06/04/2024
အိုဆာကာမြို့က ဂျပန်ရဲ့ဒုတိယအကြီးဆုံးမြို့တော်ကြီးဖြစ်ပါတယ်။
နာဂိုယာအကြွား / အိုဆာကာ စကားရယ်လို့ သတ်မှတ်ကြတယ်။
အိုဆာကာမှာက ကျေးဇူးတင်ပါတယ်ဆိုတာကို
အာရိဂတ်တိုး လို့မပြောပဲ အို..ကီနိ လို့ပြောကြပါတယ်။ စကားပြောဟန်က ဒေသစကားကို
သုံးကြပါတယ်။
Azuchi Momoyama ခေတ် (၁၆ရာစုခေတ်)
(မြန်မာခေတ်ပြိုင် အင်းဝအပီးတောင်ငူခေတ်)
မှာ
ဆာမူရိုင်းခေါင်းဆောင် Toyotomi Hideyoshi က တည်ဆောက်ခဲ့တဲ့ အိုဆာကာရဲတိုက်က
သူ့ရဲ့ကျောက်တုံးတွေနဲ့ကာရံထားတဲ့ကျုံးရယ် ၊
ရဲတိုက်ရယ်ကြောင့် ဂျပန်နိုင်ငံရဲ့ အထိမ်းအမှတ်
အထင်ကရအဆောက်အဦးတွေထဲမှ တစ်ခုအပါအဝင်ဖြစ်ကျော်ကြားပါတယ်။
အဲ့ဒီ့ခေတ်ကာလတွေက ဂျပန်နိုင်ငံမှာ
ဆာမူရိုင်းတွေ ဒေသအနှံ့ ပြည်တွင်းစစ်
တိုက်ခိုက်ကြပီး အနိုင်ရသူ အင်အားထိပ်ဆုံးရောက်တဲ့ ခေတ်လို့ဆိုကြပါတယ်။
Senkoku period (Civil war period)
ရဲတိုက်ကို
၁၅၈၃-၁၈၄၅ အထိ အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။အမြင့်က ၅၈ မီတာ မြင့်ပါတယ်။
အဆောက်အဦး အထဲကနေ ပတ်ပီးအဆင့်ဆင့်တတ်လို့ရပါတယ်။
ကျောက်တုံးအရေအတွက် ၅သိန်းကျော် ဖြင့်တည်ဆောက်ခဲ့တယ်လို့သမိုင်းမှတ်တမ်းရှိပြီး
အိုဆာကာရဲတိုက်ဘေးမှာ ချယ်ရီပန်းခြံကြီးရှိပါတယ်။
ဂျပန်ဆာမူရိုင်းတွေ သာအချင်းချင်း
နယ်မြေလုကြပြီး
တိုက်ခိုက်ကြပေမယ့်
နေကနေ ဆင်းသက်လာတယ်လို့ဆိုတဲ့
သူတို့ရဲ့ ဂျပန်ဧကရဇ်ကိုတော့
ဘယ်သောအခါမှ အသက်ကိုရန်မမူခဲ့ကြလို့
ကမ္ဘာမှာ နန်းသက်အရှည်ဆုံး (နှစ်ပေါင်း ၁၅၀၀ ကျော်) ဂျပန်ဧကရာဇ်သွေးက ယခုအထိ ဆက်လက်တည်ရှိနေတယ်လို့ ဂုဏ်ယူကြပါတယ်။
comment မှာ ပုံလေးတွေကြည့်ကြည့်ပါ။
ဂျပန်ခရီးစဉ်တိုင်းအတွက် နယူးဓန
Travel beyond leisure , Your NewDana
Photo Credit OSAKA Castle