WASABi MM

ウェブサイト 事業に問い合わせる

WASABi MM WASABi MM, 人材採用, Osakaの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

အောက်တိုဘာလ ၉ ရက်နေ့မှာ Umeda ဘူတာအနီး ကျင်းပမယ့် 【Work in Wakayama 2026】 မှာ ပါဝင်မယ့် ကုမ္ပဏီတွေရဲ့ အလုပ်အကိုင်တွေကို ...
23/09/2026

အောက်တိုဘာလ ၉ ရက်နေ့မှာ Umeda ဘူတာအနီး ကျင်းပမယ့် 【Work in Wakayama 2026】 မှာ ပါဝင်မယ့် ကုမ္ပဏီတွေရဲ့ အလုပ်အကိုင်တွေကို မိတ်ဆက်ပေးထားပါတယ်✨

【📦 ① Logistics လုပ်ငန်း|Logistics Center စီမံခန့်ခွဲရေး】
နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးတဲ့ Logistics လုပ်ငန်းမှာ အလုပ်လုပ်ရမှာပါ။
🔹 အလုပ်တာဝန်များ
・Logistics Center လုပ်ငန်းလည်ပတ်မှုကို ကူညီခြင်း
・ဝန်ထမ်းများ စီမံခန့်ခွဲခြင်း
・အလုပ်အစီအစဉ် ရေးဆွဲခြင်း
・အရည်အသွေးနှင့် လုံခြုံရေး စီမံခြင်း
・လုပ်ငန်းတိုးတက်အောင် ပြုပြင်ခြင်း
✨ အားသာချက်များ
✅ နိုင်ငံခြားသားဝန်ထမ်းများစွာ အလုပ်လုပ်နေပါတယ်
✅ အနာဂတ်မှာ စီမံခန့်ခွဲရေးရာထူးကို ရည်မှန်းနိုင်ပါတယ်
✅ နေထိုင်ခွင့်ဗီဇာရရှိရေး ကုမ္ပဏီက ကူညီပေးပါတယ်
✅ အိမ်ငှားခထောက်ပံ့ကြေး ရှိပါတယ်

📌 လိုအပ်ချက်
・စီးပွားရေး၊ ဘောဂဗေဒ၊ Logistics စတဲ့ ဘာသာရပ်များ လေ့လာထားသူများ
・JLPT N3 နှင့်အထက်

【🏗 ② ဆောက်လုပ်ရေးလုပ်ငန်း|ဆောက်လုပ်ရေးစီမံခန့်ခွဲမှု・ပရိဘောဂထုတ်လုပ်ရေး】
စျေးဝယ်စင်တာ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ရုံးခန်း စတဲ့ နေရာတွေရဲ့ အတွင်းပိုင်းအပြင်အဆင် ဖန်တီးမှုလုပ်ငန်းမှာ ပါဝင်ရမှာပါ။
🔹 ဆောက်လုပ်ရေးစီမံခန့်ခွဲမှု
・ဖောက်သည်များနှင့် ဆွေးနွေးခြင်း
・ကုန်ကျစရိတ်တွက်ချက်ခြင်း
・ပုံစံဒီဇိုင်းရေးဆွဲခြင်း
・ဆောက်လုပ်ရေးလုပ်ငန်း စီမံခြင်း
🔹 ပရိဘောဂထုတ်လုပ်ရေး
・အော်ဒါအတိုင်း ပရိဘောဂများ ထုတ်လုပ်ခြင်း
✨ အားသာချက်များ
✅ အမျိုးမျိုးသော နေရာတွေရဲ့ အတွင်းပိုင်းအပြင်အဆင် ဖန်တီးမှုမှာ ပါဝင်နိုင်ပါတယ်
✅ အတွေ့အကြုံမရှိသူများလည်း ကျွမ်းကျင်မှုများ သင်ယူနိုင်ပါတယ်
✅ GW・နွေရာသီ・ဆောင်းရာသီ အားလပ်ရက်ရှည်များ ရှိပါတယ်

📌 ဘာသာရပ်မရွေး လျှောက်ထားနိုင်ပါတယ်။
━━━━━━━━━━━━━━━
「ဂျပန်မှာ အလုပ်အကိုင်ဘဝ တည်ဆောက်ချင်တယ်」
「နိုင်ငံခြားသားတွေကို အလုပ်ခန့်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တယ်」
「ကျွမ်းကျင်မှုအသစ်တွေ သင်ယူချင်တယ်」
ဒီလိုသူတွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပါ😊

📢 【Work in Wakayama 2026】
နိုင်ငံခြားသားကျောင်းသားများအတွက် ကုမ္ပဏီများစုပေါင်း အလုပ်အကိုင်မိတ်ဆက်ပွဲ
📅 2026/10/09 (သောကြာ) 13:30~16:30
📍 Osaka・Umeda|Access Umeda Forum
 Osaka Fukoku Seimei Building 12F
🏭 Wakayama ရှိ ကုမ္ပဏီ 10 ခုကျော် ပါဝင်မယ်လို့ စီစဉ်ထားပါတယ်!
💼 文系・理系 နှစ်မျိုးစလုံး ပါဝင်နိုင်ပါတယ်။

🔎 ပါဝင်မယ့်ကုမ္ပဏီများ၊ အလုပ်အကိုင်အသေးစိတ်နှင့် ကြိုတင်စာရင်းပေးရန်👇
https://www.iiwasabi.com/app/events/view/684
※ ဒီပွဲကို Wakayama ခရိုင်အစိုးရရဲ့ တာဝန်ပေးအပ်မှုဖြင့် WA. SA. Bi. ရုံးအဖွဲ့က စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။

🏠 ဂျပန်မှာ အိမ်ရာနဲ့ ပတ်သက်တဲ့အလုပ် လုပ်ချင်သူတွေအတွက်!Work in Amagasaki 2026 မှာ အိမ်ခြံမြေ・ဆောက်လုပ်ရေး・ထုတ်လုပ်ရေး စတ...
23/09/2026

