Joys Phu - Myanmar

Joys Phu - Myanmar ဂျပန်နိုင်ငံတွင်း ယာဥ်မောင်းအလုပ်အကိုင်များ မိတ်ဆက်ပေးခြင်း

အားလုံးပဲ မင်္ဂလာပါ။ဘတ်စ်ဆရာကြီးတွေအကြောင်းတင်တာများနေပီမို့ ဒီတစ်ခေါက်မှာတော့ စတိုင်ကျပြီး မိမိုက်နေတဲ့ "တက္ကစီဆရာကြီး"...
17/06/2026

အားလုံးပဲ မင်္ဂလာပါ။

ဘတ်စ်ဆရာကြီးတွေအကြောင်းတင်တာများနေပီမို့ ဒီတစ်ခေါက်မှာတော့ စတိုင်ကျပြီး မိမိုက်နေတဲ့ "တက္ကစီဆရာကြီး" တွေရဲ့ အလှည့်ပါ။ 🚖✨

#ဂျပန်နိုင်ငံရဲ့ အကြီးဆုံး group ကုမ္ပဏီထဲမှာပါတဲ့ တက္ကစီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာကလေးတစ်ယောက်ရဲ့ ယူနီဖောင်းကြီးနဲ့ မိမိုက်နေတဲ့ပုံလေးတွေ ရလာလို့ ကြွားချင်လွန်းလို့ပါ။ (တကယ်တော့ သူ့ဆီက အတင်းတောင်းထားတာပါ 😁)
မြန်မာကလေးတွေ အောင်မြင်နေတာ မြင်ရတော့ အရမ်းဂုဏ်ယူမိလို့ပါ။ ❤️

သူဆိုရင် အလုပ်စလျှောက်ကတည်းက အမတို့နဲ့ မောင်နှမတွေလိုပဲ ရင်းရင်းနှီးနှီး တိုင်ပင်ခဲ့တာပါ။ အခုဆိုရင် အလုပ်ဝင်တာ တစ်နှစ်တောင် ပြည့်တော့မယ်ပေါ့။ တက္ကစီမောင်းတာက အစပိုင်းမှာ စာတွေအများကြီးကျက်ရတယ်၊ လမ်းတွေမှတ်ရတယ်၊ စာမေးပွဲတွေ ဆက်တိုက်ဖြေရတာဆိုတော့ တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမဲ့ သူကတော့ တစ်ချက်လေးတောင် မညည်းမညူဘဲ ကြိုးစားခဲ့တာပါ။ စိတ်နေစိတ်ထားခံယူချက်လေးလည်း တော်တော်လေးကောင်းတဲ့သူမို့ အမကိုယ်တိုင်လည်း သူ့ဆီက‌နေ ပြန်သင်ယူရတာတွေ အများကြီးပါ။

ဟိုနေ့က သူနဲ့ စကားပြောဖြစ်တော့ "အမရေ... တခြားအလုပ်ပြောင်းလုပ်ရင်တောင် လုပ်နိုင်ပါ‌တော့မလား" လို့ သူကိုယ်တိုင် ပြောလာတဲ့အထိ ဒီအလုပ်က သူ့အတွက် အဆင်ပြေနေတာပါ။ ဂျပန်မှာ တက္ကစီမောင်းတဲ့အလုပ်က လစာတော်တော်ကောင်းတဲ့ထဲ ပါပါတယ်။ သူဆိုရင် အသည်းအသန်ကြီး ပင်ပန်းခံလုပ်နေတာမျိုး မဟုတ်ဘဲ ပုံမှန်လေးပဲ မောင်းတာပါ။ စိတ်ပင်ပန်းတဲ့နေ့ဆို စောစောနားတယ်၊ အေးအေးဆေးဆေး လုပ်တာတောင် တစ်လကို အခွန်တွေဘာတွေ နှုတ်ပြီး သောင်း ၄၀ ကျော်ကတော့ အေးဆေးကျန်တာပါ။ ဒါက အနည်းဆုံးနော်။

🌟အောင်မြင်မှုဆိုတာကို သူများတွေ ဘယ်လိုပေတံနဲ့ တိုင်းတာကြလဲတော့ မသိပေမယ့် အမအတွက်ကတော့ ကိုယ်လုပ်ချင်တဲ့၊ ကိုယ်လုပ်နိုင်တဲ့အလုပ်ကို လုပ်ရင်းနဲ့ ကိုယ်တိုင်လည်း စိတ်အေးချမ်းရမယ်၊ ပတ်ဝန်းကျင်ကိုလည်း အနှောက်အယှက်မဖြစ်စေဘဲ ကိုယ့်လမ်းကိုယ် အေးအေးလူလူ လျှောက်လှမ်းနေနိုင်တာမျိုးလို့ မြင်ပါတယ်။

ပင်ပန်းခက်ခဲမှုဆိုတာကတော့ အလုပ်တိုင်းမှာ ရှိစမြဲပါ။ ဒါပေမဲ့ ကိုယ်မပျော်တဲ့ လုပ်ငန်းခွင်မှာ ပင်ပန်းဆင်းရဲစွာ တိုက်ပွဲဝင်နေရတာမျိုးထက်၊ ကိုယ်သဘောကျတဲ့ အလုပ်ခွင်မှာ ကိုယ့်တိုးတက်မှုအတွက် အေးအေးချမ်းချမ်း ရှာဖွေနေရတာက ပိုတန်ဖိုးရှိတယ်လို့ ထင်ပါတယ်။ ဒီလောကကြီးမှာ ရှင်သန်ဖို့အတွက် ငွေကြေးကလည်း အရေးကြီးတာမို့၊ ကိုယ်နှစ်သက်တဲ့အလုပ်ကို လုပ်ရင်း ဝင်ငွေလည်း ကောင်းနေမယ်ဆိုရင်တော့ ဒါဟာ အတိုင်းထက်အလွန်ပေါ့လေ။ 😇

အခုဆို သူတို့ကုမ္ပဏီမှာ မြန်မာတွေ အများကြီးရှိနေပြီး အလုပ်မှာ အရမ်းတော်ကြလို့ ကုမ္ပဏီဘက်ကတောင် မြန်မာတွေကို အရမ်းချီးကျူးနေတာပါ။ တစ်လကို သောင်း ၇၀/၈၀ ကျော်အထိ ဝင်ငွေကြမ်းနေတဲ့သူတွေတောင် ရှိတယ်လို့ သိရပါတယ်။ 👏

မြန်မာတွေ နိုင်ငံရပ်ခြားမှာ ဝင်ငွေကောင်းကောင်းနဲ့ ဂျပန်လူမျိုးတွေနဲ့အတူ ရင်ဘောင်တန်း ကြိုးစားနေကြတာကို မြင်ရတာ အမတို့အတွက် ကြည်နူးစရာပါ။ ဒီထက်မက အောင်မြင်ပြီး အနာဂတ်လမ်းတွေ ပိုမိုဖြောင့်ဖြူးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🇲🇲🇯🇵

