Like Staffing 株式会社-Japan

Like Staffing 株式会社-Japan (Tokutei Gino အလုပ်အကိုင်မိတ်ဆက်ပေးခြင်း)

11/09/2026

🇲🇲 သတင်းကောင်းလေးရှိပါတယ်! ✨
အားလုံးစောင့်မျှော်နေတဲ့ မြန်မာပြည်တိုက်ရိုက် အလုပ်ခေါ်စာလေးတစ်ခု
ရရှိထားပါတယ်ရှင့် 🤗
အလုပ်ခေါ်စာအသေးစိတ်ကို လာမဲ့ စက်တင်ဘာလ (၁၆) ရက် (ဗုဒ္ဓဟူးနေ့) မှာ
ရှင်းပြသွားဖို့ရှိပါတယ် ( Online ZOOM Seminar) ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 💼✨
⏰ ကျင်းပမည့်အချိန်
• ဂျပန်စံတော်ချိန် - မွန်းလွဲ (၁:၀၀) နာရီ
• မြန်မာစံတော်ချိန် - မနက် (၁၀:၃၀) နာရီ

စိတ်ဝင်စားပြီးပါဝင်တက်ရောက်ချင်သူများအနေဖြင့်
စက်တင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး
မိမိ၏ အမည်ပြည့်စုံ (Full Name) နှင့်
ဂျပန်စာအရည်အချင်း (Japanese Level) တို့ကို မက်ဆေ့ခ်ျ (Message) ပို့ပြီး ဆက်သွယ်စုံစမ်းပေးပါရန် အသိပေးအပ်ပါသည်။ 📩

🚨လက်ထဲကဇိုင်းလူးကဒ်သက်တမ်းကုန်မဲ့ရက်က ၂၀၂၆.၁၂လပိုင်းကုန်အထိရှိသေးတယ်ဆိုရင်တော့ ၉လပိုင်း အတွင်းအမြန်ဆုံး သက်တမ်းတိုးထားကြ...
10/09/2026

🚨လက်ထဲကဇိုင်းလူးကဒ်သက်တမ်းကုန်မဲ့ရက်က
၂၀၂၆.၁၂လပိုင်းကုန်အထိရှိသေးတယ်ဆိုရင်တော့
၉လပိုင်း အတွင်းအမြန်ဆုံး သက်တမ်းတိုးထားကြပါရှင့် 🚨

ကျမတို့ LIKE မှာတော့ မြင်တဲ့အတိုင်းပဲ ဝန်ထမ်းတွေရဲ့ ဇိုင်းလှူးကဒ်
သက်တမ်းကုန်ရက်ရဲ့ ၃လအလိုဖောင်စတင်လို့ရတဲ့နေ့မှာပဲ
ဖောင်တင်နိုင်အောင်ကြိုးစားပေးနေပါတယ်🫡

တိုကျိုလူဝင်မှုကြီးကြပ်ရေးဌာနကတော့ အခုရက်ပိုင်းစီစစ်တာတွေအရမ်းမြန်ပါတယ်🤩
၉လပိုင်း ၂ရက်နေ့ က သပ်တမ်းတိုးတင်လိုက်တာ ၈ရက်နေ့ စီစစ်တာပြီးစီးကြောင်းစာလာပို့ပါတယ် 🫢
Sat/Sun တော့ အလုပ်မလုပ်လောက်ပါဘူးနော်
ကြာချိန်က ၃ရက်ပဲလားပေါ့ 😱
Yokohama ဖက်ကတော့တော်‌တော်အချိန်ကြာပါတယ်
၁လကျော်‌လောက်စောင့်ရတယ်🥲

Tokyo မှ Chibaသို့ 🚚💨ဒီနေ့ကတော့ အိမ်ပြောင်းဝန်ဆောင်မှု 💪✨ကားသေးသေးလေးထဲမှာ ဘယ်လိုတွေတောင် ပစ္စည်းတွေထည့်လာလဲရှိုးလိုက်ဦး...
02/09/2026

Tokyo မှ Chibaသို့ 🚚💨
ဒီနေ့ကတော့ အိမ်ပြောင်းဝန်ဆောင်မှု 💪✨
ကားသေးသေးလေးထဲမှာ ဘယ်လိုတွေတောင် ပစ္စည်းတွေထည့်လာလဲ
ရှိုးလိုက်ဦး 😁
အထဲမှာ ရေခဲသေတ္တာ၊အဝတ်လျှော်စက်၊စားပွဲနှင့် ကုလားထိုင်ပါပါသေး🫢
အစစအရာရာ အဆင်ပြေပြေနဲ့ ပြီးစီးသွားခဲ့လို့ ဝမ်းသာရပါတယ်🤗

