01/10/2025
Are you building your LinkedIn profile correctly? 🤔
ဒီနေ့မှာတော့ LinkedIn ကို Professional ဆန်ဆန် ဘယ်လို Build လုပ်သွားရမလဲပြောပြပေးသွားမှာပဲဖြစ်ပါတယ်
စာမရှည်သွားအောင်လို့ လိုရင်းကိုပဲသွားလိုက်ကြတာပေါ့
LinkedIn က Middle East မှာဆို Opportunity Hub ပါပဲ သုံးတတ်ရင် သုံးတတ်သလိုအသုံးအရမ်းဝင်ပေမယ့် Profile သေချာ Build မလုပ်ဘူးဆိုရင်တော့ Invisible ဆက်ဖြစ်နေဦးမှာပါပဲ
ဒါဆို LinkedIn Profile ကို ဘယ်လို Build လုပ်ရမလဲ
1. Start with a Professional Photo & Headline
ပထမဆုံး Profile Picture ပေါ့နော် Photo ကတော့ ပထမဆုံး First Impression ဖြစ်လို့ ကိုယ့်ပုံကို Professional and Approachable ဖြစ်မယ့် ပုံမျိုးထားပါ Headline မှာ ကိုယ့် Position ပဲရေးတာမျိုးထက်စာရင် ကိုယ်ဘာတွေလုပ်နေလဲ ကိုယ့် Vision ကဘာလဲဆိုတာမျိုးတွဲရေးပေးထားရင် ပိုပြီး Effective ဖြစ်ပါတယ်နော် (E.g. Headhunter/ Connecting Top Talents to Global Opportunities) ဒါကတော့ ကျွန်တော့် LinkedIn headline တွေပဲဖြစ်ပါတယ်
2. Craft a Powerful Summary
About မှာကတော့ ကိုယ့်အကြောင်းကိုပဲချရေးတာမဟုတ်ပဲ Skills တွေ Highlight လုပ်တာ Achievement ဘာတွေရခဲ့တာ ဘယ်လို Value တွေ သယ်ဆောင်လာနိုင်တာမျိုးတွေကို Concise and Confident ဖြစ်အောင်ရေးပါ Industry နဲ့ကိုက်ညီအောင်ရေးဖို့ကလည်း အခရာကျပါတယ်နော်
3. Showcase Your Experience with Impact
Experience မှာ Boring ဖြစ်အောင် JD တွေပဲချမရေးပါနဲ့ Achievement တွေ Measurable Impacts တွေကို Number တွေနဲ့ရောပြီး Bullet points တွေနဲ့ရေးပါ
E.g. Placed X number of candidates in the H1, generating Y amount of revenue, working with some of the most reputable tech companies.
4. Highlight Skills & Get Endorsements
Skills မှာတော့ ကိုယ်လျှောက်ချင်တဲ့ Role မှာ ဘာတွေ Trend ဖြစ်နေသလဲရယ် ဘာတွေ Demand အများဆုံးဖြစ်လဲဆိုတာတွေ Research လုပ်ပြီးထည့်ပါ ကိုယ်အရင်က အတူတူလုပ်ခဲ့ဖူးတဲ့ Colleague or Reporting Person တွေဆီက Recommendations တွေထည့်ခြင်းကလည်း Credibility တိုးစေလို့ အရမ်းထိရောက်ပါတယ်
5. Stay Active & Visible
Profile ဘယ်လောက်ကောင်းနေပါစေ ကိုယ်က Active မဖြစ်ရင် အလကားပါပဲ ကိုယ့် Process Journey ကို Post ရေးတင်ပေးပါ Recruiter တွေနဲ့ Connect လုပ်ပါ React ပေးပါ Comment ဝင်ရေးပါ အဲ့တာတွေ အတော်လေးပြီးမှ Connection တွေနဲ့ လိုက်စကားပြောပါ Middle East မှာတော့ Right Connections open Right doors ပါပဲ
ဒါဆိုရင်တော့ LinkedIn profile ကို ဘယ်လို Build လုပ်ရမလဲ အကြမ်းဖျဉ်း သိသွားလောက်ပါပြီ ဒါမှ မကျေနပ်သေးဘူး Peak profile မျိုးလိုချင်တာပါဆိုရင်တော့ ပြေးလာခဲ့လိုက်ပါ
That's it for today! Catch you guys in the Next post!