🏠 ဂျပန်မှာ အိမ်ရာနဲ့ ပတ်သက်တဲ့အလုပ် လုပ်ချင်သူတွေအတွက်!
Work in Amagasaki 2026 မှာ အိမ်ခြံမြေ・ဆောက်လုပ်ရေး・ထုတ်လုပ်ရေး စတဲ့ နယ်ပယ်အမျိုးမျိုးက ကုမ္ပဏီတွေ ပါဝင်လာမှာဖြစ်ပါတယ်✨
ဒီတစ်ခေါက် 文系・理系 နှစ်မျိုးလုံး လျှောက်ထားနိုင်တဲ့ အလုပ် ၃ မျိုး ကို မိတ်ဆက်ပေးထားပါတယ်👇
━━━━━━━━━━━━━━━
🏗️ ① ဆောက်လုပ်ရေး・အိမ်ခြံမြေ|Construction Management
━━━━━━━━━━━━━━━
သစ်သားအိမ်ရာ ဆောက်လုပ်တဲ့နေရာမှာ ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေကို စီမံခန့်ခွဲရမယ့်အလုပ်ပါ။
【အဓိကလုပ်ရမယ့်အလုပ်တွေ】
・ဆောက်လုပ်ရေးနေရာ လုံခြုံရေးစီမံခန့်ခွဲခြင်း
・ဆောက်လုပ်ရေးအချိန်ဇယား စီမံခန့်ခွဲခြင်း
・အရည်အသွေး စီမံခန့်ခွဲခြင်း
【အားသာချက်များ】
✅ နိုင်ငံခြားသားဝန်ထမ်း ခေါ်ယူထားတဲ့အတွေ့အကြုံရှိ
✅ Qualification Allowance ရှိ(တစ်လ ¥40,000 အထိ)
✅ အိမ်ရာထောက်ပံ့ကြေးရှိ
💰 တက္ကသိုလ်ဘွဲ့ရ|လစဉ်လစာ ¥250,000 မှစ
━━━━━━━━━━━━━━━
⚙️ ② ထုတ်လုပ်ရေး|Manufacturing・Sales・Development・Management
━━━━━━━━━━━━━━━
အပူကာပစ္စည်းတွေနဲ့ Robot・စက်ပစ္စည်းတွေမှာ အသုံးပြုတဲ့ Parts တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
【အလုပ်အမျိုးအစားများ】
・Manufacturing|ထုတ်လုပ်ရေးနေရာမှာ ထုတ်ကုန်တွေ ထုတ်လုပ်ခြင်း
・Sales|ဘာသာစကားစွမ်းရည်နဲ့ နိုင်ငံခြားအတွေ့အကြုံကို အသုံးချပြီး Sales လုပ်ခြင်း
・Development|အထူးပြုဗဟုသုတကို အသုံးချပြီး နည်းပညာဖွံ့ဖြိုးတိုးတက်ရေး
・Management|ဂျပန် Business ပိုင်းကို လေ့လာရင်း စီမံခန့်ခွဲမှုအလုပ်များ လုပ်ခြင်း
【အားသာချက်များ】
✅ ဘာသာစကားစွမ်းရည်・နိုင်ငံခြားအတွေ့အကြုံကို အသုံးချနိုင်
✅ Remote Work・Flexible Time・Flex System ရှိ
✅ Health Management Excellent Corporation 2026 အသိအမှတ်ပြုထား
💰 တက္ကသိုလ်ဘွဲ့ရ|လစဉ်လစာ ¥210,000 မှစ
🎓 JLPT N2 အဆင့်ခန့်
━━━━━━━━━━━━━━━
📐 ③ ထုတ်လုပ်ရေး|CAD・Design・Sales・Marketing
━━━━━━━━━━━━━━━
ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ စက္ကူပစ္စည်းတွေကို အသုံးပြုပြီး Exhibition Booth တွေ၊ ဆိုင်အတွင်း Display တွေကို ဖန်တီးထုတ်လုပ်တဲ့အလုပ်ပါ။
အလုပ်ဝင်ပြီးနောက် ပထမဆုံး ထုတ်လုပ်ရေးနေရာမှာ အလုပ်လုပ်ရင်း ပစ္စည်းထုတ်လုပ်ပုံ လုပ်ငန်းစဉ်ကို လေ့လာရမှာ ဖြစ်ပါတယ်။
အဲဒီနောက် ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ အရည်အချင်းပေါ်မူတည်ပြီး အလုပ်တာဝန်ခွဲပေးမှာဖြစ်ပါတယ်။
【အဓိကလုပ်ရမယ့်အလုပ်တွေ】
・CAD Design・CAD Operator
・Image Processing
・ထုတ်ကုန်တပ်ဆင်ခြင်း
・Sales・Marketing တွေပဲဖြစ်ပါတယ်။
【အားသာချက်များ】
✅ Major・ဘာသာရပ် ကန့်သတ်ချက်မရှိ
✅ နိုင်ငံခြားသားဝန်ထမ်း ခေါ်ယူထားတဲ့အတွေ့အကြုံရှိ
✅ ကိုယ့်ရဲ့ Idea နဲ့ Planning ကို တကယ့်ထုတ်ကုန်အဖြစ် ဖန်တီးနိုင်
💰 တက္ကသိုလ်ဘွဲ့ရ|လစဉ်လစာ ¥205,000 မှစ
🎓 JLPT N3 အထက်ခန့်
━━━━━━━━━━━━━━━
✨ 「文系 ဖြစ်ပေမယ့် ဆောက်လုပ်ရေး・ထုတ်လုပ်ရေးလုပ်ငန်းကို စိတ်ဝင်စားတယ်」
✨ 「CAD・Design・Sales စတဲ့ ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်ကို အသုံးချချင်တယ်」
ဆိုတဲ့သူတွေအတွက် တကယ့်အလုပ်အကိုင်အခွင့်အရေးတွေ ပဲဖြစ်ပါတယ်😊
📢 Work in Amagasaki 2026
နိုင်ငံခြားသားကျောင်းသားတွေအတွက် ပူးပေါင်းကုမ္ပဏီမိတ်ဆက်ပွဲ
📅 2026/10/8(ကြာသပတေးနေ့)13:00~17:00
📍 Osaka・Umeda|Access Umeda Forum
💰 အခမဲ့ပါ
🔎 ပါဝင်မယ့်ကုမ္ပဏီတွေ・အလုပ်အသေးစိတ်・ကြိုတင်စာရင်းပေးရန်👇
https://www.iiwasabi.com/app/events/view/678
※ 主催:尼崎市
※ 運営:WA. SA. Bi. 事務局

✨ 【Work in Amagasaki 2026】 ပါဝင်မယ့်ကုမ္ပဏီတွေရဲ့ အလုပ်အကိုင်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်!ဒီတစ်ခေါက်မှာတော့🤖 AI・လုပ်ငန်းတ...
23/09/2026

✨ 【Work in Amagasaki 2026】 ပါဝင်မယ့်ကုမ္ပဏီတွေရဲ့ အလုပ်အကိုင်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်!
ဒီတစ်ခေါက်မှာတော့
🤖 AI・လုပ်ငန်းတိုးတက်ရေးနဲ့ ပတ်သက်တဲ့အလုပ်
⚙️ စက်・လျှပ်စစ်ပိုင်းဆိုင်ရာ အထူးပြုနည်းပညာကို အသုံးချနိုင်တဲ့အလုပ်
ဆိုပြီး အလုပ် ၂ မျိုးကို မိတ်ဆက်ပေးပါမယ်👇

🤖 ① ထုတ်လုပ်ရေး|Generative AI × System Development
ဆောက်လုပ်ရေးမှာ အသုံးပြုတဲ့ သတ္တုပစ္စည်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ Generative AI ကို အသုံးပြုပြီး လုပ်ငန်းသုံး System တည်ဆောက်ရေး မှာ ပါဝင်လုပ်ကိုင်ရမယ့်အလုပ်ပါ။
【အဓိကလုပ်ရမယ့်အလုပ်တွေ】
・Generative AI အသုံးပြုပြီး Business System တည်ဆောက်ခြင်း
・Customer တွေရဲ့ Feedback နဲ့ Data တွေကို ခွဲခြမ်းစိတ်ဖြာခြင်း
・Sales နဲ့ ထုတ်လုပ်ရေးလုပ်ငန်းမှာ အသုံးချနိုင်မယ့် System တွေ ဖန်တီးခြင်း