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#တက္ကစီ #ကားမောင်းအလုပ်

 #တိုကျိုမြို့ရဲ့ အကြီးဆုံး ဘတ်စ်ကုမ္ပဏီကြီးမှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးဘတ်စ်ယာဥ်မောင်း မောင်လေးဆီက ပုံလေးတွေ ရလာလို...
12/06/2026

#တိုကျိုမြို့ရဲ့ အကြီးဆုံး ဘတ်စ်ကုမ္ပဏီကြီးမှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးဘတ်စ်ယာဥ်မောင်း မောင်လေးဆီက ပုံလေးတွေ ရလာလို့ ကြွားပါရစေ 😁

သူနဲ့ပတ်သက်ပြီး အရင်ကလည်း ပို့စ်လေးတွေ တင်ပေးဖူးပါတယ်။ အခုဆိုရင် အလုပ်ဝင်တာ (၈) လကျော်၊ (၉) လထဲတောင် ရောက်နေပါပြီ။ တစ်ယောက်တည်း လမ်းကြောင်းတွေ စမောင်းနေတာတောင် (၃) လ ရှိနေပါပြီ။
ခုတလောမှာပဲ လစာပါ ထပ်တိုးသွားပြီလို့ သတင်းကောင်းလေး ကြားရပါတယ်။ ကိုယ့်လစာတိုးတာ မဟုတ်ပေမဲ့ သူတို့တွေတိုးတယ်ဆိုတော့လည်း ကိုယ်တွေမှာ ပျော်နေရတာပဲ 😁✨

သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက ကုမ္ပဏီအကြီးကြီးမို့ ရေရှည်အတွက် ခိုင်မာတဲ့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။

ဂျပန်နိုင်ငံမှာ ဘတ်စ်ကားမောင်းသူတစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သတ်မှတ်အရည်အချင်းလိုအပ်ချက်တွေများသလို၊ အင်တာဗျူးတွေလည်း အဆင့်ဆင့် အလုပ်ဝင်ပြီးနောက်မှာလည်း သင်ယူရတာတွေ၊ လေ့ကျင့်ရတာတွေ အတော်လေး များပြားတာကြောင့် အမှားမရှိ တစ်ယောက်တည်း လမ်းကြောင်းစမောင်းနိုင်ဖို့ အချိန်တော်တော်ပေးရပါတယ်။

ဒီလို ခက်ခဲတဲ့ အလုပ်တစ်ခုမှာ အောင်အောင်မြင်မြင်နဲ့ ရှေ့ဆက်နေတာကို ကြည့်ပြီး အရမ်းပဲ ဂုဏ်ယူရတယ်ကွာ။

ကဲ ဒီနေ့ကတော့ Happy Friday လေး ဖြစ်သွားပီ။ 🌟❤️

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း

03/06/2026

အားလုံးပဲ မင်္ဂလာပါ 😊

#တိုခုတေးဂီနိုးယာဉ်မောင်းစာမေးပွဲ (ထရပ်၊ တက္ကစီ၊ ဘတ်စ်) အတွက် အမတို့ကုမ္ပဏီက ထုတ်ပေးထားတဲ့ "အခမဲ့ စာကြည့် App" အကြောင်းကို တော်တော်များများလည်း သိပြီးကြပြီ ထင်ပါတယ်နော်။

အကောင့်ဖွင့်နည်းကို ပို့စ်တင်ပေးထားပေမဲ့ အားလုံးက စိတ်လောပြီး သေချာမဖတ်ဘဲ Email နဲ့ တန်းဝင်ဖို့ ကြိုးစားကြလို့ အဆင်မပြေမှုတွေ ခဏခဏ ဖြစ်နေကြလို့ပါ။ အဆင်ပြေပြေ အကောင့်ဖွင့်နိုင်ဖို့ သေချာ ရှင်းပြထားတဲ့ ဗီဒီယိုလေးကို ထပ်တင်ပေးလိုက်ရတာပါ။

အခုဗီဒီယိုက အချိန်သိပ်မကြာတာမို့ စိတ်ရှည်လက်ရှည်လေး ကြည့်ပေးကြပါဦးနော်။ အကောင့်ဖွင့်တဲ့နေရာမှာ အချိန်မကုန်စေဖို့ အခုမှ စဖွင့်မယ့်သူတွေအနေနဲ့ Email ကနေ တန်းမဝင်ဘဲ ဗီဒီယိုထဲကအတိုင်း တစ်ဆင့်ချင်းစီ လုပ်ပေးဖို့ မေတ္တာရပ်ခံပါရစေနော်။

ဒီလင့်ခ်ကနေဝင်ပီး အကောင့်ဖွင့် စာလေ့လာလို့ရပါတယ်ရှင်။ အခမဲ့ပါနော်

https://golds.joys-japan.co.jp/signin

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း See less

 #ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ် (၃) မျိုးရဲ့ လစာအစစ်အမှန်များကို နှိုင်းယှဉ်ပြခြင်းအားလုံးပဲ မင်္ဂလာပါရှင်!! လစာစာရွက...
25/05/2026

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ် (၃) မျိုးရဲ့ လစာအစစ်အမှန်များကို နှိုင်းယှဉ်ပြခြင်း

အားလုံးပဲ မင်္ဂလာပါရှင်!! လစာစာရွက်လေးတွေ မတင်ပေးဖြစ်တာ ကြာလို့ ဒီတစ်ခေါက်မှာတော့ အားလုံးမြင်သာအောင် ထရပ် (Truck)၊ တက္ကစီ (Taxi) နဲ့ ဘတ်စ် (Bus) အလုပ် ၃ မျိုးလုံးရဲ့ လစာတွေကို ယှဉ်ပြပေးလိုက်ပါတယ်။

အလုပ်ခေါ်စာတွေ တင်တိုင်း "တကယ်ကော အဲ့လောက်ရရဲ့လား" လို့ မေးတတ်ကြလွန်းလို့ သေချာလေး ယှဉ်ပြပေးချင်တာပါ။ (မှတ်ချက် - တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းနဲ့ ကုမ္ပဏီအပေါ်မူတည်ပြီး လစာကွာခြားနိုင်တာကိုတော့ သတိပြုပေးစေလိုပါတယ်)

📊 လစာနှိုင်းယှဉ်ချက် အကျဉ်းချုပ်

🚕 တက္ကစီ
• စုစုပေါင်းလစာ : 723,642 ¥
• အသားတင်လစာ : 622,000 ¥
• အလုပ်လုပ်ရက် : ၂၄ ရက် (၁၂ ရက်ဆင်း - 隔日勤務)
• မှတ်ချက်: ကော်မရှင်စနစ် + ခရီးသည်များ၍ များများရ

🚛 ထရပ်
• စုစုပေါင်းလစာ : 407,039 ¥
• အသားတင်လစာ  : 335,709 ¥
• အလုပ်လုပ်ရက် : ၂၀ ရက်
• မှတ်ချက် : OT (၈၁ နာရီ) + ထောက်ပံ့ကြေးများ

