07/08/2026
🇯🇵 ဂျပန်နိုင်ငံရဲ့ အိုဘွန်း (お盆) ပိတ်ရက်ဆိုတာ ဘာလဲ?
ဂျပန်နိုင်ငံမှာ အိုဘွန်း (お盆) ဟာ နှစ်စဉ်ကျင်းပတဲ့ အရေးကြီးတဲ့ ရိုးရာဓလေ့ပွဲတော်တစ်ခု ဖြစ်ပါတယ်။
အိုဘွန်းကာလမှာ ကွယ်လွန်သွားတဲ့ မိဘဘိုးဘွားများနှင့် ဘိုးဘေးဘီဘင်များ၏ ဝိညာဉ်များ အိမ်သို့ ပြန်လာတယ် လို့ ယုံကြည်ကြတဲ့အတွက် မိသားစုဝင်တွေက နေရပ်ပြန်ပြီး သင်္ချိုင်းသွားကန်တော့ခြင်း၊ ဘုရားကျောင်းသွားခြင်း၊ မိသားစုအတူ စုဝေးခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။
📅 အိုဘွန်းပိတ်ရက်က ဘယ်အချိန်လဲ?
ဒေသအလိုက် အနည်းငယ်ကွာခြားပေမယ့် အများစုကတော့ ဩဂုတ်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပကြပါတယ်။
သို့သော် ကုမ္ပဏီများစွာက စနေ၊ တနင်္ဂနွေနဲ့ ဆက်ပြီး ၅ ရက်မှ ၉ ရက်အထိ ဆက်တိုက်ပိတ် ပေးလေ့ရှိတာကြောင့် ဩဂုတ်လအလယ်ပိုင်းမှာ ဂျပန်တစ်နိုင်ငံလုံးနီးပါး လူသွားလူလာများပြီး ခရီးသွားလာမှုလည်း အလွန်များပါတယ်။
🏢 ဘယ်နေရာတွေ ပိတ်လဲ?
အိုဘွန်းကာလအတွင်း...
✅ ကုမ္ပဏီအများစု အားလပ်ရက်ယူကြသည်။
✅ စက်ရုံများစွာ ယာယီပိတ်ကြသည်။
✅ လူဝင်မှုကြီးကြပ်ရေး (入管)၊ အစိုးရရုံးများနှင့် အချို့သော လုပ်ငန်းများမှာ ဝန်ဆောင်မှုနှောင့်နှေးနိုင်သည်။
✅ အလုပ်ခန့်အပ်ရေးလုပ်ငန်းများ၊ အင်တာဗျူးများ၊ COE/ဗီဇာဆိုင်ရာ လုပ်ငန်းများလည်း ပုံမှန်ထက် အချိန်ပိုကြာနိုင်သည်။
📢 ဂျပန်မှာ အလုပ်လုပ်နေသူများနှင့် အလုပ်လျှောက်ထားသူများ သတိထားရန်
အိုဘွန်းကာလအတွင်း ကုမ္ပဏီများနှင့် သက်ဆိုင်ရာဌာနများ ပိတ်ထားခြင်းကြောင့် အကြောင်းပြန်မှုများ နှောင့်နှေးနိုင်ပါသည်။ ထို့ကြောင့် စိတ်မပူဘဲ အနည်းငယ် စောင့်ဆိုင်းပေးပါ။ ပိတ်ရက်ပြီးနောက် လုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ကြပါသည်။
🇯🇵 အိုဘွန်းသည် ဂျပန်လူမျိုးများအတွက် မိသားစုနှင့် ဘိုးဘေးဘီဘင်များကို အမှတ်တရပြုကာ စုစည်းတွေ့ဆုံသည့် အရေးကြီးသော ရိုးရာပွဲတော်တစ်ခု ဖြစ်ပါသည်