Jobs in Japan 特定技能

Jobs in Japan 特定技能 TOKUTEI GINOUဖြင့် အလုပ်လုပ်ကိုင်လိုသူများ?

17/10/2025
06/06/2025

Training 3နှစ်ပီးခါနီး တိုခုတေးဘိုးဘွားစောင့်ရှောက်ရေးနဲ့လုပ်ချင်သူရှိရင် DM お願い🙇

16/05/2025

စားသောက်ကုန်တိုခုတေးဂိနိုးအမြန်အလိုရှိသည်
မြန်မာတွင်နေထိုင်သူများအတွက်သာ🙇‍♀️
✔️အလုပ်နေရာ : Aomori ခရိုင်
✔️လစာ : 160,000ယန်း 〜
✔️ခေါ်ဆိုမည့်လူဦးရေ : မိန်းကလေး 5ဦးနှင့်အထက်
✔️လျှောက်ထားနိုင်သူများ
1.JFT (or) JLPT N4အောင်ထားသူ
2. စားသောက်ကုန်တိုခုတေးအောင်လက်မှတ်ရှိသူ

တခြားအသေးစိတ်သိရှိလို လျှောက်ထားလိုပါက cb တွင်စုံစမ်းနိုင်ပါသည်ရှင့်🩷

15/05/2025

စားသောက်ကုန်ထုတ်
တိုခုတေးဂိနိုးအလိုရှိသည်
လက်ရှိမြန်မာတွင်နေထိုင်သူများသာလျှောက်ထားနိုင်သည်😍

ကဲ မီနစံ ဖြေကြည့်နော်💓
09/05/2025

ကဲ မီနစံ ဖြေကြည့်နော်💓

ဂျပန်နိုင်ငံမှာရှိတဲ့大手会社လို့ခေါ်တဲ့ကုမ္ပဏီကြီးတော်တော်များများမှာအင်တာဗျူးဝင်တဲ့အခါ
အလုပ်လျှောက်သူရဲ့ အရည်အချင်းနဲ့အကျင့်စရိုက်ကကုမ္ပဏီနဲ့ကိုက်ညီမှုရှိမရှိကိုသိရအောင် စစ်ဆေးတဲ့ 性格診断( Personalities Test ) ကိုဖြေခိုင်းလေ့ရှိပါတယ်

Personalities Test ကိုဖြေပီးရင်
✔️introvert လား extrovert လားအစရှိတဲ့အကျင့် စရိုက်တွေကိုအသေးစိတ်သိလာမယ်
✔️ အားသာချက်၊အားနည်းချက်၊ပိုကောင်းအောင်လုပ်သင့်တဲ့အချက်တွေသိလာနိုင်မယ်
✔️ Career up လုပ်ဖို့လိုအပ်တဲ့နည်းလမ်းတွေသိရမယ်
✔️ ဘယ်လိုအလုပ်ခွင်နဲ့ကိုက်ညီလည်းသိရမယ်
✔️ Communication Skills နဲ့ပတ်သတ်ပီးသိလာမယ်

တကယ်တော့အင်တာဗျူးဖြေဖို့ပြင်ဆင်တဲ့အခါ အားသာချက်၊အားနည်းချက်စဉ်းစားရင် တော်တော်စဉ်းစားရခက်မယ်ထင်တယ် တခါတလေစိတ်ရှုပ်လို့ကြားဖူးတာတွေထဲကကိုက်လောက်မယ့်ဂျပန်စာလုံးနဲ့ပြောလိုက်တာလည်းရှိမယ်ထင်တယ် 😅

အဲ့လိုတွေမဖြစ်ရလေအောင် Personalities Test တွေအများကြီးရှိတဲ့ထဲကမှသေချာလေးအဖြေထုတ်ပေးနိုင်တဲ့ အခမဲ့ဖြေကြည့်လို့ရတဲ့ test link website လေး share ပေးလိုက်ပါတယ်
https://www.16personalities.com/ja/性格診断テスト

16မျိုးတောင်ရှိတာမို့တစ်ဦးနဲ့တစ်ဦးမတူနိုင်ပါဘူးနော်

ကို့ရဲ့ Personality ကနာမည်ကြီးဘယ်သူတွေနဲ့တူလည်းဆိုတာလည်းကြည့်လို့ရတာမို့စိတ်ဝင်စားဖို့ကောင်းပါတယ် တခေါက်လောက်ဖြေကြည့်နော် 💞