🚌 ဘတ်စ်
• စုစုပေါင်းလစာ : 320,864 ¥
• အသားတင်လစာ  : 273,767 ¥
• အလုပ်လုပ်ရက် : ၂၀ ရက်
• မှတ်ချက် : ကုမ္ပဏီကြီး / ခွင့်ရက်ရှိ၍ တည်ငြိမ်မှုရှိ

🔍 အလုပ်တစ်ခုချင်းစီရဲ့ သဘောသဘာဝ

🚛 ထရပ်
ဒီမောင်လေးက ဂျပန်စာ တော်ပေမယ့် အလုပ်စလျှောက်တုန်းက မြန်မာလိုင်စင်မရှိ၊ ဂျပန်လိုင်စင်ကလည်း ရခါစမို့ အလုပ်ရဖို့ တော်တော်ခက်ခဲခဲ့ပါတယ်။ အခုတော့ ပစ္စည်းသယ်ရတဲ့ ပင်ပန်းမှုရှိပေမယ့် လိုင်စင်သက်တမ်းမရှိသေးသူတစ်ယောက်အတွက် လစာ ၃၃ သောင်းကျော်ဆိုတာ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

🚕 တက္ကစီ
ဒါကတော့ အလုပ်ဝင်ပြီး ပထမဆုံးရတဲ့လစာပါ။ အမတို့တောင် အံ့သြရလောက်အောင် များပါတယ်။ ကုမ္ပဏီက ဝင်ဝင်ချင်းကိုက အက်ပ်က ခရီးသည်ပဲ လက်ခံခိုင်းတာပါ။ ဒါပေမယ့် ကော်မရှင်စနစ်ဖြစ်လို့ ခရီးသည်နည်းရင် လစာနည်းနိုင်ခြေရှိတာရယ်၊ ၂ ရက်စာ အလုပ်ချိန်ကို တစ်ခါတည်း ဆင်းရတဲ့ (隔日勤務) စနစ်ကို လက်ခံနိုင်ဖို့တော့ လိုပါလိမ့်မယ်။

🚌 ဘတ်စ်
ကုမ္ပဏီအကြီးကြီးမှာ ဝင်နေတာ ၇ လလောက် ရှိပါပြီ။ ဘတ်စ်က Training ကာလ ကြာတတ်ပါတယ်။ အခုမှ တစ်ယောက်တည်း စမောင်းတာ ၃ လလောက်ပဲ ရှိပါသေးတယ်။ ဒီလမှာ ခွင့်ရက်တွေရှိလို့ အလုပ်ရက်နည်းပေမယ့် အသားတင် ၂၇ သောင်းကျော် ရတာဟာ တည်ငြိမ်ပြီး အဆင်ပြေတဲ့ အနေအထားပါ။

💡💡ဟိုတစ်နေ့က ထရပ်ခေါ်စာမှာ လစာနည်းတယ်ဆိုတဲ့ အချက်အပေါ် အခြေခံပြီး 'မြန်မာအချင်းချင်း ခေါင်းပုံဖြတ်တာမျိုးတွေ ရှိလို့ပါ' ဆိုပြီး သိမ်းကျုံးစွပ်စွဲတာတွေ တွေ့ရလို့ အမ တကယ်ကို စိတ်မကောင်းဖြစ်ရသလို စိတ်လည်းတိုမိပါတယ်။ အမှန်တော့ အမတို့က အလုပ်မိတ်ဆက်ပေးသူတွေသာ ဖြစ်ပြီး လစာသတ်မှတ်ချက်ဆိုတာက သက်ဆိုင်ရာ ကုမ္ပဏီတွေအပေါ်မှာပဲ မူတည်တာပါ။

အမတို့ဘက်က ပြောသမျှ စကားတစ်ခွန်းချင်းစီအပေါ် တာဝန်ယူ၊ တာဝန်ခံမှု အပြည့်ရှိပါတယ်။ အမတို့နဲ့ အလုပ်လျှောက်ဖူးသူတိုင်း သိကြတဲ့အတိုင်း မြန်မာကလေးတွေကိုပဲ အမြဲ ဦးစားပေး စဉ်းစားဆောင်ရွက်ပေးနေတာပါ။

အလုပ်တစ်ခုထဲ ထည့်ပေးလိုက်ရုံနဲ့ အမတို့ တာဝန်ပြီးပြီလို့ မသတ်မှတ်ပါဘူး။ အလုပ်ဝင်ပြီးတဲ့ နောက်ပိုင်းမှာလည်း လစာတွေ မှန်မှန်ရရဲ့လား၊ အဆင်ပြေရဲ့လား၊ အလုပ်ပြောင်းချင်တဲ့ စိတ်တွေရှိနေလား ဆိုတာအထိ အသေးစိတ် တာဝန်ယူပေးနေတာမျိုးပါ။ အမတို့က မြန်မာတွေအတွက် ရှိသမျှ အလုပ်တွေထဲကမှ အကောင်းဆုံး အခွင့်အလမ်းတွေ ရနိုင်ဖို့ကိုပဲ စေတနာနဲ့ သေချာလေး ကူညီဆောင်ရွက်ပေးတာပါ။

လစာနည်းလို့ အပြစ်တင်နေတဲ့သူတွေကို မေးချင်တာက - "အလုပ်ရဲ့ လိုအပ်ချက်တွေကိုကော သေချာကြည့်ကြလား?" ဆိုတာပါပဲ။ ဖူဆူးလိုင်စင်နဲ့တင်ရမယ်၊ ဂျပန်စာလည်း သိပ်မလိုဘူးဆိုတဲ့ အနေအထားနဲ့ ဘယ်လောက်အထိ မှန်းထားကြတာလဲဟင်?

အခုပြထားတဲ့ ထရပ်နဲ့ ဘတ်စ်အလုပ်တွေဟာ ကုမ္ပဏီကြီးတွေဖြစ်ပါတယ်။ တစ်ချို့အလုပ်တွေက ဝင်ဝင်ချင်း လစာမများနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အလုပ်အကိုင်တည်ငြိမ်မှု၊ ဗီဇာကိစ္စ ခိုင်မာမှုတွေက အနာဂတ်အတွက် အများကြီး စိတ်အေးရပါတယ်။ လက်ရှိ တစ်ဒင်္ဂရမယ့် ပိုက်ဆံပဲ မကြည့်ဘဲ အနာဂတ်အတွက်ပါ မျှော်တွေးကြစေချင်ပါတယ်။

တကယ်လို့ ကိုယ်က အနာဂတ်ထက် ပိုက်ဆံအမြန်စုပြီး မြန်မာပြန်မှာပဲ ဆိုရင်တော့ -

ဂျပန်စာ Level ကို အရင်ဖြည့်ပါ၊ ပြီးရင်တော့ အခုပြထားတဲ့ တက္ကစီလို အလုပ်မျိုးကိုပဲ ရွေးချယ်ပြီး လုပ်ပါ။

