတည်းကိုပဲ ကြည့်ပြီး မဆုံးဖြတ်ကြပါနဲ့။ ကိုယ့်ရဲ့ ရေရှည်ပန်းတိုင်က ဘာလဲဆိုတာကို အရင်စဉ်းစားပါ။ တကယ်လို့ ကိုယ်က တစ်ချိန်မှာ မြန်မာပြန်မှာ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ပိုက်ဆံစုချင်ရုံ သက်သက်ပဲဆိုရင်တော့ ဝင်ငွေအသားပေးတဲ့ အလုပ်မျိုးကိုသာ ရွေးချယ်စေချင်ပါတယ်။

ဒါပေမဲ့ ဂျပန်မှာ ရေရှည်နေပြီး အသက်မွေးဝမ်းကျောင်းပြုချင်တယ်ဆိုရင်တော့ အလုပ်အပြောင်းအလဲထက် အခြေချဖို့က ပိုအရေးကြီးပါတယ်။ အခုမောင်လေးဆိုရင် ကားမောင်းရတာလည်း ပင်ပန်းတာတွေရှိပေမယ့်လည်း စီနီယာဖြစ်လာတဲ့အထိ ကြိုးစားပြီး ပတ်ဝန်းကျင်ကလည်း ချစ်ကြတာမို့ တစ်ချိန်မှာ ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးအဆင့် (Management Role) အထိ သွားနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ အနာဂတ်အတွက် ရေရှည်ကြည့်ပြီး လမ်းကြောင်းမှန်ကို ရွေးချယ်နိုင်ကြပါစေနော်။ 😊❤️

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#တက္ကစီ #ကားမောင်းအလုပ်

ကံ + ဉာဏ် + ဝီရိယ + Timing = မိမိလိုချင်တဲ့ ပန်းတိုင် ✨ဒီနေ့ရဲ့ အကြောင်းအရာက တချို့သူတွေအတွက် သဘောထားကွဲလွဲစရာ ဖြစ်နိုင်...
22/06/2026

ကံ + ဉာဏ် + ဝီရိယ + Timing = မိမိလိုချင်တဲ့ ပန်းတိုင် ✨

ဒီနေ့ရဲ့ အကြောင်းအရာက တချို့သူတွေအတွက် သဘောထားကွဲလွဲစရာ ဖြစ်နိုင်သလို၊ နားထောင်ရတာ အနည်းငယ် ခါးသီးနိုင်ပါတယ်။ ဒါပေမဲ့လည်း တစ်ယောက်ယောက်ကတော့ အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြောပြပေးဖို့ လိုအပ်တယ်လို့ ထင်တာကြောင့် ဒီ Post လေးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။ 📣

ထုံးစံအတိုင်း အစ်မတို့က ယာဉ်မောင်းအလုပ်တွေကို မိတ်ဆက်ပေးနေတာဆိုတော့ ယာဉ်မောင်းအလုပ်နဲ့ သက်ဆိုင်တာကို အဓိကထား ပြောမှာဖြစ်ပေမဲ့ ယေဘူယျအားဖြင့် တခြားနယ်ပယ်တွေမှာလည်း အနည်းအကျဉ်း သက်ဆိုင်သွားနိုင်ပါတယ်။

လူကြီးတွေ အမြဲဆုံးမတာကတော့ "ကံ၊ ဉာဏ်၊ ဝီရိယ" သုံးခုစုံရင် ပန်းတိုင်ကို ရောက်မယ်ပေါ့။ ဒါပေမဲ့ ခုနောက်ပိုင်း ဂျပန်မှာ ယာဉ်မောင်းအလုပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးလာသူတွေကို ကြည့်ရင်း တစ်ခု သတိထားမိလာတာ ရှိပါတယ်။ အဲ့ဒါကတော့ ပန်းတိုင်ရောက်ဖို့အတွက် "Timing" (အချိန်အခါ) ဆိုတဲ့ အချက်ကလည်း တအားကို အရေးကြီးတယ်ဆိုတာပါပဲ။ ⏳

