20/08/2026
特定技能1号(外食業)ဗီဇာနဲ့ပတ်သက်ပြီး 入管 က ထုတ်ပြန်ထားတဲ့ သတင်းကို ရှင်းပြပေးထားပါတယ်။
အခုထွက်တဲ့သတင်းက 外食業 特定技能1号 ဗီဇာပြန်ဖွင့်လိုက်တာမဟုတ်ပါဘူး။
2026ခုနစ် ဇန်နဝါရီလ ၅ရက်နေ့ အထိတင်ထားတဲ့လျောက်လွှာတွေကို စစ်ပေးနေတယ်လို့ ရေးထားတာပါ။
① 在留資格認定証明書交付申請
နိုင်ငံခြားကနေ ဂျပန်နိုင်ငံကို 特定技能1号(外食業) ဗီဇာအသစ်နဲ့ လာမယ့်သူတွေအတွက်ပါ။
➡️ 2026 ခုနှစ် ဇန်နဝါရီလ 5 ရက်နေ့အထိ တင်ထားတဲ့ လျှောက်လွှာတွေကိုပါ အစဉ်လိုက် စိစစ်ပေးနေပါတယ်။
② 在留資格変更許可申請
ဂျပန်နိုင်ငံအတွင်းမှာ ရှိပြီး 特定技能1号(外食業) ကို ဗီဇာပြောင်းလျှောက်ထားသူတွေအတွက်ပါ။
(1) 技能実習 (ဆေးဘက်ဆိုင်ရာနှင့် လူမှုဖူလုံရေးအဖွဲ့အစည်းများအတွက် အစားအသောက်ထုတ်လုပ်မှုအလုပ်များ)မှ 特定技能 (外食) ပြောင်းသူများ
➡️ 2026/7/31 အထိ လျှောက်လွှာတင်ထားသူများကို လက်ခံစိစစ်ပေးပါတယ်။
(2)外食နယ်ပယ်ပြောင်းထားသူများ 特定活動(特定技能1号移行準備)ဖြစ်နေသူများအတွက်
➡️ 2026/7/31 အထိ လျှောက်လွှာတင်ထားသူများကို လက်ခံစိစစ်ပေးပါတယ်။
(3) 特定技能1号(外食業分野)ပြည်တွင်း 外食業 ပြောင်းသူများအတွက်
➡️ ပုံမှန်အတိုင်း ပြောင်းလဲလျှောက်ထားနိုင်ပါတယ်။
参考
〒100-8973 東京都千代田区霞が関1-1-1 中央合同庁舎6号館 ℡045-370-9755(代表) (法人番号:7000012030004) ※開示請求等の手続についてはこちらをご確認ください。