【အားသာချက်များ】
✅ 文系・理系 နှစ်မျိုးလုံး လျှောက်ထားနိုင်
✅ Major・ဘာသာရပ် ကန့်သတ်ချက်မရှိ
✅ Qualification ရယူရန် အထောက်အပံ့ရှိ
✅ တစ်နှစ် အားလပ်ရက် 126 ရက်
✅ ပုံမှန်အားဖြင့် Overtime မရှိ
💰 တက္ကသိုလ်ဘွဲ့ရ|လစဉ်လစာ ¥230,000 မှစ
「AI・IT ကို စိတ်ဝင်စားပေမယ့် သက်ဆိုင်ရာ Major မဟုတ်ဘူး」ဆိုတဲ့သူတွေလည်း ဒီအလုပ်ကို သေချာကြည့်ကြည့်ပါ! 😊

⚙️ ② ထုတ်လုပ်ရေး|စက်ဒီဇိုင်း・လျှပ်စစ်ထိန်းချုပ်ဒီဇိုင်း・စက်တပ်ဆင်ခြင်း
Customer တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ကမ္ဘာပေါ်မှာ တစ်ခုတည်းသော Custom-made စက်တွေကို ဖန်တီးထုတ်လုပ်ရမယ့်အလုပ် ဖြစ်ပါတယ်။
【အဓိကလုပ်ရမယ့်အလုပ်တွေ】
・စက်တပ်ဆင်ခြင်း|Drawing ကြည့်ပြီး စက်တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း・ချိန်ညှိခြင်း
・စက်ဒီဇိုင်း|CAD အသုံးပြုပြီး စက်ဒီဇိုင်းနဲ့ Drawing ရေးဆွဲခြင်း
・လျှပ်စစ်ထိန်းချုပ်ဒီဇိုင်း|Electrical Circuit နဲ့ Program တွေကို ဒီဇိုင်းဆွဲ・ချိန်ညှိခြင်း

【အားသာချက်များ】
✅ Customer အလိုက် Custom-made စက်တွေ ဖန်တီးနိုင်
✅ Design ကနေ Assembly・Installation အထိ အတွေ့အကြုံရနိုင်
✅ Automotive・Electrical・Glass စတဲ့ လုပ်ငန်းနယ်ပယ်အမျိုးမျိုးနဲ့ ပတ်သက်လုပ်ကိုင်နိုင်
✅ နိုင်ငံခြားသားဝန်ထမ်း 7 ဦး ခေါ်ယူထားတဲ့အတွေ့အကြုံရှိ
💰 တက္ကသိုလ်ဘွဲ့ရ|လစဉ်လစာ ¥230,000 မှစ
🎓 လျှောက်ထားရန် လိုအပ်ချက်များ
・စက်တပ်ဆင်ခြင်း/စက်ဒီဇိုင်း → Mechanical Engineering ပိုင်း
・လျှပ်စစ်ထိန်းချုပ်ဒီဇိုင်း → Electrical・Electronics・Control

Engineering ပိုင်း
စိတ်ဝင်စားတယ်ဆိုရင် Event Page မှာ အလုပ်အသေးစိတ်နဲ့ လျှောက်ထားရန်လိုအပ်ချက်တွေ ကို ဝင်ကြည့်ကြည့်ပါ👇
📢 Work in Amagasaki 2026
နိုင်ငံခြားသားကျောင်းသားတွေအတွက် ပူးပေါင်းကုမ္ပဏီမိတ်ဆက်ပွဲ
📅 2026/10/8(ကြာသပတေးနေ့)13:00~17:00
📍 Osaka・Umeda|Access Umeda Forum
💬 သိချင်တာရှိရင် Event နေ့မှာ ကုမ္ပဏီတာဝန်ရှိသူတွေကို တိုက်ရိုက်မေးမြန်းနိုင်ပါတယ် 🙌
🔎 အသေးစိတ်・求人အချက်အလက်・ကြိုတင်စာရင်းပေးရန်👇
https://www.iiwasabi.com/app/events/view/678
※ 主催:尼崎市
※ 運営:WA. SA. Bi. 事務局
#尼崎 #日本就職 #外国人留学生 #理系留学生 #電気 #電気工事 #アルバイト #技術職 #外国人採用

🌏 နိုင်ငံခြားနဲ့ ကုန်သွယ်ရေးလုပ်ငန်းရှိတဲ့ ထုတ်လုပ်ရေးကုမ္ပဏီမှာ ဝန်ထမ်းခေါ်ယူနေပါတယ်!Trade・Sales・ဘာသာပြန်・စကားပြန် စတဲ့...
22/09/2026

🌏 နိုင်ငံခြားနဲ့ ကုန်သွယ်ရေးလုပ်ငန်းရှိတဲ့ ထုတ်လုပ်ရေးကုမ္ပဏီမှာ ဝန်ထမ်းခေါ်ယူနေပါတယ်!
Trade・Sales・ဘာသာပြန်・စကားပြန် စတဲ့အလုပ်တွေကို လုပ်ကိုင်နိုင်မယ့် အခွင့်အရေးပါ✨
📦 အဓိကလုပ်ရမယ့်အလုပ်တွေကတော့
【Trade / 貿易ပိုင်း】
・နိုင်ငံခြားစက်ရုံတွေကို ကုန်ပစ္စည်းမှာယူခြင်း
・ပစ္စည်းပို့ဆောင်မှုနဲ့ ပို့ဆောင်ရမယ့်ရက် စီမံခန့်ခွဲခြင်း
・နိုင်ငံခြားကုမ္ပဏီတွေနဲ့ Email・ဖုန်းဆက်သွယ်ခြင်း
・Import နဲ့ပတ်သက်တဲ့ ရုံးပိုင်းဆိုင်ရာအလုပ်များ
【Sales ပိုင်း】
・ထုတ်ကုန်တွေကို Customer တွေဆီ အကြံပြုရောင်းချခြင်း
・Business Partner တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်း
・ပြည်တွင်း/နိုင်ငံခြား ပူးပေါင်းစက်ရုံတွေကို သွားရောက်ခြင်း
・နိုင်ငံခြား Business Trip (တစ်နှစ်အတွင်း အကြိမ်အနည်းငယ် အခွင့်အရေးရှိ)
🌏 ဒီအလုပ်ရဲ့ အားသာချက်တွေက
✅ တရုတ်နိုင်ငံအပါအဝင် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ကုန်သွယ်ရေးလုပ်ငန်းရှိ
✅ Chinese・English စတဲ့ ဘာသာစကားစွမ်းရည်ကို အသုံးချနိုင်
✅ အလုပ်ဝင်ပြီးနောက် OJT နဲ့ ထုတ်ကုန်နဲ့ အလုပ်လုပ်ပုံကို သင်ယူနိုင်
✅ လိုင်စင်/Qualification ရယူဖို့ အထောက်အပံ့ရှိ
✅ တစ်နှစ် အားလပ်ရက် 122 ရက်・Overtime မရှိ
✅ နိုင်ငံခြားသားဝန်ထမ်း ခေါ်ယူထားတဲ့ အတွေ့အကြုံရှိ
📍 အလုပ်နေရာ|Osaka၊ Kishiwada
🕐 အလုပ်ချိန်|9:00~18:00
💰 လစဉ်လစာ|¥205,000 မှစ
🎁 လစာတိုး|တစ်နှစ် ၁ ကြိမ်・Bonus|တစ်နှစ် ၂ ကြိမ်
🚃 အလုပ်နေရာပြောင်းရွှေ့ခြင်း|မရှိ
🎯 လျှောက်ထားရန် လိုအပ်ချက်များ
・Business Level Chinese ပြောနိုင်သူ
・New Graduate / Mid-career နှစ်မျိုးလုံး လျှောက်ထားနိုင်
・ယာဉ်မောင်းလိုင်စင်လိုအပ်(အလုပ်ဝင်ပြီးမှ ရယူလည်းရ)
「Chinese ဘာသာစကားကို အလုပ်မှာ အသုံးချချင်တယ်」
「နိုင်ငံခြားနဲ့ ပတ်သက်တဲ့အလုပ် လုပ်ချင်တယ်」
「Trade・Sales ပိုင်းကို စမ်းသပ်လုပ်ကြည့်ချင်တယ်」
ဆိုတဲ့သူတွေအတွက် သင့်တော်တဲ့အလုပ်တစ်ခုပါ
အလုပ်အကြောင်းအရာနဲ့ လျှောက်ထားရန်အခြေအနေ အသေးစိတ်ကို Comment မှာရှိတဲ့ Event Page မှာ ကြည့်ရှုနိုင်ပါတယ်👇
🔎 求人အသေးစိတ်・Event Info・ကြိုတင်စာရင်းပေးရန်
https://www.iiwasabi.com/app/jobs/view/669

📌 【求人ページ】
https://www.iiwasabi.com/app/jobs/view/669
※ ဒီအလုပ်ကို လက်ရှိဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားများသာ လျှောက်ထားနိုင်ပါတယ်။
※ အသေးစိတ်求人အချက်အလက်တွေကို ကြည့်ရှုဖို့ WA. SA. Bi. Member Registration / Login လုပ်ဖို့ လိုအပ်ပါတယ်။
📌 【Online Company Joint Interview】
https://www.iiwasabi.com/app/events/view/685

✈️ နိုင်ငံခြားသားခရီးသွားတွေအတွက် Travel Service လုပ်ကိုင်နေတဲ့ ကုမ္ပဏီမှာ ဝန်ထမ်းခေါ်ယူနေပါတယ်!Sales・Travel Planning ပိ...
22/09/2026

✈️ နိုင်ငံခြားသားခရီးသွားတွေအတွက် Travel Service လုပ်ကိုင်နေတဲ့ ကုမ္ပဏီမှာ ဝန်ထမ်းခေါ်ယူနေပါတယ်!
Sales・Travel Planning ပိုင်း Full-time ဝန်ထမ်း အဖြစ် အလုပ်လုပ်ချင်သူတွေအတွက်ကတော့အခွင့်အရေးကောင်းတစ်ခုပါ။
🧳 အဓိကလုပ်ရမယ့်အလုပ်တွေကတော့
・Travel Agency တွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို Sales လုပ်ခြင်း
・Customer အသစ်တွေ ရှာဖွေခြင်း၊ လက်ရှိ Customer တွေကို ဝန်ဆောင်မှုပေးခြင်း
・ခရီးစဉ်နဲ့ Charter Bus တွေ စီစဉ်ပေးခြင်း
・Original Travel Plan တွေ စီစဉ်ဖန်တီးခြင်း
・PC အသုံးပြုပြီး စာရင်း/ရုံးပိုင်းဆိုင်ရာအလုပ်တွေနဲ့ လိုအပ်တဲ့ Booking/Arrangement တွေ ပြုလုပ်ခြင်း
🌏 ဒီအလုပ်ရဲ့ အားသာချက်တွေကတော့
✅ Japanese အပြင် English၊ Chinese စတဲ့ ဘာသာစကားစွမ်းရည်တွေကို အသုံးချနိုင်မယ်
✅ အာရှနဲ့ အနောက်နိုင်ငံတွေက ဂျပန်ကိုလာတဲ့ ခရီးသွားတွေနဲ့ ပတ်သက်တဲ့ International Job ဖြစ်ပါတယ်
✅ Training နဲ့ OJT ရှိပါတယ်
✅ ဝန်ထမ်းအဆောင်ရှိပါတယ်(သတ်မှတ်ချက်များရှိ)
✅ တစ်နှစ်ကို Bonus ၂ ကြိမ် + လစာတိုး ၁ ကြိမ်
✅ တည်ထောင်ခဲ့တာ နှစ် 90 ကျော်ရှိတဲ့ ကုမ္ပဏီအုပ်စုဖြစ်လို့ တည်ငြိမ်တဲ့ အလုပ်ပတ်ဝန်းကျင်ရှိပါတယ်
📍 အလုပ်နေရာ|Osaka၊ Sennan-gun၊ Tajiri Town
🕐 အလုပ်ချိန်|9:00~18:00
💰 လစာ|တစ်လ ¥210,000 မှစ
📅 တစ်နှစ် အားလပ်ရက်|118 ရက်
🚗 ယာဉ်မောင်းလိုင်စင်|လိုအပ်ပါတယ်(အလုပ်ဝင်ပြီးမှ ယူလည်းရပါတယ်)
🎯 ဘယ်လိုမျိုးသူတွေအတွက်သင့်တော်လည်းစိုရင်
・English၊ Chinese စတဲ့ ဘာသာစကားစွမ်းရည်ကို အလုပ်မှာ အသုံးချချင်သူ
・Travel / Tourism ပိုင်းကို စိတ်ဝင်စားသူ
・နိုင်ငံခြားသား Customer တွေနဲ့ ဆက်ဆံပြီး အလုပ်လုပ်ချင်သူ
・Sales နဲ့ Travel Planning ပိုင်းကို စိန်ခေါ်ကြည့်ချင်သူ တွေပဲဖြစ်ပါတယ်။
ဒီအလုပ်ရဲ့ 仕事内容 နဲ့ 応募条件 တွေကို အသေးစိတ်သိချင်တယ်ဆိုရင် Comment မှာရှိတဲ့ Event Page ကို ဝင်ကြည့်နိုင်ပါတယ်👇
📌 【求人ページ】
https://www.iiwasabi.com/app/jobs/view/670
※ အသေးစိတ်အလုပ်အကိုင်အချက်အလက်တွေကို ကြည့်ရှုဖို့ WA. SA. Bi. Member Registration / Login လုပ်ဖို့လိုပါတယ်။
※ ဒီအလုပ်ကို လက်ရှိဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားများသာ လျှောက်ထားနိုင်ပါတယ်။
📌 【Online Company Joint Interview】
https://www.iiwasabi.com/app/events/view/685

「တက္ကသိုလ်မှာ သင်ယူထားတဲ့ ကိုယ့်ရဲ့ အထူးပြုဘာသာရပ်ကို အလုပ်မှာ အသုံးချချင်တယ်」ဆိုတဲ့သူတွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်အခ...
20/09/2026

「တက္ကသိုလ်မှာ သင်ယူထားတဲ့ ကိုယ့်ရဲ့ အထူးပြုဘာသာရပ်ကို အလုပ်မှာ အသုံးချချင်တယ်」ဆိုတဲ့သူတွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်အခွင့်အရေးတွေ ရှိပါတယ်✨

ဒီတစ်ခေါက် Work in Wakayama 2026 မှာတော့
Wakayama မှာ အလုပ်လုပ်ရင်း ကိုယ့်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အရည်အချင်းတွေကို တိုးတက်အောင် လုပ်နိုင်မယ့် ထုတ်လုပ်ရေးကုမ္ပဏီ・နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီတွေ ပါဝင်လာမှာဖြစ်ပါတယ်!