⌛️ ဂျပန်နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ဈေးကွက်

မြန်မာမှာတော့ ယာဉ်မောင်းအလုပ်က အသက်အရွယ်ထက် ကျွမ်းကျင်မှုရှိရင် အဆင်ပြေနိုင်ပေမဲ့ ဂျပန်မှာတော့ မတူပါဘူး။ ဂျပန်မှာက ကားမောင်းကျွမ်းကျင်မှုအပြင် "ဂျပန်စကား" က တကယ်ကို အရေးပါပါတယ်။ 🗣️ ယာဉ်မောင်းအလုပ် အသက်ကန့်သတ်ချက်နဲ့ ပတ်သက်ရင် ဂျပန်မှာ နိုင်ငံခြားသားတွေအတွက် တရားဝင် ကန့်သတ်ထားတာမျိုး မရှိပေမဲ့ ဂျပန်နိုင်ငံရဲ့ အခြေအနေနဲ့ ဈေးကွက်ကိုတော့ သေချာသိထားဖို့ လိုပါတယ်။ ဂျပန်ဟာ Aging Population (သက်ကြီးရွယ်အို များပြားလာတဲ့ ပြဿနာ) ကြောင့် လုပ်သားလိုအပ်ချက် ကြီးမားနေပြီး လူငယ်တအား နည်းလာတာကြောင့် နိုင်ငံခြားသားတွေနဲ့ အစားထိုး ဖြည့်ဆည်းနေရတာ ဖြစ်ပါတယ်။

⌛️ လုပ်ငန်းခွင်ရဲ့ လက်တွေ့ရွေးချယ်မှု (အသက် ၄၀ / ၅၀ ကျော် ဝန်းကျင်တွေအတွက် ဘာကြောင့် ခက်ခဲတာလဲ?)

အသက်ကြီးမှ ဂျပန်စာကို အခြေခံကစရမယ်၊ ပြီးတော့မှ ယာဉ်မောင်းစာမေးပွဲ (တက္ကစီ/ဘတ်စ်ကား) တွေကို ဂျပန်လို ဖြေဆိုရမယ်ဆိုတာ လုံးဝမဖြစ်နိုင်တာမျိုး မဟုတ်ပေမဲ့ လက်တွေ့မှာ အလွန်ခက်ခဲပါတယ်။ ယာဉ်မောင်းအလုပ်က စာကြည့်ရရုံတင်မကဘဲ ခန္ဓာကိုယ်ပါ ပင်ပန်းတဲ့အလုပ် ဖြစ်တာကြောင့် လူငယ်တွေနဲ့ ယှဉ်ရင် အခွင့်အရေး နည်းပါးသွားတတ်ပါတယ်။ (ဂျပန်လူမျိုးတွေအတွက်ကတော့ ဘာသာစကား ပြဿနာမရှိတာမို့ အသက်ကြီးလည်း လုပ်နိုင်ပေမဲ့ နိုင်ငံခြားသားတွေအတွက်ကတော့ ဒါဟာ အဓိက အဟန့်အတား ဖြစ်စေပါတယ်)။ 🇯🇵

⌛️ "Timing" က ဘာကြောင့် အရေးကြီးတာလဲ?

"လုံးဝ မဖြစ်နိုင်တာ မဟုတ်ဘူး" လို့ ပြောရတာကတော့... တကယ်လို့ ကိုယ်က အသက် ၄၀ ဝန်းကျင် ဖြစ်ပေမဲ့ ဂျပန်စာ N2, N1 လောက် အဆင့်သင့်ရှိထားပြီး စကားကောင်းကောင်း ပြောနိုင်တယ်ဆိုရင်တော့ အခွင့်အရေး ရှိပါတယ်။ အဲ့ဒါကြောင့် Timing က အရေးကြီးတယ်လို့ ပြောတာပါ။ ကံ၊ ဉာဏ်၊ ဝီရိယ ရှိတိုင်းလည်း မဖြစ်နိုင်တာတွေ ရှိတတ်လို့ အလုပ်တစ်ခုရဲ့ ဈေးကွက်အခြေအနေကိုပါ သိရှိထားစေချင်တာပါ။