01/09/2026

🌸ဂုဏ်ပြုမှတ်တမ်း🎊

ဒီနေ့တော့ ဝမ်းသာဂုဏ်ယူစရာ သတင်းကောင်းလေးတစ်ခု မဖြစ်မနေ မျှဝေချင်ပါတယ်။ ✨
ကျမတို့ LIKE မှာ ဒီတစ်ခေါက်မှာလဲ မြန်မာညီမလေးတစ်ယောက်က
【JLPT N1】 ကို အောင်မြင်သွားခဲ့ပါပြီ။ 🎊
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ဂျပန်ကို ရောက်လာခဲ့တာဆိုတော့
အခုဆိုရင် ၂ နှစ်ခွဲကျော်အချိန်လေးပါ🤗
လုပ်ငန်းခွင်မှာလည်း "တကယ်ကို အလုပ်ကြိုးစားပြီး လိမ္မာတယ်" လို့ နာမည်ကောင်းရထားသူလေးပါ 🤗
အခုလို N1 အောင်မြင်ခဲ့တာဟာ သူ့ရဲ့ အရှုံးမပေးဘဲ ဇွဲရှိရှိ ကြိုးစားခဲ့တဲ့ စိတ်ဓာတ်ကြောင့်ပဲ ဖြစ်ပါတယ်။
ဒီလို ရလဒ်ကောင်း ရရှိခဲ့တဲ့အတွက် LIKEက အလွန်ဂုဏ်ယူမိပါတယ်🌸
စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ကြိုးစားနေတဲ့ ပုံရိပ်က တကယ့်ကို လေးစားစရာပါပဲ။
အားလုံးပဲ အားမလျော့ဘဲ အထက်ကို အတူတူ တက်လှမ်းကြရအောင်နော် 💪

31/08/2026

(ဂျပန်ပြည်တွင်းအလုပ်ခေါ်စာ)
Tokutei Building Cleaning
Chibaနဲ့ Nagoya အတွက် အလုပ်အမြန်ခေါ်နေပါတယ်ရှင့်
စိတ်ဝင်စားတဲ့သူ လာရောက်ဆက်သွယ်ပေးကြပါနော်🍀
N3 လက်မှတ်တော့လိုအပ်ပါတယ် 🤗

N3 သမားတွေ 9လပိုင်း2ရက်နေ့ 10:00နာရီမှာ ဖောင်ပြန်တင်လို့ရပါတော့မယ်နော် 🍀Tokyo ,Osaka ဖက်သမားတွေပဲ ဖြစ်ပါတယ် 🥹
31/08/2026

N3 သမားတွေ 9လပိုင်း2ရက်နေ့ 10:00နာရီမှာ ဖောင်ပြန်တင်လို့ရပါတော့မယ်နော် 🍀
Tokyo ,Osaka ဖက်သမားတွေပဲ ဖြစ်ပါတယ် 🥹

🚨Attention 🚨N5,N4,N3 တွေ ၁၂လပိုင်းအတွက် ဖောင်ပိတ်သွားပါပီနော်🥹Tokyo ,Osaka ဖက်မှာတော့ ဖောင်ပြန်ဖွင့်နိုင်ခြေရှိတယ်လို့ရေ...
27/08/2026

🚨Attention 🚨
N5,N4,N3 တွေ ၁၂လပိုင်းအတွက် ဖောင်ပိတ်သွားပါပီနော်🥹
Tokyo ,Osaka ဖက်မှာတော့ ဖောင်ပြန်ဖွင့်နိုင်ခြေရှိတယ်လို့ရေးထားတာမို့
Home page ကိုစောင့်ကြည့်တာမျိုး လုပ်ပေးပါနော် ဒီရက်ပိုင်းပြန်ထုတ်ပြန်နိုင်တယ်

ဂျပန်နိုင်ငံရောက် မြန်မာများ အထူးသတိပြုရန် - ဗီဇာလျှောက်ထားခ (အခကြေးငွေ) ပြောင်းလဲခြင်း၁၀လပိုင်း၁ရက်နေ့ကနေဖောင်တင်တာကနေ ...
26/08/2026

ဂျပန်နိုင်ငံရောက် မြန်မာများ အထူးသတိပြုရန် - ဗီဇာလျှောက်ထားခ (အခကြေးငွေ) ပြောင်းလဲခြင်း
၁၀လပိုင်း၁ရက်နေ့ကနေဖောင်တင်တာကနေ စပြီးအကြုံးဝင်ပါမယ်🚨