🏭 ① စက်မှုသုံးစက်ပစ္စည်းထုတ်လုပ်ရေး|စက်ဒီဇိုင်း・နည်းပညာပိုင်းအလုပ်

ကုန်ကြမ်းတွေ ထုတ်လုပ်ဖို့အသုံးပြုတဲ့ စက်မှုသုံးစက်ပစ္စည်းတွေကို Customer တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် အော်ဒါအလိုက် ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

အဓိကလုပ်ရမယ့်အလုပ်တွေ👇
⚙️ စက်ဒီဇိုင်း
📐 ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး
🔧 ထုတ်လုပ်ရေးစက်ပစ္စည်းနဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာအလုပ်များ

ကိုယ့်ရဲ့ အကြံဉာဏ်နဲ့ နည်းပညာကို အသုံးချပြီး Customer တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ Monozukuri (ထုတ်လုပ်ဖန်တီးရေး) အလုပ် ဖြစ်ပါတယ်။

ーーー

💻 ② အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်ရေး|Engineer အလုပ်

အီလက်ထရွန်နစ်ပစ္စည်းတွေကို ထုတ်လုပ်ဖွံ့ဖြိုးခြင်းနဲ့ System Development တွေကို လုပ်ဆောင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ခေါ်ယူမယ့် အလုပ်အမျိုးအစားတွေ👇
🔌 စက်ပိုင်းဆိုင်ရာ တပ်ဆင်ခြင်း・ဒီဇိုင်း
⚡ လျှပ်စစ်ပိုင်းဆိုင်ရာ ဒီဇိုင်း
💻 Program Development
📐 CAD အသုံးပြုပြီး ဒီဇိုင်း・ဖွံ့ဖြိုးတိုးတက်ရေး

Hardware ကနေ Software အထိ နည်းပညာနယ်ပယ်အမျိုးမျိုးမှာ ပါဝင်လုပ်ကိုင်နိုင်တဲ့ အလုပ် ဖြစ်ပါတယ်။

ထို့အပြင် နိုင်ငံခြားသားဝန်ထမ်းတွေကိုလည်း တက်ကြွစွာ ခေါ်ယူနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်🌏

ーーー

🏠 ③ ဆောက်လုပ်ရေး・အိမ်ရာထုတ်လုပ်ရေး|ဒီဇိုင်း・ဆောက်လုပ်ရေးစီမံခန့်ခွဲမှု

ဒေသတွင်းမှာ အခြေတည်ပြီး လုပ်ကိုင်နေတဲ့ အိမ်ရာကုမ္ပဏီဖြစ်ပြီး ဒီဇိုင်းဆွဲတဲ့အဆင့်ကနေ ဆောက်လုပ်ပြီးစီးတဲ့အထိ ပါဝင်လုပ်ကိုင်ရမယ့် အလုပ်ဖြစ်ပါတယ်။

ခေါ်ယူမယ့် အလုပ်အမျိုးအစားတွေ👇
📐 CAD အသုံးပြုပြီး အိမ်ရာဒီဇိုင်းဆွဲခြင်း
🏗️ ဆောက်လုပ်ရေးစီမံခန့်ခွဲမှု

အိမ်တစ်လုံး ပြီးစီးတဲ့အထိ လုပ်ငန်းစဉ်အမျိုးမျိုးမှာ ပါဝင်ရမှာဖြစ်ပြီး
ကိုယ်လုပ်ထားတဲ့အလုပ်က တကယ့်အဆောက်အအုံအဖြစ် ပုံပေါ်လာတာကို မြင်ရတဲ့အတွက် အလုပ်ရဲ့ တန်ဖိုးနဲ့ ကျေနပ်မှုကို ခံစားနိုင်ပါတယ်။

နိုင်ငံခြားသားဝန်ထမ်းတွေလည်း အလုပ်လုပ်နေကြပြီး နိုင်ငံအမျိုးမျိုးက ဝန်ထမ်းတွေနဲ့အတူ လုပ်ကိုင်နိုင်ပါတယ်🌏

✨ ဒီလိုသူတွေအတွက် အထူးသင့်တော်ပါတယ်!

✅ စက်မှု၊ လျှပ်စစ်၊ IT စတဲ့ Science/Engineering ဘာသာရပ်တွေကို လေ့လာနေသူ
✅ CAD၊ Design・Development ပိုင်းကို စိတ်ဝင်စားသူ
✅ Technical Job နဲ့ ဂျပန်မှာ ရေရှည်အလုပ်လုပ်ချင်သူ
✅ ထုတ်လုပ်ဖန်တီးရေးနဲ့ ပတ်သက်တဲ့အလုပ်ကို လုပ်ချင်သူ

ကုမ္ပဏီတွေရဲ့ အလုပ်အကြောင်းကို တိုက်ရိုက်နားထောင်ကြည့်မလား? 😊

📢 Work in Wakayama 2026
နိုင်ငံခြားသားကျောင်းသားတွေအတွက် ပူးပေါင်းကုမ္ပဏီမိတ်ဆက်ပွဲ

📅 2026/10/09(သောကြာနေ့)13:30~16:30
📍 Osaka・Umeda|Access Umeda Forum၊ Osaka Fukoku Life Building 12F
🏭 Wakayama ပြည်နယ်အတွင်းရှိ ကုမ္ပဏီ 10 ခုကျော် ပါဝင်ရန် စီစဉ်ထားပါတယ်!
💼 Science/Engineering နဲ့ Humanities နှစ်မျိုးလုံး ပါဝင်နိုင်ပါတယ်။

🔎 ပါဝင်မယ့်ကုမ္ပဏီတွေ・အလုပ်အသေးစိတ်・ကြိုတင်စာရင်းပေးရန်👇

Event details & Registration

※ ဒီ Event ကို Wakayama ပြည်နယ်မှ委託(အပ်နှံ)ထားပြီး WA. SA. Bi. 事務局 မှ စီစဉ်ကျင်းပခြင်း ဖြစ်ပါတယ်။

✨ 【Work in Wakayama 2026】 ပါဝင်မယ့် ကုမ္ပဏီတွေရဲ့ အလုပ်အကိုင်တွေကို မိတ်ဆက်ပေး‌ချင်ပါတယ်။Wakayama မှာ နိုင်ငံခြားသားတွေအ...
19/09/2026

✨ 【Work in Wakayama 2026】 ပါဝင်မယ့် ကုမ္ပဏီတွေရဲ့ အလုပ်အကိုင်တွေကို မိတ်ဆက်ပေး‌ချင်ပါတယ်။
Wakayama မှာ နိုင်ငံခြားသားတွေအတွက် အလုပ်အကိုင်အခွင့်အရေးတွေ ပေးနေတဲ့ ကုမ္ပဏီတွေ ရှိပါတယ်🙌