အစ်မရဲ့ Post တွေကတစ်ဆင့် အားတက်ပြီး ကြိုးစားချင်တယ်လို့ ပြောလာတဲ့အခါ တစ်ဖက်က ဝမ်းသာပေမဲ့ တစ်ဖက်ကလည်း အားနာနာနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြရပါတယ်။ "အဆင်ပြေပါတယ်၊ ကြိုးစားကြည့်ပါ" ဆိုတဲ့ စကားလုံးချိုချိုလေးတွေနဲ့ မျှော်လင့်ချက်အမှားတွေ မပေးချင်ပါဘူး။ 🤝

တကယ်လို့ ကိုယ်က အသက်လည်း အကြီးပိုင်းထဲ ရောက်နေပြီ၊ ဂျပန်စာကလည်း အခုမှ စလုပ်ရမှာဆိုရင်တော့ စတင်ဖို့ လုံးဝ အားမပေးချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဂျပန်စာနဲ့ ယာဉ်မောင်းစာမေးပွဲတွေအတွက် ပြင်ဆင်ပြီးတဲ့အချိန်မှာ ကိုယ့်အသက်က ပိုကြီးသွားပါလိမ့်မယ်။ နိုင်ငံခြားသားတွေ အပြိုင်အဆိုင် အလုပ်လုပ်နေကြတဲ့ နေရာမှာ လုပ်ငန်းရှင်တွေကလည်း သူတို့ဆီမှာ ရေရှည်လုပ်နိုင်မယ့် ကျွမ်းကျင်လူငယ်တွေကိုပဲ ဦးစားပေးမှာ အသေအချာပါပဲ။ အဲ့ဒါကြောင့် လူကြီးတွေအတွက် ခက်ခဲသွားပြီး ပြင်ဆင်ရတဲ့ အချိန်တွေ အလကား ကုန်သွားနိုင်ပါတယ်။ ⏳

အခုနောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ထွက်လာချင်သူတွေ များပါတယ်။ "ကားမောင်းကျွမ်းကျင်တယ်၊ ဂျပန်စာ မသိဘူး၊ ဒါပေမဲ့ ကြိုးစားချင်တယ်" ဆိုသူတွေအတွက် စကားလုံးချိုချိုလေးတွေနဲ့ မျှော်လင့်ချက်အမှားတွေ ပေးတာထက် လက်တွေ့ကျကျ ချိန်ဆနိုင်အောင် ပြောပြပေးချင်တာပါ။

ဒီ Post ရဲ့ အဓိက Message က ခွဲခြားဆက်ဆံတာမျိုး မဟုတ်ဘဲ အားလုံးကို မဖြစ်နိုင်တဲ့ စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ အချိန်မကုန်စေဘဲ ကိုယ့်အတွက် ပိုပြီး လက်တွေ့ကျမယ့် လမ်းကြောင်းကို မှန်ကန်တဲ့ Timing မှာ ရွေးချယ်စေချင်တဲ့ စေတနာသက်သက်ပဲ ဖြစ်ပါတယ်။ ❤️

အားလုံးပဲ လက်တွေ့ကျကျနဲ့ အောင်မြင်တဲ့ လမ်းစတွေကို ရှာဖွေနိုင်ကြပါစေ။ 🙏✨

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း See less

住所

〒150-0045 東京都渋谷区神泉町8-1 フォーラム渋谷神泉8階 JRの場合 JR「渋谷」駅より徒歩9分
Shibuya-ku, Tokyo
150-0045

営業時間

月曜日 09:00 - 18:00
火曜日 09:00 - 18:00
水曜日 09:00 - 18:00
木曜日 09:00 - 18:00
金曜日 09:00 - 21:00

ウェブサイト

アラート

Joys Phu - Myanmarが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

事業に問い合わせる

Joys Phu - Myanmarにメッセージを送信:

ショートカット

共有する

カテゴリー