အနှစ်ချုပ်ပြောရရင်တော့ အလုပ်တိုင်းမှာ အားသာချက်၊ အားနည်းချက် ရှိပါတယ်။ လစာတစ်ခုတည်းကိုပဲ မကြည့်ဘဲ မိမိအရည်အချင်း၊ အလုပ်ရဲ့ အနာဂတ်တည်ငြိမ်မှုနဲ့ အခြေအနေအရပ်ရပ်ကို ဦးနှောက်လေးသုံးပြီး သေချာစဉ်းစား ဆုံးဖြတ်ကြပါလို့ လျှာရှည်ပီး ပြောပါရစေရှင်။

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ် #တက္ကစီ #ဘတ်စ်ယာဥ်မောင်း See less

20/05/2026

ထရပ်ယာဥ်မောင်း
အတွေ့အကြုံမျှဝေခြင်း (Tiktok Live)

အပိုင်း - ၂

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ်

18/05/2026

ထရပ်ယာဥ်မောင်း
အတွေ့အကြုံမျှဝေခြင်း (Tiktok Live)

အပိုင်း - ၁

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ်

ဒီတစ်ပတ် စနေနေ့မှာ 中型 ထရပ်ယာဥ်မောင်း အကိုကြီး ၂ ယောက်နဲ့ TikTok LIVE လေး ရှိပါမယ်ဗျို့ 🤩ဒီ ၂ ယောက်က ဂီနိုးနဲ့အလုပ်ဝင်တာဖ...
13/05/2026

ဒီတစ်ပတ် စနေနေ့မှာ 中型 ထရပ်ယာဥ်မောင်း အကိုကြီး ၂ ယောက်နဲ့ TikTok LIVE လေး ရှိပါမယ်ဗျို့ 🤩

ဒီ ၂ ယောက်က ဂီနိုးနဲ့အလုပ်ဝင်တာဖြစ်ပီး 中型 ဆိုတော့ အရင်မောင်လေးတွေရဲ့ အတွေ့အကြုံလေးတွေနဲ့လည်း အနည်းငယ်ကွာနိုင်တာမို့ စိတ်ဝင်စားသူများအတွက် အကျိုးရှိမယ်လို့ထင်ပါတယ်

သိချင်တာတွေကို အားမနာတမ်း လာရောက်မေးမြန်းနိုင်ပါတယ်ဗျို့ ☺️

https://www.tiktok.com/

၁၆-၅-၂၀၂၆ (စနေနေ့)
ဂျပန်အချိန် - ည ၇:၀၀ နာရီ
မြန်မာအချိန် - ညနေ ၄:၃၀ နာရီ

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

#ထရပ် #ကားမောင်းအလုပ်

မင်္ဂလာပါရှင်... ပိတ်ရက်တွေလည်း ပြီးသွားပြီဆိုတော့ အလုပ်ခွင်ထဲမှာ အားလုံး ပြန်လည် ရုန်းကန်နေကြပြီ ထင်ပါတယ်နော်။ 💼☀️ဒီနေ့...
07/05/2026

မင်္ဂလာပါရှင်... ပိတ်ရက်တွေလည်း ပြီးသွားပြီဆိုတော့ အလုပ်ခွင်ထဲမှာ အားလုံး ပြန်လည် ရုန်းကန်နေကြပြီ ထင်ပါတယ်နော်။ 💼☀️

ဒီနေ့တော့ အစ်မ နည်းနည်းလောက် "ဆရာကြီး" လုပ်မယ့် ပို့စ်လေးတစ်ခု တင်ပါရစေ 😁 အခုနောက်ပိုင်း အလုပ်တွေသွင်းပေးရင်းအလုပ်လျှောက်တဲ့သူတွေနဲ့ စကားပြောရင်းကနေ ကြုံတွေ့လာရတာလေးတွေနဲ့ ဆက်စပ်ပီးတော့ပါ။ ✨

အစ်မတို့ကတော့ ထုံးစံအတိုင်း "ယာဉ်မောင်း" အလုပ်ကို အဓိကထားတာဆိုတော့ ဒီအလုပ်ကနေပဲ စပြောပါမယ်။ 🚕 တက္ကစီအလုပ်တွေရဲ့ ဝင်ငွေနဲ့ လစာတွေကို တင်ပေးတိုင်း အလုပ်လျှောက်ချင်တဲ့သူတွေ တအားများပါတယ်။ ဒီမှာ အစ်မ တစ်ခုပြောချင်တာက "သူများလုပ်တိုင်း သူများလစာတွေ အများကြီးရတိုင်း" ကိုယ်လည်း ရချင်တာမို့လို့ ဒီအလုပ်ကို လုပ်မယ်လို့ ဇွတ်မဆုံးဖြတ်ကြပါနဲ့။ 🙅‍♀️ အစ်မ ပို့စ်တွေတင်ရင် အမြဲတမ်း အကောင်းတွေကိုပဲ ကွက်မတင်ပါဘူး။ ကောင်းတာရော၊ ဆိုးတာရော အကုန်လုံးကို ကိုယ်တိုင် ချင့်ချိန်စဉ်းစားလို့ရအောင် သေချာလေး တင်ပေးတတ်ပါတယ်။ ⚖️

အလုပ်ဆိုတာ သူများနဲ့ အဆင်ပြေတိုင်း ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေတာမျိုးပါ။ အလုပ်တိုင်းဟာ သူ့ဟာသူ တန်ဖိုးထားတဲ့သူရဲ့ ခံယူချက်အပေါ် မူတည်ပြီး တန်ဖိုးရှိသလို၊ ထိုက်တန်မှုလည်း ရှိပါတယ်။ ဥပမာ- ဆရာဝန်အလုပ်မှ ကောင်းတယ်လို့ သတ်မှတ်လိုက်ပြီး လူတိုင်း ဆရာဝန်ပဲ လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် အဲ့ဒီဆရာဝန်တွေကို ကူညီပေးမယ့် သူနာပြုတွေ၊ ဆေးပစ္စည်းတွေ ဝယ်ပေးမယ့် အရောင်းကိုယ်စားလှယ်တွေနဲ့ လူနာတွေကို သယ်ယူပို့ဆောင်ပေးမယ့် "ယာဉ်မောင်း" တွေသာ မရှိရင် အဲ့ဒီဆရာဝန်အလုပ်ကလည်း အလကားပါပဲ။

ဒါကြောင့် ပိုက်ဆံတစ်ခုတည်း ဒါမှမဟုတ် လူကြိုက်များတာတစ်ခုတည်းကို မကြည့်ဘဲ ကိုယ်တကယ် ဖြစ်ချင်တာ၊ ကိုယ်တကယ် လုပ်နိုင်တာနဲ့ ကိုယ့်အတွက် ပျော်ရွှင်မှု၊ စိတ်အေးချမ်းမှုကို ပေးနိုင်မယ့် အလုပ်မျိုးကိုပဲ ရွေးချယ်ပါနော်။ 💖