ဗီဇာလျှောက်ထားကြေးက ကိုယ်တိုင်ပေးချေရမလား?
အလုပ်ကပေးချေပေးမလား? ဆိုတာ ဆွေးနွေးစရာကိစ္စဖြစ်လာမလားနော်😌

အဓိကသိထားရမှာက "လူကိုယ်တိုင်" လဝကရုံးကိုသွားပြီး လျှောက်ရင် ဈေးအများကြီးတက်သွားပြီး၊ "အွန်လိုင်း" ကနေ လျှောက်ရင် ပိုသက်သာမယ်ဆိုတာပါပဲ။
လက်ရှိ Tokutei Visaသမားတွေ သက်တမ်းတိုး ဗီဇာ ၃နှစ်
ဗီဇာပြောင်း ၂နှစ် ရကြတာများတယ်
၁၀လပိုင်း၁ရက်နေ့ကနေ ဖောင်စတင်မဲ့သူတွေအနေနဲ့ကတော့
သေချာလေးပြင်ဆင်ထားဖို့ လိုမယ်😌
ပိုက်ဆံအကုန်အကျ မများရအောင်၊ ရုံးသွားစရာမလိုတဲ့ အွန်လိုင်းကနေပဲ လျှောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

#ဂျပန် #ဗီဇာ #သက်တမ်းတိုး #အွန်လိုင်း

ဖြည်းဖြည်းသာသာဖောင်တင်ကြပါရှင့် ဝင်လို့ကိုမရတော့ဘူး😵‍💫ဖောင်လက်ခံမဲ့ရက်  8月24日(月)~9月7日(月)17:00အထိဆိုပေမဲ့ အရင်တစ်ခါလို ဖေ...
24/08/2026

ဖြည်းဖြည်းသာသာဖောင်တင်ကြပါရှင့်
ဝင်လို့ကိုမရတော့ဘူး😵‍💫
ဖောင်လက်ခံမဲ့ရက် 8月24日(月)~9月7日(月)17:00အထိဆိုပေမဲ့
အရင်တစ်ခါလို ဖောင်မတင်လိုက်မဖြစ်ရလေအောင် စောစောလေးတင်ထားကြဦးနော်

JLPT ဖောင်မတင်ခင် ကိုယ်နေတဲ့ခရိုင်က ဘယ်ဒေသထဲမှာပါလဲ အရင်ကြည့်လိုက်ရအောင်❗️၈လပိုင်း၂၄ရက်နေ့ကနေစပြီး ဂျပန်မှာ ၁၂လပိုင်း JL...
21/08/2026

JLPT ဖောင်မတင်ခင် ကိုယ်နေတဲ့ခရိုင်က ဘယ်ဒေသထဲမှာပါလဲ အရင်ကြည့်လိုက်ရအောင်❗️
၈လပိုင်း၂၄ရက်နေ့ကနေစပြီး ဂျပန်မှာ ၁၂လပိုင်း JLPT ဝင်ဖြေမယ့်သူတွေ ဖောင်တင်ရတော့မှာပါနော်☺️

📌 ဂျပန်မှာ JLPT ဖောင်တင်တဲ့အချိန်
ကိုယ်နေတဲ့ ခရိုင်ကို တိုက်ရိုက်ရွေးရတာ မဟုတ်ပါဘူး။
အရင်ဆုံး ကိုယ်နေတဲ့ခရိုင်က ဘယ်ဒေသအပိုင်းအခြားထဲမှာပါလဲဆိုတာရှာပြီး ရွေးချယ်ရတာပါ။
ဒါကြောင့် ဖောင်မတင်ခင်ကတည်းက ကိုယ်နေတဲ့ခရိုင်က ဘယ်ဒေသမှာပါလဲ
ကြိုပြီး မှတ်ထားလိုက်ရအောင်နော်☺️
JLPT ဖြေမယ့်သူအားလုံး
ဖောင်တင်တာ အဆင်ပြေပြီး စာမေးပွဲလည်း အောင်မြင်ကြပါစေရှင့် 🍀

住所

Tokyo, Shibuya City, Dogenzaka, 1Chome-12-1渋谷マークシティウェスト17階
Shibuya-ku, Tokyo
150-0043

営業時間

月曜日 09:00 - 18:00
火曜日 09:00 - 18:00
水曜日 09:00 - 18:00
木曜日 09:00 - 18:00
金曜日 09:00 - 18:00

ウェブサイト

アラート

Like Staffing 株式会社-Japanがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー