RISE for Career Myanmar

ウェブサイト 事業に問い合わせる

RISE for Career Myanmar Jobs in Japan for Engineers
www.risefor-career.com

ဂျပန်လုပ်ငန်းခွင်မှာ အမြဲတမ်းသုံးလေ့ရှိတဲ့「期間 (Kikan)」 နဲ့ 「期限 (Kigen)」ကို တကယ့်လက်တွေ့ အလုပ်ခွင်ထဲမှာ အထက်လူကြီး၊ လုပ်ဖ...
15/10/2026

ဂျပန်လုပ်ငန်းခွင်မှာ အမြဲတမ်းသုံးလေ့ရှိတဲ့「期間 (Kikan)」 နဲ့ 「期限 (Kigen)」ကို တကယ့်လက်တွေ့ အလုပ်ခွင်ထဲမှာ အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတဲ့အခါ သို့မဟုတ် Email/message ရေးတဲ့အခါ လက်တွေ့ ဘယ်လိုသုံးလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်…

1. 期間 (Kikan - အချိန်ကာလ / အတိုင်းအတာ)
လက်တွေ့ အလုပ်ခွင်မှာ "ဘယ်နေ့ကနေ ဘယ်နေ့အထိ" သို့မဟုတ် "ဘယ်လောက်ကြာကြာ" ဆိုတဲ့ အချိန်အပိုင်းအခြားကို ပြောချင်တဲ့အခါ သုံးပါတယ်..

<ခွင့်ရက် / ခရီးစဉ် ကာလကို ပြောသည့်အခါ>
「有給休暇の期間は、10月1日から10月5日までです。」 (လစာပြည့်ခွင့်ရက် အချိန်ကာလကတော့ ၁၀ လပိုင်း ၁ ရက်ကနေ ၁၀ လပိုင်း ၅ ရက်အထိ ဖြစ်ပါတယ်)

<အစမ်းခန့် ကာလကို မေးသည့်အခါ>
「試用期間は何ヶ月ですか?」(အစမ်းခန့် ကာလက ဘယ်နှစ်လပါလဲ?)

<စက်ရုံ / လုပ်ငန်းခွင် ပြုပြင်ထိန်းသိမ်းမှု ကာလ>
「工事の期間中は、こちらのドアを使用してください。」(ပြင်ဆင်ရေး ကာလအတွင်းမှာတော့ ဒီတံခါးကို အသုံးပြုပေးပါ)

2. 期限 (Kigen - နောက်ဆုံး သတ်မှတ်ရက် / Deadline)
လက်တွေ့ အလုပ်ခွင်မှာ "ဘယ်နေ့ နောက်ဆုံးထားပြီး အပြီးလုပ်ရမလဲ" ဆိုတဲ့ Deadline ကို ပြောချင်တဲ့အခါ သုံးပါတယ်။ (အလုပ်ခွင်မှာ 期限 ကို ပိုပြီး ခါးခါးသီးသီး သတိထားသုံးကြပါတယ်)

<စာရွက်စာတမ်း / အစီရင်ခံစာ တင်ရမည့် သတ်မှတ်ရက်>
「この書類の提出期限は、今週の金曜日までです。」(ဒီစာရွက်စာတမ်း တင်ရမယ့် နောက်ဆုံးရက် ကတော့ ဒီတစ်ပတ် သောကြာနေ့အထိ ဖြစ်ပါတယ်)

<အထက်လူကြီးက အလုပ်ခိုင်းသည့်အခါ မေးမြန်းပုံ >
「このタスクの期限はいつまででしょうか?」(ဒီအလုပ်ရဲ့ နောက်ဆုံး ပြီးရမယ့်ရက် (Deadline) က ဘယ်တော့အထိပါလဲ)

<သတ်မှတ်ရက် နောက်ကျမည်ကို အကြောင်းကြားသည့်အခါ >
「申し訳ありません、期限に間に合いそうにありません。」(တောင်းပန်ပါတယ်၊ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို မမီနိုင်တော့ပါဘူး)

期間 (Kikan)ကို ပြောရင်「~から~まで (ဘယ်နေ့ကနေ ဘယ်နေ့အထိ)」လို့ တွဲသုံးလေ့ရှိပါတယ်..期限 (Kigen)ကို ပြောရင်「~まで (ဘယ်နေ့ အထိ/နောက်ဆုံး)」သို့မဟုတ် 「~を守る (Deadline ကို လိုက်နာသည်)」လို့ တွဲသုံးလေ့ရှိပါတယ်။

Design your own Career, RISE for Career

မြန်မာကနေ 電気設備エンジニアအနေနဲ့သွားချင်သူများအတွက် အခွင့်အရေးအတွေ့အကြုံမရှိသေးသူများလည်း တက်ရောက်နိုင်ပါတယ်။✅ 電気設備လုပ်ငန်းမှာ ...
15/10/2026

မြန်မာကနေ 電気設備エンジニアအနေနဲ့သွားချင်သူများအတွက် အခွင့်အရေး
အတွေ့အကြုံမရှိသေးသူများလည်း တက်ရောက်နိုင်ပါတယ်။

✅ 電気設備လုပ်ငန်းမှာ ဘယ်လိုအလုပ်အမျိုးအစားတွေ ရှိသလဲ?
✅ 施工管理 နှင့် CAD အလုပ်တာဝန်နှင့် လုပ်ငန်းအကြောင်းအရာတွေက ဘာတွေလဲ?
✅ ဂျပန်လုပ်ငန်းခွင်မှာ တစ်နေ့တာဘာတွေလုပ်ရလဲ?
✅ မိမိနှင့် သင့်တော်တဲ့ အလုပ်တွေကို ဘယ်လိုရွေးချယ်ရမလဲ?
✅ လက်ရှိခေါ်နေတဲ့ အလုပ်ခေါ်စာကို ဘယ်လိုလျှောက်ရမလဲ?
✅ Q&Aစသည်တို့ကို အွန်လိုင်းဆယ်မီနာကနေတဆင့် အသေးစိတ်ပြောပေးသွားမှာ ဖြစ်ပါတယ်။

📅 Event Information
📆 ရက်စွဲ - 2026 ခုနှစ် အောက်တိုဘာလ 24 ရက် (စနေနေ့)
⏰ အချိန် - ဂျပန်စံတော်ချိန် 12:30 PM မှ 2:00 PM အထိ
💻 ကျင်းပမည့်ပုံစံ - Zoom (Online)
👤 တက်ရောက်နိုင်သူ - JLPT N1 / N2 / N3 Level ရှိသူများ
💰 အခမဲ့တက်ရောက်နိုင်ပါသည်

Seminar တက်ရောက်ရန် စာရင်းပေးသွင်းထားသူများအား Zoom URL ကို အောက်တိုဘာလ 23 ရက်နေ့ တွင် Email ဖြင့် ပေးပို့သွားမည်ဖြစ်ပါသဖြင့်
အောက်တိုဘာလ 22 ရက်နေ့ မတိုင်မီ စာရင်းပေးသွင်းထားပေးပါရန် လိုအပ်ပါတယ်။

comment က လင့်ခ်ကို ကော်ပီကူးပြီး ဖောင်ဖြည့်နိုင်ပါတယ်ရှင့်။

CBမှလည်း လာတောင်းနိုင်ပါတယ်။

Design your own Career, RISE for Career.



「日本で働きたい」「日本で働いてみたいけど、どんな仕事があるか分からない…」 「電気設備の仕事って何をする仕事?」 「施工管理やCADって聞いたことはあるけど、実際の仕事内容を知りたい!」 そんな方におすすめ...

Osaka, Kobe, Kyoto ဘက်မှာလုပ်ရမဲ့ အတွေ့အကြုံမရှိသူများလဲလျှောက်ထားလို့ရတဲ့ ဂျပန်ပြည်တွင်း 施工管理 ခေါ်စာ!!・လစာ : ယန်း ၂၆၀၀၀...
13/10/2026

Osaka, Kobe, Kyoto ဘက်မှာလုပ်ရမဲ့ အတွေ့အကြုံမရှိသူများလဲလျှောက်ထားလို့ရတဲ့ ဂျပန်ပြည်တွင်း 施工管理 ခေါ်စာ!!

・လစာ : ယန်း ၂၆၀၀၀၀ မှ ၂၈၀၀၀၀
・လစာတိုး :ရှိ
・Bonus : ၁နှစ် ၂ကြိမ် (၇လပိုင်းနှင့် ၁၂လပိုင်း)
・ကုမ္ပဏီအဆောင်/အိမ်လခ ထောက်ပံ့ကြေး :ရှိ
・ဗီဇာထောက်ပံ့မှု :ရှိ
・၁နှစ်စုစုပေါင်းပိတ်ရက် : ၁၂၅ရက်
・အလုပ်အကြောင်းအရာ : 施工管理補助業務

လျှောက်ထားရန်လိုအပ်ချက်များ↓
・Civil ဖြင့်ကျောင်းပြီးထားသူ
・ဂျပန်စာ N3အောင် N2 level communication ရသူ
・ဂျပန်ယာဉ်မောင်းလိုင်စင်ရှိသူ
・လက်ရှိ ဂျပန်ပြည်တွင်းတွင်နေထိုင်သူဖြစ်ရပါမယ်

လျှောက်ထားဖို့ အသေးစိတ်ကို မန့်ထဲမှာကြည့်နိုင်ပါတယ်..

BIM operator 未経験でも応募可အလုပ်ခေါ်စာကို Telegramမှာ တင်ပေးထားပါတယ်။
08/10/2026

BIM operator 未経験でも応募可အလုပ်ခေါ်စာကို Telegramမှာ တင်ပေးထားပါတယ်။

ဂျပန်မှာ အလုပ်စဝင်ချိန်မှာ "အစမ်းခန့်ကာလ (၃ လ မှ ၆ လ)" ဆိုပြီး သတ်မှတ်လေ့ရှိပါတယ်.. များသောအားဖြင့် "အစမ်းခန့်ကာလအတွင်းမ...
07/10/2026

ဂျပန်မှာ အလုပ်စဝင်ချိန်မှာ "အစမ်းခန့်ကာလ (၃ လ မှ ၆ လ)" ဆိုပြီး သတ်မှတ်လေ့ရှိပါတယ်.. များသောအားဖြင့် "အစမ်းခန့်ကာလအတွင်းမှာ အဆင်မပြေရင် ကုမ္ပဏီက အလွယ်တကူ ထုတ်ပစ်လို့ရတယ်" လို့ ထင်နေကြသလို "အစမ်းခန့်ကာလအတွင်း မိမိကိုယ်တိုင်ရော ထွက်လို့ရလား" ဆိုတာကိုလည်း မဝေခွဲနိုင် ဖြစ်နေတတ်ကြပါတယ်..

ဒီနေ့တော့ အစမ်းခန့်ကာလအတွင်း ကုမ္ပဏီက ထုတ်ပယ်သည့် ဖြစ်စဉ်နှင့် မိမိဘက်က နှုတ်ထွက်သည့်အခါ သိထားရမည့် အချက်များကိုမျှဝေပေးလိုက်ပါတယ်..

၁။ အစမ်းခန့်ကာလအတွင်း ကုမ္ပဏီက အလုပ်ကနေ ထုတ်ပစ်လို့ ရပါသလား?
အဖြေကတော့ တရားဝင် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ထုတ်ပစ်လို့ မရပါဘူး..ဂျပန်နိုင်ငံရဲ့ အလုပ်သမားဥပဒေအရ အစမ်းခန့်ကာလအတွင်း ဖြစ်နေသော်လည်း ဝန်ထမ်းအား အလုပ်မှ ထုတ်ပယ်ခြင်းဟာ ပုံမှန် အလုပ်ဖြုတ်ခြင်း (解雇 - Kaiko)နှင့် အတူတူဖြစ်ပါတယ်..

ကုမ္ပဏီက အောက်ကလို ခိုင်လုံသည့် အကြောင်းပြချက်များ ရှိမှသာ အစမ်းခန့်ကာလအတွင်း အလုပ်ဖြုတ်ခွင့် ရှိတာဖြစ်ပါတယ်-
* CV တွင် လိမ်လည်ထားခြင်း (経歴詐称)
* အကြောင်းမဲ့ ခွင့်ရက်ရှည် ပျက်ကွက်ခြင်း / နောက်ကျခြင်း
*ကုမ္ပဏီ စည်းကမ်းချိုးဖောက်ခြင်း
* သင်ကြားပေးသော်လည်း အခြေခံအလုပ်ကို လုံးဝ မလုပ်ဆောင်နိုင်ခြင်း

အလုပ်လုပ်တာ မသွက်လို့၊ စိတ်ထဲ မကြိုက်လို့ဆိုတဲ့ သာမန် အကြောင်းပြချက်များနဲ့ြ အစမ်းခန့်ကာလအတွင်း ဖြစ်ပါစေ အလုပ်ဖြုတ်ခွင့် မရှိပါဘူး၊၊

၂။ မိမိကိုယ်တိုင်ရော အစမ်းခန့်ကာလအတွင်း အလုပ်က ထွက်လို့ရပါသလား?
အဖြေကတော့ ထွက်လို့ ရပါတယ်! အစမ်းခန့်ကာလ ဆိုသည်မှာ ကုမ္ပဏီက မိမိအား စစ်ဆေးသည့် ကာလ သာမက မိမိဘက်ကလည်း ဒီအလုပ်/ကုမ္ပဏီသည် ကိုယ်နဲ့ ကိုက်ညီမှု၊ သင့်တော်မှု ရှိမရှိ စစ်ဆေးတဲ့ ကာလ ဖြစ်ပါတယ်..

မိမိဘက်က နှုတ်ထွက်ချင်ပါက ဥပဒေအရ အနည်းဆုံး ၂ ပတ် ကြိုတင် အကြောင်းကြားရပါမည် (အလုပ်ခွင် စည်းကမ်းဥပဒေအရ ၁ လကြိုပြောရန် ရေးထားပါက ရုံးနှင့် ညှိနှိုင်းပေးတာ ပိုကောင်းပါတယ်)

အလုပ်ထွက်သည့် အကြောင်းပြချက် (退職理由)ကိုလဲ အလုပ် မကြိုက်လို့ဆိုပြီး တိုက်ရိုက်မပြောဘဲ 「ကျန်းမာရေး အခြေအနေကြောင့်」 သို့မဟုတ် 「စဉ်းစားကြည့်သည့်အခါ ကိုယ့်ရဲ့ ကျွမ်းကျင်မှု/မျှော်မှန်းချက်နှင့် ကုမ္ပဏီ၏ အလုပ်သဘောသဘာဝ မကိုက်ညီဟု ခံစားရသောကြောင့်」 စသဖြင့် ယဉ်ကျေးစွာ အကြောင်းကြားတာကောင်းပါတယ်..

၃။ အစမ်းခန့်ကာလအတွင်း သတိပြုရမည့် ဥပဒေဆိုင်ရာ အချက်များ
၁၄ ရက်ကျော်လွန်ပါက ကုမ္ပဏီက ရုတ်တရက် ဖြုတ်ခွင့်မရှိပါဘူး…အလုပ်စဝင်ပြီး ၁၄ ရက်ထက် ကျော်လွန်သွားပါက ကုမ္ပဏီသည် ဝန်ထမ်းအား ရုတ်တရက် အလုပ်ဖြုတ်ခွင့် မရှိပါ..အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြားရမည် (သို့မဟုတ်) ရက် ၃၀ စာ အလုပ်ဖြုတ်ခ လျော်ကြေး (解雇予告手当) ပေးရပါမည်။

အစမ်းခန့်ကာလအတွင်း ဖြစ်နေသော်လည်း တရားဝင် အနိမ့်ဆုံးလုပ်ခ (最低賃金) ထက် နည်းလို့ မရပါဘူး လူမှုဖူလုံရေး အာမခံ (社会保険) လည်း မဖြစ်မနေ ထည့်ပေးရပါမယ်..

ဂျပန်အစိုးရ အလုပ်သမားဝန်ကြီးဌာန (厚生労働省) ၏ တရားဝင် ဝဘ်ဆိုက်တွင် အလုပ်သမားဥပဒေဆိုင်ရာ အချက်အလက်များကို တိုက်ရိုက် စစ်ဆေးနိုင်ပါတယ်…
Ministry of Health, Labour and Welfare (MHLW) ပင်မဝဘ်ဆိုက်:
https://www.mhlw.go.jp/

Design your own Career, RISE for Career

Position - 施工管理-プラント工事・အလုပ်နေရာ - Shizuoka Prefecture (静岡県) သို့မဟုတ် Kanagawa Prefecture (神奈川県)・လစာ  : 190,000 yen မှ ...
05/10/2026

Position - 施工管理-プラント工事

・အလုပ်နေရာ - Shizuoka Prefecture (静岡県) သို့မဟုတ် Kanagawa Prefecture (神奈川県)
・လစာ : 190,000 yen မှ 750,000 yen အထိ (အတွေ့အကြုံနှင့် အရည်အချင်းအပေါ် မူတည်၍ ညှိနှိုင်းပေးမည်)
・လစာတိုး/Bonu 昇給・賞与 :၁နှစ်၁ကြိမ်လစာတိုး၊ Bonus၁နှစ် ၂ကြိမ်
・ကုမ္ပဏီအိမ်ရာ - ရှိ

☑️လုပ်ငန်းတာဝန်များ
* စက်ရုံပရောဂျက်များ (Plants)၊ ပိုက်လိုင်းစနစ်များ၊ လေအေးပေးစက်စနစ်များနှင့် လျှပ်စစ်လုပ်ငန်းခွင်များတွင် စီမံခန့်ခွဲခြင်း
* ကုန်ကျစရိတ်တွက်ချက်ခြင်း (Estimation)၊ ပစ္စည်းမှာယူခြင်းနှင့် အချောသတ်ဒီဇိုင်းပုံစံများ စစ်ဆေးခြင်း
* လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးနှင့် အလုပ်ပြီးစီးမှုအချိန်ဇယားတို့ကို ကြီးကြပ်ကွပ်ကဲခြင်း

📝 လျှောက်ထားရန် လိုအပ်ချက်များ
* အတွေ့အကြုံ : プラント工事ပိုင်းအတွေ့အကြုံမရှိသူများလဲ လျှောက်ထားနိုင်ပါတယ်
* ဂျပန်စာအရည်အချင်း : လုပ်ငန်းခွင်အတွင်း ဆက်သွယ်ပြောဆိုနိုင်ရပါမည် (JLPT N3/N2 )
* လက်ရှိနေထိုင်ရာ : ဂျပန်နိုင်ငံအတွင်း လက်ရှိနေထိုင်နေသူများသာ လျှောက်ထားနိုင်ပါသည်။

အသေးစိတ်အချက်အလက်များနှင့် လျှောက်ထားရန်အတွက် အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်နိုင်ပါတယ်..
https://www.risefor-career.com/job/JOB0001081

Design your own Career, RISE for Career

「〜てください」「〜てもいいですか」「〜てもらえますか」「〜ていただけますか」 ဘယ်လိုခွဲသုံးရမလဲ? ဂျပန်စာ၊ စကားပြောမှာ အကူညီတောင်းတာ၊ ခွင့်တောင်းတာတွေအတွက် 「〜て...
25/09/2026

「〜てください」「〜てもいいですか」「〜てもらえますか」「〜ていただけますか」 ဘယ်လိုခွဲသုံးရမလဲ?

ဂျပန်စာ၊ စကားပြောမှာ အကူညီတောင်းတာ၊ ခွင့်တောင်းတာတွေအတွက် 「〜て...」 နဲ့ စတဲ့ စကားလုံး အများကြီးရှိပါတယ်.. အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာ မှန်ကန်ယဉ်ကျေးစွာ သုံးနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်..

「〜てください (Te kudasai)」
ကျေးဇူးပြုပြီး ... လုပ်ပေးပါ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပ်တယ်..ပုံမှန်ယဉ်ကျေးတဲ့ တောင်းဆိုမှု သို့မဟုတ် ညွှန်ကြားမှုတွေပြုလုပ်တဲ့အချိန်မှာ သုံးပါတယ်..သာမန် ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်၊ အသက်တူ/ရာထူးတူသူများကိုပြောတဲ့ အခါ အသုံးပြုလေ့ရှိပါတယ်..အထက်လူကြီး/စီနီယာများကို သုံးပါက "ညွှန်ကြား/အမိန့်ပေး" သလို ဖြစ်သွားနိုင်တာမလို့ အလုပ်ခွင် အထက်လူကြီးများအား တိုက်ရိုက်မသုံးသင့်ပါဘူး..
ဥပမာ:ここにお名前を書くか、サインをしてください。 (ဒီမှာ အမည် ရေးပေးပါ သို့မဟုတ် လက်မှတ်ထိုးပေးပါ။)

「〜てもいいですか (Te mo ii desu ka)」
လုပ်လို့ ရမလားရှင်/ ခင်ဗျာ?
မိမိကိုယ်တိုင် တစ်ခုခု ပြုလုပ်ရန် ခွင့်တောင်းသည့်အခါ သုံးပါတယ်.. မည်သူ့ကိုမဆို မိမိ ပြုလုပ်ချင်သည့် ကိစ္စအတွက် ခွင့်တောင်းတဲ့အခါမှာ သုံးနိုင်ပါတယ်..အခြားသူကို ခိုင်းတာမဟုတ်ဘဲ "ငါ လုပ်လို့ရမလား" လို့ ခွင့်တောင်းတာ ဖြစ်ပါတယ်။ဥပမာ:この資料をいただいてもいいですか? (ဒီ စာရွက်စာတမ်းကို ယူသွားလို့ ရမလားခင်ဗျာ?)写真を撮ってもいいですか。 (ဓာတ်ပုံ ရိုက်လို့ ရမလားခင်ဗျာ?)

「〜てもらえますか (Te moraemasu ka)」
လုပ်ပေးလို့ ရနိုင်မလား? ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်..အခြားသူတစ်ဦးအား မိမိအတွက် တစ်ခုခု ကူညီပြုလုပ်ပေးရန် ယဉ်ကျေးစွာ တောင်းဆိုတဲ့အခါမှာ သုံးပါတယ်..လုပ်ဖော်ကိုင်ဖက်များ၊ ညီငယ်/ညီမငယ်များ၊ စီနီယာ မဟုတ်သောသူများနဲ့ ပြောတဲ့အခါမှာ သုံးပါတယ်..「〜てください」 ထက် ပိုမိုယဉ်ကျေးပြီး ညွှန်ကြားသည့် သဘောမပါပါဘူး..ဥပမာ:この手紙をポストに入れてもらえますか。 (ဒီစာကို စာတိုက်ပုံးထဲ ထည့်ပေးလို့ ရနိုင်မလား?)

「〜ていただけますか (Te itadakemasu ka)」
ပြုလုပ်ပေးလို့ ရနိုင်မလားခင်ဗျာ/ရှင်? အလွန်ယဉ်ကျေးသော စကားပြောပုံစံဖြစ်ပြီး အကူအညီ တောင်းခံတဲ့အခါမှာ သုံးပါတယ်..အထက်လူကြီး (Boss)၊ စီနီယာ (Senpai)၊ ဖောက်သည် (Customer) များနဲ့ စကားပြောတဲ့အခါမှာ သုံးပါတယ် ..အလုပ်ခွင်မှာ အထက်လူကြီးကို အကူအညီတောင်းချင်ရင် 「〜てください」 အစား ဒီအသုံးကို သုံးတာ အကောင်းဆုံးပါ။ဥပမာ:課長、この書類を確認していただけますか。 (ဌာနခွဲမှူး၊ ဒီ စာရွက်စာတမ်းလေးကို စစ်ဆေးပေးလို့ ရနိုင်မလားခင်ဗျာ?)

အားလုံးပဲ လုပ်ငန်းခွင်မှာ အဆင်ပြေကြပါစေ..

Design your own Career, RISE for Career

24/09/2026

RISE for ကနေ အခုတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ Position လေးကတော့ 東京 (Tokyo) မြို့ထဲမှာပဲလုပ်ရမယ့် “Construction Site Engineer (新築工事の施工管理)” အလုပ်လေးပဲ ဖြစ်ပါတယ်။

အတွေ့အကြုံ ၁ နှစ်ရှိရုံဖြင့် လျှောက်ထားနိုင်ပြီး အိမ်ငှားခထောက်ပံ့ကြေး (Housing Allowance) နှင့် ဗီဇာထောက်ပံ့မှုများလည်း ရှိတာကြောင့် အခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ 👇

✓ Position: Construction Site Engineer (新築工事の施工管理)
✓ Job Content:တိုကျို ၂၃ ခရိုင်အတွင်းရှိ လုပ်ငန်းခွင်များတွင် အဆောက်အဦးအသစ် တည်ဆောက်ရေး စီမံခန့်ခွဲခြင်း
✓ Requirements:
・ဂျပန်စာအရည်အချင်း: N2နှင့်အထက်
・ဆောက်လုပ်ရေးနှင့်ပတ်သက်သော ဘွဲ့ရရှိထားသူ
・အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်းအတွေ့အကြုံ ၁ နှစ်နှင့်အထက် ရှိသူ
✓ Salary:
・တစ်နှစ်စာဝင်ငွေ : ယန်းသောင်း 350 မှ သောင်း 750 (အတွေ့အကြုံပေါ်မူတည်၍)
・အိမ်ငှားခရဲ့ ၅၀% အထိ ကုမ္ပဏီမှ ထောက်ပံ့ပေးမည်
✓ Location:
・東京都23区内 (Tokyo 23 wards)

📌 အသေးစိတ်ကြည့်ရှုရန်နှင့် လျှောက်ထားရန်:
https://www.risefor-career.com/job/JOB0001877

အောက်ပါမေးလ်သို့လဲ စီဗီပေးပို့လျှောက်ထားနိုင်ပါတယ်
[email protected]

✨ Rise For Career Website:
https://www.risefor-career.com

Design your own Career, RISE for Career
Viber : +81 80 3344 3693

C #, .Net, Java Language အသုံးပြုရမဲ့ System Engineer ခေါ်စာလေးရှိပါမယ်..・အလုပ်နေရာ - တိုကျို・နှစ်စဉ်ဝင်ငွေ - ယန်း သောင်...
18/09/2026

C #, .Net, Java Language အသုံးပြုရမဲ့ System Engineer ခေါ်စာလေးရှိပါမယ်..

・အလုပ်နေရာ - တိုကျို
・နှစ်စဉ်ဝင်ငွေ - ယန်း သောင်း ၃၅၀ မှ သောင်း ၆၅၀
・Bonus - ၁နှစ် ၂ကြိမ်ရှိ
・အိမ်လခထောက်ပံ့ကြေး - ရှိ (နေရာနဲ့လိုက်ပြီး ယန်း ၂၀၀၀၀ မှ ၄၀၀၀၀အထိ)
・Training System - ရှိ


•Construction Machineထုတ်လုပ်တဲ့ လုပ်ငန်းများအတွက် Business System ရေးဆွဲတည်ဆောင်ခြင်း
•Financial Services များအတွက် System ရေးဆွဲခြင်း
စသဖြင့်


•ဂျပန်တွင် System engineer အနေနဲ့လုပ်ငန်းအတွေ့အကြုံ၁နှစ်နဲ့အထက်ရှိသူ
•ဂျပန်စာ N2နှင့် အထက်ရှိသူ

လျှောက်ထားလိုသူများအနေနဲ့ အောက်ပါလင့်မှ တဆင့် အသေးစိတ်ဖတ်ရှုလျှောက်ထားနိုငိပါတယ်..
https://www.risefor-career.com/en/job/JOB0001970
Mail မှတဆင့်လျှောက်ထားလိုသူများအနေနဲ့ အောက်ပါမေးလ်သို့ Update ဖြစ်တဲ့ ဂျပန်履歴書・職務経歴書ကိုပေးပို့လျှောက်ထားနိုင်ပါတယ်..
Mail : [email protected]
Mail Subject တွင် Apply for JOB0001970 လို့ရေးပြီး လျှောက်ထားပေးပါ

Design your own Career, RISE for Career

ဂျပန်နိုင်ငံ၏ ၄၇ ခရိုင်/ပြည်နယ် (都道府県) စလုံးတွင် ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ စတင်ကာ အသက်ဝင်မည့် အနိမ့်ဆုံး တစ်နာရီလုပ်ခ (最...
17/09/2026

ဂျပန်နိုင်ငံ၏ ၄၇ ခရိုင်/ပြည်နယ် (都道府県) စလုံးတွင် ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ စတင်ကာ အသက်ဝင်မည့် အနိမ့်ဆုံး တစ်နာရီလုပ်ခ (最低賃金) နှုန်းထားများကို ဒေသအလိုက် ဖော်ပြပေးလိုက်ပါတယ် ..