လောကမှာ ပိုက်ဆံက အရေးကြီးတယ်ဆိုပေမယ့်လည်း ပိုက်ဆံရှိတိုင်း မပျော်ရွှင်ရတဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ ပိုက်ဆံမရှိရင်လည်း အဆင်မပြေပြန်ဘူးပေါ့လေ 💸😆 အစ်မတို့ဆီမှာ တက္ကစီမောင်းနေတဲ့ ကလေးတွေထဲမှာလည်း အလုပ်နဲ့ကိုက်လို့ ဝင်ငွေကောင်းပြီး အဆင်ပြေနေသူတွေ ရှိသလို ဒီအလုပ်က ကိုယ့်အတွက် မဟုတ်တာကြောင့် တစ်နေ့တစ်နေ့ စိတ်ဖိစီးနေရပြီး နောက်ဆုံး လျော်ကြေးပေးပြီးမှ ထွက်လိုက်ရတဲ့ ကလေးတွေလည်း အများကြီးရှိပါတယ်။

📉 ဆိုရှယ်မီဒီယာမှာ သူများတွေ ဝင်ငွေကောင်းနေတာမြင်တိုင်း အားကျလို့ရပေမယ့် ကိုယ့်စိတ်ကို မညှင်းဆဲမိပါစေနဲ့။ လူတိုင်းက ဆိုရှယ်မှာ အကောင်းတွေကိုပဲ ချပြတတ်ကြတာပါ။ ဆိုးတာတွေ၊ ပင်ပန်းရတာတွေကိုတော့ ဘယ်သူမှ သိပ်ချပြလေ့ မရှိကြပါဘူး။ 🎭

အခုနောက်ပိုင်း အစ်မတို့ မြန်မာကလေးတွေကို မြင်ရင် ကြိုးစားချင်စိတ် ရှိတာကို ဝမ်းသာမိပေမယ့် တစ်ဖက်မှာလည်း စိတ်မကောင်းဖြစ်ရပါတယ်။ "မိသားစုအတွက် ငါပဲရှိတယ်၊ ငါပဲ သည်းခံရမယ်၊ အမြင့်ရောက်ဖို့ အပင်ပန်းခံမှရမယ်" ဆိုပြီး လူငယ်ဘဝမှာ လူငယ်လို မပျော်နိုင်ဘဲ ရုန်းကန်နေရတာတွေကို မြင်ရင် အစ်မကိုယ်တိုင် ခံစားခဲ့ရတာတွေ ပြန်မြင်ယောင်ပြီး နောက်မှ နောင်တမရစေချင်လို့ပါ။ 🥺🌿

အစ်မ ပင်ပန်းလာတဲ့အခါ ဖြစ်ချင်စိတ်တွေ များလွန်းပြီး ကိုယ့်စိတ်ကို ပင်ပန်းအောင် လုပ်မိတဲ့အခါတိုင်း အစ်မအဖေ အမြဲပြောပြတဲ့ စကားလေးတစ်ခု ရှိပါတယ်။

"အပေါ်ကိုပဲ မကြည့်ပါနဲ့ အောက်ကိုလည်း ငုံ့ကြည့်ပါဦး" တဲ့။ 🙌✨

ကိုယ့်ထက် တော်နေတဲ့သူ အောင်မြင်နေတဲ့သူတွေကိုပဲ ကြည့်ပြီး ကိုယ့်စိတ်ကို မညှင်းဆဲပါနဲ့။ ကိုယ့်ထက် ပိုကြိုးစားနေရပေမယ့် ပင်ပန်းနေသူတွေ၊ ဝင်ငွေနည်းနည်းနဲ့ ရပ်တည်နေရသူတွေ၊ တစ်နေ့တာ စားဝတ်နေရေးအတွက်ပဲ ပူပန်နေရသူတွေကို တစ်ချက်လောက် ငုံ့ကြည့်ပြီး ကိုယ့်မှာရှိတာလေးနဲ့ ရောင့်ရဲနိုင်အောင်၊ လက်ရှိအနေအထားကို တန်ဖိုးထားတတ်အောင် ကြိုးစားပါတဲ့။ ⭐

ဘဝရဲ့ ပျမ်းမျှသက်တမ်းရဲ့ တစ်ဝက်စာလောက် ဖြတ်သန်းပြီးတဲ့နောက်မှာတော့ အဲ့ဒီစကားက တအားမှန်တယ်လို့ တွေးမိလာတယ်။ ⏳ ဘဝဆိုတာ တိုတိုလေးပါ။ ကိုယ့်စိတ်ကို အပင်ပန်းခံ၊ အနာဂတ်အတွက်ပဲ အရမ်းစိုးရိမ်နေပြီး လက်ရှိအချိန်လေးကို တန်ဖိုးမထားမိတာမျိုး မဖြစ်စေချင်ဘူး။ အစ်မကိုယ်တိုင်လည်း သူများမမြင်နိုင်တဲ့ ပင်ပန်းမှုတွေ ကြုံခဲ့ပြီးနောက်မှာ ဘဝကို အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ ဖြတ်သန်းဖို့ ပတ်ဝန်းကျင်ကို Negative feeling တွေ မပြန့်ပွားစေဖို့ ကြိုးစားရမယ်ဆိုတာကို လက်ခံလာနိုင်ခဲ့ပါတယ်။ 🌈✨

ဒီပို့စ်က ကြိုးစားနေတဲ့သူတွေကို မကြိုးစားနဲ့လို့ တားနေတာမျိုး၊ ဘဝမှာ ကြိုးစားနေစရာ မလိုဘူးလို့ ဆိုလိုတာမျိုး လုံးဝမဟုတ်ပါဘူး။ ဘဝဆိုတာ ခက်ခဲတတ်သလို လူတိုင်းမှာလည်း ကိုယ်စီ အခက်အခဲတွေ ရှိနေနိုင်တာပါပဲ။ ဒါပေမဲ့ သူများကိုပဲ ငေးကြည့်ပြီး ကိုယ့်ရဲ့ ငြိမ်းချမ်းမှုကိုတော့ မဖျက်ဆီးစေချင်တာပါ။
ကိုယ့်လမ်းကိုယ် ယုံယုံကြည်ကြည်နဲ့ လျှောက်လှမ်းလို့ ရပါတယ်။ သူများလျှောက်တဲ့လမ်းမှ လမ်းမှန်လို့ အမြဲမဆိုလိုနိုင်သလို၊ သူများနဲ့ နှိုင်းယှဉ်နေဖို့လည်း မလိုပါဘူး။ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်တာမို့လို့ ကိုယ်တိုင်ပဲ ဖန်တီးယူကြပါနော်။ 🧘‍♀️💫

အထူးသဖြင့် အခုလို နိုင်ငံရေး၊ စီးပွားရေး အဖက်ဖက်က ခက်ခဲနေတဲ့အချိန်မှာ ပင်ပန်းနေကြတဲ့ အမတို့ မြန်မာတွေကို တစ်ဖက်တစ်လမ်းကနေ စိတ်သက်သာရာ ရစေချင်ရုံပါ။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ရှေ့ဆက်နိုင်ကြပါစေ။ ❤️🇲🇲