ကျွန်မကတော့ Michelle Obama ရယ် Elon Musk ရယ်နဲ့ Personality type တူပါတယ်တဲ့😅

皆さんရဲ့ Personality Typeလေးတွေလည်း comment မှာရေးပေးခဲ့နော် ☺️

#ဂျပန်

30/04/2025

Tokyo ရှိစားသောက်ဆိုင်အတွက်တိုခုတေးဂိနိုးအမြန်အလိုရှိပါသည် 💓
လစာကောင်းပီး ခံစားခွင့်ကောင်းများစွာရှိလို့ ကို့မြန်မာလူမျိုးတွေကိုအလုပ်ရစေချင်လို့ပါ ☺️

👨‍🍳အလုပ်အမျိုးအစား - kitchen &hall staff
👨‍🍳လစာ - အခြေခံလစာ 23သောင်းယန်း
※အချိန်ပိုကြေး ညဆိုင်းကြေးနဲ့အခြားထောက်ပံ့ကြေးပေါင်းရင် 28သောင်းလောက်ရမှာပါ ဖြတ်တောက်ပီး 25သောင်းလောက်အသားတင်ကျန်ပါတယ်
👨‍🍳Bonus - ရှိ
👨‍🍳အလုပ်ပိတ်ရက် - shift system ( တစ်နှစ်လျှင် 105ရက်)
***********************
👨‍🍳လျှောက်ထားရန်လိုအပ်ချက်
❶ဂျပန်စာ N3နှင့်အထက် ရှိသူ
❷၅လပိုင်း ၃ရက်နေ့နောက်ဆုံးထားပီး 履歴書&ဟင်းချက်ဗီဒီယိုဖိုင်ပေးပို့နိုင်သူ
***********************
အသေးစိတ်ကို cb တွင်စုံစမ်းနိုင်ပါသည်ရှင့်🫡

စားသောက်ဆိုင်တိုခုတေးဂိနိုးအလိုရှိသည်။🥰ပြည်တွင်းပြည်ပလျှောက်ထားနိုင်ပါသည်။◎အလုပ်နေရာ : Kyoto မြို့  *ဂျပန်ရဲ့ရှေးဟောင်းမ...
13/02/2025

စားသောက်ဆိုင်တိုခုတေးဂိနိုးအလိုရှိသည်။🥰
ပြည်တွင်းပြည်ပလျှောက်ထားနိုင်ပါသည်။
◎အလုပ်နေရာ : Kyoto မြို့ *ဂျပန်ရဲ့ရှေးဟောင်းမြို့တော်လေးမို့လို့နေလို့ကောင်းပါတယ်။
◎လစာ : 178,000 ယန်း ~ 
◎bonus : ရှိ ( တစ်နှစ် 2 ကြိမ် )
◎လစာတိုး : ရှိ ( တစ်နှစ် 1 ကြိမ် )
◎အချိန်ပို : ရှိ

◎လျှောက်ထားရန်လိုအပ်ချက်
・တိုခုတေးစားသောက်ဆိုင်အောင်လက်မှတ်ရှိသူ
・မြန်မာတွင်နေထိုင်သူဖြစ်ပါက passport pj
・JLPT N4 (or) JFT
・7လပိုင်းအလုပ်ဝင်နိုင်သူကိုဦးစားပေးပါမည်

◎လုပ်ငန်းအကြောင်းအရာ
・စားသောက်ကုန်ကြမ်းပြင်ဆင်ခြင်း
・ဟင်းပွဲပြင်ဆင်ခြင်း
・ဟင်းချက်ပစ္စည်းများစီမံခန့်ခွဲခြင်း

အသေးစိတ်သိရှိလိုပါက CB တွင်စုံစမ်းနိုင်ပါသည်ရှင့် ။🌻

10/02/2025

စားသောက်ကုန်တိုခုတေးအလုပ်ရှာနေသူများအတွက်Kyoto မှာလုပ်ရမယ့်အလုပ်ခေါ်စာလေးရှိပါတယ်👑