🛒 ① စူပါမားကတ်လုပ်ငန်း|ဆိုင်လည်ပတ်မှု・စီမံခန့်ခွဲမှု (総合職)
ဒေသခံတွေကြား လူကြိုက်များတဲ့ အစားအသောက်စူပါမားကတ်မှာ ဆိုင်လည်ပတ်မှုနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမှာပါ။
📌 အဓိကအလုပ်တွေ
・ကုန်ပစ္စည်းရောင်းချခြင်း၊ အရောင်းနေရာ စီမံခန့်ခွဲခြင်း
・ဝန်ထမ်းတွေကို သင်ကြားပေးခြင်း
・အရောင်းစာရင်း စီမံခန့်ခွဲခြင်း
・ဆိုင်လည်ပတ်မှုနဲ့ ပတ်သက်တဲ့ အလုပ်များ
✨ အချက်ကောင်းတွေ
✅ ကုမ္ပဏီက ကုန်ကျစရိတ်ခံပေးတဲ့ ဝန်ထမ်းအိမ်ရာစနစ်ရှိပါတယ်
✅ 特定技能1号 → 特定技能2号 → 正社員 အထိ Career တိုးတက်နိုင်တဲ့ အတွေ့အကြုံရှိပါတယ်
✅ Wakayama၊ Osaka၊ Nara၊ Kyoto စတဲ့နေရာတွေမှာ ဆိုင် 50 ကျော်ကို ဖွင့်ထားပါတယ်
📌 လျှောက်ထားနိုင်သူ
Major မကန့်သတ်ထားပါ။ 2027 ဘွဲ့ရမယ့်သူတွေနဲ့ ဘွဲ့ရပြီးသားသူတွေလည်း လျှောက်ထားနိုင်ပါတယ်။

🪟 ② Manufacturing・Sales|Interior ပစ္စည်းအရောင်း
Order Curtain တွေနဲ့ ပြတင်းပေါက်ပတ်ဝန်းကျင်မှာ အသုံးပြုတဲ့ Interior ပစ္စည်းတွေကို Customer တွေအတွက် အကြံပြုပေးပြီး ရောင်းချရမယ့်အလုပ်ပါ။
📌 အဓိကအလုပ်တွေ
・Customer တွေကို ပစ္စည်းအကြံပြုပေးခြင်း
・Interior အပြင်အဆင် စီစဉ်ပေးခြင်း
・အရောင်းနဲ့ Customer Service
✨ အချက်ကောင်းတွေ
✅ Interior နဲ့ သက်ဆိုင်တဲ့ Qualification ရှိရင် Allowance ရနိုင်ပါတယ်
✅ ဝန်ထမ်းအိမ်ရာရှိပြီး အိမ်လခအတွက် ထောက်ပံ့ပေးမှုလည်း ရှိပါတယ်
📌 လျှောက်ထားနိုင်သူ
Major မကန့်သတ်ထားပါ။ 2027 ဘွဲ့ရမယ့်သူတွေနဲ့ ဘွဲ့ရပြီးသားသူတွေလည်း လျှောက်ထားနိုင်ပါတယ်။

♨️ ③ Hotel・Onsen|Restaurant・Front Desk
ကမ္ဘာ့အမွေအနှစ်နေရာ Kumano Kodo အနီးက Onsen Hotel မှာ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးရမယ့်အလုပ်ပါ😊
📌 အဓိကအလုပ်တွေ
・Restaurant မှာ Customer Service ပေးခြင်း
・အစားအစာ ပြင်ဆင်ခြင်းနဲ့ စားပွဲရှင်းခြင်း
・Front Desk နဲ့ Reservation အလုပ်များ
※ အတွေ့အကြုံပေါ်မူတည်ပြီး တာဝန်ယူရနိုင်ပါတယ်။
✨ အချက်ကောင်းတွေ
✅ ဗီယက်နမ်၊ မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝန်ထမ်းတွေလည်း အလုပ်လုပ်နေကြပါတယ်🌏
✅ ဂျပန်ရဲ့ (おもてなし/ဧည့်ဝတ်ကျေပွန်မှု) ကို လက်တွေ့လေ့လာနိုင်ပါတယ်
📌 လျှောက်ထားဖို့
・JLPT N3 နှင့်အထက်
・Customer Service ပိုင်းကို စိတ်ဝင်စားသူများကို ကြိုဆိုပါတယ်

📢 Work in Wakayama 2026
🎓 နိုင်ငံခြားသားကျောင်းသားတွေအတွက် ကုမ္ပဏီပေါင်းစုံ အလုပ်အကိုင်မိတ်ဆက်ပွဲ
📅 2026/10/09 (သောကြာနေ့) 13:30~16:30
📍 Osaka・Umeda|Access Umeda Forum၊ Osaka Fukoku Life Building 12F
🏭 Wakayama ပြည်နယ်က ကုမ္ပဏီ 10 ခုကျော် ပါဝင်ဖို့ စီစဉ်ထားပါတယ်!
💼 Science/Engineering Major ဖြစ်ဖြစ်၊ Humanities Major ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်

🔎 ကုမ္ပဏီအချက်အလက်・အလုပ်အသေးစိတ်・ကြိုတင်စာရင်းပေးသွင်းရန်👇
https://www.iiwasabi.com/app/events/view/684

※ ဒီ Event ကို Wakayama ပြည်နယ်ရဲ့ တာဝန်ပေးအပ်မှု/WA. SA. Bi. 事務局 က စီစဉ်ကျင်းပပေးတာဖြစ်ပါတယ်။

💻⚡ Science/Engineering ဘာသာရပ်လေ့လာနေတဲ့ နိုင်ငံခြားသားကျောင်းသားတွေအတွက် အခွင့်အရေးကောင်း! IT・လျှပ်စစ်ပိုင်းဆိုင်ရာ ဗဟု...
19/09/2026

💻⚡ Science/Engineering ဘာသာရပ်လေ့လာနေတဲ့ နိုင်ငံခြားသားကျောင်းသားတွေအတွက် အခွင့်အရေးကောင်း! IT・လျှပ်စစ်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို အသုံးချနိုင်မယ့် အလုပ်တွေကို ကြည့်မယ်လို့တွေးဖူးလား?

ကယ်....Work in Amagasaki 2026 ကို
📅 အောက်တိုဘာ 8 ရက် (ကြာသပတေးနေ့) မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ IT၊ လျှပ်စစ်နဲ့ စက်ပစ္စည်းပိုင်းဆိုင်ရာ ကုမ္ပဏီတွေလည်း ပါဝင်လာမှာပါ✨
ဒီတစ်ခါတော့ လက်ရှိခေါ်ယူနေတဲ့ အလုပ်အကိုင်တချို့ကို မိတ်ဆက်ပေးလိုက်ပါတယ်👇
ーーー
ဟော.....အိမ်မှာနေရင်း‌ဝင်ငွေဝင်ချင်တဲ့ ကျောင်းသားကျောင်းသူ ကိုကိုမမတွေအတွက်~
(1) 🖥သတင်းအချက်အလက် နဲ့ နိုင်ငံခြားသားတွေအတွက် အိမ်ခြံမြေဝန်ဆောင်မှု Part-time အလုပ်
AI・IoT System Development နဲ့ Data Analysis စတဲ့အလုပ်တွေလည်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုမှာ
လက်ရှိ ဂျပန်မှာ ကျောင်းတက်နေတဲ့ နိုင်ငံခြားသားကျောင်းသားတွေအတွက် Part-time အလုပ် ခေါ်နေပါတယ်။

