18/06/2026
တစ်ခေါက်မှာတော့ မင်္ဂလာဆောင်ပွဲ စီစဉ်သူ/ ဟိုတယ်မန်နေဂျာ စတဲ့ မင်္ဂလာပွဲနဲ့ ဟိုတယ်လုပ်ငန်းခွင်မှာ အောင်မြင်မယ့် ကျွမ်းကျင်ပညာရှင်တွေကို မွေးထုတ်ပေးနေတဲ့ 「Tokyo Wedding Hotel College 東京ウェディング・ホテル専門学校 အကြောင်းကို မိတ်ဆက်ပေးသွားမှာပါ👰♀️
လုပ်ငန်းခွင်နဲ့ ပူးပေါင်းလေ့လာတဲ့စနစ် (業界共同学習) နဲ့ လက်တွေ့ကွင်းဆင်း သင်တန်းတွေကနေတစ်ဆင့် လုပ်ငန်းခွင်ထဲမှာ တကယ်အသုံးချနိုင်မယ့် ကျွမ်းကျင်မှုတွေကို သင်ယူနိုင်မှာ ဖြစ်ပါတယ်✨
💫 ကျောင်းရဲ့ ထူးခြားချက် အချက် (၃) ချက် 🤵♂️
① 💍 မင်္ဂလာပွဲနဲ့ ဟိုတယ်အလုပ်အကိုင် အထူးပြုသင်တန်းများ
(၁) နှစ်သင်၊ (၂) နှစ်သင်နဲ့ (၃) နှစ်သင် သင်တန်းတွေကို ဖွင့်လှစ်ထားပြီး ကျွမ်းကျင်မှုတွေကို အဆင့်ဆင့် စနစ်တကျ သင်ယူသွားနိုင်ပါတယ်✨
မင်္ဂလာပွဲနဲ့ ဟိုတယ်လောကထဲကို ဝင်ရောက်မယ့် အိပ်မက်ဆီကို တစ်လှမ်းချင်းစီ အရောက်လှမ်းနိုင်မှာပါ!
② 🏠 စိတ်အေးချမ်းသာစွာ တက်ရောက်နိုင်မယ့် နိုင်ငံခြားကျောင်းသား ပံ့ပိုးမှုစနစ်
ဗီဇာသက်တမ်းတိုးဖို့အတွက် စာရွက်စာတမ်း အကူအညီတွေနဲ့ နိုင်ငံခြားကျောင်းသားတွေအတွက် နေ့စဉ်လူနေမှုဘဝ ပံ့ပိုးကူညီရေး ဝန်ဆောင်မှုတွေကို ပေးအပ်ထားပါတယ်။
ဒါ့အပြင် ကျောင်းဆောင်တွေလည်း အပြည့်အစုံရှိတာမို့လို့ စာပေလေ့လာတာရော နေထိုင်မှုပါ စိတ်အေးလက်အေး ဖြတ်သန်းနိုင်မှာပါ✨
③ 👩🏫 နည်းပြစနစ် (Tutor System) နဲ့ တစ်ဦးချင်း ဂရုစိုက်ပေးခြင်း
နည်းပြစနစ် (Tutor System) ကို ကျင့်သုံးထားပြီး ကိုယ်တိုင်တိုင်ပင်ဆွေးနွေးချင်တဲ့ အကြောင်းအရာအလိုက် သက်ဆိုင်ရာ ကျွမ်းကျင်ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်နိုင်ပါတယ်။
စာပေသင်ကြားရေးကနေ အလုပ်အကိုင် ရှာဖွေရေးအထိ တစ်ဦးချင်းစီကို သေချာဂရုတစိုက် ပံ့ပိုးပေးသွားမှာမို့လို့ စိတ်ချလက်ချနဲ့ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှာပါ💪
စိတ်ဝင်စားတယ်ဆိုရင်တော့ Commentထဲက လင့်ခ်ကနေတစ်ဆင့် အသေးစိတ် အချက်အလက်တွေကို သွားရောက်ကြည့်ရှုနိုင်ပါတယ်👀
WA. SA. Bi. ရဲ့ LINE မှာလည်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်! ဘာသာစကားမျိုးစုံ တတ်မြောက်ထားတဲ့ ဝန်ထမ်းတွေက အားလုံးကို ဖော်ဖော်ရွေရွေနဲ့ ကူညီပံ့ပိုးပေးသွားမှာပါ။
👉🏻 LINE ID:(「@」လေး ထည့်ဖို့ မမေ့နဲ့နော်〜)
WA. SA. Bi. ကို Follow လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော်! ဂျပန်နိုင်ငံရဲ့ နေထိုင်မှု ဘဝ၊ ယဉ်ကျေးမှုနဲ့ အလုပ်အကိုင် သတင်းအချက်အလက်တွေကို စစ်ဆေးနိုင်ပါတယ်။ အားလုံးပဲ စောင့်မျှော်ပေးကြပါဦး😉