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်
See less

မင်္ဂလာပါရှင်... 🌸အစ်မတို့ဆီမှာ ယာဥ်မောင်းအလုပ်အကိုင်နဲ့ ပတ်သက်ပြီး လာရောက်စုံစမ်းကြတဲ့ မိနစံတို့အနေနဲ့ Messenger မှာ စက...
14/04/2026

မင်္ဂလာပါရှင်... 🌸

အစ်မတို့ဆီမှာ ယာဥ်မောင်းအလုပ်အကိုင်နဲ့ ပတ်သက်ပြီး လာရောက်စုံစမ်းကြတဲ့ မိနစံတို့အနေနဲ့ Messenger မှာ စကားပြောတဲ့အခါ တစ်ခါတစ်ရံ လူပြောင်းသွားလို့ပဲဖြစ်ဖြစ်၊ ကိုယ်မေးထားတာကို ဘယ်သူက တာဝန်ယူပေးနေတာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရအောင် အစ်မတို့ မြန်မာတာဝန်ခံတွေနဲ့ မိတ်ဆက်ပေးပါရစေ။

သက်ဆိုင်ရာ တာဝန်အလိုက် ခွဲထားတာမို့ မိမိတို့ရဲ့ လိုအပ်ချက်ကို အမြန်ဆုံး အကူအညီပေးနိုင်ဖို့အတွက်ပါနော်။

၁။ မဖူး
အစ်မကတော့ အဓိကအားဖြင့် အလုပ်အကိုင်နဲ့ ဗီဇာကိစ္စတွေကို တိုင်ပင်ဆွေးနွေးပေးတာပါ။ Messenger အကောင့်ကို အဓိကကိုင်တွယ်သလို အင်တာဗျူး လေ့ကျင့်ပေးတာနဲ့ အင်တာဗျူးဝင်တဲ့အခါ ဘေးကနေ ကူညီပေးပါတယ်။ အလုပ်ဝင်ပြီးနောက်ပိုင်း နေထိုင်မှုနဲ့ လုပ်ငန်းခွင် အဆင်ပြေအောင် အကြံပြုဆွေးနွေးပေးတာမျိုးတွေလည်း လုပ်ပေးပါတယ်။ (Joys Phu ဆိုတဲ့ Facebook နဲ့ TikTok က ပို့စ်တွေကိုလည်း အစ်မပဲ တင်ပေးနေတာပါနော်)။
**အကုန်လုံးအတွက် လိုက်ခံစား စိတ်ပူပေးတတ်၊ အမြဲတမ်း ပူညံပူညံနဲ့ အတည်ပေါက်တွေ တအားလုပ်တတ်လို့ "အမေ vibe (Mom Vibe)" ရတယ်လို့ အပြောခံရဆုံးသူပေါ့ 🥴 🥴 **

၂။ မပိုပို
အစ်မတို့ ကုမ္ပဏီရဲ့ "ပညာရေးနှင့် လေ့ကျင့်ရေးတာဝန်ခံ" ပါ။ အရင်က CV ရေးဖူးတဲ့သူတွေ သိကြတဲ့အတိုင်း အခုလည်း သင်ကြားရေးနဲ့ လေ့ကျင့်ရေးပိုင်းတွေကို အဓိက တာဝန်ယူထားပါတယ်။ စေ့စပ်သေချာတဲ့သူမို့ စာရွက်စာတမ်းပိုင်းစစ်ဆေးပေးတာမျိုးတွေ ဂီနိုးစာမေးပွဲအတွက် လေ့လာသင့်တဲ့ စာလုံးတွေကို ထုတ်နှုတ်ပီး Tiktok မှာတင်ပေးတာမျိုးတွေလည်း လုပ်ပါတယ်။
**ဟာသတွေ တအားပြောတတ်လို့ "အခွီတစ်လိုင်း" ဆိုတာကိုတော့ သူနဲ့ စကားပြောဖူးသူတိုင်း သိကြမှာပါရှင်😂😂 **

၃။ ညီမလေး လွေး
အဖွဲ့သားအသစ်လေးဖြစ်တဲ့ လွေးကတော့ "CV ရေးသားခြင်းနဲ့ စာရွက်စာတမ်းဆိုင်ရာ" အပိုင်းတွေကို တာဝန်ယူပေးနေပါတယ်။ အခုနောက်ပိုင်း CV အသစ်ရေးမယ့်သူတွေက ညီမလေးနဲ့ တိုက်ရိုက် ဆက်သွယ်ရမှာပါနော်။
**သူကလည်း အတည်ပေါက်နဲ့ ဟာသ တအားလုပ်တတ်တဲ့သူမို့ နောက်ပိုင်း သိလာရပါလိမ့်မယ်နော်😅 😅
တိုင်းရင်းသူပီပီ မြန်မာစာရိုက်တအားကျွမ်းကျင်တာမို့ ကလေးတွေ ဒီနေ့စာပို့ရင် ပြန်စာကိုတော့ မနက်ဖြန်လောက် ရပါလိမ့်မယ်နော် သူတစ်ညလုံးထိုင်ရိုက်နေရတာမို့ 🤣**

၄။ ကိုအောင်
အစ်မတို့က Joys Japan (ယာဉ်မောင်းအလုပ်မိတ်ဆက်) နဲ့ Ziplus (လိုင်စင်နှင့် ဗီဇာဝန်ဆောင်မှု) ဆိုပြီး ကုမ္ပဏီ (၂) ခုရှိပါတယ်။ အောင်စံကတော့ Ziplus ရဲ့ Registration Support (登録支援) တာဝန်ခံပါ။ ယာဉ်မောင်းအလုပ် အင်တာဗျူးအောင်ပြီးတဲ့သူတွေရဲ့ ဗီဇာကိစ္စနဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေကို အောင်စံက တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်လို့ အင်တာဗျူးအောင်ပြီးရင်တော့ သူနဲ့ အသေးစိတ် ချိတ်ဆက်ရမှာပါ။
**သူကတော့ ညီလေး-ကိုကြီး ဆက်ဆံရေးနဲ့ သူရဲ့ အားလပ်ချိန် ညဘက်တွေပါ မချန် ကလေးတွေကို ကူညီပေးတတ်တဲ့သူပါ ဂျပန်နဲ့ပတ်သက်ရင် တော်တော်လေး ဗဟုသုတရှိတာမို့ စာရွက်စာတမ်းကိစ္စတွေတင်မက ကလေးတွေ ကွန်ဗီနီဘယ်နားမှာရှိတာမျိုး ဟိုတယ်တွေ ကူရှာပေးတာမျိုးအထိပါ လုပ်ပေးတတ်တဲ့သူပါ 🤣😁😁**

Messenger မှာ လူပြောင်းသွားရင်ပဲဖြစ်ဖြစ် တာဝန်အလိုက် မေးမြန်းချင်တာပဲဖြစ်ဖြစ် အခုလို မိတ်ဆက်ပေးထားတာကြောင့် ပိုပြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

အစ်မတို့ မြန်မာတာဝန်ခံတွေအားလုံးက မောင်နှမတွေလို အတတ်နိုင်ဆုံး ကူညီပေးသွားမှာမို့ အတူတူ ကြိုးစားကြရအောင်နော်။ 💪