🏠 အဓိကလုပ်ရမယ့်အလုပ်တွေကတော့
・နိုင်ငံခြားသားတွေအတွက် အိမ်ခြံမြေအကျိုးဆောင်ခြင်း၊ အရောင်းနဲ့ Marketing
・အိမ်/အခန်းတွေကို လိုက်လံပြသပေးခြင်း
・အိမ်ခြံမြေစီမံခန့်ခွဲခြင်း တွေပါ။

🌏 ကုမ္ပဏီအတွင်း အဓိကအသုံးပြုတဲ့ ဘာသာစကားက English ဖြစ်ပြီး နိုင်ငံခြားသားဝန်ထမ်းတွေလည်း အများကြီး လုပ်ကိုင်နေကြပါတယ်။
✅ ဘာသာရပ်/ဌာန ကန့်သတ်ချက်မရှိ
✅ Osaka Office မှာ အလုပ်လုပ်နိုင်သလို အိမ်ကနေ Remote Work လည်း လုပ်နိုင်ပါတယ်
✅ တစ်နာရီ ¥1,400~
ーーー

⚡ ② ဆောက်လုပ်ရေးလုပ်ငန်း|လျှပ်စစ်အလုပ်သမား (Electrician)
အဆောက်အအုံတွေနဲ့ စက်ပစ္စည်းတွေမှာ လိုအပ်တဲ့ လျှပ်စစ်တပ်ဆင်・ပြုပြင်တဲ့အလုပ် ဖြစ်ပါတယ်။
ကုမ္ပဏီရုံးချုပ်ကို အခြေခံပြီး ဆောက်လုပ်ရေးနေရာတွေမှာ အလုပ်လုပ်ရမှာဖြစ်သလို Business Trip သွားရတာတွေလည်း ရှိပါတယ်။
✅ နိုင်ငံခြားသားဝန်ထမ်း ခန့်အပ်ဖူးတဲ့ အတွေ့အကြုံရှိပါတယ်
✅ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝန်ထမ်းတွေလည်း အလုပ်လုပ်နေကြပါတယ်
✅ စနေ၊ တနင်္ဂနွေ・အစိုးရရုံးပိတ်ရက် နားရက်များရှိပြီး နှစ်ကုန်နှစ်ဆန်းနဲ့ နွေရာသီအားလပ်ရက်လည်း ရှိပါတယ်။
ーーー
⚡ 「လျှပ်စစ်ပိုင်းကို လေ့လာနေတယ်」
🔧 「ဂျပန်မှာ နည်းပညာအတွေ့အကြုံတွေ ရယူပြီး အလုပ်လုပ်ချင်တယ်」
ဆိုတဲ့သူတွေဆိုရင် ဒီအလုပ်တွေကို သေချာကြည့်ကြည့်ပါနော်!
📢 လျှောက်ထားဖို့ အသေးစိတ်လိုအပ်ချက်တွေကို Event Page မှာ ကြည့်နိုင်ပါတယ်။
「ကိုယ့် Major နဲ့ လျှောက်ထားလို့ရမလား?」
「ဘယ်လို Skill တွေလိုအပ်လဲ?」
「နိုင်ငံခြားသားဝန်ထမ်းတွေက ဘယ်လိုပုံစံနဲ့ အလုပ်လုပ်နေကြလဲ?」
စိတ်ဝင်စားတာရှိရင် Event နေ့မှာ ကုမ္ပဏီတာဝန်ရှိသူတွေကို တိုက်ရိုက်မေးကြည့်လို့ရပါတယ်🙌
📢 Work in Amagasaki 2026
📅 2026 ခုနှစ် အောက်တိုဘာ 8 ရက် (ကြာသပတေးနေ့) 13:00~17:00
📍 Access Umeda Forum|Osaka Fukoku Life Building 12F
💰 ပါဝင်ခ အခမဲ့
▼ ကုမ္ပဏီအချက်အလက်・စာရင်းပေးသွင်းရန်
https://www.iiwasabi.com/app/events/view/678

主催:尼崎市
運営:WA. SA. Bi. 事務局

🌏 ဝါကာယာမာမှာ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကို ရှာဖွေကြရအောင်! ✨\ နိုင်ငံခြားသား နိုင်ငံတကာကျောင်းသားတွေအတွက် ပူးပေါင်းကုမ္ပဏီ...
18/09/2026

🌏 ဝါကာယာမာမှာ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကို ရှာဖွေကြရအောင်! ✨
\ နိုင်ငံခြားသား နိုင်ငံတကာကျောင်းသားတွေအတွက် ပူးပေါင်းကုမ္ပဏီမိတ်ဆက်ပွဲ /
「ငါဂျပန်မှာ IT အလုပ်လုပ်ချင်တယ် 💻」
「ကိုယ်သင်ယူထားတဲ့ နည်းပညာကို အသုံးချပြီး ထုတ်လုပ်ရေးအလုပ်လုပ်ချင်တာကွ 🔧」
「လူတွေနဲ့ ဆက်ဆံရတဲ့အလုပ်ကိုလည်း စမ်းကြည့်ချင်သား 🚗」
ဒီလိုစဉ်းစားနေသူတွေအတွက် အကြံပေးပါတယ်! 😊
9/12 (စနေ) မှာ ကျင်းပမယ့် “Work in Wakayama 2026” မှာ IT၊ ထုတ်လုပ်ရေး၊ မော်တော်ကားအရောင်း စတဲ့ နယ်ပယ်အသီးသီးက ကုမ္ပဏီတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး အလုပ်အကြောင်း မေးမြန်းနိုင်ပါတယ်။
ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့် အလုပ်အမျိုးအစားတွေကတော့👇
💻 IT Engineer・Software Development
・ကုမ္ပဏီကိုယ်တိုင် ဖန်တီးထားတဲ့ Software တွေကို ကမ္ဘာတစ်ဝှမ်း အသုံးပြုနိုင်အောင် ဖန်တီးပေးရတဲ့အလုပ်
・Cloud Service တွေရဲ့ Development၊ Design၊ Testing စတာတွေကို လုပ်ဆောင်ရတဲ့အလုပ်
🔧 ထုတ်လုပ်ရေး・နည်းပညာပိုင်းဆိုင်ရာအလုပ်
・Semiconductor နဲ့ ပတ်သက်တဲ့ စက်ပစ္စည်းတွေ Development လုပ်ရတဲ့အလုပ်
・Electrical Design၊ Mechanical Design၊ Software Development စတဲ့ နည်းပညာပိုင်းဆိုင်ရာအလုပ်တွေ
・ကမ္ဘာ့အဆင့်မှာ အသုံးချနေတဲ့ နည်းပညာတွေကို လေ့လာနိုင်တဲ့ အခွင့်အရေး
🚗 အရောင်း・Reception Staff
・Customer တွေရဲ့ ကားအသုံးပြုမှုနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေကို ကူညီပေးရတဲ့အလုပ်
・လူတွေနဲ့ စကားပြောဆက်ဆံရတာ ကြိုက်သူတွေအတွက်ကတော်တော်လေးကို သင့်တော်ပါတယ်။
✨ သိပ္ပံ/နည်းပညာပိုင်း (理系) နဲ့ လူမှု/ဝိဇ္ဇာပိုင်း (文系) နယ်ပယ်နှစ်ခုလုံးက‌ကျောင်းသား‌‌တွေ
✨ အသစ်ဘွဲ့ရသူတွေနဲ့ ဘွဲ့ရပြီးသားသူတွေကော ပါဝင်နိုင်ပါတယ်။
✨ နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားဖူးတဲ့ ကုမ္ပဏီတွေလည်း ပါဝင်ကြမှာပါ
「ဝါကာယာမာမှာ အလုပ်လုပ်ရတာ ဘယ်လိုမျိုးလဲ?」
「ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကို ရှာချင်တယ်!」
အရင်ဆုံး ကုမ္ပဏီတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး မေးမြန်းကြည့်လိုက်ပါ 😊
👇 Event အသေးစိတ်၊ အလုပ်ခေါ်စာအသေးစိတ်နဲ့ ကြိုတင်စာရင်းပေးရန်
https://www.iiwasabi.com/app/events/view/681 (commentမှာလည်းLinkထားပေးထားပါတယ်)
သူငယ်ချင်းတွေနဲ့လည်း မျှဝေပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျ။ 😊
📢 အခုကနေစပြီး SNS မှာလည်း
💼 ပါဝင်မယ့်ကုမ္ပဏီတွေနဲ့ အလုပ်အကြောင်း
🌿 ဝါကာယာမာမှာ နေထိုင်ရခြင်းရဲ့ အားသာချက်တွေ
🏠 နေထိုင်မှုအခြေအနေနဲ့ နိုင်ငံခြားသားတွေအတွက် Support အကြောင်းတွေကို ဆက်လက်မိတ်ဆက်ပေးသွားမှာမလို့ စောင့်မျှော်ပေးကြပါခင်ဗျာ။
※ ဒီ Event ကို ဝါကာယာမာခရိုင်အစိုးရက တာဝန်ပေးအပ်ထားပြီး WA. SA. Bi. Secretariat မှ စီစဉ်ကျင်းပမှာ ဖြစ်ပါတယ်။
#和歌山県 #外国人留学生 #日本就職 #就職活動 #留学生就活

Wakayama မှာ နေ့စဉ်ဘဝအတွက် လိုအပ်တာတွေ အဆင်ပြေပြေ ရှိပါမလား?「စူပါမားကတ်တွေ ရှိလား?」「ဆေးရုံနဲ့ စားသောက်ဆိုင်တွေကော?」「အားလ...
18/09/2026

Wakayama မှာ နေ့စဉ်ဘဝအတွက် လိုအပ်တာတွေ အဆင်ပြေပြေ ရှိပါမလား?
「စူပါမားကတ်တွေ ရှိလား?」
「ဆေးရုံနဲ့ စားသောက်ဆိုင်တွေကော?」
「အားလပ်ရက်ဆို ဘာလုပ်ပြီး အချိန်ကုန်ဆုံးလို့ရလဲ?」

တကယ်နေထိုင်တော့မယ်ဆိုရင် ဒီလိုအရာတွေကလည်း အရေးကြီးလာပါတယ်😊
Wakayama မှာ စူပါမားကတ်၊ စားသောက်ဆိုင်၊ ဆေးရုံနဲ့ ဆေးခန်းတွေ၊ Shopping Center စတဲ့ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ နေရာတွေနဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်!
မြို့ပြမဟုတ်တဲ့ ဒေသမှာနေထိုင်ရပေမယ့် နေ့စဉ်ဈေးဝယ်ဖို့နဲ့ လိုအပ်တဲ့အရာတွေ ဝယ်ယူဖို့ နေရာတွေက သေချာရှိပါတယ်။ 🙆‍♀️

🌊 ဒါ့အပြင်Wakayama ရဲ့ ထူးခြားချက်က အားလပ်ရက်ကို ဖြတ်သန်းနိုင်တဲ့ပုံစံပါ!
Wakayama ရဲ့ ဆွဲဆောင်မှုကြီးတစ်ခုကတော့ သဘာဝတရားတွေက နေ့စဉ်ဘဝနဲ့ နီးနီးကပ်ကပ်ရှိနေတာ ပါ 🌿
ဥပမာ Kataonami Beach (片男波海水浴場) ရဲ့ သဲသောင်ပြင်အရှည်ကြီးရှိပြီးတော့ အားလပ်ရက်မှာ ပင်လယ်ကို သွားကြည့်တာ၊ ကမ်းခြေတစ်လျှောက် အေးအေးဆေးဆေး လမ်းလျှောက်တာလောက်နဲ့တင် စိတ်အပန်းပြေနိုင်ပါတယ် 🌊😊

♨️ Onsen (ရေပူစမ်း) သွားချင်ရင်လည်း Wakanoura ပတ်ဝန်းကျင်ကို သွားလို့ရပါတယ်။
နည်းနည်းပိုဝေးဝေး သွားချင်တယ်ဆိုရင်တော့ Shirahama ဒါမှမဟုတ် Katsuura လို နာမည်ကြီး ရေပူစမ်းဒေသတွေကိုလည်း သွားလည်နိုင်ပါတယ်!

💼 အလုပ်လုပ်ရုံတင်မကဘဲ အားလပ်ရက်မှာလည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်တယ်။
ဒီလိုဘဝမျိုးကို ရနိုင်တာကလည်း ဝါကာယာမာရဲ့ ဆွဲဆောင်မှုတစ်ခုပါ ✨
「ဒီလိုဘဝမျိုးက မထင်ထားတာထက် ကောင်းသားပဲ 😊」 လို့ တွေးမိတယ်ဆိုရင်၊ နောက်တစ်ဆင့်အနေနဲ့ အလုပ်အကိုင်တွေကိုလည်း စစ်ဆေးကြည့်မလား?

✨ Work in Wakayama 2026
နိုင်ငံခြားသား နိုင်ငံတကာကျောင်းသားများအတွက် ကုမ္ပဏီပေါင်းစုံ အလုပ်အကိုင်မိတ်ဆက်ပွဲ
📅 2026 ခုနှစ် 10/09 (သောကြာ) 13:30~16:30
📍 အိုဆာကာ・Umeda|Access Umeda Forum

🏢Wakayama ာခရိုင်အတွင်းက ကုမ္ပဏီ 10 ခု ပါဝင်ဖို့ စီစဉ်ထားပါတယ်!
နိုင်ငံတကာကျောင်းသားတွေအပြင် ဘွဲ့ရပြီးသူများ၊ ဒုတိယအလုပ်အကိုင်ရှာဖွေနေသူများ၊ အလုပ်ပြောင်းလိုသူများ လည်း ပါဝင်နိုင်ပါတယ် 🙌

🔎 Event အသေးစိတ်နဲ့ ကြိုတင်စာရင်းပေးရန်👇
https://www.iiwasabi.com/app/events/view/684

住所

Osaka, Osaka

営業時間

月曜日 10:00 - 17:00
火曜日 10:00 - 17:00
水曜日 10:00 - 17:00
木曜日 10:00 - 17:00
金曜日 10:00 - 17:00

ウェブサイト

アラート

WASABi MMが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

事業に問い合わせる

WASABi MMにメッセージを送信:

ショートカット

共有する

カテゴリー