ဂျပန်တစ်နိုင်ငံလုံး ပျမ်းမျှကတော့ ၁နာရီက်ု ၁,၁၇၇ ယန်း ဖြစ်လာမှာပါ..ဒေသ (Region) အလိုက် အနိမ့်ဆုံး လုပ်ခနှုန်းထားများက်ု အောက်မှာ ဖော်ပြပေးလိုက်ပါတယ်..
Hokkaido & Tohoku (ဟော့ကိုင်းဒိုးနှင့် တိုဟိုခု ဒေသ)
・Hokkaido (北海道): 1,070 JPY
・Aomori (青森): 1,030 JPY
・Iwate (岩手): 1,030 JPY
・Miyagi (宮城): 1,075 JPY
・Akita (秋田): 1,030 JPY
・Yamagata (山形): 1,030 JPY
・Fukushima (福島): 1,035 JPY

Kanto (ကန်းတိုး ဒေသ)
・Tokyo (東京): 1,280 JPY
・Kanagawa (神奈川): 1,279 JPY
・Saitama (埼玉): 1,135 JPY
・Chiba (千葉): 1,130 JPY
・Ibaraki (茨城): 1,085 JPY
・Tochigi (栃木): 1,080 JPY
・Gunma (群馬): 1,080 JPY

Chubu & Hokuriku (ချူဘုနှင့် ဟိုခုရိခု ဒေသ)
・Aichi (愛知): 1,130 JPY
・Shizuoka (静岡): 1,090 JPY
・Gifu (岐阜): 1,080 JPY
・Mie (三重): 1,080 JPY
・Niigata (新潟): 1,040 JPY
・Nagano (長野): 1,070 JPY
・Yamanashi (山梨): 1,070 JPY
・Toyama (富山): 1,040 JPY
・Ishikawa (石川): 1,040 JPY
・Fukui (福井): 1,040 JPY

Kansai / Kinki (ကန်းဆိုင်း ဒေသ)
・Osaka (大阪): 1,200 JPY
・Hyogo (兵庫): 1,120 JPY
・Kyoto (京都): 1,120 JPY
・Shiga (滋賀): 1,080 JPY
・Nara (奈良): 1,040 JPY
・Wakayama (和歌山): 1,035 JPY

Chugoku (ချူဂိုခု ဒေသ)
・Hiroshima (広島): 1,100 JPY
・Okayama (岡山): 1,060 JPY
・Yamaguchi (山口): 1,035 JPY
・Tottori (鳥取): 1,030 JPY
・Shimane (島根): 1,030 JPY

Shikoku (ရှိခိုးခု ဒေသ)
・Kagawa (香川): 1,035 JPY
・Ehime (愛媛): 1,030 JPY
・Tokushima (徳島): 1,030 JPY
・Kochi (高知): 1,030 JPY

Kyushu & Okinawa (ခယူးရှူးနှင့် အိုကီနာဝါ ဒေသ)
・Fukuoka (福岡): 1,090 JPY
・Kumamoto (熊本): 1,030 JPY
・Kagoshima (鹿児島): 1,030 JPY
・Nagasaki (長崎): 1,030 JPY
・Oita (大分): 1,030 JPY
・Saga (佐賀): 1,030 JPY
・Miyazaki (宮崎): 1,030 JPY
・Okinawa (沖縄): 1,030 JPY

အောက်တိုဘာလ ရောက်တိုင်း အခြေခံလစာ ပြောင်းလဲတာမလို့ အထက်ပါ နှုန်းထားများသည် ၂၀၂၆ အောက်တိုဘာလ (10 月) တွင် စတင် အသက်ဝင်မှာဖြစ်ပါတယ်..ဂျပန်တစ်နိုင်ငံလုံးရှိ မည်သည့် ခရိုင်တွင်မဆို တစ်နာရီလုပ်ခကို အနိမ့်ဆုံဍဖြစ်တဒ့ 1,030 JPY ထက် လျော့နည်း၍ ပေးချေခွင့် မရှိပါဘူး.. ကိုယ်က ပုံမှန်ဝန်ထမ်း၊ Arubaito၊ Haken သို့မဟုတ် Tokutei Ginou / Ginou Jishusei မည်သည့် ဗီဇာ ဖြစ်ပါစေ အနိမ့်ဆုံး နှုန်းထားများ ရရှိပိုင်ခွင့် ရှိပါတယ်..

Design your own Career, RISE for Career

住所

Osaka

営業時間

月曜日 09:00 - 17:00
火曜日 09:00 - 17:00
水曜日 09:00 - 17:00
木曜日 09:00 - 17:00
金曜日 09:00 - 17:00

ウェブサイト

アラート

RISE for Career Myanmarが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

事業に問い合わせる

RISE for Career Myanmarにメッセージを送信:

ショートカット

共有する

カテゴリー