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်

ဂျပန်နိုင်ငံမှာ ယာဉ်မောင်းအလုပ်အင်တာဗျူး အောင်မြင်ဖို့ ဘယ်လိုပြင်ဆင်ရမလဲ? 🚛🚕🚌✨မင်္ဂလာပါ မိနစံတို့ရေ... 🇯🇵 ဒီနေ့မှာတော့ ယ...
13/02/2026

ဂျပန်နိုင်ငံမှာ ယာဉ်မောင်းအလုပ်အင်တာဗျူး အောင်မြင်ဖို့ ဘယ်လိုပြင်ဆင်ရမလဲ? 🚛🚕🚌✨

မင်္ဂလာပါ မိနစံတို့ရေ... 🇯🇵 ဒီနေ့မှာတော့ ယာဉ်မောင်းအလုပ်နဲ့ ပတ်သက်တဲ့ အင်တာဗျူး အတွေ့အကြုံတွေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်ရှင်✨

ယာဉ်မောင်းအလုပ်တွေရဲ့ အင်တာဗျူးပုံစံတွေက ဘယ်လိုရှိတတ်လဲ?? 🤔 အမတို့ရဲ့ အတွေ့အကြုံအရ Truck၊ Taxi၊ Bus ဆိုပြီး အမျိုးအစား ၃ ခု ရှိတဲ့အတွက် ကုမ္ပဏီအပေါ် မူတည်ပြီး ပုံစံလေးတွေတော့ အနည်းငယ် ကွဲပြားနိုင်ပါတယ်နော်။

အမတို့ဆီမှာတော့ အင်တာဗျူးမတိုင်ခင် လိုအပ်သလို ဂျပန်တာဝန်ခံတွေနဲ့ အင်တာဗျူးအတွက် သေသေချာချာ လေ့ကျင့်ပေးတာမို့ စိတ်တအားပူစရာမလိုပါဘူး။ 🤝💪

💡 အင်တာဗျူးအဆင့်နဲ့ ပုံစံ

အင်တာဗျူးက အများစုက (၁) ဆင့်တည်းပါ။ ဒါပေမဲ့ တစ်ချို့ကုမ္ပဏီတွေက (၂) ဆင့် ခေါ်တတ်သလို တစ်ချို့ကတော့ ကားမောင်းပြခိုင်းတာမျိုးလည်း ပါတတ်ပါတယ်။ 🚗💨 ကလေးတွေ အဆင်ပြေအောင် အင်တာဗျူးအများစုကို အွန်လိုင်းကနေရအောင် အမတို့ စီစဉ်ပေးပေမဲ့ ကုမ္ပဏီအပေါ် မူတည်ပြီး လူကိုယ်တိုင်သွားဖြေရတာမျိုးလည်း ရှိပါတယ်။

အွန်လိုင်းနဲ့ဆိုရင်လည်း အမတို့ဘက်က ဂျပန်တာဝန်ခံတစ်ယောက်နဲ့ မြန်မာတာဝန်ခံတစ်ယောက်က အမြဲအတူတူ ဝင်ပေးပါတယ်။ လူကိုယ်တိုင်သွားဖြေရမယ်ဆိုရင်လည်း တစ်ယောက်တည်း လွှတ်လိုက်တာမျိုး မဟုတ်ဘဲ အမတို့ဘက်က ဂျပန်တာဝန်ခံတစ်ယောက်က အတူတူ လိုက်ပါကူညီပေးမှာမို့ လုံးဝ စိတ်ပူစရာမလိုပါဘူးနော်။ 🙆‍♀️✨

🚀 အင်တာဗျူးအောင်မြင်ဖို့ အခြေခံကျတဲ့ အချက်လေးများ

✅ Self-Introduction (自己紹介): ၁ မိနစ်စာ အပိုင်ပြင်ထားပါ။ ⏱️ ကိုယ့်နာမည်က ဂျပန်တွေခေါ်ရခက်ရင် ခေါ်ရလွယ်မယ့် နာမည်တစ်လုံးကိုပါ ထည့်ပြောပေးပါ (ဥပမာ- "အောင်" လို့ ခေါ်လို့ရပါတယ် ဆိုတာမျိုး)။ ဂျပန်တွေက နာမည်ခေါ်ပြီး ပြောတတ်လို့ပါ။ (အမတို့နဲ့ လေ့ကျင့်တဲ့အခါ ဂျပန်စကား မှန်၊ မမှန် စစ်ပေးမှာမို့ စိတ်မပူပါနဲ့)။ 🗣️✨

✅ အပြုံးနဲ့ တက်ကြွမှု (Smile & Energy): ပြုံးဖို့ကို လုံးဝမမေ့ပါနဲ့! 😊 စိတ်လှုပ်ရှားနေရင်တောင် တတ်နိုင်သလောက် ပြုံးဖို့ သတိပြုပါ။ ရုပ်တည်နေတဲ့သူနဲ့ အပြုံးမပျက်တဲ့သူအပေါ် အင်တာဗျူးစစ်သူတွေရဲ့ အမြင်က အရမ်းကွာခြားပါတယ်နော်။

✅ တက်တက်ကြွကြွ စကားပြောပါ: အသံကို နည်းနည်းမြှင့်ပြောပါ။ 🔊 ဂျပန်တွေက အင်အားအပြည့်နဲ့ တက်ကြွတဲ့သူတွေကို အရမ်းသဘောကျပါတယ်။ ဂျပန်စကား သိပ်မရသေးရင်တောင်မှ ကိုယ့်ရဲ့ အပြုအမူနဲ့ ယဉ်ကျေးမှုကိုကြည့်ပြီး ဆုံးဖြတ်ပေးတာမျိုးလည်း ရှိနိုင်လို့ပါ။

✅ Yes/No မေးခွန်းများကို ဖြေဆိုခြင်း: "ဟုတ်ကဲ့/မဟုတ်ဘူး" (Yes/No) တစ်လုံးတည်းနဲ့တင် ရပ်မသွားဘဲ ဘာကြောင့်လဲ (သို့မဟုတ်) ဘယ်လိုမျိုးလဲ ဆိုတဲ့ အကြောင်းပြချက်လေးကိုပါ ထည့်သွင်းဖြေကြားပေးပါ။ 💡 ဥပမာ - "ကျန်းမာရေး ကောင်းလား?" လို့ မေးလာရင် "ဟုတ်ကဲ့ ကောင်းပါတယ်" ဆိုတာလောက်နဲ့တင် ရပ်မသွားဘဲ "ဟုတ်ကဲ့ ကောင်းပါတယ်၊ ကျန်းမာရေးအတွက် နေ့တိုင်း လမ်းလျှောက်တယ်၊ တစ်လတစ်ခါလည်း တောင်တက်လေ့ရှိပါတယ်" ဆိုတဲ့ အချက်လေးတွေကိုပါ ထည့်ပြောပေးတာက ပိုပြီး အမှတ်ရစေပါတယ်။ ⛰️🏃‍♂️