ဂျပန်မှာနေပီး မျက်ကပ်မှန်ရှာနေတဲ့ မမတွေညီမလေးတွေအတွက် ကျွန်မလက်ရှိသုံးနေတဲ့Daily သုံးမျက်ကပ်မှန်လေးအကြောင်းပြောပြမယ်နော်...
10/02/2025

ဂျပန်မှာနေပီး မျက်ကပ်မှန်ရှာနေတဲ့ မမတွေညီမလေးတွေအတွက် ကျွန်မလက်ရှိသုံးနေတဲ့Daily သုံးမျက်ကပ်မှန်လေးအကြောင်းပြောပြမယ်နော် 🥰

ဆိုင်နာမည်ကတော့ エースコンタクト ဆိုတဲ့ဆိုင်လေးပါ
link လေးကိုအောက်မှာထည့်ပေးထားပါတယ် ။
ဂျပန်တစ်နိုင်ငံလုံးမှာဆိုင်ခွဲတွေရှိပါတယ်။
https://goace.jp/

ကျွန်မကိုယ်တိုင်ကမြန်မာမှာကျောင်းတက်ကတည်းကမျက်ကပ်မှန်ကိုနေ့စဥ်ပုံမှန်တပ်ခဲ့သူပါ 🥲

မျက်မှန်ကတော့ ၈တန်းလောက်ထဲကတပ်ပေမယ့်နေ့တိုင်းအချိန်ပြည့်မျက်မှန်တပ်ထားရင် မျက်ရိုးကိုက်တတ်တာမို့ မြန်မာမှာနေတုန်းကတော့ Color ပါတဲ့ Big Eye ပါတဲ့ မျက်ကပ်မှန်တွေတပ်ခဲ့တာပေါ့နော်
( ပဲများတာလည်းပါတာပေါ့😁)

ဂျပန်ရောက်လာတော့ မြန်မာကနေလှမ်းမှာဖို့ကလည်းခက်၊ ခွဲဖို့ကလည်းအရမ်းကြောက်တာနဲ့ ရုံးကဂျပန်မလေးကိုမေးလိုက်တော့ သူ့သားလေးသုံးနေတဲ့မျက်ကပ်မှန်ဆိုင်ကိုညွှန်းပေးတာနဲ့ ဆိုင်လေးကိုသွားဖြစ်ခဲ့ပါတယ် 💃
ရောက်ရောက်ချင်းမျက်မှန်ပါဝါစစ်တယ် အရင်ကလည်းမျက်ကပ်မှန်တပ်ဖူးတော့ မျက်လုံးမှာအခြားထိခိုက်မှုရှိမရှိစစ်ပါတယ် ပီးတော့ မျက်ကပ်မှန်တပ်လို့ရမရလည်းသေချာလေး စစ်ပေးတယ်
စစ်တာတွေက အကုန်အခမဲ့ပါ ။😌

ဒီဆိုင်မှာက Daily Wear ကော ၊ 2 ပတ်ခံ ၊ 1 လခံ ဆိုပီးအစုံရှိပါတယ် ။
ပီးတော့အလှတပ်ချင်တာလားပေါ့ပေါ့ပါးပါးနေချင်လို့တပ်တာလားဆို ပီးlifestyle နဲ့လိုက်ပီးတော့လည်းရွေးလို့ရပါတယ်။

ကျွန်မကတော့ နေ့တိုင်းရုံးသွားရင်တပ်ချင်တာမို့ daily Wear ( တစ်ခါတပ်ပီးပစ်လိုက်တဲ့ ) 1 Day 1日使い捨てဆိုတာကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်
မျက်ကပ်မှန်ရွေးပီးပီဆိုရင်တော့ ကို့မျက်လုံးနဲ့ကိုက်မယ့် Brand ကိုသိရအောင်လို့ အမျိုးမျိုးတပ်ကြည့်ခိုင်းပါတယ်
( မြန်မာမှာကတော့မသိဘူး လှရင်ပီးရောဆိုပီး မျက်လုံးခုလုခုလု
ဖြစ်နေလည်းတပ်ခဲ့တာပါဆို😆 )

မျက်ကပ်မှန်ရယ် brand ရယ်ရွေးပီးရင်တော့ ဆိုင်မှာရှိတဲ့Plan တွေကိုရှင်းပြပါတယ်
( ကိုကကြိုရွေးထားတာရှိရင်လည်းဆိုင်ကိုကိုယ်လုပ်ချင်တဲ့
plan ကြိုပြောလို့ရပါတယ် )
ကျွန်မကတော့ MELS PLAN 1 DAY プレミオ トーリック
ဆိုတဲ့Plan ကိုရွေးခဲ့ပါတယ် ။
2 ပတ်တို့ 1 လတို့က ဆေးရည်လဲရတာအလုပ်ရှုပ်လို့ တခါသုံးပဲသုံးလိုက်တာပါ။
ပထမဆုံးလမှာတော့ member ကြေးရယ် တစ်လစာရယ် 15,180 円‌ပေးရပါတယ်။
ပီးရင်တော့ လစဥ် 5500 ပေးရပါတယ် ။
ဘာလို့လစဥ်ကြေးပေးရလဲဆိုတော့ ၃လတကြိမ် 郵便ကနေ ပုံမှန်လေးပို့ပေးပါတယ်
(တခုခုကုန်ခါနီးရင် ဝယ်ဖို့အမြဲမေ့တတ်တဲ့ကျမအတွက်
တော့အရမ်းအဆင်ပြေ 😁)

App လည်း ဖုန်းထဲထည့်ထားပေးတာမို့ လိပ်စာပြောင်းသွားရင်လည်းအလွယ်တကူ app မှာပြောင်းလိုက်ရုံပါပဲ
ဆောင်းတွင်းဖက်မျက်လုံးတွေအရမ်း‌ခြောက်လို့ခနခနလဲမိလို့
ကုန်သွားတယ်ဆိုရင်လည်း အခမဲ့ 追加 ထပ်ပို့ခိုင်းလို့ရပါတယ်
(ဒါလေးလည်းအရမ်းကြိုက်)🥰

ဒီ Plan ကအနည်းဆုံး 1နှစ်တော့ သုံးပေးရပါတယ် ။
1 နှစ်တခါ မျက်မှန်ပါဝါနဲ့ မျက်လုံးအခြေအနေကို free စစ်ပေးပါတယ်။
ကျွန်မကတော့အရမ်းအဆင်ပြေလို့တောက်လျှောက်သုံးနေတာ 3 နှစ်လောက်ရှိပီ ။

မျက်မှန်မပါရင်လည်းမမြင်ရ ၊ တနေကုန်တပ်ထားရင်လည်းမျက်ရိုးတွေကိုက်တတ်၊ ခွဲဖို့လည်းကြောက်ပေမယ့်လှချင်တဲ့သူလေးတွေတွေအတွက် share ပေးလိုက်ပါတယ်။
အခုမှအသစ်စလုပ်မယ့်သူဆို 20% Discount ရတယ်လို့ကြားတယ်
တခြားထပ်ပီးသိချင်တာလေးတွေရှိရင် cb မှာမေးလို့ရပါတယ်နော် ။😘

You Tube ↓
https://www.youtube.com/
page
https://www.facebook.com/profile.php?id=100064306294167
https://www.facebook.com/profile.php?id=100063698096252
Japanese Online Class
https://www.facebook.com/profile.php?id=61566348455417
Telegram
https://t.me/+wCAbgQXtms5kNDA1

皆さんメンタルヘルス 、こころの健康ဆိုတဲ့KOTOBA လေးကိုသိကြပါသလား?ဒီနေ့မှာတော့ ဖတ်ဖူးတဲ့စာအုပ်ထဲကစိတ်ပျော်ရွှင်လာစေဖို့အတွက် လုပ်သင့်တဲ့အခ...
07/02/2025

皆さん
メンタルヘルス 、こころの健康ဆိုတဲ့
KOTOBA လေးကိုသိကြပါသလား?

ဒီနေ့မှာတော့ ဖတ်ဖူးတဲ့စာအုပ်ထဲက
စိတ်ပျော်ရွှင်လာစေဖို့အတွက် လုပ်သင့်တဲ့
အချက် ၃ ချက်လေးကို ပြောပြပေးချင်ပါတယ် 🥰

ကို့ရဲ့စိတ်ကမကျန်းမာဘူး stress တွေအရမ်းပိနေပီဆိုရင်
ကိုလုပ်ချင်တဲ့အတိုင်းဆန္ဒရှိတဲ့အတိုင်းမလုပ်နိုင်တော့ပါဘူး။🥹

ဥပမာ မနက်ရုံးတက်တဲ့အချိန်
ရုံးကလူတွေကို おはようございます
လို့နှုတ်ဆက်နေနေမယ့် စိတ်မပါလက်မပါနဲ့
ပြောနေမိတဲ့အခြေအနေမျိုး၊
အလုပ်လုပ်နေပေမယ့်စိတ်မပါတာမျိုးကိုဆိုလိုပါတယ်။

ဂျပန်မှာအလုပ်လုပ်တယ်ဆိုတာ
stress အရမ်းများတာမို့ အားလုံးအတွက်အသုံးဝင်မယ်ထင်ပါတယ် ။🫡

①ストレスを発散する😌
Stress ဖြစ်လာရင် stress ပျောက်အောင်လုပ်ရမယ့်နည်းကိုသိရပါမယ် ။
ဥပမာ ကိုကစိတ်တွေရှုပ်လာရင် ဇာတ်ကားတွေကြည့်လိုက်ရင်ပျောက်တာလား ၊ SHOPPING ထွက်လိုက်ရင်ပျောက်တာလား ၊ အိပ်လိုက်ရင်ပျောက်တာလားပေါ့ ။ တယောက်နဲ့တယောက်ကွာနိုင်ပါတယ် နော်။

②ストレスの解釈力を高める😃
Stress မဖြစ်အောင်ကာကွယ်နည်းကိုသိရမယ်
တယောက်ယောက်ကကို့အပေါ် စိတ်အ‌‌‌နှောင့်အယှက်ဖြစ်စရာတခုခုလုပ်လာတော့မယ်ဆိုရင် ကို့ဆီရောက်မလာအောင်တခုခုတွေးပီး ကာကွယ်လိုက်တာမျိုးပါ၊ဥပမာ အမဆိုရင် ကိုမကြိုက်တာတခုခုဖြစ်လာပီဆိုရင် それはおもしろいね、いいですね လို့တွေးလိုက်ပါတယ်၊အဲ့လိုတွေးလိုက်ရင် အမစိတ်နည်းနည်းသက်သာရာရလို့ပါ၊မီနစံလည်းလိုက်လုပ်ကြည့်နော် ။

③ストレスから逃避すること 💃
Stress ဖြစ်စေမယ့်အရာတွေကိုရှောင်ကြည်ခြင်းပဲဖြစ်ပါတယ်
လူတွေတော်တော်များများကသည်းခံဖို့ stress မဖြစ်အောင်ကာကွယ်နေထိုင်ဖို့ပဲ ပြောကြတာများမယ်ထင်တယ်နော်။တကယ်တော့ ကိုကဘယ်လောက်ကောင်းကောင်း တဖက်လူကနဂိုထဲက အကျင့်မကောင်းတာမျိုးလည်းဖြစ်နိုင်ပါတယ် ။ဒီလိုမျိုးဆိုရင်တော့ ထွက်သွားလိုက်တာ ဝေးဝေးရှောင်လိုက်တဲ့နည်းကိုရွေးတာမျိုး recommend ပေးထားတယ်။ ကုမ္ပဏိဝန်ထမ်းဆိုရင်လည်း အလုပ်ထွက်ပလိုက်ပီး ကိုနဲ့ကိုက်ညီမယ့်ပတ်ဝန်းကျင်ကိုရဲရဲကြီး ရွေးချယ်ပလိုက်ဖို့ မကြောက်ဖို့ပြောချင်ပါတယ် ။🤗
You Tube ↓
https://www.youtube.com/
page
https://www.facebook.com/profile.php?id=100064306294167
https://www.facebook.com/profile.php?id=100063698096252
Japanese Online Class
https://www.facebook.com/profile.php?id=61566348455417
Telegram
https://t.me/+wCAbgQXtms5kNDA1

住所

Saitama-shi, Saitama
3300854

電話番号

+81487649547

ウェブサイト

アラート

Jobs in Japan 特定技能がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Jobs in Japan 特定技能にメッセージを送信:

共有する

カテゴリー