✅ တုံ့ပြန်မှု (Aizuchi) ပြုလုပ်ပါ: အင်တာဗျူးစစ်သူက တစ်ခုခုပြောတိုင်း ကိုယ့်ဘက်ကနေ 'ဟုတ်ကဲ့၊ မဟုတ်ဘူး၊ နားလည်ပါပြီ၊ ကြိုးစားကြည့်ချင်ပါတယ်၊ ကြိုးစားပါ့မယ်' အစရှိတဲ့ တုံ့ပြန်မှုလေးတွေ လုပ်ပေးပါ။ 🙆‍♂️ ကိုယ်က သေချာနားထောင်နေတယ်၊ နားလည်တယ်ဆိုတဲ့ အနေအထားကို ပြသဖို့ အရေးကြီးပါတယ်။

✅ မိမိ CV (履歴書) ကို သေချာပြန်ဖတ်ထားပါ: အမတို့ ပြင်ပေးထားတဲ့ CV ထဲက အကြောင်းအရာတွေ (အထူးသဖြင့် ခုနှစ်တွေ) ကို လွဲချော်မှုမရှိအောင် သေချာပြန်ဖတ်ထားပါ။ 📖 ကိုယ့်အကြောင်းကိုယ် သေချာမဖြေနိုင်ရင် ဂျပန်တွေက သဘောမကျတတ်ပါဘူး။

✅ စာရွက်နဲ့ ဘောပင် အသင့်ဆောင်ထားပါ: အင်တာဗျူးချိန်မှာ မှတ်သားဖို့လိုလာရင် ချက်ချင်းမှတ်တာမျိုး လုပ်နိုင်ပါတယ်။ 📝 ဒါက ကိုယ့်အပေါ် အထင်ကြီး လေးစားမှု ရရှိစေနိုင်ပါတယ်။

✅ စကားဖြတ်မပြောပါနဲ့: စိတ်လောပြီး စကားဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ 🤫 သူတို့ပြောတာကို အရင်ဆုံး ဆုံးအောင် နားထောင်ပြီးမှ ကိုယ်ပြောချင်တာကို သေချာလေး ပြန်ပြောပါ။ 👂

✅ အရေးကြီးဆုံးအချက် (ဂျပန်စာ): "ယာဉ်မောင်းအလုပ်ပဲ ဂျပန်စာ မလိုဘူး" လို့ မထင်လိုက်ပါနဲ့နော်။ 🚫 ဂျပန်မှာ ယာဉ်မောင်းလုပ်မယ်ဆိုရင် ဂျပန်စာ Level တစ်ခု ရှိထားဖို့ လိုအပ်ပါတယ်။ Keigo (ယဉ်ကျေးစကား) အမြင့်ကြီးတွေ မသုံးတတ်ရင်တောင် ~Desu / ~Masu အခြေခံကိုတော့ လုံးဝမမေ့ပါစေနဲ့။ စိတ်လှုပ်ရှားပြီး သူငယ်ချင်းတွေနဲ့ ပြောသလို (Tame-go) တွေ ထွက်လာတတ်လို့ သတိပြုပါနော်။ 🇯🇵🗣️

👔 ခန္ဓာကိုယ် အသွင်အပြင် ပြင်ဆင်မှု ✨

အနားယူပါ: အင်တာဗျူးမတိုင်ခင် သေသေချာချာ အနားယူထားပါ။ 😴 အိပ်ချင်နေတဲ့ပုံ၊ အာရုံမစိုက်နိုင်တဲ့ပုံ ဒါမှမဟုတ် ပင်ပန်းနေတဲ့ပုံမျိုး ပေါ်နေရင် အဆင်မပြေနိုင်ပါဘူး။

ဆံပင်: သေသေသပ်သပ် ဖြီးသင်ပါ။ ရှည်ရင် ညှပ်ထားပါ။ အရောင်တောက်တာတွေဆိုရင် ပြန်ဆိုးထားပါ။ 💇‍♂️

ဝတ်စားဆင်ယင်မှု: အဖြူရောင် ရှပ်အင်္ကျီ ကော်လံပါတာကိုတော့ မဖြစ်မနေ ဝတ်ဆင်ရပါမယ်။ 👕 တက္ကစီကုမ္ပဏီဆိုရင် ကုတ်နဲ့ နက်ကတိုင်လိုမျိုးမဖြစ်မနေ လိုတတ်ပါတယ်။ အဆင်မပြေတဲ့ ကလေးတွေအတွက် အမတို့ ကုမ္ပဏီက ဂျပန်ဝန်ထမ်းတွေဆီက ငှားပေးတာမျိုးရှိလို့ အဲ့ဒါအတွက် အမတို့နဲ့ တိုင်ပင်လို့ ရပါတယ်။

ခြေသည်း/လက်သည်း: သန့်ရှင်းအောင် ထားပေးပါ။ 💅 လူကိုယ်တိုင်တွေ့ရတဲ့အခါ ဒါတွေက အရမ်းအရေးကြီးပါတယ်။

အွန်လိုင်းပြင်ဆင်မှု: ပတ်ဝန်းကျင် မဆူညံမယ့်နေရာကို ပြင်ဆင်ပါ။ ကင်မရာတည့်တည့်ကို ကြည့်ပြီး ဖြေပါ။ ဘေးဘီကို အာရုံမများပါနဲ့။ 🖥️ ကိုယ့်ဘေးမှာ ဇိုင်းလျူးကဒ်နဲ့ လိုင်စင် တို့ကို အသင့်ဆောင်ထားပါနော်။ 🆔

ဒီနေ့ကတော့ ယာဉ်မောင်းအင်တာဗျူးအတွက် အခြေခံ လိုအပ်ချက်လေးတွေ ပြောပြပေးခဲ့တာဖြစ်ပြီး နောက်ပိုစ့်တွေမှာတော့ Truck, Taxi, Bus အမျိုးအစားအလိုက် အသေးစိတ်လေးတွေကို ထပ်ပြီး ပြောပြပေးသွားပါ့မယ်နော်။ အားလုံးပဲ အဆင်ပြေကြပါစေ! 🎉✨👏

#ဂျပန်နိုင်ငံတွင်းယာဉ်မောင်းအလုပ်
#合宿免許 #免許
#ယာဥ်မောင်းလိုင်စင် #ဂျပန်မြန်မာ #၂ပတ်သင်တန်းကျောင်း #မြန်မာလိုင်စင် #ဂျပန်လိုင်စင်

住所

〒150-0045 東京都渋谷区神泉町8-1 フォーラム渋谷神泉8階 JRの場合 JR「渋谷」駅より徒歩9分
Shibuya-ku, Tokyo
150-0045

営業時間

月曜日 09:00 - 18:00
火曜日 09:00 - 18:00
水曜日 09:00 - 18:00
木曜日 09:00 - 18:00
金曜日 09:00 - 21:00

ウェブサイト

アラート

Joys Phu - Myanmarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Joys Phu - Myanmarにメッセージを送信:

ショートカット

共有する

カテゴリー